This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Friday, June 29, 2012

ရခိုင်ပြည်နယ် မြေပုံမြို့ တရုတ်တန်းနှင့် သဲတန်းရပ်ကွက်ကြားရှိ တစ်ရာတန် သောက်ရေကန်အတွင်း ငါးများ အဆိပ်သင့် သေဆုံးမှုဖြစ်ပေါ်

ဇွန်လ (၂၈)ရက် (ယနေ့)တွင် ရခိုင်ပြည်နယ် မြေပုံမြို့ တရုတ်တန်းနှင့် သဲတန်းရပ်ကွက်ကြားရှိ တစ်ရာတန် သောက်ရေကန်အတွင်း ငါးများ အဆိပ်သင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
အဆိုပါ သောက်ရေကန်သို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ဆရာဝန်တို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ငါးများအဆိပ်သင့်နေသော လက္ခဏာ စစ်ဆေးတွေ့ရှိရ၍ သောက်ရေကန်မှ ရေကို မသောက်သုံးရန် မွန်းလွဲ ၁ နာရီခန့်က လိုက်လံကြေညာနေကြောင်း ၊ ရေကန်အနီးရှိ အ.ထ.က ကျောင်းကိုလည်း နေ့တစ်ဝက်ပိတ်ကာ ရေကန်အနီးတွင် လုံခြုံရေးများ အပြည့်ချထားကြောင်း ၊ နံနက်ပိုင်းအချိန်က အဆိုပါကန်မှ ရေကိုသောက်သုံးမိသူများ ရှိပါက ကျန်းမာရေး အစစ်ဆေးခံရန် မြို့နယ်ဆရာဝန်များက လိုက်လံကြေညာလျက် ရှိကြောင်း လက်ရှိအချိန်ထိ ရေအဆိပ်သင့်သူ တစ်ဦးမျှမရှိသေးကြောင်း သိရှိရသည်။
အဆိုပါကန်မှ ရေနှင့် သေဆုံးနေသော ငါးများအား ဓာတ်ခွဲစမ်းသပ်ရန် စီစဉ်နေကြောင်း မြေပုံမြို့နယ်ဆေးရုံရှိ ဖုန်းတာဝန်ကျ ဆရာမတစ်ဦးက ပြောကြားပါသည်။

မြစ်ကြီးနားမြို့တွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၀န်းကျင်က ဗုံးတစ်လုံးပေါက်ကွဲ၊ လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရ

Myt2
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်
Myt1
ဗုံးပေါက်ကွဲမှုဖြစ်ပွာခဲ့သည့် နေရာအား တွေ့မြင်ရစဉ်
မြစ်ကြီးနားမြို့၊ မိုးလုံလေလုံ အားကစားကွင်းအနောက်ဘက် လ၀ကရုံးလမ်း စမားဒူးဝါးဆင်ဝါးနောင် အုတ်ဂူ နောက်ကျောလမ်းကြားတွင် ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်းအား အသင့်အတင့်ရှိ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဖေါက်ခွဲသူကိုယ်တိုင် ညာလက်ပြတ်၊ မျက်နှာတစ်ခုလုံး ပျက်စီးကာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံကို ဖေါက်ခွဲခဲ့သူသည် မီးသတ် ၀တ်စုံကို ၀တ်ဆင်ထားပြီး လိုင်စင်မဲ့ဆိုင်ကယ်ကို စီးနင်းကာ ဖေါက်ခွဲခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ သေဆုံးသူ၏ ကိုယ်ရေးအကျဉ်းကို စုံစမ်းနေကြောင်း သတင်းရရှိပါသည်။

Thursday, June 28, 2012

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ခုန်တက်ပြီး အက်ဖ်အီးစီ ပြင်ပငွေလဲနှုန်း တစ်ယူနစ် ကျပ် ၉၀၀ အထက်ရောက်ရှိ ဗဟိုဘဏ်ဈေးနှုန်းနှင့် ပြင်ပငွေလဲနှုန်း ကွာဟချက် ပိုမိုများပြားလာ

AddThis Social Bookmark Button
လဲလှယ်လိုသလောက် နိုင်ငံခြားငွေပမာဏ မရရှိ၍ လာရောက်လဲလှယ်သူမရှိသလောက် နည်းပါးသွားသည့် နိုင်ငံခြားငွေလဲကောင်တာတစ်ခုကို ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်
မြန်မာငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ပြင်ပဈေးကွက်အတွင်းတစ်ဒေါ်လာ ကျပ်၉၀၀၀န်းကျင်အထိဆက်လက် မြင့်တက်လျက်ရှိပြီးအက်ဖ်အီးစီပြင်ပ လဲနှုန်းမှာလည်း တစ်ယူနစ်ကျပ် ၉၀၀ အထက်ရောက်ရှိလာသည်။ ထို့အတူ ဗဟိုဘဏ်မှသတ်မှတ်သော ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း၊ တရားဝင်ငွေလဲကောင်တာဈေးနှုန်း နှင့် ပြင်ပဈေးကွက်ငွေလဲနှုန်းများ အကြား ကွာဟချက်ပိုမိုများပြားလာ ကြောင်း ငွေကြေးဈေးကွက်အတွင်း မှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်နေ့နောက်ပိုင်းမှစ၍ ဆက်တိုက်မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လနှောင်းပိုင်းတွင် ပိုမိုမြင့်တက်လာခဲ့ပြီး ဇွန် ၂၇ရက်နေ့၌ ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ ၈၆၇ကျပ်၊ သိမ်ဖြူငွေလဲကောင်တာ ဈေးနှုန်းမှာ ၀ယ်ဈေး-၈၆၅ကျပ်၊ ရောင်းဈေး-၈၇၄ကျပ်(မွန်းလွဲ ၁၂နာရီခွဲဈေး)ဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးသည် ၀ယ်ဈေး ၈၉၀ကျပ်၊ ရောင်းဈေး ၈၉၂ကျပ်ထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
သိမ်ဖြူငွေလဲကောင်တာတစ်ခုမှ တာဝန်ရှိသူက''အခု ကားသွင်းဖို့ လာဝယ်တဲ့သူက များတယ်။  သူတို့က တစ်ယောက်ကို ငါးထောင်လောက် ၀ယ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာငွေက သုံးလေးသောင်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ငါးယောက် ခြောက်ယောက်လောက် ၀ယ်တာနဲ့ ငွေကပြတ်သွားပြီ။ ငွေလာရောင်းတဲ့သူကျတော့ တစ်ဦးမှ တစ်ရာ နှစ်ရာလောက် လာရောင်းတာ။ ဒါကြောင့် လုံလုံလောက်လောက် မရောင်းနိုင်ဘူး''ဟု ပြောကြားပါသည်။
''အက်ဖ်အီးစီဈေးတက်တာ အဓိကအချက်ကတော့ ကားသွင်းတဲ့သူတွေကို ကညန ယာဉ်မှတ်ပုံတင်ကြေးကောက်ရင် အက်ဖ်အီးစီနဲ့ပဲ သွင်းခိုင်းလို့။ အက်ဖ်အီးစီမဟုတ်လဲ အက်ဖ်အီးစီလဲနှုန်းနဲ့ကိုက်ပြီး သွင်းခိုင်းတော့ အက်ဖ်အီးစီဖျက်သိမ်းမယ်လို့ သတင်းမထွက်ခင် ကိုင်ထားတဲ့သူတွေက ကစားလို့ ကောင်းသွားတာပေါ့။ ကားတင်သွင်းတဲ့သူတွေကို အက်ဖ်အီးစီနဲ့မကောက်ပဲ အမေရိကန် ဒေါ်လာလဲနှုန်းနဲ့တွက်ပြီး ကောက်သင့်တယ်။ ကညနကို ပေးသွင်းရတဲ့ ပမာဏကလည်း မနည်းဘူးလေ။ အခုလည်း ကားတင်သွင်းတဲ့သူတွေ ပေးသွင်းတာ ပမာဏ တော်တော်များများ ရနေတာပဲ၊ ဒေါ်လာလဲနှုန်းနဲ့ပဲ ပေးသွင်းဖို့ ပြောင်းသင့်တယ်။ မဟုတ်ရင် ဒီအချက်ပေါ်မှာကစားပြီး အက်ဖ်အီးစီဈေး ဆွဲတင်ကြမှာပေါ့''ဟု ကားတင်သွင်းသူတစ်ဦးဖြစ်သည့် ကိုထွဋ်ကလည်း ပြောပြခဲ့သည်။
ယခုဖြစ်ပေါ်လာသော နိုင်ငံခြားငွေလဲနှုန်းနှင့် အက်ဖ်အီးစီ ငွေလဲနှုန်းသည် မြန်မာနိုင်ငံခြားငွေလဲနှုန်း ကျပ် ၉၀၀ အောက် စတင်ကျဆင်းသည့် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလာဈေးနှုန်းကို ပထမဦးဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်မှုနှုန်း

(သိမ်ဖြူဈေး) (ပြင်ပဈေး)
ရက်စွဲ အမေရိကန်ဒေါ်လာ ယူရို စင်ကာပူ အမေရိကန်ဒေါ်လာ ယူရို စင်ကာပူ
၂၁ .၆ .၂၀၁၂ ၈၅၀/၈၆၀ ၁၀၇၂/၁၀၈၈ ၆၆၆/၆၇၆ ၈၆၀/၈၆၄ ၁၀၆၅/၁၀၇၀ ၆၆၇/၆၇၀
၂၂ .၆ .၂၀၁၂ ၈၅၂/၈၆၂ ၁၀၆၆/၁၀၈၂ ၆၆၅/၆၇၅ ၈၆၀/၈၆၃ ၁၀၆၃/၁၀၆၈ ၆၆၅/၆၇၀
၂၅ .၆ .၂၀၁၂ ၈၅၅/၈၆၄ ၁၀၆၆/၁၀၈၂ ၆၆၅/၆၇၅ ၈၆၁/၈၆၃ ၁၀၆၀/၁၀၆၅ ၆၆၇/၆၇၀
၂၆ .၆ .၂၀၁၂ ၈၅၈/၈၆၇ ၁၀၆၉/၁၀၈၅ ၆၆၈/၆၇၈ ၈၇၉/၈၈၁ ၁၀၇၅/၁၀၈၀ ၆၇၂/၆၇၇
၂၇ .၆ .၂၀၁၂ ၈၆၅/၈၇၄ ၁၀၇၄/၁၀၉၀ ၆၇၄/၆၈၄ ၈၉၀/၈၉၂ ၁၀၇၇/၁၀၈၂ ၆၇၅/၆၈၀

Sunday, June 24, 2012

အဓိကရုဏ်းကြောင့် သေဆုံးသူ (၉) ဦး ကူတောင်ရွာမှာသင်္ဂြိုဟ်

2012-06-22

ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့လူ ၁၀ ဦး အနက် (၉) ဦးကို ဒီကနေ့ နေ့လည် (၂) နာရီမှာ ကူတောင်ရွာမှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

သေဆုံးသွားကြသူတွေထဲမှာ ဦးကျော်မင်းထွန်း ဆိုသူဟာ ဇာတ်သဘင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး လောင်းချောင်းရွာ က ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကူတောင်ရွာက ပဲ ဖြစ်ပါတယ်။

အဓိကရုဏ်း ဖြစ်ပွားတဲ့ ဇွန်လ (၁၉) ရက်နေ့က ကူတောင်ရွာ အနီးမှာရှိတဲ့ အနောက်ပြင်ရွာက ရိုဟင်ဂျာ ဘင်ဂါလီတွေနဲ့ ကူတောင်၊ လောင်းချောင်းက ရွာသားတွေ အပြန်အလှန် တိုက်ခိုက် မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီ လူ(၁၀) ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါ တယ်။

ဒဏ်ရာရသူ (၃) ဦးအနက် (၂) ဦးကတော့ ရသေ့တောင်မြို့ ပြည်သူ့ ဆေးရုံမှာ ဆေးကုသ ခံယူလျှက်ရှိနေပြီး ကျန်တစ်ဦးဖြစ်သူ ဦးကျော်ဝင်းကိုတော့ အာရုံကြော ထိခိုက်သွားတဲ့အတွက် မနေ့က စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ သိရပါတယ်။ မွတ်ဆလင်တွေဘက်က သေဆုံးသွားသူနဲ့ ဒဏ်ရာရသူတွေကိုတော့ စာရင်းအတိအကျ မရရှိသေးပါဘူး။

သေဆုံးသွားကြတဲ့ သူတွေထဲမှာ ကူတောင်ကျေးရွာက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ညီလာခံ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးသိန်းဟန်ကိုတော့ မနေ့က ဇွန်လ (၂၀) ရက်နေ့ကတည်း က သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။

ကျန်တဲ့ လူ (၉) ဦး ရဲ့အလောင်းတွေကို အခင်းဖြစ်တဲ့နေ့က မွတ်ဆလင်တွေက သူတို့ရွာထဲကို သယ်ယူသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အလောင်းတွေကို ရခိုင်လူမျိုးတွေ လက်ထဲ ပြန်လည်ရောက် ရှိဖို့အတွက် မနေ့က ရသေ့တောင်မြို့နယ် သံဃာ့နာယက အဖွဲ့က ဦးဆောင်ပြီး သံဃာတော်အပါး (၃၀) ခန့်က ဒေသအာဏာပိုင်တွေကို တောင်းဆို ရှာဖွေခဲ့ကြတဲ့အတွက် ဒီနေ့ အားလုံး ပြန်ရခဲ့ တာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့နေ့က ရိုဟင်ဂျာ ဘင်ဂါလ်ီတွေဘက်က သေနတ်အချက်(၂၀) လောက် ပစ်ဖောက်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ အဲဒီနောက် ၃ နာရီလောက် အကြာမှာ စစ်တပ်ကရောက်ရှိ ထိန်းချုပ်ခဲ့တယ် လို့လည်း သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ မနေ့က အနောက်ပြင် ကျေးရွာသား မွတ်ဆလင်တွေဆီက လက်နက် (၃) လက် ဖမ်းဆီရမိခဲ့ပြီး အဲဒီလက်နက်တွေကို ဒီကနေ့မှာ စစ်တွေမြို့ကို ဆက်လက် ပေးပို့ထားတယ်လို့ သိရပါတယ်။

လက်နက်ဖမ်းဆီးရမိတဲ့ သတင်းနဲ့ပတ်သက်ပြီး ဒီကနေ့ နေ့လည်ပိုင်းက ကူတောင် ရဲစခန်းမှူး ဦးသက်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ အခု မပြောနိုင်သေးကြောင်း၊ လက်နက်ရရှိတယ် ဆိုတာကို မသိရှိရကြောင်း ဖြေကြားပြီး ဖုန်းချသွားခဲ့ပါတယ်။

ဒါပေမယ့် ဒီကနေ့ သဂြိင်္ုဟ်ခဲ့တဲ့ ရုပ်အလောင်းတွေ မှာ သေနတ်ဒဏ်ရာတွေ ပါရှိတယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင် တစ်ဦးဖြစ်သူ ကိုတေးနွယ်အောင်က RFA ကို ပြောပါတယ်။

ရခိုင်"ကူတောင်"မှာ "ပျောက်ဆုံးသူတွေရဲ့ အလောင်း"တွေပြန်တွေ့ပြီ

by စနေမင်း မဟာနွယ် on Friday, 22 June 2012 at 22:48 ·


































ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အင်္ဂါနေ့က ရခိုင်၁၀ ဦးနဲ့ ရိုဟင်ဂျာ ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီး အဲဒီနေ့ကရခိုင်ဘက်က
အလောင်း (၁) လောင်းပဲရရှိခဲ့ရာက ခုအခါမှနောက်ထပ်အလောင်း (၉) လောင်းကို ရိုဟင်ဂျာတွေအများစုနေ
ထိုင်တဲ့ရွာမှာ ပြန်တွေ့ခဲ့ တာလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ အလောင်းတွေကို ရွာထဲကရိုဟင်ဂျာတချို့
ရဲ့ အိမ်အောက်တွေမှာ မြုပ်ထားတာကို ပြန်တူးဖော်ပြီး ရရှိခဲ့တာလို့ ရသေ့တောင်ဒေသခံတဦးဖြစ်တဲ့ကိုကျော်
ခင်က ပြောပါတယ်။

ရပြီရပြီ ၉ လောင်းစလုံးကိုရပါတယ်။ အလောင်းတွေကတော့ အကုန်လုံး (၁၀) လောင်းပေါ့ အလောင်းတွေကို
တော့ ခြံစည်းရိုး တွေအောက်မှာ ၊ အိမ်အောက်တွေမှာမြုပ်ထားတာတဲ့ ပြန်ဖော်ခဲ့တာအကုန်လုံး။ ကူတောင်မှာ
ဖြစ်တဲ့ကိစ္စကအောက်ရွာဆိုတဲ့ ရွာကလေးကိုအရင်လာပြီး လာမီးရှို့တယ်။ ရခိုင်ကလိုက်တဲ့အခါထောင်ချောက်
ဆင်သလို ဖြစ်သွားတာပေါ့။ သူတို့ကမီးရှို့တော့ ဒီကလူတွေကပြန်လိုက်တော့သူတို့ကရွာထဲဝင်ပြီးခုခံတာပေါ့။
လုံခြုံရေးမြောင်းတွေဘာတွေ အကုန်လုံးလုပ်ပြီးသားလို့ပြောတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပြင်ရွာက ခေါင်းဆောင်တယ်လို့ ယူဆရတဲ့သူတွေ ၂၂ ယောက်ကိုဖမ်းဆီး
ထားတယ်လို့လည်း ပြောပါတယ်။ အစိုးရကတော့ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး သေ
ဆုံးသူ ၆၀ ကျော်ရှိပြီး ဒဏ်ရာရတဲ့သူက ၅၄ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေ အများစုရှိတဲ့ နေရာမှာရို
ဟင်ဂျာတွေကသူတို့အိမ်သူတို့မီးရှို့ပြီး ထွက်ပြေးတာမျိုးတွေရှိနေတယ်လို့ပြည်နယ် အမတ်ဦးအောင်မြကျော်
ကပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆစ်ဒနီ တက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဖြစ်သူ ဒေါက်တာလှမြင့်ကတော့ အာဏာ
ပိုင်တွေက ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကိုပြန်
ပြီးမီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ဒီတပတ်အတွင်းမှာ ပဲပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကမငြိမ်မသက်မူတွေကြောင့် ဘန်ကောက်မြို့မှာရိုဟင်ဂျာအယောက် (၂၀၀) လောက်စုပေါင်း
ပြီးမြန်မာသံရုံးရှေ့မှာ ဆန္ဒပြပြီး အခြေအနေ ငြိမ်းချမ်းသွားအောင် လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြတယ်လို့ရေ
ဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။

Saturday, June 23, 2012

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဆီလုံးဝမဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိ၊ ဆီမဟုတ်သည့်အရာများ မှောင်ခိုတင်သွင်းရောင်းချသူများကို အရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အချို့သို့ အသိပေးထား

