Thursday, January 5, 2012

မေတ္တာမွန်ဂိုတောင်အမှတ် ၇၉ ရှင်းလင်းရာမှ မီးလောင် ပေါက်ကွဲစေနိုင်သော ဓါတုပစ္စည်းများ ထပ်မံတွေ့ရှိ

Flammable and explosive chemical found in Myittarmon Warehouse
ဇန်န၀ါရီ ၅၊ ၂၀၁၂ (YPI)

ယနေ့ နေလည်  မေတ္တာမွန်ဂိုတောင် အမှတ် ၇၉ အား သက်ဆိုင်ရာမှ စုံစမ်းရှင်းလင်းရာမှ လေနှင်ထိတွေ့လျှင် မီးလောင်ပေါက်ကွဲစေနိုင်သည့်  Red Rhosphorus ဓါတုပစ္စည်းပုံးများတွေ့ရှိကြောင်း အဆိုပါစုံစမ်းစစ်ဆေးသူမျာထံမှ သိရသည်။

ယခင်လ ၂၉ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့သည့် မေတ္တာမွန်ဂိုဒေါင်ဝင်းမှ ပေါက်ကွဲမှု ဖြစ်ပွားရာ ဂိုဒေါင် ၇၉ အား စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဆက်လက်စစ်ဆေးလျှက်ရှိရာမှ  Red Phosphorus ဓါတုပစ္စည်းများကို ၂ပေအမြင့် တစ်ပေအကျယ် သံပုံးများဖြင့် ထည့်သွင်းသိုလှောင်ထားသည်ကို တွေ့ရှိခြင်းဖြစ်သည် ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။

“ဒီပုံးတွေက Red Phosphorus ပုံးတွေ ပါ”ဟု စုံစမ်းစစ်ဆေးလျှက်ရှိသော CID အရာရှိတစ်ဦးကလည်း အတည်ပြု ပြောဆိုသည်။
သာကေတမြို့နယ် မှ မီးသတ်ရဲဘော်တစ်ဦး က “သူက ရေထိရင်တော့ငြိမ်းသွားတယ် ရေခြောက်သွားရင်ပြန်လောင်တာဘဲ သူကုန်သွားတဲ့အထိကိုလောင်တာ လေနဲ့ထိလို့မရဘူး ”ဟု YPI သို့ ပြောသည်။

တွေ့ရှိရသည့် Red Phosphrous အား ပုဇွန်တောင် ချောင်းနဘေးတွင် ရှင်းလင်းနေစဉ်

Red Phophrous ဓါတုပစ္စည်းနှင့်ပါတ်သက်၍ Atalas ဓါတုဗေဒစတို့မှ ဦးမောင်မောင်အေးက “သူ့ကိုအပြင်မှာသုံးတာမရှိပါဘူး ရေနံဆီနဲ့ စိမ်ထားရတယ် လေနဲ့ထိတာနဲ့မီးလောင်တယ်”ဟု ရှင်းလင်းပြောကြားသည်။

ထိုဂိုတောင်အမှတ် ၇၉ မှထပ်မံတွေ့ရှိရသော ယင်းဓါတုပစ္စည်း အား အကောက်ခွန်ဥပဒေအရ အခွန်ဆောင် တင်သွင်းခွင့်  ပေးမထားကြောင်း နှင့် ယင်းကို မီးခြစ်စက်ရုံများတွင်သာသုံးကြောင်း ပုဂ္ဂလိကလုပ်ငန်းများ လက်ဝယ်တွင် မတွေ့ဘူးကြောင်း အစိုးရပိုင်မီးခြစ်စက်ရုံများတွင်သာရှိကြောင်း ၂၇ လမ်းအတွင်းရှိ Acadamy ဓါတုဗေဒ စတိုးထံမှ သိရှိရသည်။

Red Phosphrous ကို စိတ်ကြွရူးသွပ်ဆေး မက်သာအဖက်တမင်း ချက်ရာတွင်သုံးသဖြင့် နိုင်ငံတကာတွင် ဇယား ၁ အမှတ် ၂၅ တွင်ဖေါ်ပြ၍ ပိတ်ပင်ထားသည့် ပစ္စည်းအဖြစ် အမေရိကန်အစိုးရ၏ Drug Enforcement Administration DEA  ဋ္ဌာန ၀က်ဆိုက် တွင် တွေ့ရှိရသည်။      ။

ပေါက်ကွဲမှုဖြစ်ပွားရာ ဂိုဒေါင်နေရာမှ ကျန်ရှိနေသေးသည့် ပစ္စည်းများအား ရေအားဖြင့် ထိုး၍ ရှင်းလင်းနေစဉ်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More