Thursday, January 19, 2012

ရန်ကုန်မြို့ (၀န်ကြီးများရုံး)၊ မန္တလေးမြို့ (အဆင့်မြင့်ပညာဦးစီးဌာနအထက်မြန်မာပြည်ရုံး-ယခင် ဖာသာလဖုန်းကျောင်းဆောင်)၊ ဆောင်းဒါး ယက်ကန်းပညာကောလိပ် (အမရပူရ) များအတွင်း တပ်ဆွဲထားသော အထူးတိုက်ခိုက်ရေးရဲတပ်ဖွဲ့များ နှင့် အမှတ် (၁၆) ရဲတပ်ရင်း တို့တွင် တစ်ချိန်တည်း တစ်နေ့တည်း တစ်ပြိုင်နက်တည်း လုံခြုံရေးထိန်းသိမ်းမှု ဆိုင်ရာ လေ့ကျင့်မှုများ ကို ပြုလုပ်ခဲ့ကြသည် (၁၈.၁.၂၀၁၂)

ဆောင်းဒါးရက်ကန်းပညာကောလိပ် အတွင်းမှ တပ်ရင်းကို ပြန်လည် ဆုတ်ခွာ လာစေပြီး အဆင့်မြင့် ပညာဦးစီးဌာနရုံး (ယခင် ဒေသကောလိပ် ဖာသာလဖုန်း မဏိပူရနယ်မြေ) တွင် အင်အားဖြည့် တပ်ဆွဲထားခဲ့သော်လည်း ယင်း နေရာနှင့် ကပ်လျှက် ရာစုသစ် အရင်းအမြစ် ဖွံဖြိုးမှုစင်တာ၊ သတင်းအချက်အလက်နှင့် နည်းပညာ ကောလိပ် မှ ကျောင်းသား ကျောင်းသူများ နှင့် ပြသနာ ပေါ်ပေါက်ခဲ့ပြီး (၂၀၀၈ခုနှစ်) ရက်ကန်းပညာကောလိပ်သို့ ပြန်လည်ပို့ဆောင် ခဲ့ခြင်း ဖြစ်သည်။ ယင်းရဲတပ်ဖွဲ့ဝင်များသည် (၈၈) အရေးခင်း ပြီးကတည်းက ပြန်လည် ဆုတ်ခွာခြင်း မရှိသေးသော မြို့လည်ကောင်မှ အထူးရဲတပ်ဖွဲ့ တပ်ရင်းလိုက် ကြီးများ ဖြစ်ကြသည်။
အမှတ် (၁၆) ရဲတပ်ရင်း (ပဲကတိုး စစ်ကိုင်း) မှ တပ်ခွဲမှုး ကို ဆက်သွယ်မေးမြန်းရာ .. အထူးညွှန်ကြားချက်ဖြင့် အသင့်အနေအထား တပ်လှန့် ထားခြင်း ဖြစ်ကြောင်း မည်ရွှေ့ မည်မျှ ကြာမြင့်မည် ကို မသိပါသေးကြောင်း အထူးအနေအထား တစ်ရပ်အတွက် ပြင်ဆင်ရမည်ကိုသာ သိရှိပါကြောင်း ဖြင့် ပြောဆိုပါသည်... 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More