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟုဆိုသော ဆီများမှာ စားသုံးဆီ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
အဆိုပါ ဆီမဟုတ်သည့်အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက်အတွင်း ဆီမဟုတ်သည့်အရာများအား စစ်ဆေးအရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထားကြောင်း သိရသည်။
ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ မြင့်တက်နေသည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့ တာဝန်ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င်တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင်တူသော်လည်း ဆီမဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆိုပါဆီများကို တရားမ၀င် တင်သွင်းဖြန့်ဖြူးသူဟု ယူဆရသူနှင့် ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ဖော်ထုတ်ထားပြီး စစ်ဆေးအရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
"ဆွေးနွေးပွဲက မှောင်ခိုတင်သွင်းတဲ့ ကိစ္စလျော့ကျဖို့ အတွက်ပါ။ ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ဌာန တာဝန်ရှိသူတွေက ထိုင်း၊ တရုတ် စသဖြင့် နယ်စပ်တွေကနေ တရားမ၀င်ကုန်သွယ်တဲ့ ကိစ္စတွေကို စုံစမ်းတယ်လို့ သိရတယ်။ မြ၀တီ၊ မြိတ်နဲ့ ကော့သောင်း၊ မူဆယ် အဖွဲ့သုံးဖွဲ့ခွဲဆင်းကြတယ်။ ဆင်းတဲ့အခါမှာ No Profile နဲ့ ညွှန်ကြားရေးမှူးတွေကအစ သာမန် အရပ်သားအနေနဲ့ ဆင်းတယ်။ တရားမ၀င် ကုန်သွယ်မှုတွေကို ဓာတ်ပုံမှတ်တမ်းပါ ယူထားတယ်။ အခု အဲ ဒီမှတ်တမ်းတွေနဲ့ စုံစမ်းထောက်လှမ်းထားတဲ့ သက်သေတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက အစိုး ရအဖွဲ့တွေကို ခေါ်ယူပြီး ချပြလိုက်တယ်။ ဒါကို ထိမ်းသိန်းဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ အနေနဲ့ ပိုပြီးလုပ်ကိုင်ရဖို့ရှိတယ် ဆိုပြီး ဆွေးနွေးကြတာပါ။ အဲဒီပွဲမှာ တရုတ်နယ်စပ်က တရားမ၀င်သွင်းလာတဲ့ စားသုံးဆီဆိုတဲ့ဟာတွေကို ဓာတ်ခွဲစမ်းသပ်လိုက်တာ ဆီနဲ့သာတူတာ ဆီမဟုတ်ကြောင်း တွေ့ရတယ်ဆိုတာကိုပါ ထုတ်ဖော်ပြော ကြားတော့ လန့်တောင်လန့်သွားကြတယ်။ ဈေးကွက်ထဲမှာတွေ့လို့ FDA ကို ပို့ပြီးစစ်တာ လို့ပြောတယ်။ အဲဒီကိစ္စကို တရားမ၀င်တင်သွင်းတယ်လို့ ယူဆရတဲ့သူ၊ သူနဲ့ ပတ်သက်ဆက်စပ်နိုင်တဲ့ သူတွေရဲ့ နာမည်အချို့နဲ့ လမ်းကြောင်းအချို့ကိုပါ ထုတ်ပြောသွားတယ်။ အတိအကျ မဟုတ်ပေမယ့် အဲဒီလမ်းကြောင်း အတိုင်းဆို ဘယ်သူဖြစ်နိုင်တယ်။ ဘယ်ဈေးကွက်ထဲရောက်နိုင်တယ် ဆိုတာကို အနီးစပ်ဆုံးခန့်မှန်း ပြောကြားတဲ့သဘောပါ။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီး မန္တလေးနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း စစ်ဆေးလို့ရအောင် အသိပေး ဆွေးနွေးတာတွေ့ရတယ်။ ဒီဆီတွေကို စစ်ဆေးတွေ့ရှိဖို့ကတော့ ခက်ပါတယ်။ ဘာလို့လည်းဆိုတော့ ဥပမာ-ဈေးကွက်ထဲက စားသုံးဆီက တစ်ပိဿာ ၂၀၀၀ ကျပ်ဆိုရင် အဲဒီဆီအတုက တစ်ပိဿာကို ၃၀၀၊ ၄၀၀ လောက်ပဲရှိတယ်။ ဒီတော့ သူ့ချည်းပဲ သွင်းတဲ့သူက မရောင်းဘူး။ ဈေးကွက်ထဲက စား သုံးဆီတွေနဲ့ ရောရောင်းတာမျိုး ဖြစ်နိုင်တော့ တော်တော်ဆိုးပါတယ်"ဟု အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။
စားအုန်းဆီ ပြည်ပမှ ၅ နှစ်အတွင်း တရားဝင် တင်သွင်းမှုပမာဏ(အမေရိကန်ဒေါ်လာ၊သန်း)
 ဘဏ္ဍာနှစ် စားအုန်းဆီ
၂၀၀၆-၂၀၀၇ ၇၄ .၄၁၀
၂၀၀၇-၂၀၀၈ ၂၀၂ .၄၄၀
၂၀၀၈-၂၀၀၉ ၂၉၁ .၇၅၀
၂၀၀၉-၂၀၁၀ ၁၇၈ .၂၉၀
၂၀၁၀-၂၀၁၁ ၁၉၈ .၇၆၂   http://news-eleven.com/index.php?option=com_content&view=article&id=14230:2012-06-23-05-09-49&catid=42:2009-11-10-07-36-59&Itemid=112

မောင်တောနယ်စပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံများ (လ၀က ၀န်ထမ်းတစ်ဦးနှင့်တွေ့ဆုံသည်)

by Myanmar Tandawsint on Friday, 22 June 2012 at 00:59 ·
 
မောင်တောမှာက တပ်ရယ်၊ ရဲရယ်၊ လ၀က ရယ်၊ ကာစတန်ရယ်လေးဖွဲ့ရှိတယ်။ အဓိက အုပ်ချုပ်ရေး၊ လုံခြုံရေးကတော့ တပ်ကလုပ်တာပေါ့။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ဘင်္ဂါလီ အ၀င်အထွက်မရှိဘူး။ ဘာဖြစ်လို့မရှိလဲဆိုလို့ရှိရင် ခိုးဝင်တာမရှိဘူး။

အဖွဲ့လေးဖွဲ့ရှိတယ်ပေါ့။ အကုန်လုံးက သူ့အလုပ်သူလုပ်ပေါ့။ အဲဒီအချိန်တုန်းကတော့ ၀င်တဲ့လူ သိပ် မရှိတော့ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ၁၉၉၂ ကနေ ၁၉၉၅ လောက်ထိမှာ ဘင်္ဂလားကနေပြန်လက်ခံထား ခိုင်းတဲ့လူတွေရှိတယ်လေ။ ယူအန်တို့ ဘာတို့ အကူအညီနဲ့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော် တို့ထဲကို ခိုးဝင်တဲ့ကောင် ဘာလို့မရှိဘူးလို့ပြောလို့ရလဲဆို စီးပွားရေးက ဘင်္ဂလားက ပိုကောင်းတယ်။

ကျွန် တော်တို့မြန်မာပြည်ထက်။ ဘင်္ဂလား ပိုက်ဆံ တစ်ဒါကာ က ကျွန်တော်တို့ ဆီက ပိုက်ဆံနှစ်ဆယ်လောက်နဲ့ သွားညီတယ်။ ဘင်္ဂလာငွေတစ်သိန်းဆိုရင် ဒီက သိန်းနှစ်ဆယ်လောက်ရှိတယ်ပေါ့နော်။ အဲဒီတော့ ဟိုကကောင် ကဒီမှာလာပြီး အလုပ်မလုပ်တော့ဘူး အဲဒီအချိန်က။ ဒီမှာနေတဲ့လူတွေက လည်းပြည့်နေပြီ။ စလာတုန်းကတော့ ဒီကောင်တွေက လယ်တွေရှိတယ်။ သစ်ခုတ်တယ်။ အဲဒါမျိုးတွေနဲ့ ဒီ ကောင်တွေနေကြတာပေါ့နော်။ အဲဒါ ကလည်း ဟိုးအင်္ဂလိပ်ခေတ်လောက် တည်းကနေနေတဲ့ဟာလေ။ နောက်ပြီး တော့ ဦးနုလက်ထက်မှာ ပိုပြီးဆိုးသွား တာက ဦးနုက မဲပေးဖို့ခေါ်သွင်းလိုက် တဲ့ကိစ္စတွေမှာ ပိုဆိုးသွားတာ။ ဒါပေ မဲ့သူတို့ကို ကျွန်တော်တို့က မှတ်ပုံတင်မပေးဘူး။ နိုင်ငံသားတွေ မဟုတ်ဘူး။ မောင်းတောမှာ ရှိတဲ့လူဦးရေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်ရှိ တယ်။ အဲဒါကြောင့်မို့ သူတို့ကို ဘယ် လိုကန့်သတ်ထားလဲ ဆိုလို့ရှိရင် စစ်တွေကိုလည်း မသွားရဘူး။ အနီးအနားလည်းမသွားရဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာသွားရင်တောင်မှ ရယက ဥက္ကဋ္ဌရဲ့ ရွာထွက်လက်မှတ်နဲ့ ရယက ဥက္ကဋ္ဌရဲ့ထောက်ခံချက်နဲ့ပေါ့လေ။ ဒီရွာကလူမှန်ပါတယ်။ ယာယီသက် သေခံကဒ်ပြားအမှတ် ၁၁/မတန(ယ)  ကိုင်ဆောင်တဲ့ ဘယ်သူဖြစ်ပါတယ်။ ဒီရောက်မှ ဘယ်ရွာကိုသွားမှာလဲ။ အဲလိုတွေစစ်ပြီးတော့ တစ်ခြားကလာ တဲ့လူတွေဖြစ်မှာစိုးလို့။

ယာယီသက် သေခံလက်မှတ်မှာ မောင်တောလ၀က က ထုတ်ပေးတဲ့ဟာလေးပါတယ်။
ဘယ်လိုထိန်းဖို့လိုလဲဆိုလို့ရှိရင် သူတို့ကို ပြန်လွှတ်ရင်လည်းလွှတ် မလွှတ်ရင်လည်း   ဒီကောင်တွေရှိနေ သရွေ့ မအေးဘူးပဲ ဖြစ်မှာ။ တကယ်ပြောတာ။ ကျွန်တော်တို့ အမြင်ကို ပြောတာပေါ့နော်။ နယ်ခြားဘက်မှာ နိုင်ငံခြားက အစ္စလာမ်အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်အများကြီးရှိတယ်။

 သူတို့ဆီမှာက ပလီဆရာက အရေးကြီးတယ်လေ။ ပလီဆရာကပြောတဲ့စကား အတိုင်းအကုန်လုံးဖြစ်တယ်။ အကုန်အောင်မြင်တယ်။ အဲဒီပလီဆရာတွေကလည်း တချို့တွေဆိုရင် နိုင်ငံခြားက အစ္စလာမ်တက္ကသိုလ်ကြီးတွေကနေပြီး တော့ ပြီးလာတဲ့သူတွေရှိတယ်။  အခုဖြစ်တဲ့ဟာကလည်း စစ်တွေမှာ ကေဇက်ဂျီရုံးကနေလေ။ ကေဇက်ဂျီ ဆိုတာ ဆေးအန်ဂျီအို၊ ဆေး ကုပေးတဲ့အန်ဂျီအို၊ သေနတ်နှစ် သေတ္တာရတယ်တဲ့။ မောင်တောက လ၀က တွေကို လှမ်းမေးကြည့်တာ ဟုတ်တယ်။ ဆရာဝန်နဲ့သူ့သမီးလား ဆရာဝန်မနဲ့ သူ့အဖေလားမသိဘူး  အဲဒါကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ သူတို့က ဒီကိစ္စတွေ မပေါ်လည်း ကျောက်နီမှော်ကိစ္စတွေ၊ တောင်ကုတ်ကိစ္စတွေ မပေါ်လည်း လုပ်မှာပဲ။ ဟိုအရင်တုန်းကလည်း ရာဇ၀င်ရှိဘူးတယ်။ ရာဇ၀င်ရှိဘူး တယ်ဆိုတာက လွတ်လပ်ရေးရပြီး ကာစ နောက်ပိုင်းမှာကိုပဲ မူဂျာဟစ် သူပုန်လေ။ အမှန်တော့ ရိုဟင်ဂျာတို့ မူဂျာဟစ်တို့ဆိုတာ အတူတူပဲ။ နာမည်ပဲ သူတို့ကွဲတာ။ ပြောချင် တာတွေလျှောက်ပြောတာ။ အဲဒီမှာ ကာဇိုင်းဆိုတဲ့ သူပုန်တစ်ယောက်ရှိတယ်။ သူပုန်မဟုတ်ဘူး ဒီကောင်ကဓားပြပဲ။ သူပုန်ဆိုတာက စစ်တပ်ကလိုက်ရှင်းရလို့ သူပုန်ဖြစ်သွားတာ။ဓားပြအကြီးစားပဲ။

ဒီကောင် ကလက်နက်ရှိတယ်။ ရခိုင်ရွာတွေဝင် ဖျက်တယ်။ မီးရှို့တယ်။ ရခိုင်မလေးတွေကို အဓမ္မကျင့်တယ်။ ရခိုင်မလေးတွေ ရာနဲ့ချီပြီးတော့ကိုရှိတယ်။ အဲဒီဘက်က ရခိုင်တွေက သူတို့မှာ နာကျည်းချက်တွေအများကြီးရှိတယ်။ သမ္မတကြီးပြောတဲ့ ရှုပ်ထွေးနိုင်တဲ့ နောက်ခံသမိုင်းကြောင်းတွေဆိုတာ တကယ်မှန်တယ် အဲဒါတွေက။ လူကြီးတွေ ဘယ်လိုဆုံးဖြတ်မလဲအဲဒါ ကို။ သူတို့လည်း အခုနေဆုံးဖြတ်လို့ရှိရင် နိုင်ငံတကာက ဖိအားပေးတာ ဘာညာပေါ့နော်။ သူတို့တွေမှာလည်း အခက်အခဲရှိမှာပေါ့။ ကျွန်တော်တို့ ကိုယ်တွေ့လည်း ကြုံခဲ့ရတယ်။

အဲဒါတွေက ခင်ဗျားတို့ရှိတုန်းက ဒီပြဿနာတွေမပေါ်ဘဲနဲ့ အခုမှပေါ် တယ်ဆိုတော့ တော်တော်များများက လ၀က ရဲ့ ချို့ယွင်းချက်တွေကြောင့် ဒီလိုတွေဖြစ်လာတယ်လို့ထင်တယ်လေ။

အဲဒါတွေက မောင်တောကို မရောက်ဖူးတဲ့လူတွေပြောတာ။ ဦးစီးကိုလည်း ကျွန်တော်ပြောတယ်။ နောက်ကျရင် ရေလည်သွားလိမ့်မယ်တဲ့ဘာကြောင့်လဲဆိုတာကိုတဲ့။ ဟိုတ လောက စာပေဟောပြောပွဲတစ်ခုထဲ မှာလေ။ တရုတ်တွေမှတ်ပုံတင်ရတဲ့ ကိစ္စတစ်ခုကို ပြောသွားတယ်။ ပြောရ မယ်ဆိုရင် အရင်တုန်းက ကျွန်တော် တို့ကိုခေါ်တယ်ပေါ့နော်။ ကျွန်တော်တို့ မမီလိုက်တဲ့ခေတ်ပါ။ လ၀က တရုတ် လည်းနိုင်တယ်။ ကုလားလည်းနိုင် တယ်ပေါ့ဗျာ။ အခုလ၀ကက ဘယ်ကောင်မှမနိုင်တော့ဘူး။

 ဘာလို့မနိုင် လည်းဆိုလို့ရှိရင် ဒီကောင်တွေက လည်းလူလည်တွေဖြစ်သွားပြီ။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ဗိုလ်မှူး တွေ၊ ဗိုလ်ကြီးတွေနဲ့ ပေါင်းပြီးတော့ သူကြီးပိုင်တယ်ဆိုပြီးတော့ ဆယ်အိမ်ခေါင်း ဟိုဟာထင်တယ် ဆိုတာလို။ မောင်တောမှာ ကျွန်တော်တို့ နေတုန်းကလည်း အုပ်ချုပ်တာက ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးကြီးတွေ အုပ်ချုပ်တာ။ စီးပွားရေးသမားက ဘင်္ဂလားကို နွားမှောင်ခိုထုတ်တယ်။ ဒါမျိုးတွေအများကြီးပဲ။ ဒါတွေကပြောရင် ဂျာအေးကို သူ့အမေရိုက်သလို လည်ပတ်နေမှာ။
ဒီလိုမှတ်ပုံတင် လုပ်ငန်းလုပ်ဖို့ကို ပုံစံလုံးဝမတူဘူး။ စစ်တပ်လိုနေရ တယ်။ တပ်ရိက္ခာရ တယ်။ မောင်တောမှာ တစ်နှစ်နေတဲ့ အချိန်မှာ အမှုဖြစ်လို့ရှိရင် ၀န်ထမ်းစည်းမျဉ်းနဲ့အရေးမယူဘူး။ စစ်ဥပဒေနဲ့အရေးယူတာ။ အခုလည်းအဲလိုဟာ တွေရှိသေးတယ်။

အဲဒီအတိုင်းပဲ။ ဗိုလ်မှူးကြီး အောင်ကြီးလေ။ နယ်စပ်ဒေသလူဝင် မှုကြီးကြပ်ရေးကွပ်ကဲမှု ဌာနချုပ် ဆို ပြီးတော့။ ကွပ်ကဲရေးမှူးကို လ၀က ညွှန်ကြားရေးမှူး တာဝန်ပေးထား တယ်။ အခုဗိုလ်ချုပ်သိန်းဌေးနောက် ကိုလိုက်နေတဲ့ ----- က အဲဒါ ကွပ်ကဲရေးမှူးပေါ့။ သူ့ရဲ့ ကားကို တောင်ခဲနဲ့ပေါက်လို့တဲ့။
ဘယ်နေ့ကပေါက်တာလဲတော့ မသိဘူး။ ဖြစ်ကာစလောက်ကထင်တယ်။

ညွှန်ချုပ်အဆင့်ပေးထားတာသူ့ကို။ ဦးမောင်မောင်သန်း အဆင့်ပေါ့။ သူ့ကို ရခိုင်ပြည်နယ်မှာ လ၀က ညွှန်ကြားရေးမှူးချုပ် လုပ်ပိုင်ခွင့်များကို ပေးမည်ဆိုပြီးတော့ ပေးထားတာ။ မှတ်ပုံတင်ကိစ္စတော့ မပါဘူးလေ။ မှတ်ပုံတင်ကိစ္စကတော့ မောင်တောမြို့နယ်လ၀က သပ်သပ် ရှိတယ်။ မြို့နယ်လ၀က၊ ခရိုင်လ၀က သပ်သပ်ရှိတယ်။ ကျွန်တော်တို့က မှတ်ပုံတင်ကိစ္စလည်း လုံးဝတာဝန် မယူပါဘူး။

သက်သေခံကဒ်ထုတ်ပေး တာလည်း ကျွန်တော်တို့ တာဝန်မယူပါဘူး။ ကျွန်တော်တို့က ဘာလုပ်လဲ ဆိုရင် နေ့ခင်းထွက်တယ်။ လူဦးရေ စာရင်းစစ်တယ်။ တစ်ရွာနဲ့တစ်ရွာ အကူးအပြောင်းကို တရားဝင်မှတ်တမ်း တင်တယ်။ လပ်ထပ်ခွင့်ပေါ့ သူတို့ကို ၁၈ နှစ်ပြည်ရင် စခန်းမှာ လာပြီးတော့ မှတ်ပုံတင်ရတယ်။ မိန်းကလေးရော၊ ယောက်ျားလေးရော။ လပ်ထပ်ခွင့် ကျမှပေါင်းရတယ်။ ဘာကြောင့်အဲလို ထိန်းချုပ်ထားလဲဆိုတော့ ၁၄/၁၅ နှစ်နဲ့ယူတယ် ကလေးတွေအများကြီး မွေးတယ်။ ဖောင်းပွပြီးတော့ ဖြစ်ချင်တိုင်းဖြစ်တယ်။ နောက်တစ်လင်တစ် မယား၊ အရင်တုန်းကဆိုရင် ဒီကောင် တွေက မယားလေးယောက်ယူတယ် လေ။ ကလေးတွေအများကြီး တပြုံကြီးမွေးတယ်။ လူအယောက်ငါးဆယ် လောက်ရှိတယ်။ တစ်အိမ်ထောင်စုကို။

တစ်အိမ်ထဲမှာအကုန်လုံးစုပြုံနေ။  နောက်မောင်တောက တင်လိုက်တဲ့ ရွှေမောင် ဆိုတာလေ။ လွှတ်တော် အမတ်ဖြစ်နေတာ။ ကြံ့ခိုင်ရေးထဲမှာ ထည့်ထားတယ်။ အဲဒီကလူ တွေကလေ ခြင်္သေ့မှန်း၊ ကျားမှန်းတောင်သူတို့မသိဘူး။ မင်းတို့ဘယ်ပါ တီမဲပေးမလဲပြောရင် ကျားပါတီမဲပေး မယ်လို့ပြောတယ်။
နစကဆိုတာ လ၀ကရယ်၊ တပ်ရယ်၊ ရဲ ရယ်၊ ကာစတန်ရယ်ကို ကိုင်ထားတဲ့ ဌာနပေါ့နော်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ကို မြန်မာပြည်ဘက် အခြမ်းကိုကျော်ထွက်မလာဖို့။ ဟိုဘက်ကလူတွေ ဒီဘက်ကိုဝင်မလာဖို့။ အဲဒါကြောင့် တားထားတာပဲ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ရယက ဥက္ကဋ္ဌတွေ က ရွာတိုင်းမှာတော့ လျှောက်ပြီး တော့မထားနိုင်ဘူး။ အုပ်စုလေးအုပ်စု လောက်ကို စခန်းတစ်ခုလောက် ချထားတယ်။ တချို့ကျတော့လည်း ၇အုပ်စု၊ ၈ အုပ်စုလောက်ပေါ့။ အဲလို လေးတွေရှိတယ်။ အဲလိုစခန်းချထား တဲ့အခါကျတော့ စခန်းတစ်ခုတစ်ခုမှာ အဖွဲ့သုံးဖွဲ့ပေါ့။ ကာစတန်ကတော့ ဌာနချုပ်မှာပဲ ရှိတာများတယ်။ မောင် တောမှာပဲရှိတာများတယ်။ ဌာနချုပ်က မောင်တောကနေ သုံးလေးမိုင်လောက် ဝေးသေးတယ်။ ကျွန်တော်တို့နောက် က ရိုးမပေါ်မှာတော့ တပ်တွေရှိတယ်။

ဌာနချုပ်နောက်က တောင်ကြီးတွေ ပေါ်မှာ အရင်ကျွန်တော်ပြောတဲ့ ဓားပြဗိုလ် ကာဇိုင်းဆိုတဲ့ကောင်နေခဲ့တဲ့ တောင်ကြီးပေါ့။ အဲဒီတောင်က ချင်းပြည်နဲ့ဆက်သွားတယ်။ စစ်တွေမှာ ရောက်နေတဲ့ သူတွေကတော့ စာနည်းနည်းတတ်သွားပြီပေါ၊ ရခိုင် ရည်လည်းလည်သွားတာပေါ့နော်။ မောင်တောက သူတွေကျတော့ နည်းနည်းမြှောက်ပေးလို့ရှိရင် လုပ်ဖို့ လောက်ပဲသိတာပေါ့။

သူတို့ကို ကလေးနှစ်ယောက် ထက်ပိုမမွေးရဘူးလို့ စည်းကမ်းချက် ထုတ်ထားတယ်။ ဒါပေမဲ့မွေးတာပဲ။ ဒါပေမဲ့ဘွဲ့ရတဲ့ ဘင်္ဂါလီတွေရှိတယ်။ ကျွန်တော်တို့နဲ့ စားသောက်ဝင်ထွက် နေတဲ့ သူတွေ။ ကျွန်တော်တို့ကို ပွင့် ပွင့်လင်းလင်းပဲမေးတာ။ သူတို့ကို ဘာကြောင့် ကလေးနှစ်ယောက်ပဲမွေး ခိုင်းတာလဲ။

ကလေးနှစ်ယောက်ပဲ မွေးခိုင်းတယ်ဆိုတာ ဒီမှာအခုရှိတဲ့လူ နဲ့ စပါးထွက်တဲ့ဟာနဲ့ မင်းတွက်ကြည့် လေလို့။ မင်းတို့လူအများကြီးဖြစ်လာမယ်ဆိုရင် ဆန်မလောက်ဘူးလို့။ မင်းတို့တခြားကလည်း ၀ယ်လို့မရဘူး။ မင်းတို့ဆန်ကိုလည်းတခြားကို ရောင်းလို့မရဘူးလေလို့။ ဒေသတွင်းစားဝတ် နေမှုမဖူလုံဘူးဆိုရင် မင်းတို့သူခိုး တွေ၊ ဓားပြတွေ ပေါ်လာမှာပေါ့ဆိုပြီးတော့။  ကိုင်တော့ကိုင်ထားတာပဲ။

ဒီမိုကရေစီခေတ်ဆိုပြီးတော့ ဒီကောင် တွေက နည်းနည်းသွေးတိုးစမ်းတဲ့ အပိုင်းရှိတယ်။ ပြစ်မှုတွေခဏခဏဖြစ် တယ်။ ရဲတွေကိုသတ်ပစ်တယ်။ ဒီ ကောင်တွေက။ ရဲသတ်တာကြာပြီ ဗိုလ်ချုပ်မောင်ဦး လ၀ကတိုင်းမှူးလုပ် တည်းကဖြစ်တာ။ လုံထိန်းရဲကင်းက ဒုရဲအုပ်ကို သတ်ပစ်လိုက်တာ။ သတ်တဲ့ကောင်တွေက ဘင်္ဂလားကို ထွက်ပြေးသွားတာ။ ပြန်မလာတော့ဘူး။ တစ်ရွာလုံးကို မီးရှို့ပစ်မယ်ဆိုပြီးတော့။ ရှို့လည်းမရှို့ဖြစ်ပါဘူး။ ဒီအ တိုင်းပဲပြီးသွားတာ။ သေတဲ့ကောင် သာသေသွားတာ။

 အဲဒီမှာ ယူအန်က လာတဲ့အဖွဲ့တွေ လူ့အခွင့်အရေး စာနာမှုတွေ လုပ်ရမယ်ဘာညာ လျှောက်ပြောတာ။ ပြီးတော့ ကျွန် တော်တို့ကိုလေ။ ယူအန်ကလုံးဝမတင် ဘူး။ ယူအန်ကဆေးခန်းတွေဘာတွေ မှာ ကျွန်တော်တို့အခက်အခဲဖြစ်လို့ သွားရင် မလာခဲ့ပါနဲ့လို့ပြောတာ။ ကျွန်တော်တို့ကျတော့ ယူနီဖောင်းနဲ့ မလာပါနဲ့ ဒါမျိုးပြောတာ။ ဆရာဝန်တွေ၊ သူနာပြုတွေက ဗမာတွေ၊ ရခိုင်တွေ များပါတယ်။ များသောအားဖြင့်ဒေသခံ ရခိုင်ကို သုံးခဲတယ်။ ဗမာပြည်က လာတဲ့ဟာတွေများတယ်။ သုံးရင် ဒေသခံဆို ရခိုင်မသုံးဘူး။ ဘင်္ဂါလီ သုံးတယ်။ အဲတော့ အန်ဂျီအိုတွေရဲ့ ဟိုဟာကလည်း မရိုးသားဘူး။ လမ်း မှာတွေ့ရင်ကျွန်တော်တို့ ကုန်းကြောင်း လျှောက်ရတာ တစ်နေရာနဲ့ တစ်နေ ရာသွားရင်။

တအားဒုက္ခရောက်တာ။ သူတို့ကားနဲ့ လုံးဝမတင်ဘူး။ ကျွန် တော်တို့ဆီက လူကို ကားနဲ့တင်တဲ့ ဒရိုင်ဘာကို ဖြုတ်ပစ်လိုက်တယ်။ တစ်ခါတည်း။ ယူအန်တို့ အန်ဂျီအိုတို့ အဖွဲ့အစည်းတွေကလေ။ သူတို့ရဲ့ အပြုအမူကလည်း လုံးဝမရိုးသားဘူး။

မီးရှို့တဲ့တစ်ယောက်ကိုလိုက်ဖမ်း တာဘင်္ဂလားထဲကို ထွက်ပြေးတယ် လို့ပြောတယ်။ ထွက်ပြေးတယ်လေ။ ပြီးလို့ရှိရင် လစ်ရင်လစ်သလိုပြန်လာမှာပဲ။ အခုစစ်တွေက လူတစ်ထောင် လောက်ထွက်ပြေးသွားပြီပြောတယ်။ ဘင်္ဂလားကို။  သင်္ဘောနဲ့ပြေးတာပေါ့ သူတို့။ သင်္ဘောကသူတို့သင်္ဘောတွေရှိ တယ်လေ။ သင်္ဘောဆိုတာ စက်တပ် လှေမဟုတ်ပဲနဲ့ လောင်းလှေ၊ လှေကြီး တွေ။ လှေကြီးကို လူကြီးတွေပြော သလို ပြောမယ်ဆိုရင်တော့ လူပျင်း လှော်လှော်တာပေါ့နော်။ လှေဦးကို ကျောပေးပြီးတော့ခတ်တာ။ လှေကြီး တစ်စီးတစ်စီးကို လေးငါးဆယ်ယောက် ၀ိုင်းခတ်တာပေါ့။ စက်လှေရှိလို့ရှိရင် လည်း စက်လှေနဲ့သွားကြတာပေါ့။ ဘာမှမဝေးဘူး။ စစ်တွေကနေပြီးတော ရှင်မဖြူကျွန်းကိုလေ အများဆုံးသွားရ  တစ်နေ့ခင်းပဲ။ ကျွန်တော်တို့နေခဲ့တဲ့ အခုပြဿနာတွေ ဖြစ်နေတဲ့နေရာ  ကနေ ရှင်မဖြူကျွန်းကို မီးရောင်ပျပျ လေးတောင်မြင်ရသေးတယ်။

ရှင်မဖြူကျွန်းမှာ ဘင်္ဂလားရေတပ် ရှိတယ်လေ။ အမေရိကန်ကလည်း တပ်တွေချထားတယ်ပြောတယ်။
ရှင်မဖြူကျွန်းကို သူတို့ရှပူရီးယားလို့ခေါ်တယ်။ ဖလောင်းချိတ်ကို ကုန်ဇားလို့ခေါ်တယ်။ အဲဒီနေရာတွေက ကုန်ဇားတို့ဘာတို့ကျတော့ ပင်လယ် ကမ်းခြေလည်းရှိတယ်ပေါ့နော်။ အဲဒါ တွေက အရင်တုန်းက ဗမာပိုင်တွေပဲ ဟာကြီးကို။ ရခိုင်တွေလည်းရှိတယ်။ ဘုန်းကြီးကျောင်းတွေဘာတွေလည်းရှိတယ်။ ဘုန်းကြီးတွေဘာတွေလည်း ရှိတယ်။

မနေ့ကထိတော့လည်း မငြိမ်သေးဘူးတဲ့။ ကျွန်တော့်သူငယ်ချင်း သူတို့ စခန်းတွေ ရုတ်ခိုင်းလို့ စစ်တွေကို ပြန်ရုတ်လာတာ လမ်းမှာတောင် အလောင်းတစ်လောင်း တွေ့ခဲ့သေး တယ်တဲ့။

အဲဒါမျိုးတွေဖြစ် နေတယ်။ သူတို့က အစ္စလာမ်ဆိုပေမဲ့ အစ္စလာမ်ဂိုဏ်းတော့ မဟုတ်ဘူးပေါ့။ တော်တော်များများရဲ့စိတ်ထဲမှာ သူတို့လူနဲ့ သူတို့လူအင်အားများ အောင်လုပ် အရင်တုန်းက အဲဒီနေရာတွေက ဟိန္ဒူများ တယ်။ ကျွန်တော်တို့ရှိတဲ့အချိန်အထိ ရွာတစ်ရွာကို ဟိန္ဒူတစ်အိမ်စ နှစ်အိမ် စရှိတယ်။ ဒါပေမဲ့ ဟိန္ဒူဆိုရင်တစ်ရွာ လုံးက၀ိုင်းနှိမ်ထားတာ။  ဟိန္ဒူဆိုရင် နှိမ်ထားတယ်။ စကားပြောလို့ရှိရင် ဟိန္ဒူမက ဟိန္ဒူမက အဲလိုပြောတာ။ ဒါပေမဲ့လည်း ရခိုင်ကျတော့ သူတို့လုပ် လို့မရဘူး။ ရခိုင်က တော်တော် မာတယ်။

အခုကတော့အဖွဲ့တွေက ရခိုင်မှာ ရှေ့တန်းစခန်းလိုဖြစ်သွားတာပေါ့။  အရင်တုန်းကလည်း သေနတ်ပေးကိုင် ထားတာပဲ။ မောင်တောမှာပဲ။ စစ်တွေမှာတော့မပါပါဘူး။ တပ်နဲ့ တွဲလို့လည်း လက်နက်ပေးကိုင်တာပါ။ လ၀ကကတော့ မပေးဘူး။ ပေးလို့ရှိ ရင်လည်း ပစ်တာခတ်တာတွေဖြစ်မှာ စိုးလို့ဖြစ်မှာပေါ့။

ပတ်စပို့ရုံးထဲကထွက်လာတယ် သိလား။ မောင်တောက ဘင်္ဂါလီက ဗမာပြည်ဘက်ကိုလုံးဝလာလို့မရဘူး။ မှတ်ပုံတင်ရှိတဲ့အတွက်ကြောင့်မို့လို့ လာလို့ရသွားတယ်။ သူတို့တွေ မှတ်ပုံတင်လုံးဝမရှိဘူး။ လာတဲ့သူ မှန်သမျှ ခိုးပြီးတော့လာတဲ့သူ တွေချည်းပဲ။ နောက်ပြီးတော့ ခိုးသွင်း တာမိတယ်အဲဒါမျိုးတွေ။ ခဏခဏဖြစ် ဖူးတယ်။ ကျွန်တော်တို့က ခိုင်းတာလုပ် ရတဲ့သူတွေလေ။ လ၀က ပိုက်ဆံယူ ပြီးလွှတ်ပေးတယ်ဆိုတာ။ လ၀ကက ပိုက်ဆံမယူဘူးလားဆိုတော့ ယူတော့  ယူတယ်။ ယူတယ်ဆိုတာက အဲလို ၀င်လာတဲ့ကောင်တွေဆီက ရတာမ ဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားလို့ရတဲ့ဟာတွေပဲ။

ဒီ ကောင်တွေကို အဲလိုခိုးသွင်းလို့ရတဲ့ ဟာမျိုး တစ်ခုမှမရှိဘူး။ အခုဘာဖြစ် လဲတရုတ်တွေဝင်လာတယ်နော်။ မန္တလေးမှာ တရုတ်တွေနေရာအခြေ တကျဖြစ်သွားတာ ဘာကြောင့်ဖြစ် သွားသလဲဆိုရင် စစ်အစိုးရလက်ထက် မှာဖြစ်သွားတာပဲ။  ဟိုကလူတွေ လာနေတယ်။ မှတ်ပုံတင်တွေဘာတွေ ရသွားတယ်။ ကျွန်တော်တို့ဆီက ဘာမှ လုပ်လို့မရဘူး။ တစ်ခုတော့ရှိ တာပေါ့။ ကျွန်တော်တို့မှတ်ပုံတင် လုပ်တဲ့ကိစ္စတွေမှာလေ။ အားချင်း အားချင်းပေါ့လေ။ ဟိုဟာတွေလျှော့ ပေးတယ်။ ဒီဟာတွေလျှော့ပေးတယ် ဆိုတာ။ နောက်ပြီးတော့ လူဦးရေ ရဖို့ တစ်နေ့ဘယ်လောက်ပြီးရမယ်ဆိုပြီး တော့ ခိုင်းတဲ့ဟာတွေပေါ့။ အဲဒါတွေ ကတော်တော်ရီဖို့ကောင်းတယ်။ အဲဒီ ပြဿနာတစ်ခုကတော်တော်လေးကြီး ကြီးကျယ်ကျယ်ဖြစ်သွားတယ်။ ၂၀၀၅-၂၀၀၆ လောက်က။ ပြဿနာ ပေါင်းစုံအားလုံးကို လ၀ကခေါင်း ပေါ်ပုံချတယ်။ ဒါပေမဲ့ ခိုင်းတဲ့ဟာက တော့ ဘယ်သူတွေခိုင်းလဲဆိုတော့ အကုန်လုံးသိပါတယ်။ ၈၉-၉၀ မှာ ရွေးကောက်ပွဲလုပ်မယ်။ အဲဒီအချိန် တုန်းကဆို ကျွန်တော်တို့လည်း မမီ ဘူး။ ကျောင်းသားပဲရှိသေးတယ်။ ၀န်ထမ်းတစ်ယောက်ကို တစ်နေ့ကို လူသုံးရာ ပြီးရမယ် ခိုင်းတယ်။ မှတ် ပုံတင်တစ်ကယ် သေသေချာချာဖိဖိစီး စီးလုပ်လို့ရှိရင် ငါးယောက်ပြီးဖို့တောင် အနိုင်နိုင်တစ်နေ့ကို။

သုံးရာမပြီးလို့ရှိ ရင်ဘာလုပ်မယ်။ ညာလုပ်မယ်ဆို တော့ လုပ်ရတယ်လေ။ ၉၂ ခုနှစ် မုန်တိုင်းစစ်ဆင်ရေးသိလိုက်တယ် မဟုတ်လား။ ကေအန်ယူကိစ္စလေ။ အဲဒီမှာ မှတ်ပုံတင်တွေနဲ့ ကရင်သူပုန် တွေကိုမိတယ်။ ကရင်သူပုန်တွေ နယ်မြေထဲက မှတ်ပုံတင်တွေကိုမိ တယ်ပေါ့လေ ပြောရမယ်ဆိုရင်တော့။ အဲဒီမှတ်ပုံတင်တွေ လုပ်ပေးတဲ့သူတွေ ကိုဖြုတ်ပစ်လိုက်တယ်။ အဲဒါ ၉၂ ခုနှစ်မှာဖြစ်သွားတဲ့ဟာ။ အခုဖြစ်တဲ့ ဟာတွေနဲ့ ဘယ်လိုဆန့်ကျင်ဘက် တွေဖြစ်နေလဲဆိုတာ ကျွန်တော်ပြော ပြတာပါ။

ရှမ်းပြည်မှာလည်း တရုတ် နဲ့ ရှမ်းနဲ့က ခွဲလို့မရဘူး။ ရှမ်းမျိုးနွယ် စုထဲမှာပါတဲ့ တိုင်းရင်းသားတော် တော်များများကလည်း တရုတ်နာ မည်တွေနဲ့ နေကြတာရှိတယ်။

ဗမာတွေအလွယ်ခေါ်တော့ ရှမ်းတရုတ်ပေါ့ လေ။ အဲဒီမှာ လူတစ်ယောက်က မှတ်ပုံတင်လုပ်သွားတယ်ပေါ့။ လုပ်ပြီး တော့ တရုတ်နဲ့ရှမ်းနဲ့ကို ကူးနေတာ။ ကူးနေရင်းနဲ့ ဒီကောင်က တကယ့် ဘိန်းမှောင်ခို ဆရာကြီးဖြစ်နေတယ်။ တရုတ်ပြည်ထဲမှာ တရုတ်ရဲကဖမ်း ရော။ ဖမ်းလည်းဖမ်းရော ဒီကောင်က မှတ်ပုံတင်ထုတ်ပြတယ်။ မြန်မာနိုင်ငံ သားပါဆိုပြီးထုတ်ပြတယ်။ မြန်မာပြည် က မှတ်ပုံတင်ထုတ်ပြတော့ တရုတ် ကမြန်မာပြည်ကိုလွှဲလိုက်ရော။ အဲဒီ လူက မှတ်ပုံတင်ပထမတစ်ခါ လုပ်သွားတယ်။ ပျောက်သွားတယ်။ ပျောက်သွားတော့ အဲဒီအချိန်မှာ ခုနှစ် တော့ ကျွန်တော်လည်းသေချာမမှတ် မိတော့ဘူး။ လာလုပ်တဲ့အချိန်မှာ ဘယ်သူကနေလှမ်းပြောလဲဆိုတော့ ကျွန်တော်တို့ဆီက ဒုတိယညွှန်ကြား ရေးမှူးချုပ်ကနေပြီးတော့ ပြည်နယ်မှူး ကိုလှမ်းပြောတယ်။ ပြည်နယ်မှူးကို ကူညီလိုက်ပါ။ ပြည်နယ်မှူးကလည်း ခရိုင်မှူးကို ကူညီလိုက်ပါဆိုပြီးတော့ လှမ်းပြောတယ်။ ခရိုင်မှူးကလည်း ခရိုင်ဦးစီးမှူးကို ကူညီလိုက်ပါဆိုပြီး တော့ ခိုင်းလိုက်တယ်။ အဲဒီမှာ မြို့ နယ်ရုံးကနေပြီးတော့ ဒီကိစ္စက စပြီး တော့ တည်ဆောက်ရတာကိုး။ မြို့ နယ်ပြီးတော့မှ ခရိုင်၊ ခရိုင်ပြီးတော့မှ အဆင့်ဆင့်နဲ့ အဲဒီလူရဲ့ ကဒ်ပြားထွက် သွားတယ်။ ဒုတိယအကြိမ်ထုတ်ပေး လိုက်တဲ့ကဒ်ပြားကပေါ့။ အဲတော့ ပြည်နယ်မှူးရော၊ ခရိုင်မှူးရော၊ မြို့ နယ်မှူးရောသုံးယောက်စလုံး ရာထူး တဆင့်စီ ချလိုက်တယ်အဲဒီတုန်းက။ အဲဒီတရုတ်နဲ့ပတ်သက်တဲ့ကိစ္စတုန်းက အဲဒီတရုတ်ကတော့ ဘာဖြစ်သွားလဲ တော့မသိဘူး။ ဒါပေမဲ့ ပြဿနာဖြစ် တဲ့အချိန်မှာ ဖုန်းနဲ့ညွှန်ကြားတဲ့ ဒုချုပ်ကမရှိတော့ဘူး။

သူ့ကိုလှမ်းပြောတဲ့ အခါမှာ သူက လ၀ကမဟုတ်တော့ ဘူး။ သူ့ကိုပြောစရာမလိုဘူးဆိုပြီး တော့ဖြစ်တယ်။ လက်ရှိရာထူးကျသွား တဲ့ပုဂ္ဂိုလ်ကြီး သုံးယောက်ကတော့ မူလရာထူး တွေပြန်ရပြီးတော့ လက်ရှိဌာနထဲမှာ ရှိသေးတယ်။ အဲလိုတွေဖြစ်ပြီးတော့ ဖြစ်လာလို့ ရှိရင်တော့ လ၀ကကို ခေါင်းတပ် တာပေါ့လေ။ ဒါပေမဲ့လ၀က ရဲ့ထိပ်ပိုင်း ခေါင်းဆောင်ကြီးတွေက စစ်တပ်က အရာရှိကြီးတွေများတယ်။ တစ်ခါတစ်လေကျရင် ကျွန် တော်တို့က တိုင်းကလည်း တချို့ကိစ္စ တွေမှာ မလိုတော့ဘူး။ ကိုယ့်ကိုတိုက် ရိုက်ပြောထားတာရှိတယ်။ ဒါမျိုးဆိုရင် နိုင်ငံခြားသား လာလုပ်တဲ့ကိစ္စမျိုးဆို ရင် ဗီဇာနဲ့ ပတ်စပို့နဲ့လာရင် နိုင်ငံ ခြားသားကိုး။ တရားဝင်ခွင့်ပြုမိန့်နဲ့ လာတာလေ။  ဒါမျိုးဆိုမတင်နဲ့ တော့။ ပြောတယ်။ ဒါပေမဲ့မဟုတ်ဘူး။

ကျွန်တော်တို့ဆီက ဒုခရိုင်မှူးတို့ဘာ တို့က ဟိုကြပ်ဒီကြပ်ကြပ်တာပေါ့နော်။ သူ့ကိုကြပ်တာ။ သူ့ကိုကြပ်တော့ ကျွန်တော်တို့ အောက်ကိုပြန်ကြပ်ရော။ အဲလိုမျိုးဟာလေးတွေက အများကြီး ပဲ။ မသိလည်းမသိဘူးပေါ့နော်။ အပေါ်ကခိုင်းရင် လုပ်ရမှာပဲဆိုတာကြီး က အရိုးစွဲနေတာလေ။ ဒီလိုအရိုးစွဲ နေလို့လည်း ဒီလိုလူမျိုးတွေကို နေရာပေးထားတာကိုး။ အမိန့်နာခံတာက ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ အမိန့်နာခံမှုကို အလွဲသုံးစားလုပ်ပြီးတော့ စိတ်ကူးတည့်ရာတွေလျှောက် လုပ်တဲ့အခါကျတော့ နည်းနည်းများ တာပေါ့။

ဒါတွေပြီးလို့ရှိရင် ဘာတွေဆက် လုပ်ဦးမလဲမသိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ပြောရဲတာက လ၀ကက လူအင်အားလည်းမရှိဘူး။

လ၀က ၀န်ထမ်းအင်အားအနည်း ဆုံးလေးရာကျော်၊ ငါးရာလောက်ရှိ မယ်။ ယောက်ျားလေးတွေချည်းပဲ။ မောင်တောမှာ၊ မောင်တော နစက၊ နစကဆိုတာ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်။ဝန်ထမ်းလေးရာဝန်းကျင်လောက်ရှိတယ်။
ဌာနချုပ်ရဲ့လက်အောက်ခံ စခန်း ၂၅ ခုမှာပေါ့။ အကုန်လုံး ဖြန့်ထားတာပေါ့။

အဲလိုလည်းမဟုတ်ဘူး။ ကျွန်တော်ပြောပြမယ်။ မောင်တောတစ်မြို့နယ်လုံးမြေပုံကို ကျွန်တော်ပြောပြ မယ်။ မောင်တောမြောက်ပိုင်းမှာ ချင်းတောင်နဲ့ဆက်သွားတယ်။ အဲဒီ ကနေပြီးတော့ စတာ နယ်မြေကိုးခုရှိ တယ်အားလုံးပေါင်း။ နယ်မြေတစ်မှာ ဆိုလို့ရှိရင် နယ်မြေရုံးကအောင်သပြေ လို့ခေါ်တယ်။ အောင်သပြေစခန်းပေါ့။ နယ်မြေတစ်ပိုင်နက်မှာမှ (    ) စခန်းတို့ ဗန္ဓုလစခန်းတို့ အဲလိုမျိုးရှိ တယ်။ ချင်းနဲ့အနီးစပ်ဆုံးဖြစ်သွားပြီ။ အဲဒီဘက်ကနေဘာတွေရှိလဲဆိုလို့ရှိ ရင် မျိုတို့၊ ဒိုင်းနက်တို့ အဲလိုတိုင်းရင်း သားတွေရှိတယ်။ နယ်မြေ ၂ ကျတော့ နယ်မြေ ၂ မှာကျွန်တော်နေခဲ့ဖူး တယ်။
အဲဒီတုန်းကဆိုမေယုတောင်က ၀ါးတွေတအားပေါတာ။ မေယုတောင် ကိုကျော်မှ ဘူးသီးတောင်ရောက်တာ။ ကျွန်တော်တို့စစ်တွေကနေပြီးတော့ သင်္ဘောနဲ့လာရင် ဘူးသီးတောင်ကို အရင်ရောက်တယ်။

ဘူးသီးတောင် မောင်တောက လူတွေက တွဲသာခေါ် တာ ၁၆ မိုင်လောက်ဝေးတယ်။ နောက်မေယု တောင်ကြီးကို ကျော်ရတယ်။ မေယု တောင်ကြီးကို ကျော်မှ မောင်တောမြို့ ထဲကိုရောက်တာပေါ့နော်။ မေယု တောင်ရဲ့ အနောက်ဘက်ခြမ်း တစ်ခြမ်းလုံးပေါ့။ မေယုတောင်နဲ့ဆက်သွားတဲ့ ကျွန်တော်ခုဏက ပြောတဲ့ ကာဇိုင်းတောင်တို့ဘာတို့ ချင်းတောင် တွေနဲ့ဆက်သွားတဲ့တောင်ဆိုတာ မေယုတောင်ကနေပြီးတော့ ဆက်သွား တဲ့ဟာတွေပဲ အကုန်လုံး။ အဲဒီ တောက်လျှောက်ပေါ့။ ရိုးမကြီးရဲ့ နောက်ကျောအကုန်လုံးကို တပ်လည်း ရှိတယ်၊ ရဲလည်းရှိတယ်။ လ၀က လည်းရှိတယ်။ ကာစတန်လည်းရှိ တယ်။ အကုန်လုံး လ၀က ယူနီဖောင်း ၀တ်ခိုင်းထားတယ်။ လ၀က ဆိုပြီး။ အမှန်ကတော့ နယ်ခြားမှာ နယ်ခြား စောင့်တပ်လည်းမရှိဘူး။ မရှိတဲ့အခါ ကျတော့ လ၀က တပ်ပဲစောင့်လို့ရ တာပေါ့။ အုပ်ချုပ်တာကတော့ စခန်း တွေမှာ ဗိုလ်ကြီးအဆင့်တွေအုပ်ချုပ် တာ။ နယ်မြေရုံးတွေမှာတော့ ဗိုလ်မှူး အဆင့်တွေအုပ်ချုပ်တာ။

အဲဒီပုဂ္ဂိုလ် တွေကတော့ တော်ရင်တော်သလိုပေါ့။ ကျွန်တော်တို့ကတော့ ဘာဖြစ်လည်း ဆိုတော့ တပ်ရိက္ခာစားတယ်။ ပညာ တွေအမျိုးမျိုးပြတာခံပြီးတော့ပေါ့။ အစားဆင်းရဲ၊ အနေဆင်းရဲပေါ့ဗျာ။ တိုင်းပြည်ကိုချစ်လို့လည်း ဘာမှမ ညည်းခဲ့ဘူး အဲဒီအချိန်တုန်းက။ ဒါပေမဲ့တစ်ခုရှိတယ်လေ။ တကယ်အဲဒီအ ချိန်မှာတုန်းကသာ သေမယ်ဆိုရင် လေ။ အူအတက်ပေါက်တာတို့ဘာ တို့ဖြစ်မယ်ဆိုရင် ဆေးကုလို့မရဘူးသေမှာ။ နောက်ဆုံးအဲဒီမှာ မူဂျာဟစ် ရှိတုန်းကရောက်ခဲ့တဲ့ သူတွေဆိုရင် လှည့်ကင်းသွားရင်းနဲ့ ချောင်းပစ်ခံရ လု့ ကျတဲ့သူတွေ ကျကုန်ကြတယ်။ သေတဲ့လူတွေလည်း သေတယ်ပေါ့နော်။ ဒါပေမဲ့ အခုမီဒီယာဆရာတွေက မသိကြဘူး။

တချို့တွေက လ၀က ကြောင့်ဖြစ်တာဆိုပြီးတော့။ ကျွန်တော်တို့ဖြစ်တဲ့အခက်အခဲကို မသိဘူး။ လူတွေက ဗမာဆိုရင်ခက်တယ်။ တရုတ်၊ ကုလားဆိုရင် လွယ်တယ် ဆိုပြီး ဒီလိုပဲပြောကြတာပဲ။ တရုတ် ကုလားက ပိုက်ဆံရလို့တဲ့။ ပိုက်ဆံရ တိုင်းလည်းကျွန်တော်တို့ လုပ်ပေးလို့ မရဘူး။ FRC ကိုင်ထားတဲ့သူတစ် ယောက်က ကျွန်တော့်ကိုဗျာ မှတ်ပုံ တင်လေးလုပ်ပေးပါ။ သိန်းတစ်ရာ ပေးပါ့မယ် ဆိုရင်တောင် ကျွန်တော် တို့လုပ်ပေးလို့မရဘူး။ ဘာလို့မရ လည်းဆိုရင် မရစရာအကြောင်းတွေ အများကြီးရှိတယ်။

ကျွန်တော်က မောင်တောမှာနေ တုန်းက လက်ထောက် လ၀ကမှူး။ လက်ထောက်လ၀ကမှူး၊ ဒုလ၀ကမှူး၊ လ၀ကမှူး၊ ဦးစီးအရာရှိပေါ့။ အဲလို ခေါ်တာပေါ့။ တိုက်နယ်မှူးဆိုတာက တာဝန်ပေါ့။ လက်ထောက်လ၀ကမှူး နဲ့ ဒုလ၀ကမှူးကို တိုက်နယ်မှူးတာဝန် ပေးလို့ရတယ်။ လ၀ကမှူးအဆင့်က တော့ ဒုဦးစီးပေါ့။

ဘင်္ဂါလီပိတ်ဆို့ရေး ဆိုတာရှိသေးတယ်။ ကျွန်တော်တို့ ဆီမှာဘင်္ဂါလီပိတ်ဆို့ရေးအဖွဲ့သပ်သပ် ထားတာ။ အခုတော့ ဘင်္ဂါလီပိတ်ဆို့ ရေးအဖွဲ့တွေကတော့ ဖြစ်တဲ့ပြည်နယ် ရုံးမှာ ပြန်စုနေတယ်တဲ့။ နစကရုံးက အဖွဲ့တွေကတော့ လုံခြုံရေး၊ ကင်း စောင့်ဒါပဲလုပ်ရမှာပေါ့။ အင်အားလေး ရာကျော်လောက်တော့ ရှိတယ်။ တပ် နဲ့ရဲနဲ့ပေါင်းလို့ရှိရင် အင်အား နှစ် ထောင်ကျော်လောက်ရှိတယ်။

နတလကနေပြီးတော့ အိမ်တွေ ဆောက်ပေးတယ်။ ရွာတွေတည်ပေး တယ်ပေါ့နော်။ မြန်မာပြည်က အခြေ အနေမဲ့တွေ၊ ထောင်ထွက်တွေဘာတွေ လည်းပါတာပေါ့လေ။ နေစရာမရှိရင် နွားတစ်ရှဉ်း၊ ထွန်တစ်တုံးနောက် လယ်ဘယ်နှစ်ဧက၊ အိမ်တစ်လုံးပေး မယ်။ လာနေကြ။

လာနေပြီးတော့ နောက်ပိုင်းကြတော့ ဒဏ်မခံနိုင်တဲ့ လူတွေကတော့ ပြန်ပြေးတာပေါ့။ ဘင်္ဂါလီတွေကို နွားတွေ၊ လယ်တွေ ရောင်းပြီး ပြန်ပြေးတယ်။ မီးရှို့ခံရတဲ့ လယ်တွေက နတလ ရွာတွေများ တယ်။ နတလက လုပ်ပေးထားတဲ့ ရွာတွေများတယ်။ ရခိုင်ရွာတွေလည်း ရှိတော့ ရှိတယ်ပေါ့။ ရခိုင်ကလည်း သူ့အစုလေးနဲ့ သူနေတာပါ။ ဘင်္ဂါလီ နဲ့မရောဘူး။ သူ့အစုလေးနဲ့သူနေတာ။

ကျွန်တော်တို့လှည့်ကင်းတွေဘာတွေ သွားရင် ရခိုင်တွေနဲ့ တော်တော်လေး ရင်းရင်းနှီးနှီးနေခဲ့တယ်။ သူတို့သဘော ထားတွေက မဆိုးဘူး။ ဒါပေမဲ့သွေး ကြီးတယ်။ ဘင်္ဂါလီနဲ့ပတ်သက်တဲ့ ထိခိုက်မှုတွေ သူတို့မှာ အများကြီး ခံစားခဲ့ရပြီးသွားပြီလေ။ ရခိုင် ကတော့ ရှင်းရှင်းပြောရရင် တိုင်းရင်း သားထဲမှာ ပါတဲ့အတွက်ကြောင့် ခပ် ပေါ့ပေါ့ပဲနေတယ်။ သိပ်ပြီးတော့ အလေးအနက်မထားဘူး။ ဖြစ်လာလို့ ရှိရင်တော့ ချက်ချင်းထပြီး တုန့်ပြန် တာမျိုးပေါ့။ သွေးပူတဲ့အချိန်လေးပဲ။ ဘင်္ဂါလီတွေကအမြဲအဲဒါကို စိတ်ထဲမှာ အမြဲရှိတယ်။ အဲတော့ ထစ်ကနဲဆိုရင် သေတာပဲ။ အရင်ခေတ်ကလည်း သေတာပဲ။

ရခိုင်ရွာတွေအဲလိုနဲ့ပျောက် သွားတာတွေ အများကြီးရှိတယ်။ ရခိုင်တွေက ရွာကိုစွန့်ပြီး ထွက်ပြေး သွားတယ်။ ဘင်္ဂါလီတွေက ၀င်နေ တယ်။ လယ်တွေလည်းယူလိုက်တယ် အဲလိုမျိုးပေါ့နော်။ အခုလည်းအဲလိုပဲ ဖြစ်မှာပဲ ဒုက္ခသည်ဆိုပြီးတော့ မောင် တောမြို့ပေါ်တက်လာတယ်။ ဘူးသီး တောင်မြို့ပေါ်တက်လာတယ်။ ရသေ့ တောင်မှာတက်လာတယ်ပေါ့နော်။ ရွာတွေလယ်တွေ ဒီအတိုင်းထားခဲ့ရတယ်။ ထားခဲ့လို့ရှိရင် ဘင်္ဂါလီကပဲ တက်ယူသွားမှာပဲ။ သူတို့မရှိအောင်က လူကြီးတွေအနေနဲ့လည်း ခေါင်းခဲမှာပဲ။

ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝလက် မခံဘူး။ သူတို့နဲ့အသားအရောင်၊ အသွေးရောင်၊ မျိုးရိုးဗီဇ၊ ဘာသာစကားအကုန် တူတယ်။ ကိုးကွယ်တဲ့ဘာသာလည်း တူတယ်။ အဲဒါကိုတောင်သူတို့နိုင်ငံ သားမဟုတ်ပါဘူးဆိုပြီးတော့။ ကျွန် တော်တို့ဆီမှာ သူတို့နဲ့ တူတာတစ် ယောက်မှမရှိဘူး။ ရခိုင်နဲ့က ရုပ်ကခပ် ဆင်ဆင်တူတာပဲရှိတယ်။ ဘာသာစကားမတူဘူး။  
                                                                                                                                                                                (ကျော်စွာ)

ရခိုင် ၁၀ ဦးသတ်သူ အကြမ်းဖက်သမား တစ်ရာကျော်ကို စစ်တွေထောင်သို့ပို့

ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင် ရွာတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆယ်ဦးသတ်မှုတို့တွင် ပါဝင်သူအကြမ်းဖက်သမား တစ်ရာကျော်ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့
ပို့ဆောင်ထားပြီးဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးမောင်လှမြင့်ကဆိုသည်။

အဆိုပါ လူသတ်မှုနှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများမှ (၂၂) ဦးကို ဇွန်လ (၂၁) ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများအထဲမှ (၃၁) ဦးကို ဇွန်လ (၂၂)ရက်နေ့က ဆက်လက်
ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ထပ်မံ၍ ပါဝင်သူ (၅၀)ဦးကျော်ကို ဇွန် (၂၃) ရက်နေ့ကဖမ်းဆီးခဲ့သဖြင့် ပြစ်မှုဆိုင်ရာပုဒ်မ -၃၀၂ (က) /၁၁၄၊ ပုဒ်မ - ၂၁၁၊ ပုဒ်မ - ၅၀၆ တို့အပါအဝင် အခြားပြစ်
မှုဆိုင်ရာများဖြင့် ဖမ်းဆီးခဲ့ပြီး စစ်တွေ အကျဉ်းဦးစီးသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့ သူတွေကို စစ်တွေထောင်ချုပ်ကိုပို့တယ်လို့ပြောတယ်။ ဒီနေ့လည်း ထပ်ပြီး ဖမ်းမိတယ်လို့ကြားတယ်။ ဘယ်သူတွေက တရားလိုပြုတယ် ဆိုတာတော့ သေချာမသိဘူး” ဟု
ရသေ့တောင်မြို့နယ် ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဦးမောင်လှမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားပုံမှာ ဇွန်လ (၁၉) ရက်နေ့ နံနက် (၆) နာရီခန့်တွင် ရသေ့တောင်မြို့နှင့် ငါးမိုင်ခန့် ကွားဝေးသည့် ကူတောင်ရွာအနီး အိမ်ခြေ (၁၀) လုံးဝန်းကျင်သာရှသည့်
ကူတောင်အောက်ရွာသို့ အနောက်ပြင်ရွာမှ အကြမ်းဖက် သမားတစ်ရာကျော်က နေအိမ်များကို မီးရှိုးရန်ဝိုင်းထား ခဲ့ပြီးမီးရှိုးနေစဉ် ကူတောင်ရွာ နှင့်ဦးဂါရွာတို့မှ ဒေသခံများကသိရှိပြီး
အဆိုပါရွာများမှ ရွာသားနှစ်ရာခန့်က ပြန်လည်ခုခံရန် ဒုတ်၊ ဓား များကိုင်ဆောင်ကာ ကူတောင်အောက်ရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ရောက်ရှိစဉ်အနောက်ပြင်ရွာမှ အကြမ်းဖက်သမားများက ၎င်းတို့နေထိုင်ရာ အနောက်ပြင်ရွာသို့ပြန်လည်ထွက်ပြေးသွားခဲ့ပြီး ထို့သို့ထွက်ပြေးသူများနောက်သို့ ကူတောင်ရွာနှင့်။
ဦးဂါရွာမှ ရွာသားများကလိုက်သွားခဲ့သည်ဟုဆိုသည်။ ထို့နောက် အနောက်ပြင်ရွာသို့ ရောက်ရှိသွားကြပြီး အနောက်ပြင် ရွာသားများက ၎င်းတို့ရွာထဲသို့ ပြေးဝင်သွားပြီး ခဏအကြာ
တွင် သေနတ် ပစ်ဖောက်သံ တစ်ချက်ကြားရပြီး အချက်ပေး ဝီစီများမှုတ်အပြီးတွင် အနောက်ပြင်ရွာမှ ရွာသား (၆၀၀) ကျော်ခန့်ထွက်ရှိလာကာ ၎င်းနောက်သို့ပါလာသည့် ကူတောင်ရွာနှင့်
ဦးဂါရွာသားများက လူအင်အားနည်းသည့်အတွက် ထွက်ပြေးကြရာမှ တစ်ဦးနှင့် တစ်ဦး တိုက်မိခြင်း၊ လဲကျခြင်း တို့ကြောင့် ကျန်ရှိခဲ့ည့် (၁၀) ဦးအား အနောက်ပြင်ရွာသားများက
သတ်ဖြတ်ခဲ့ခြင်းကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ တပ်မတော်မှ (၉) နာရီ (၁၅) မိနစ်တွင် အခင်းဖြစ်ပွားပြီးချိန်တွင် ရောက်ရှိသွားကြောင်း၊ အနောက်ပြင်ရွာမှ ရွာသားတစ်ဦးမှ တူးမီးသေနတ်တစ်လက်အား
ရဲတပ်ဖွဲ့အား အပ်နှံခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားနေစဉ် အနောက်ပြင် ရွာမှ ရွာသားများက ၎င်းတို့နေအိမ်များ ကောက်ရိုးများနှင့် ကိုယ်တိုင်မီးရှိုးခြင်း၊ ၎င်းတို့နေအိမ်များကို ကိုယ်တိုင်ဖျက်ဆီး
ခြင်းများ ပြုလုပ်ခဲ့သည် ဟု ဒေသခံဖြစ်သူ ဦးမောင်သန်းမြင့်ကဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က “ဒီရသေ့တောင်ကိစ္စက လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းနေသေးတဲ့အတွက် ဒီလိုထပ်မံဖြစ်ပွားနေတာ
ဖြစ်တယ်။ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရမှာရော၊ အခြေခံဥပဒေအရ သမ္မတက အကူအညီတောင်းခံထားတဲ့ တပ်မတော်မှာရော တာဝန်ရှိပါတယ်လို့ပဲမြင်ပါတယ်” ဟုဆိုသည်။
http://terrorist2012.blogspot.com/2012/06/blog-post_29.html

Thursday, June 21, 2012

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင် တွေ့ဆုံ

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့တွင် တွေ့ဆုံစကားပြောခွင့်ရခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
နိုဘယ်ဆုရှင်တစ်ဦးဖြစ်သူ ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်၏ သတ္တိကိုလေးစားမိကြောင်း၊ လူထုအတွက် များစွာ အကျိုးဆောင်နိုင်မည်ဟုလည်း ယုံကြည်မိကြောင်း ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးချိန်မှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ် မြောက်မွေးနေ့နှင့် တိုက်ဆိုင်နေခဲ့သည်။
ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၀ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၄ နှစ်အတွင်းပထမဆုံး ဥရောပခရီးစဉ်အဖြစ် အင်္ဂလန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ အသက် ၇၆ နှစ်ရှိ ဒလိုင်းလားမား ကလည်း အင်္ဂလန်၊ စကော့တလန်နှင့်  အီတလီနိုင်ငံများသို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ် ထွက်ခွာလာချိန်ဖြစ်ပြီး ဒေါ်စုနှင့် ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး တွေ့ဆုံခြင်းနှင့်ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကိုမူ လူထုထံ ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။
ဒလိုင်းလားမားသည် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် နေအိမ်အကျယ်ချုပ် ကျရောက်နေစဉ်က အခြားနိုဘယ်ဆုရှင်များနှင့်အတူ သူမ၏လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများတွင် မကြာခဏ ပါဝင်ခဲ့သည်ဟု သိရသည်။
http://news-eleven.com/index.php?option=com_content&view=article&id=14217:2012-06-21-07-51-52&catid=42:2009-11-10-07-36-59&Itemid=112

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပိုမိုခရီးတွင်စေရန်အတွက် ဗြိတိန်ပြည်သူများ အပါအ၀င် ကမ္ဘာ့ပြည်သူများက ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်လွှတ်တော်၌ ပြောကြား



b5121
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပိုမိုခရီးတွင်စေရန်အတွက် ဗြိတိန်ပြည်သူများ အပါအ၀င် ကမ္ဘာ့ပြည်သူများက ကူညီရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဗြိတိန်လွှတ်တော်၌ ဇွန်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ Westminster ခန်းမ၌ ဗြိတိန်လွှတ်တော်နှစ်ရပ်မှ အမတ်များအား မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်လွှတ်တော်နှစ်ရပ်လုံးကို အဆိုပါခန်းမကြီးထဲ၌ မိန့်ခွန်းပြောခွင့်အား ကမ္ဘာကျော် နိုင်ငံခေါင်းဆောင်များကိုသာ ဂုဏ်ထူးဆောင် အခွင့်အရေး တစ်ရပ်အနေဖြင့် ဗြိတိန်အစိုးရက ပေးလေ့ရှိပါသည်။
ဒုတိယကမ္ဘာစစ်ကတည်းက ဗြိတိန်လွှတ်တော် နှစ်ရပ်လုံးကို မိန့်ခွန်းပြောကြားခွင့် ရခဲ့သူမှာ လေးဦးသာရှိပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ငါးဦးမြောက်ဖြစ်သည်။
သူ့အရင် လေးဦးမှာ ချားစ်ဒီဂေါလ်၊ နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရဟန်းမင်းကြီး ၁၆ နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ဖြစ်ကြသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမပြောကြားမီ ကြိုဆိုမိတ်ဆက်စကားကို ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြောကြားနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်နှစ်ရပ်မှ အမတ်များ၏ လက်ခုပ်တီးသြဘာပေးခြင်းကို ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိန်နိုင်ငံတို့ ဆက်ဆံခဲ့မှုအကြောင်းကို ဦးစွာပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူများအား လုပ်ပိုင်ခွင့် အာဏာပေးရန် အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံသည် ပိုမိုကောင်းမွန်သည့် အနာဂတ်ဆီသို့ သွားနေသည့်ခရီး၏ အစတွင် ရပ်တည်နေကြောင်း၊ ထို့ကြောင့် တက်စရာ တောင်ကုန်းများလည်း ကျန်ရှိနေသေးကြောင်း၊ တံတားထိုးစရာ ချောက်နက်များလည်း ရှိနေကြောင်း၊ ကျော်လွှားရမည့် အတားအဆီးများလည်း ရှိနေကြောင်း မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မိမိတို့၏ သံန္နိဋ္ဌာန် ချထားမှုက ခရီးရောက်နိုင်သော်လည်း ကမ္ဘာ့ပြည်သူများနှင့် ဗြိတိန်ပြည်သူများ၏ ထောက်ခံမှုများက မိမိတို့ကို ပိုမိုခရီးရောက်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဗြိတိန်လွှတ်တော်သည် လွတ်လပ်စွာပြောဆိုခွင့်၏ သင်္ကေတ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ချရေးစရာမလိုကြောင်းကို ဗြိတိန်က မားမားမတ်မတ် သက်သေအထောက်အထား ဖြစ်ကြောင်း၊ သို့သော် ပြည်သူများ၏ လက်ခံအသိအမှတ် ပြုခြင်းကို ခံရမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း တိုင်းပြည်၏ လူမျိုးစုဖွဲ့စည်းပုံကို ထင်ဟပ်နိုင်ရန် ပြင်ဆင်ရန် လိုအပ်ကြောင်းလည်း ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် မိနစ် ၃၀ ခန့် ကြာမြင့်သည့် မိန့်ခွန်းပြောကြားပြီးနောက် ခန်းမတွင်းရှိ အမတ်များက မတ်တပ်ရပ်လက်ခုပ်တီး သြဘာပေးခဲ့ကြပြီး အထက်လွှတ်တော် ဥက္ကဋ္ဌ Baroness D'Souza က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်လွှတ်တော်၌ မိန့်ခွန်း မပြောကြားမီ အိမ်ရှေ့မင်းသား ချားလ်၊ ကြင်ယာတော် ကမီလာတို့နှင့် လန်ဒန်မြို့ရှိ ၎င်းတို့၏ အိမ်တော် Clarence House ၌ တွေ့ဆုံခဲ့သည်။ ထို့အတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျနှင့်လည်း နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၌ တွေ့ဆုံခဲ့သည်။ ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နှင့်လည်း ဒေါင်းနင်းလမ်း အမှတ်(၁၀) ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးက ပူးတွဲသတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အထောက်အကူ ပြုမည့် ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအနေဖြင့် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဗြိတိန်အစိုးရက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်။
"ဧပြီလက ၀န်ကြီးချုပ် မြန်မာနိုင်ငံမှာ ရှိတုန်းက သူတို့တွေ စတင် ဆွေးနွေးခဲ့တာတွေကို ဆက်လက် ဆွေးနွေးဖို့ သမ္မတ ဦးသိန်းစိန် လာမယ့် လတွေမှာ ယူကေကို လာလည်ဖို့ ရှိပါတယ်"ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။
aဒ်ါအောင်ဆန်းစုကြည်၁၉၆၀ ပြည့်လွန်နှစ်များက တက်ရောက် ပညာသင်ကြားခဲ့ပြီး ဘွဲ့ရရှိခဲ့သည့် အောက်စဖို့ဒ် တက္ကသိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား Honorary Doctor of Cilvil Law ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အဆိုပါ တက္ကသိုလ်၌ ဇွန်လ ၂၀ ရက်နေ့က ချီးမြှင့်ခဲ့သည်။
လက်ရှိ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ဥရောပခရီးစဉ် အတွင်း ဗြိတိန်နိုင်ငံသို့ ဇွန်လ ၁၉ ရက်နေ့မှစ၍ ရောက်ရှိနေခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံသည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့ဖူးသည့် နိုင်ငံဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် နာမကျန်းဖြစ်နေသော မိခင်ကြီး ဒေါ်ခင်ကြည်အား ပြုစုရန် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖွဲ့စည်းထူထောင်ကာ ဒီမိုကရေစီ ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗြိတိန်နိုင်ငံမှ ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည် ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
Photo:AFP
http://news-eleven.com/index.php?option=com_content&view=article&id=14219:2012-06-21-17-40-07&catid=42:2009-11-10-07-36-59&Itemid=112

ရသေ့တောင်ပဋိပက္ခ နောက်ဆက်တွဲ အဖမ်းအဆီးများ ပြုလုပ်

RFA Burmese
 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာနဲ့ အနောက်ပြင်ကျေးရွာ အချင်းများပြီး လူသတ်မှု ဖြစ်ပွားရတဲ့ ကိစ္စနဲ့
အနောက်ပြင်ရွာသား ၆၀ ကျော်ကိုသက်ဆိုင်ရာက ဖမ်းဆီးပြီး
စစ်တွေမြို့ကို ပို့ဆောင် လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့က အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး ကူတောင်ရွာက
ပြန်တောင်းတာမရဘဲ ပျောက်ဆုံးနေတဲ့ အလောင်းတွေ ဒီမနက်ပိုင်းက
ဖော်ထုတ် ရရှိပြီလို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး ပြန်ကြားရေးဌာနက
စစ်တွေမြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ
ဦးဝင်းမြိုင်က အတည်ပြုပြောကြားပါတယ်။

"မနေ့ကတော့ ပျောက်တာပေါ့နော်၊ ပျောက်နေတဲ့ လူတွေ ရှိတာကိုး ။ အဲတုန်းကတော့ ငါးဦးလို့ပဲ ကျနော်သိတယ်၊ ဒီနေ့ကတော့လုံခြုံရေး တပ်ဖွဲ့ဘာညာသွားတော့ ပြန်ရလို့ အဲလို အတိအကျသိရတာ
အဲဒီဟာတွေပြန်တွေ့ တဲ့ အခါကျတော့ ရခိုင်က ဆယ်ဦး၊ မွတ်စလင်က နှစ်ဦး ဆိုတော့ အားလုံး ဆယ့်နှစ်ဦး ဖြစ်သွားတာ။"

အဖမ်းအဆီးများ ပြုလုပ်တာနဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုဖို့ ဦးဝင်းမြိုင်က ငြင်းဆန်ခဲ့ပါတယ်။

ဒေသခံတွေက အဆိုအရ မသင်္ကာတဲ့လူတွေကို ဖမ်းဆီးစစ်ဆေး
မေးမြန်းပြီးမှ ရဲနဲ့ တပ်တို့က အလောင်းတွေကို ဖော်ထုတ်နိုင်တာ
လို့ ပြောပါတယ်။

ကူတောင်ကျေးရွာသားတွေနဲ့ အနောက်ပြင် ကျေးရွာသားတွေ အခင်း
ဖြစ်ပွားပြီး အခုလို သေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အနောက်ပြင် ရွာသားတွေက ကူတောင်ရွာကို ဇွန် ၁၉ ရက်နေ့က မီးရှို့တဲ့အတွက် ကူတောင် ရွာသားတွေက တုတ်တွေ၊ ဓားတွေနဲ့ လိုက်တဲ့
အခါ အနောက်ပြင် ရွာသားတွေကလည်း ပြန်တိုက်ခိုက်ရာက ကူတောင် ရွာသား ၁၀ ဦး သေဆုံးသွားတာ ဖြစ်တယ်လို့ ကူတောင်ရွာသားတွေက
ပြောပါတယ်။

သေဆုံးသူတွေထဲ ကူတောင်ရွာu ဦးသိန်းဟန် အလောင်းကိုပဲ အနောက်ပြင်ရွာက ပြန်ထုတ်ပေးပြီး ကျန်အလောင်းတွေ ပြန်မပေး လို့
နှစ်ဘက် အခြေအနေ တင်းမာနေရာက အလောင်းတွေ ဒီနေ့မှ
ဖော်ထုတ်နိုင်တဲ့ အမှုလည်း ဖြစ်ပါတယ်။

အနောက်ဖက်ပင်လယ်မှ မီးတောက်များ

ဥက္ကာကိုကို၊ ဖိုးသီဟ(မြောက်ဦး)


ငါးချက်ခန့်ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ မလှမ်းမကမ်း တစ်ဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင် ပြန်လည်ဆုတ်ခွာသွားကြသည်။
       သို့သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊ မိမိတို့အသက်၊ မိမိတို့ကျေးရွာလုံခြုံရေးအတွက် ရရာလက်နက်များကိုမလွတ်တမ်းကိုင်စွဲထားဆဲပင်ဖြစ်သည်။
       “ကျေးဇူးပြုပြီး လူစုခွဲပါ…..မိမိတို.နေအိမ်ကို မိမိတို့ပြန်ဝင်ကြပါ…..မဟုတ်ရင် ပစ်ရပါလိမ့်မယ် “ဟူသည့် လုံခြုံရေး
လုံထိန်းတပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ်သတိပေးသံက များပြားလှသည့် လူထု၏အသံများနှင့်အတူ လယ် ကွင်းပြင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။
       တုတ်၊ဓါးစသည့် ရရာလက်နက်ဆွဲကိုင်ကာ မိမိတို.ကျေးရွာများအတွက် ကာကွယ်ရန်စောင့်ရှောက်နေကြသည့် ဗျိုင်းဖြူရွာနှင့် အနီးတ၀ိုက်မှရွာသူရွာသားများ၏မျက်နှာတွင် စိုးရိမ်စိတ် ကြောက်ရွံ့စိတ်၊ မခံချင်စိတ် ခံပြင်းစိတ်များ ပေါ် လွင်လျှက်ရှိသည်။
       အထက်ပါ မြင်ကွင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့်ပဋိပက္ခပြဿနာများအတွင်း ဇွန်လ ၁၁ ရက် နေ့က ဖြစ်ပွားခဲ့သည့်
ဘင်္ဂါလီများနှင့်ရခိုင်တိုင်းရင်းသားများ တိုက်ပွဲဖြစ်ပွားပီး လူ ၇ ဦးသေဆုံးခဲ့ရသည့် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ(ရခိုင်) နှင့်
သံတော်လီ(ဘင်္ဂါလီ) ကျေးရွာအနီး လယ်ကွင်းပြင်တွင် ဖြစ်သည်။
       “ဒီကောင်တွေဖက်က ကျွန်တော်တို့ကို သေနတ်တွေနဲ့ ပစ်တယ်။ကျွန်တော်တို့လူနှစ်ယောက် သေကျန်ရစ်ခဲ့ တယ်။
ကျွန်တော်တို့လူနှစ်ယောက်ရဲ့အလောင်းကို ပြန်ယူပေးပါ”ဆိုသည့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ အသံက လုံထိန်း တပ်ဖွဲ့ကို ဦးဆောင်လာသည့်ရဲမှူးအနီးတွင် လွင့်ပျံလျှက်ရှိသည်။
       ထိုအချိန်တွင် သံဃာတော် အပါး ၇၀ ခန့်ဦးဆောင်လာသည့်တစ်ထောင်ကျော်ပါဝင်သည့် လူအုပ်ကြီးက စစ်တွေ မြို့တွင်းဖက်ဆီမှ
ချီတက်လာပြီး ရခိုင်လူမျိုးတို့ကို ကာကွယ်ရန် ဗျိုင်းဖြူကျေးရွာလူထုနှင့်ပူးပေါင်းသွားခဲ့ကြသည်။
       “ဒီလူအုပ်ကြီးကို ဦးဇင်း ဦးဆောင်လာတာ။ ဦးဇင်းမလုပ်နဲ့ဆိုရင်ဘာမှမလုပ်ဘူး။ အခုဟာကလည်း ရခိုင်လူမျိုး တွေ အသတ်ခံနေ ရတယ်လို့ ကြားလို့ဦးဇင်းတို့ ရောက်ရှိလာတာဖြစ်တယ်”ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိဘုန်းတော် ကြီးကျောင်းတစ်ကျောင်းမှ ဦးဇင်းတစ်ပါးက လုံခြုံရေးတပ်ဖွဲ့ကိုဦးဆောင်လာသည့် ရဲမှူးအား မိန့်ကြားနေသည်ကို တွေ့ရ သည်။
       ထိုအချိန်မှာပင် အင်အား သုံးဆယ်ခန့်ပါဝင်သည့် တပ်မတော်စစ်ကြောင်းတစ်ကြောင်းက လယ်ကွင်းပြင်ကို ဖြတ် ကာ ပဋိပက္ခဖြစ်ပွားရာနေရာကိုထိန်းသိမ်းရန်အပြေးချီတက်လာခဲ့ကြသည်။ မရှေးမနှောင်းပင်ရဲမှူးကြီးလှမိုး ဦးဆောင် သည့် လုံထိန်းတပ်ဖွဲ့ဝင်များလည်းအမြန်ရောက်ရှိလာကာ လုံခြုံရေးအင်အားများ ပူးပေါင်းခဲ့ကြသည်။
       သို့သော်လည်း အဆိုပါလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိသေးသည့် အတွက်လုံထိန်းရဲများက သေနတ်ဖြင့် အချက်ငါးဆယ်ခန့်အ ထိ မိုးပေါ်ထောင်၍ပစ်ဖောက်ပြီး လူထုကို ခြောက်လှန့်ထိန်းသိမ်းခဲ့ကြရသည်။
       “ကျွန်တော်တို့ ရွာသားတွေရဲ့ အလောင်းတွေ ကုလားရွာအပြင်က ရေကန်ဘေးမှာကျန်ရစ်ခဲ့တာ ကျေးဇူးပြုပြီး ယူပေးကြပါ” ဟု ဓားတစ်လက်ကိုင်ဆောင်ထားသည့်ရခိုင်လူမျိုးတစ်ဦးက လုံထိန်းတပ်ဖွဲ့နှင့်ဝေးရာသို့ ပြန်လည်ဆုတ်ခွာ ရင်းအော်ဟစ်သွားခဲ့သည်။
       နှစ်ဖက်ရွာသားများက သေနတ်ပစ်ဖောက်မှုကြောင့် လယ်ကွင်းအတွင်းရှိ
ရေကန်များ၊ ချောင်းများကို ဖြတ်ကူးပြီး မိမိတို့ ကျေးရွာဆီသို့ အသီးသီး
ဆုတ်ခွာသွားကြသည်။
       “သံတော်လီရွာထိပ်မှာ အလောင်းခြောက်လောင်းအသတ်ခံထားရတာ ကျွန်တော်တို့တွေ့ရှိရပါတယ်။ နားလည် သူတွေပြောပြလို့ ရခိုင်အလောင်းငါးလောင်းနဲ့ကုလားအလောင်း တစ်လောင်းဖြစ်တယ်လို့ သိရပါတယ်”ဟု အခင်းဖြစ်ပွား ရာ ယင်းနေရာတွင် ရောက်ရှိနေ သည့် ရဲမှူးကြီးလှမိုးက 7Day News ဂျာနယ်သို့ပြောသည်။
       တပ်မတော်စစ်ကြောင်းမှ နောက်ချန်ရစ်ခဲ့ကာ လုံထိန်းတပ်ဖွဲ့ဝင်များကသံတော်လီကျေးရွာသို့ ဆက်လက် ၀င်ရောက်ရှင်းလင်းရာ ကြားသိထားရသည့်အတိုင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးခြင်းမဟုတ်ဘဲ သာမန်တုတ်ဓားများဖြင့် သာပြတ်ရှသေဆုံးခဲ့ကြခြင်းဖြစ်ကြော
င်း မြင်တွေ့ခဲ့ကြရသည်။
       “အလောင်းတွေက ရုပ်ပျက်ဆင်းပျက်တွေကို ဖြစ်နေတာပဲ။ မျက်နှာလည်းတစ်စစီရစရာမရှိဘူး။ တချို့အ လောင်းဆို လက်ပြတ်ခြေပြတ် နဲ့။ ကျွန်တော်သံဝေဂတရားတောင်ရသွားတယ်”ဟု လုံထိန်းတပ်ဖွဲ့တွင် ပါဝင်လာသူတပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက ပြောသည်။
       လုံခြုံရေးတပ်ဖွဲ့များသည် သံတော်လီကျေးရွာအတွင်းဝင်ရောက်ပြီးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ များ၊ နေအိမ် စွန့်ခွာနေ သူများအားစုဝေးစေပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည်များကို မှာကြားကာတပ်မတော်စစ်ကြောင်း မှ ယင်းကျေးရွာအနီးလုံခြုံရေးအတွက်တာဝန်ယူထိန်းသိမ်းထားခဲ့သည်။
       ယင်းပဋိပက္ခအတွင်း မီးလောင်ဆုံးရှုံးမှုကြောင့် နေအိမ် ၇၀ခန့်ပျက်စီးခဲ့ပြီး လူ ၇ ဦးသေဆုံးကာ အနည်းဆုံး လူငါးဦးဒဏ်ရာရရှိ ခဲ့ကြောင်း လုံထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။
“ကျွန်မတို့ရွာက ကုလားရွာတွေကြားထဲမှာ ရှိနေတာဆိုတော့ ဒီပြဿနာတွေစဖြစ်တဲ့နေ့ကစပြီး ဒီနေ့အထိ တစ်ညမှ မအိပ်ရသေး ဘူး။ နေ့တိုင်း ဘယ်အချိန်တက်လာပြီးမီးရှို့ပြီးရန်စမလဲဆိုတာကိုပဲ စိုးရိမ်နေကြရတယ်”ဟု ဗျိုင်းဖြူ ကျေးရွာမှအသက်ငါးဆယ်ခန့် အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
       ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့်နေ့ရက်တွင်ပင် စစ်တွေမြို့ရှိ စက်ရုံစု(နာဇီ)ကျေးရွာအတွင်းရှိ ရခိုင်ဗုဒဘာသာ ဘုန်း ကြီးကျောင်း လေးကျောင်းကို ဘင်္ဂါလီများက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း အမှတ်(၁၂) ရဲတပ်ရင်း(စစ်တွေ)မှလုံခြုံရေးတာ ၀န်ကျ ရဲဝန်ထမ်းများက 7Day News သို့ပြောသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်ရပ်များမှ ထူးခြားဖြစ်စဉ် နေ့စွဲများ။

(၃.၆.၂၀၁၂-ကြာသပတေးနေ့) တွင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းရှေ့တွင်ဆူပူအကြမ်းဖက်မှုအသွင် ဆန္ဒပြဖော်ထုတ်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှပစ်ခတ်လူစုခွဲမှုကြောင့် လူ ၁၂ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပြီး ၉ဦးထိန်းသိမ်းခံရကာ ၄ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့သည်။

(၈.၆.၂၀၁၂- သောကြာနေ့) တွင် မောင်တောမြို့တွင် ပဋိပက္ခအဓိကရုဏ်းအသွင်စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်နေအိမ်အများစု နှင့် ဘုန်းကြီးကျောင်း၊ဆေးပေးခန်း၊ မီးစက်၊ စာသင်ကျောင်း၊ ဓမ္မာရုံတို့ မီးရှို့ခံခဲ့ရကာမောင်တောမြို့ဆေးရုံအုပ်ကြီးနှင့် ဇနီးအပါအ၀င် ရခိုင်လူမျိုး၇ဦးဘင်္ဂါလီ၂ဦးသေဆုံးပြီးရခိုင်လူမျိုး ၅ဦး အနည်းဆုံး ဒဏ်ရာရရှိခဲ့သည်။

(၉.၆.၂၀၁၂-စနေနေ့) တွင် စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ဘုမေကျေးရွာတို့အတွင်း ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူ
မျိုးများအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာ မင်းဂံရွာတွင်ရခိုင်လူမျိုးသုံးဦးသေဆုံးပြီး ၂ ဦးပျောက်ဆုံးလျှက်
သုံးဦးဒဏ်ရာရရှိခဲ့ သည်။ ဆေးရုံအရောက်တွင် ဒဏ်ရာရရှိသူတစ်ဦးထပ်မံသေဆုံးခဲ့သည်။မောင်တောမြို့တွင် ရခိုင်နေအိမ်တစ်လုံး
မီးလောင်ခဲ့ပြီး ဘင်္ဂါလီ၁ဦးသေဆုံးခဲ့သည်။

(၁၀.၆.၂၀၁၂-တနင်္ဂနွေနေ့)မောင်တောမြို့တွင် ဘင်္ဂါလီအိမ်တစ်လုံးမီးလောင်ပြီးဘင်္ဂါလီတစ်ဦးသေဆုံးကာ ဘူးသီး တောင်မြို့တွင် ဘင်္ဂါလီတစ်ဦး၊ရခိုင်လူမျိုးတစ်ဦး သေဆုံးခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်နေအိမ် ၅၀ကျော်၊ ဘင်္ဂါလီ နေအိမ် ၆၀၀ကျော်မီးလောင်ခဲ့ပြီး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဗလီတစ်လုံး ပျက်စီးခဲ့ကာရခိုင်လူမျိုးတစ်ဦး၊ ဘင်္ဂါလီ လူမျိုး နှစ်ဦး သေဆုံးခဲ့သည်။ စုစုပေါင်း
၁၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ စစ်တွေမြို့တွင် ညနေပိုင်းတွင် ပုဒ်မ ၁၄၄ဖြင့် ညမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီး ညရှစ်နာရီတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ရခိုင်ပြည်နယ်ကိုအရေးပေါ်အခြေအနေအဖြစ်ကြေငြာခဲ့ပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန် ပြည်သူလူထုသို့ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

(၁၁.၆.၂၀၁၂- တနင်္လာနေ့)မောင်တောမြို့တွင် ဘင်္ဂါလီနေအိမ် ၆လုံးပျက်စီးခဲ့ပြီး စစ်တွေမြို့တွင် ရခိုင်နေအိမ် ၇၀၊ဘင်္ဂါလီ နေအိမ် ၁၉၀၊ ဗလီတစ်လုံး မီးလောင်ခဲ့ကာ ရခိုင်လူမျိုး ၅ ဦး၊ ဘင်္ဂါလီ ၂ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင် ပေါက် တောမြို့တွင် ရခိုင်အိမ် ၂၁
လုံး၊ ဘင်္ဂါလီအိမ် ၁၄ လုံး မီးလောင်ခဲ့ပြီး ရခိုင် ၅ ဦး၊ ဘင်္ဂါလီ ၁၁ဦးဒဏ်ရာရ ရှိခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော်(တောင်)ရပ်ကွက်ရှိ
နယ်စည်းမထားဆရာဝန်များအဖွဲ့(AZG) ရုံးသို့ တပ်မတော်နှင့်လုံခြုံရေးအဖွဲ့ဝင်များက ည ၈ နာရီတွင် ၀င်ရောက်စစ်ဆေးခဲ့သည်။ ထိုညတွင်စစ်တွေရှိ အကြမ်းဖက် ဘင်္ဂါ လီလက်ကျန် တချို့ကို ဖမ်းမိပြီးလက်နက်များသိမ်းဆည်းရမိသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သံတော်လီကျေးရွာဖြစ်စဉ်တွင် ဘင်္ဂါလီများဖက်မှ သေနတ်လက်နက်အသုံးပြုခဲ့သည်ဟု သိရသည်။စစ်တွေဆင်တက်ဖော်ကျေးရွာသို့ ဘင်္ဂါလီအင်အား တစ်ထောင်ခန့်ပါဝင်သည့် စက်လှေ၁၅ စီးဆိုက်ကပ်ခဲ့သော်လည်း ပြဿနာဖြစ်ပွားခြင်း မရှိခဲ့ပေ။

(၁၂.၆.၂၀၁၂-အင်္ဂါနေ့) တွင် မြောက်ဦးမြို့နာရေးကူညီမှုအသင်းမှနေအိမ်စွန့်ခွာခဲ့ရသည့် ရခိုင်ဒုက္ခသည်များအတွက် ဟင်းသီးဟင်းရွက်မျိုးစုံပေးပို့ခဲ့ပြီး ထိုနေ့တွင်ပင် ပဋိပက္ခဖြစ်ရပ်တချို့ကြောင့် စစ်တွေ၊မင်းဂံရပ်ကွက်မှ ရခိုင်အမျိုးသား ကိုလှဌေး ကျဆုံးခဲ့သည်။ ဘင်္ဂါလီအများစုနေထိုင်ရာ အင်ဘာလာရပ်ကွက်တွင် ပဋိပက္ခတချို့ဖြစ်ပွားခဲ့ရာ ဘင်္ဂါလီများ၏ ပြန်လည်ပစ်ခတ် မှုကြောင့် တပ်မတော်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကာရခိုင်အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရခိုင်နေအိမ် ၁၆၈
လုံး၊ ဘင်္ဂါလီနေအိမ် ၂၉၁လုံး မီးလောင်ခဲ့ပြီး ဘင်္ဂါလီတစ်ဦးသေဆုံးကာတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်သည်။ယင်းနေ့တွင်ပင် မြောက်ဦးမြို့တွင်လည်း ရခိုင်နေအိမ် ၁၅လုံးဖြိုဖျက်ခံရပြီး ပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို
ထုတ်ပြန်ကြေငြာခဲ့သည်။ ကျောက်တော်မြို့နယ်တွင် ဘင်္ဂါလီနေ အိမ် ၄၆လုံးဖျက်ဆီးခံခဲ့ရသည်။

(၁၃.၆.၂၀၁၂) စစ်တွေမြို့တွင် ဘင်္ဂါလီနေအိမ် တစ်လုံး မီးလောင်ခဲ့သည်။

(၁၅.၆.၂၀၁၂) ည သန်းခေါင်ကျော် တစ်နာရီခွဲခန့်အချိန်တွင် စစ်တွေမြို့မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းတွင် ရခိုင်နေအိမ် ၇၀ မီးရှို့ခံခဲ့ရသည်။ညမထွက်ရအမိန့်ကြောင့် မီးငြိမ်းသတ်ရန် ဒေသခံအင်အားမလုံလောက်ခဲ့ပေ။

ကယ်ဆယ်ရေးစခန်းများနှင့် ဒုက္ခသည်များ။

       ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်း၊ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်တို့ ဦးဆောင်ကာ ၁၄ရက်နေ့ ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲအရ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်ကယ်ဆယ်ရေးစခန်း ၃၇ ခုရှိပြီး ဒုက္ခသည်ပေါင်းသုံးသောင်းတစ်ထောင့်ရှစ်ရာရှစ်ဆယ့်လေးဦး ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။စစ်တွေမြို့တွင် ဒုက္ခသည်စခန်း ၁၅ ခုသာရှိသည်ဟု ပြည်နယ်အစိုးရအဖွဲ့ကထုတ်ပြန်သော်လည်း ရခိုင်ပြည် နယ်အတွင်း မဲဆန္ဒနယ်အများစုတွင်အနိုင်ရရှိထားသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကမူဇွန်လ ၁၆ ရက်နေ့ နေ့လည်အထိ စစ်တွေမြို့တစ်မြို့တည်းတွင် ဒုက္ခသည်စခန်း ၅၁ခုရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။စစ်တွေမြို့တွင် ဒုက္ခသည်ရခိုင်လူမျိုးပေါင်း ငါးထောင်ကျော်ရှိသည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်သော်လည်းRNDP ကမူ ဒုက္ခသည်ပေါင်း နှစ်သောင်းနီးပါးပင်ရှိနေပြီဖြစ်ကြောင်း ပြောသည်။
“ဒုက္ခသည်တွေက အချိန်နဲ့အမျှ တိုးလာနေတယ်။ ၁၂ ရက် ၁၃ ရက်တုန်းကတစ်သောင်းကျော်ပဲရှိပေမယ့် အချိန်နဲ့အမျှ တိုးလာတဲ့အတွက် အခုဆိုရင်လူနှစ်သောင်းနီးပါးရှိနေပါပြီ။ ရန်ကုန်က ရခိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ၊ကယ်ဆယ်ရေးဆေးခန်းတွေဖွင့်လှစ်ပြီး ဆောင်ရွက်နေပါတယ်”ဟုရခိုင်တိုင်းရင်းသားများတိုးးတက်ရေးပါတီ ဗဟိုဌာနချုပ်မှတာဝန်ရှိသူတစ်ဦးကဇွန်လ၁၆ရက်နေ့လည်ပိုင်းတွင် ပြောသည်။

ဒုက္ခသည်များ၏ လိုအပ်ချက်။

လူမျိုးရေးပဋိပက္ခများကြောင့် ကျေးရွာနှင့် နေအိမ်ကိုစွန့်ခွာထွက်ပြေးလာကြရသော ဒုက္ခသည်များမှာ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ၊
စာသင်ကျောင်းတို့တွင် အရေးပေါ်ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ဇွန် ၁၆ ရက်အထိ တဖွဲဖွဲရောက်ရှိလာနေကြ ဆဲဖြစ်သည်။ ဒုက္ခသည်များမှာနေအိမ်ကို မီးရှို့ခံရမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုများကြောင့် တိမ်းရှောင်လာကြသူများဖြစ်ပြီး ယင်းတို့အားလုံး၏ စိတ်ထဲတွင်ကြောက်ရွံ့ထိတ်လန့်မှုအစိုင်အခဲများ တည်ရှိနေဆဲဖြစ်သည်။
အများစုမှာ မိမိတို့  ကျေးရွာ၊ ရပ်ကွက်နေအိမ်များသို့ မပြန်ရဲဘဲ ဆင်းရဲဒုက္ခခံကာ ကယ်ဆယ်ရေးစခန်းများတွင် ပြွတ်သိပ်နေ ထိုင်နေကြဆဲဖြစ်သည်။မိမိတို့၏ လက်ငုတ်လက်ရင်းအလုပ်အကိုင်များကို ရပ်နားထားကြရသည်မှာလည်း တစ်ပတ်ခုနှစ်ရက် ပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။ “အသက်ထက်ဘာမှအရေးမကြီးဘူးထမင်းငတ်တာ ငတ်ပါစေ” ဟု ဒုက္ခသည်စခန်းတစ်ခုတွင်ရောက်ရှိနေသည့်အမျိုးသားတစ်ဦးက ပြောသည်။ဒုက္ခသည်များအတွက် စားနပ်ရိက္ခာထောက်ပံ့မှုများ၊
ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာအကူအညီများလိုအပ်နေပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင်
လည်း ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာ ကိုပါ ကုသဆွေးနွေးပေးရန် လိုအပ်လျှက်ရှိသည်။
“သူတို့ကျေးရွာ ရပ်ကွက်တွေကို ဥပဒေစိုးမိုးပြီး လုံခြုံပြီလို့အာမခံချက်ကို အစိုးရကပေးနိုင်တဲ့ အချိန်မှ ပြန်ရဲကြ မယ်။
အာမခံချက်မပေးရင် ဒီအတိုင်းပြန်နေရဲကြမှာမဟုတ်ဘူး။ လူတွေက မီးဘေးထက်ကြောက်စိတ်ကြောင့် ထွက်ပြေး လာတာများတယ်။ ဒါက လုံခြုံရေးတာဝန်ယူသူတွေရဲ့အဓိကတာဝန်ပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
ယခုအခါ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ပြည်နယ်အစိုးရကတာဝန်ယူထောက်ပံ့မှုများပြုလုပ်လျှက်ရှိပြီး လူမှုရေး အသင်းအဖွဲ့များကလည်းအသီးသီးလိုက်လံလှူဒါန်းမှုများ ပြုလုပ်လျှက်ရှိသည်။
       ဒုက္ခသည်စခန်းများသို့ရောက်ရှိနေကြသော ကလေးသူငယ်များအတွက် ပညာသင်ကြားရန်အစီအစဉ်များကို လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကတာဝန်ယူပြီး ကျောင်းအပ်နှံထားပေးမည်ဟု စစ်တွေမြို့သို့ ရောက်ရှိလာစဉ်
ပြောခဲ့သည်။
       “လက်ရှိကတော့ အလှူရှင်တွေလှူဒါန်းတဲ့ ထမင်းထုတ်တွေကို စားနေရပါတယ်။ရေရှည်အနေနဲ့ကတော့ ကိုယ့် အိမ်မှာကိုယ်ပြန်ပြီးတော့ပဲအရင်လိုအေးအေးဆေးဆေး ရှာဖွေစားသောက်ချင်ပါတယ်”ဟု ပဋိပက္ခဖြစ်ရပ်များတွင်
မင်းဂံ ရပ်ကွက်ကာကွယ်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူ အနှေးယာဉ်မောင်းဦးအောင်ဝင်းက ပြောသည်။

လုံခြုံရေးနှင့် ရှင်းလင်းရေးများ။

       စစ်တွေမြို့လုံခြုံရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ရဲတပ်ရင်းအသီးသီးမှ လုံထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်
စစ်ကြောင်းများက ပူးပေါင်းတာဝန်ယူဆောင်ရွက်လျှက်ရှိသည်။
       ပဋိပက္ခထပ်မံဖြစ်ပွားနိုင်သေးသည့် ဘင်္ဂါလီ၊ ရခိုင်ကျေးရွာ၊ရပ်ကွက်အသီးသီးတွင် လုံခြုံရေးတာဝန်များအတွက် ရဲတပ်သားများ၊
တပ်မတော်သားများက ဒေသခံများနှင့်အတူ ပူးတွဲ၍ တာဝန်ယူထားကြသည်။ “ဘင်္ဂါလီတွေက လုံခြုံရေး နည်းနည်းလစ်ဟာတာနဲ့ လျှပ်တပြက်တက်လာပြီးမီးရှို့ကြတယ်။ အခုလည်း မြို့သူကြီးရပ်ကွက်၊ ဘဖြူလမ်းနားကို တက်ပြီးတော့ကုလားပိုက်ဆိပ်က သူတို့အိမ်တွေကို မီးပြန်ရှို့ပြီး ပင်လယ်ဖက်ကိုထွက်ပြေးကြတယ်။ ဒီနေ့ မီးရှို့မှု ကြောင့် သူတို့အိမ် ငါးလုံးလောက်မီးလောင်ပေမယ့် ရခိုင်အိမ်တွေအပါအ၀င် စုစုပေါင်း ၇၀ ကျော်လောက် မီးလောင်ဆုံးရှုံးပျက်စီး ခဲ့ရတယ်” ဟု ဇွန်လ ၁၅ ရက်နေ့ အရုဏ် တစ်နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့သော စစ်တွေမြို့မီးလောင်မှုအနီး နေထိုင်သူ ဒေသခံ တစ်ဦးကအခင်းဖြစ်ရာနေရာတွင် ပြောသည်။
       ဇွန်လ ၁၂ ရက်နေ့မှ စတင်၍ သေကြေမှုများ၊ ပဋိပက္ခများနည်းပါးသွားခဲ့သော်လည်း၊ စစ်တွေမြို့နေရာတချို့တွင် မီးလောင်မှုများ ဇွန်လ၁၆ ရက်နေ့အထိ ဟိုတစ်စ ဒီတစ်စ လောင်ကျွမ်းမှုရှိနေဆဲဖြစ်သည်။
       “မီးရှို့တဲ့လူတွေက ကျွန်တော်တို့ဖက်ကမဟုတ်ဘူး။ ကိုယ့်ဖက်ကဆိုထိန်းလို့ရတယ်။ တစ်ဖက်တည်းကို ငြိမ်း အေးအောင် လုပ်နေလို့ မရဘူး။သူတို့ဖက်က သူတို့လူတွေကို ထိန်းနိုင်ဖို့လိုတယ်။ မထိန်းနိုင်ရင်ဒီကိစ္စတွေ မငြိမ်းနိုင်ဘူး နှစ်ဖက်စလုံးမှာရှိလူ လူထုတွေက ကြားမှာဓားစာခံဖြစ်သွားတာတွေရှိတယ်”ဟု RNDP ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
       ဘင်္ဂါလီဒုက္ခသည်များ အများဆုံးစုဝေးလျှက်ရှိသည့် စစ်တွေမြို့၊သဲချောင်းကျေးရွာအနီးတွင် တပ်မတော်စစ် ကြောင်းမှ လုံခြုံရေးရယူထားပြီးယင်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို တပ်မတော်စစ်ကြောင်းများက တာဝန်ယူ ဆောင်ရွက်ပေးလျှက်ရှိသည်ကို တွေ့ရသည်။
       ဘင်္ဂါလီဒုက္ခသည်စခန်းအနီးတွင် တည်ရှိသောသဲချောင်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရခိုင်ဒုက္ခသည် ငါးရာ
ခန့်အတွက်လည်း ယင်းတပ်မတော် စစ်ကြောင်းများကပင်လုံခြုံရေးရယူပေးလျှက်ရှိသည်။
       “ကျွန်မတို့က ဖြစ်တဲ့နေ့ကတည်းက ဒီကိုရောက်လာတာ။လုံခြုံရေးတွေအရောက်မြန်လို့ ဒီနားမှာ ဘာမှ မဖြစ်ခဲ့ တာ။ ကျွန်မတို့အတွက်စားဝတ်နေရေး၊ ကျန်းမာရေးတွေကို စစ်တပ်ကပဲ လုပ်ပေးနေတယ်။ဘုန်းကြီးကျောင်းအပြင်ကို တော့ လုံးဝမထွက်ရဲဘူး။ အပြင်မှာကကုလားတွေချည်းပဲ ခုနှစ်သောင်းလောက်ရှိတယ်” ဟု သဲချောင်းဘုန်းတော်ကြီး
ကျောင်းအတွင်း ရောက်ရှိနေသည့် ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရခိုင်အမျိုးသမီးတစ်ဦးက ဇွန်လ ၁၄ ရက် တွင် 7Day News သို့ ပြောပြသည်။
       မီးလောင်မှုကြောင့် ရွှေ့ပြောင်းထားရသော လူမနေတော့သည့်ကျေးရွာ၊ရပ်ကွက်များအတွင်းသို့ တပ်မတော် စစ်ကြောင်းနှင့်အတူ ရန်ကုန်မြို့ရဲတပ်ရင်း(၆)မှ တပ်ရင်းမှူး ဒုရဲမှူးကြီးဦးစီးသော ရှင်းလင်းရေးအဖွဲ့မှပဋိပက္ခများထပ်မံ မဖြစ်ပွားစေရန်အတွက်
ဝင်ရောက်ရှာဖွေရှင်းလင်းလျှက်ရှိသည်ကို တွေ့မြင်ရသည်။
       “ဒီရပ်ကွက်ကလူတွေကို လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းထားပေမယ့်တချို့အိမ်တွေမှာ လူတွေကျန်နေ သေးတဲ့အတွက် မလိုလားအပ်တဲ့ပြဿနာတွေထပ်ဖြစ်လာမှာစိုးတဲ့အတွက် အိမ်တိုင်းစေ့ ၀င်ရှာပြီး ရှင်းလင်းနေတာပါ” ဟု
စစ်တွေမြို့၊ စက်ရုံစု(နာဇီ) ရပ်ကွက်သို့ ၀င်ရောက်ရှင်းလင်းခဲ့သည့်အထက်ပါရဲတပ်ရင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
       ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာသည့်ရန်ကုန်တိုင်းကြက်ခြေနီ တပ်ဖွဲ့ဝင် ၄၀ ဦး၊
ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မီးသတ်တပ်ဖွဲ့ဝင် အင်အား ၂၀၀တို့နှင့်အတူ နယ်မြေခံရဲတပ်ဖွဲ့ ၀င်များ၊ တပ်မတော်သားများစုစုပေါင်းအင်အား ၄၆၀ တို့သည် မီးလောင်ပျက်စီးမှုများဖြစ်ပွားခဲ့သည့် နေရာများမှအပျက် အစီးများအား စနစ်တကျရှင်းလင်းလျှက်ရှိပြီး ၎င်းတို့အားဒေသခံပြည်သူများက အချိုရည်နှင့် သောက်ရေသန့်များ ပေးလှူ လျှက်ရှိသည်ကို
တွေ့ရသည်။

ဘင်္ဂါလီဒုက္ခသည်စခန်းများမြင်ကွင်း။

       စစ်တွေမြို့၊ ဘုမေရပ်ကွက်မှ ဖြတ်သန်းကာ စစ်တွေတက္ကသိုလ်ကိုကျော်လွန်လိုက်သည်နှင့် လမ်းတစ်ဖက် တစ်ချက်တွင် ကယ်ဆယ်ရေးရွက်ဖျင်တဲများအစီအရီတွေ့လာရပြီး ယာယီဈေးငယ်လေးများကို လမ်းဘေးတွင် ရောင်းချ
ဝယ်ယူနေသူများကို တွေ့ရှိရသည်။
       လမ်းတစ်ဖက်တစ်ချက်ရှိ ဘင်္ဂါလီလူမျိုးအရွယ်စုံများမှာလည်း စိုးရိမ်စိတ်၊ကြောက်ရွံ့စိတ်နှင့်အတူ ရောယှက်နေ သည့် ခံပြင်းစိတ်များက၎င်းတို့မျက်နှာတွင် အတိုင်းသားပေါ်လွှင်လျှက်ရှိသည်။
       “ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းမှာ လူဦးရေ တစ်သောင်းခုနှစ်ထောင်ကျော်ရှိပါတယ်။ ဗလီကြီးခြောက်ခုမှာ ဖွင့် လှစ်ထားပါတယ်။ တပ်မတော်ကဆန်တွေပေးတဲ့အတွက် စားသောက်နေရပါတယ်။ ဒီမှာ လက်ရှိ ရှိတဲ့လူဦးရေနဲ့ဆိုရင် လူဦးရေစုစုပေါင်း ခုနှစ်သောင်း နီးပါး ရှိနေကြပါတယ်” ဟု စစ်တွေမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့် က
၎င်းတို့နေရာသို့ တပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါလာကြသော မီဒီယာများသို့ဇွန် ၁၅ ရက် ညပိုင်းတွင် ပြောခဲ့ သည်။
       ၎င်းတို့အနေဖြင့် ယခင်နေထိုင်ရာ ကျေးရွာ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ရန်အများစုက ဆန္ဒရှိနေကြသော် လည်း ၎င်းတို့အတွက် တာဝန်ရှိသူများက မည်သို့စီစဉ်နေရာချထားပေးမည်ကို မသိရှိရသေးကြောင်း ဘင်္ဂါလီဒုက္ခသည် အများစုက
တညီတညွှတ်တည်း ပြောကြသည်။
       “ကျွန်တော်တို့နေထိုင်ဖို့အတွက် အရင်နေရာလေးတွေမှာပြန်ချပေးစေချင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျွန် တော်တို့အတွက်
သင့်တော်မယ့် နေရာလေးတစ်ခုခု စီစဉ်ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ဆောင်ရွက်ပေးစေချင်ပါတယ် ။ ဒီပြဿနာမှာ ကျွန်တော်တို့ဖက်ကမှားခဲ့တယ်ဆိုရင်လည်း တောင်းပန်ပါတယ်” ဟု စစ်တွေမြို့၊
အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဒုတိယဥက္ကဌ ဦးလှမြင့်ကဆိုသည်။
       စစ်တွေမြို့ပေါ်ရှိ ပြည်သူအများစုကြားတွင် ဘင်္ဂါလီဒုက္ခသည်စခန်းများသို့တခြားဒေသများမှ ဘင်္ဂါလီများ လာ ရောက်စုဝေးစုရုံးနေသည်ဟုသတင်းများထွက်ပေါ်နေမှုကို ဦးလှမြင့်က ငြင်းဆန်ခဲ့ပြီး အကယ်၍လာရောက်သည်ဆိုပါက လည်း ၎င်းတို့ကိုယ်တိုင်သတ်ဖြတ်၍ပင်လယ်အတွင်းမျှောချပစ်မည်ဟု ပြောလေသည်။

လက်ရှိစစ်တွေမြို့ပေါ်အခြေအနေ(၁၇.၆.၂၀၁၂-တနင်္ဂနွေနေ့)

       စစ်တွေမြို့ပေါ်တွင် ဈေးဆိုင်ခန်းတချို့ ဖွင့်လှစ်ရောင်းချလာကြပြီးပြည်သူအများစုမှာ ယခင်ပုံမှန်နီးပါးအတိုင်း သွားလာလှုပ်ရှားနေကြပြီဖြစ်သည်ကို တွေ့ရသည်။ မော်တော်ယာဉ်အများစုမှာကယ်ဆယ်ရေးစခန်းများအတွက် စားနပ်ရိက္ခာ နှင့် ထမင်းထုတ်များ၊ရေသန့်ဘူးများတင်ဆောင်ကာ မြို့တွင်းလမ်းမများတွင် သွားလာနေကြသည်။
       စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်းများအတွက် အလှူငွေနှင့်စားနပ်ရိက္ခာများ အလှူခံလျှက်ရှိသည့် နေရာ များကို အသီးသီးတွေ့မြင်နေရသည်။ယခင်တွေ့မြင်နေကျမြင်ကွင်းများနှင့် ခြားနားသည်မှာစစ်တွေမြို့လမ်းများပေါ်တွင် ဘင်္ဂါလီလူမျိုးများကို မတွေ့မြင်ရခြင်းပင်ဖြစ်သည်။
       ပုဒ်မ ၁၄၄ ကို ယခု ၁၇ ရက်နေ့အထိ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ပြီးယင်းဥပဒေရုပ်သိမ်းပါက နောက်ဆက် တွဲပြဿနာများဖြစ်ပေါ်လာမည်ကိုရခိုင်လူမျိုးအများစုက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။
       “မာရှယ်လောက အခုရုပ်သိမ်းလို့မဖြစ်သေးဘူး။ ညဖက် မာရှယ်လောရှိနေလို့လည်းဒီလောက်ငြိမ်နေတာ။ မရှိ ရင် ဟိုဖက်ဒီဖက် ပြဿနာတွေဖြစ်နိုင်သေးတယ်။အဓိကကတော့ လုံခြုံရေးအင်အား အပြည့်အ၀မရှိတာရယ်၊ လုံခြုံရေး ယူထားတဲ့လူတွေ
မကျွမ်းကျင်တာရယ်ပဲ။ ဒီညတွေတော့ စစ်တွေမြို့က နေရာ ၂၀ ကျော်ကိုစစ်တပ်လုံခြုံရေးအပြည့် ချထားတဲ့ အတွက် ပြဿနာတွေ မရှိပါဘူး” ဟု RNDP ပါတီမှပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
       အနှေးယာဉ်မောင်းများ၊ ဆိုင်ကယ်တက္ကစီများလည်းပြန်လည်ထွက်လာကြပြီဖြစ်ပြီး စာသင်ကျောင်းများမှာတော့
ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ယနေ့ ၂၀.၆.၂၀၁၂။

တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေဖြစ်ပေါ်လာမှုအရ တည်ငြိမ်စပြုလာပြီဟု
ယူဆရသော်လည်း ဒေသခံရခိုင်တိုင်းရင်း သားများမှာ သတိတရားလက်ကိုင်ထားကာ
သွားလာနေကြဆဲပင်ဖြစ်ပါသည်။

(စာပေစိစစ်ရေးမှ ဖော်ပြခွင့်မပြုခဲ့သည့် ယခုအပတ်ဆောင်းပါးဖြစ်ပါသည်)

Tuesday, June 19, 2012

မြန်မာ့ စတော့အိတ်ချိန်း အလားအလာ

ရန်ကုန်ရှိ Myanmar Securities Exchange Centre (MSEC) တွင် ဈေးနှုန်းများကို ဝန်ထမ်းတဦးက လက်ဖြင့် ရေးသွင်းနေသည်ကို ၂၀၁၁ စက်တင်ဘာလက မြင်ရစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံမှာ နိုင်ငံအဆင့် စတော့အိတ်ချိန်းတခု တည်ထောင်နိုင်ဖို့ မြန်မာ့ဗဟိုဘဏ်နဲ့ တိုကျို စတော့အိတ်ချိန်း (Tokyo Stock Exchange – TSE) တို့ မေလကုန်မှာ သဘောတူ လက်မှတ်ရေးထိုးကြပါပြီ။ ဒါပေမယ့် ဒီစတော့အိတ်ချိန်းရဲ့ ကနဦး တိုးတက်မှု အလားအလာ နည်းတယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်လေ့လာသူတွေက မြင်ကြပါတယ်။
အသေးစိပ် အချက်အလက်တွေပါဝင်တဲ့ ဖော်ပြပါ သဘောတူညီချက်ကို မေလကုန်ပိုင်းမှာ လက်မှတ်ရေးထိုးလိုက်နိုင်ပေမယ့် တကယ့်အချိန်နဲ့ တပြေးညီ အိတ်ချိန်းတခု တည်ထောင်ဖို့နဲ့ လည်ပတ်နိုင်ဖို့ ကျော်လွှားရမယ့်ပြဿနာတွေက ဒုနဲ့ဒေးရှိနေပါသေးတယ်။
အဲ့ဒီပြဿနာတွေထဲမှာ TSE ရင်ဆိုင်နေရတဲ့ ပြဿနာတခုကတော့ မြန်မာပြည်မှာ ကော်ပိုရေးရှင်းဥပဒေ (Corporate Law) မရှိတာနဲ့ မြန်မာပြည်က ကုမ္ပဏီတွေ အများစုကြားမှာ သက်ဆိုင်ရာ ကုမ္ပဏီအလိုက် အစုအဖွဲ့သဘောဆန်တဲ့ ယုံကြည်မှု စံတန်ဖိုးသတ်မှတ်ချက် (Corporate Culture) တွေ မရှိတာပါပဲ။
“ချိုချိုသာသ်ာပြောရရင် ဒီစတော့အိတ်ချိန်းက တကယ် လက်တွေ့ကျတဲ့ အရာမဟုတ်ဘဲ ဖြစ်ချင်ဇောနဲ့ လုပ်တဲ့အရာလို့ ဆိုနိုင်ပါတယ်” လို့ မြန်မာ့စီးပွားရေးေ စာင့်ကြည့်လေ့လာရေး (Burma Economic Watch) ဝက်ဘ်ဆိုဒ် အယ်ဒီတာ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။
အားကောင်းပြီး လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ငွေကြေးဈေးကွက်နဲ့ ပွင့်လင်းတဲ့ စတော့ကုန်သွယ်ရေးစနစ် ထူထောင်တာဟာ ရေရှည်စနစ်တကျသွားရမယ့် လုပ်ငန်းစဉ်တ ခုဖြစ်တဲ့အပြင် အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးရည်ရွယ်ချက်ရော လုပ်ငန်းတာဝန်သိစိတ်တွေပါ ရှိဖို့လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံထက် နိုင်ငံအရွယ်အစား ပိုကြီးပြီး စီးပွားရေးအရ အလွန်ပိုတိုးတက်တဲ့ နိုင်ငံတွေမှာလည်း ပြဿနာတရပ်အဖြစ် ရှိနေတာပါ။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံဆိုရင် မြန်မာ့စီးပွားရေးအပေါ် အရှိန်အဝါကြီးပေမယ့် ပြည့်စုံကောင်းမွန်တဲ့ ဈေးကွက်စနစ် မရှိသေးပါဘူး။
“တရုတ်နိုင်ငံအနေနှင့် လုပ်အားထုသုံး ထုတ်လုပ်ရေးကဏ္ဍ (Labor-intensive manufacturing sector) စွမ်းအားဖြင့် စီးပွားရေးအရ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆယ်စုနှစ် ၂ စုအတွင်း အသွင်းပြောင်းနိုင်ခဲ့သည်။ သို့ရာတွင် ကျယ်ပြောလှသည့် ထုတ်လုပ်ရေးစွမ်းရည်နှင့် ကမ္ဘာ့ဈေးကွက်များနှင့် ကုန်သွယ်ရေးအချိတ်အဆက်များ ရှိလင့်ကစား ဘဏ္ဍာရေးကဏ္ဍ၌ စေ့စပ်သေချာမှု အားနည်းနေပေသည်” လို့ Chatham House ရဲ့ လေ့လာချက်အသစ်တရပ်မှာ ဖော်ပြထားပါတယ်။ Chatham House ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာအခြေစိုက်တဲ့  မူဝါဒရေးရာ အင်စတီကျု (Think-Tank) ဖြစ်ပါတယ်။
“ကမ္ဘာ့စတော့ ရာခိုင်နှုန်းအရ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အနေအထားကို အနီးကပ်ကြည့်မည်ဆိုပါက တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာဈေးကွက်တွင် ရင်နှီးမြှုပ်နှံမှုတန်ဖိုး (International portfolio assets and liabilities) မှာ ကမ္ဘာ့စတော့စုစုပေါင်း၏ ၃ ရာခိုင်နှုန်းထက် နည်းသည်ကို တွေ့ရသည်” လို့လည်း အဲ့ဒီလေ့လာချက်မှာ ဖော်ပြထားပါသေးတယ်။
ကမ္ဘာ့ဘဏ်ကတော့ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတွေက မြန်မာနိုင်ငံကို ဆယ်စုနှစ်နဲ့ချီပြီး စီးပွားရေးအရ အဆက်အသွယ်ဖြတ်ခဲ့တာဟာ မြန်မာ့စီးပွားရေးကို တရုတ်နိုင်ငံအပေါ် အလွန်အမင်း အမှီအခိုဖြစ်သွားစေတယ်လို့ ဆိုပါတယ်။
အဲဒီလို အမှီအခိုဖြစ်မှုက စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှု၊ ပြီးတော့ စစ်အုပ်စုရဲ့ အပေါင်းအပါ စီးပွားရေး မိတ်ဆွေတွေနဲ့ တွဲဖက်လိုက်တဲ့အခါ ရလဒ်အနေနဲ့ ပုဂ္ဂလိကဏ္ဍမှာ အားနည်းပြီး ဘဏ္ဍာရေးကဏ္ဍမှာလည်း ပြည့်ပြည့်ဝဝ တိုးတက်မှုမရှိတာတွေ ဖြစ်လာတော့တာပါပဲ။
“ဓာတ်ငွေ့နှင့် အခြား သဘာဝသယံဇာတပစ္စည်း တင်ပို့မှုများသည် တစထက်တစ ပို၍ အရေးပါလာသော်ငြားလည်း စုစုပေါင်းပြည်တွင်းထွက်ကုန် (GDP) ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများ အဓိက ပါဝင်သဖြင့် မြန်မာ့စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိကအခြေပြုသော စီးပွားရေးအဖြစ် ဆက်လက် တည်ရှိနေပေသည်။ ထုတ်လုပ်မှုအပိုင်းသည် မှတ်တမ်းတင် စီးပွားလုပ်ငန်းလည်ပတ်မှု (Recorded Economic Activity) တွင် ပမာဏ အနည်းငယ်သာပါဝင်ပြီး နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းများကလည်း ထိုကဏ္ဍအား ကြီးကြီးမားမား ဆက်လက် ထိန်းချုပ်လျက်ရှိသည်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်သူတွေ၊ ပြီးတော့ မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက မန်နေဂျာတွေတောင်မှပဲ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း ဖွဲ့စည်းတည်ဆောက်ပုံ (Business Structure) တစုံတရာမရှိတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ဒီလိုမရှိတာကလည်း အရင် စစ်အစိုးရခေါင်းဆောင်တွေနဲ့ အနီးကပ် ချိတ်ဆက်ရှိတဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေက ဆယ်စုနှစ်နဲ့ချီ ပြီး စိုးမိုးခြယ်လှယ်ခဲ့ကြလို့ပါ။
မြန်မာပြည်မှာ အခုထိ အကျိုးခံစားခွင့် အိတ်ချိန်းဥပဒေ (Securities Exchange Law) မရှိသေးပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း အသစ်ကလည်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။ အပြင်မှာ ညှိနှိုင်းမှုတွေ မလွဲမသွေ ရှိနေနိုင်ပေမယ့် ဇူလိုင်လရောက်မှပဲ ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်မှာ အသေးစိတ် ပြန်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။
TSE က နဦးလုပ်ရမယ့် လုပ်ငန်းတာဝန်ကတော့ မြန်မာ့ဗဟိုဘဏ်အတွက် အိတ်ချိန်းစည်းမျဉ်းစည်းကမ်းတွေ ကူညီရေးဆွဲတာပေးတာနဲ့ သန့်ရှင်းတဲ့ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး လမ်းညွှန်မှု အသေအချာ ပေးတာတွေ ဖြစ်ပါလိမ့်မယ်။ မြန်မာပြည်မှာက လက်တွေ့ကျတဲ့ ကုမ္ပဏီ ကြီးကြပ်စနစ်လည်းမရှိ၊ ငွေစာရင်းအင်းဆိုင်ရာ စံချိန်စံညွှန်းတွေကလည်း လျော့ရဲရဲ၊ ပြီးတော့ အခွန်ရှောင်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကိုး။
“ပုဂ္ဂလိက ကုမ္ပဏီတွေက အများပိုင်လုပ်ဖို့ စတင်စဉ်းစားနေကြပါပြီ။ ဒါပေမယ့် လက်ရှိအခြေအနေနဲ့ လုပ်ငန်းဝန်းကျင်အောက်မှာ လက်တွေ့ကျကျ အဲ့ဒီလိုလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး” လို့ အမည်မဖော်လိုတဲ့ ဗဟိုဘဏ်အရာရှိကို ကိုးကားပြီး မြန်မာတိုင်းမ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ “ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်း အများစုက ကော်ပိုရေးရှင်းအုပ်ချုပ်မှု (Corporate Governance) နဲ့ Corporate Culture တွေဘက်မှာ အားနည်းနေကြတုန်းလေ” လို့လည်း သူက ဆိုပါသေးတယ်။
ဈေးကွက် ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုမှာ အထူးကျွမ်းကျင်တဲ့ Leopard Capital အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်ဂလပ် ကလေတန် (Douglas Clayton) ကတော့ AFP သတင်းဌာနကို အခုလို ပြောပါတယ်။
“မြန်မာ ပြည်မှာ လူသားအရင်းအမြစ်မှာရော အခြေခံအဆောက်အအုံပိုင်းမှာပါ စွမ်းဆောင်ရည် အကန့်အသတ် အကြီးအကျယ် ရှိနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားသားတွေက နိုင်ငံထဲမှာ စလုပ်ဖို့ စိတ်ကူးနေကြတဲ့ စီမံကိန်း ဒုနဲ့ဒေးကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အလွယ်တကူ ပြောနိုင်ပါတယ်။”
ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ မြန်မာပြည်ထဲ ချောချောမောမော ရောက်ရေးကို ရည်ရွယ်တဲ့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အသစ်တခုရဖို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာအစိုးရနဲ့ စေ့စပ်ဆွေးနွေးနေဆဲဖြစ်ပါတယ်။
နောက်တကြိမ် အာဆီယံထိပ်သီးအစည်းအဝေး (ASEAN Summit) ကျင်းပမယ့် နိုဝင်ဘာလလောက်မှာ သဘောတူညီချက် ရဖို့ မျှော်လင့်တယ်လို့ ဂျပန်အစိုးရက ပြောပေမယ့် နှစ်ဖက်ဆွေးနွေးမှုတွေက အခုကနေ ဒီနှစ်တနှစ်လုံး အတော်များများ ဆက်လုပ်သွားနိုင်ပါတယ်။
စင်ကာပူအခြေစိုက် ဈေးကွက်အတိုင်ပင်ခံ အဖွဲ့ဖြစ်တဲ့ Vriens & Partners ကတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ထားရှိခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချလိုက်တာမို့ ထင်ရှားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ ပြောင်းရွှေ့ပြီး လုပ်ငန်းလည်ပတ်ဖို့ ဘယ်လောက်အထိ စိတ်ချယုံကြည်ရမလဲဆိုတဲ့ အန္တရာယ်ကနေ လျော့ပါးသွားတယ်။ ဒါပေမယ့် ဒီလို အန္တရာယ်ကနေ လျော့ပါးသွားဟာ လုပ်ငန်းလည်ပတ်ဖို့ တစုံတရာ ပိုလွယ်ကူစေတာ မဟုတ်ဘူးလို့ ယူဆပါတယ်။
“အနောက်နိုင်ငံတွေ လာရောက် ရင်းနှီးမြှုပ်စေချင်တယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာတဲ့အတွက် ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစပ်ဖို့ ဘာတွေလုပ်ဖို့ လိုတယ်ဆိုတာကို အစိုးရက တကယ် နားလည်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းစောင့်ကြည့် ထိန်းသိမ်းရေးစနစ် (Regulatory System) က အရမ်းကို ခေတ်နောက်ကျနေပါပြီ” လို့ Vriens & Partners ရဲ့ မန်းနေးဂျင်းပါတနာ Hans Vriens က ပြောပါတယ်။
ဒါပေမယ့် စနစ်တကျလည်ပတ်တဲ့ အမေရိကန်ကုမ္ပဏီတွေ (သူတို့က ထုတ်လုပ်ရေးကဏ္ဍကနေ သဘာဝသယံဇာတ ရှာဖွေတူးဖော်ရေးအထိ ရှိကြပါတယ်) ရဲ့ ပါဝင်ပတ်သက်မှုက “အကောင်းဆုံး နိုင်ငံတကာအလေ့အထတွေ ထူထောင်နိုင်ဖို့၊ တရားဥပဒေစိုးမိုးမှု ရှိလာစေဖို့၊ လုပ်ငန်းဆောင်ရွက်မှုမှာ ပိုပြီး ပွင့်လင်းမြင်သာလာစေဖို့၊ အလုပ်သမား အခွင့်အရေးတွေကို လေးစားဖို့၊ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းဖို့၊ ပြီးတော့ ချစားမှု ထိန်းချုပ်ရေးအတွက် အရေးယူ ဆောင်ရွက်ဖို့ စတာတွေအတွက် မြန်မာပြည်ကို အထောက်အကူဖြစ်စေလိမ့်မယ်” လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies) က ပြောပါတယ်။
တဖက်မှာလည်း အဲ့ဒီဌာနကထုတ်ဝေတဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာ အသစ်ထဲမှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ “အခြေခံစီးပွားရေး ဗိသုကာပုံစံ မရှိသေးသရွေ့” အခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဌာနရဲ့ ယူဆချက်ကို ဖော်ပြထားပြန်ပါတယ်။
“နိုင်ငံတကာဘဏ်များမှတဆင့် ငွေကြေးအလှည့်အပြောင်း လုပ်နိုင်သည့် စွမ်းရည်အပြင် အမေရိကန် ကုမ္ပဏီများအနေနှင့် ၄င်းတို့၏ စက်ရုံများ မြန်မာပြည်တွင် မတည်ဆောက်မီ လိုအပ်သည်မှာ ကောင်းမွန်သည့်လမ်းများ၊ ဆိပ်ကမ်းများရှိရေးနှင့် စိတ်ချရသည့် လျှပ်စစ်မီးရရှိရေးတို့ ဖြစ်သည်” လို့လည်း အစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ စတော့ဈေးကွက်တခုဖွင့်ပြီး လည်ပတ်နိုင်ဖို့ ၂၀၁၅ ဆိုရင် အဆင်သင့်နီးပါး ဖြစ်နိုင်တယ်လို့ တချို့ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ သုံးသပ်သူတွေက ယူဆကြပါတယ်။
လောလောဆယ်မှာတော့ မြန်မာပြည်ဟာ အကျိုးခံစားခွင့် အိတ်ချိန်းဌာနလေးဖြစ်တဲ့ Myanmar Securities Exchange Centre (MSEC) နဲ့ပဲ ဆက်စခန်းသွားနေရဦးမှာ ဖြစ်ပါတယ်။ ၁၉၉၆ မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဂျပန် ဘဏ္ဍာရေး အေဂျင်စီဖြစ်တဲ့ ဒိုင်ဝါသုတေသနအဖွဲ့ (Daiwa Institute Research) တို့ အချိုးတူပေါင်းစပ်ဖွဲစည်းခဲ့တဲ့ MSEC ရဲ့ ရန်ကုန်က ရုံးခန်း သေးသေးလေးထဲမှာ အစိုးရတွေက တစိတ်တပိုင်းပိုင်တဲ့ ဒီကုမ္ပဏီနှစ်ခုရဲ့ စတော့တွေကိုပဲ လက်နဲ့ လိုက်မှတ်နေကြတာပါ။
ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ မြန်မာအစိုးရထဲက ပုဂ္ဂိုလ်တွေကတော့ ဒီမြင်ကွင်းကို အသေအချာ ပြောင်းလဲပစ်ချင် မှာပါပဲ။
http://burma.irrawaddy.org/archives/12574

ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာ မီးရှို့ခံရသည့် အိမ်ခြေ ၄၀ ရှိဟုဆို

ဇွန် ၁၉၊ ၂၀၁၂ ၊ YPI

ဇွန်လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင်ဖြစ်ပွားသည့် နေအိမ်မီးရှို့မှုတွင် လောင်ကျွမ်းသွားသည့် နေအိမ် အရေအတွက်မှာ နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြသကဲ့သို့ ၁၂ လုံးမဟုတ်ပဲ အိမ်ခြေ ၄၀ နီးပါး ရှိသည်ဟု အမည်မဖေါ်လိုသူ ယင်းကျေးရွာသားတဦးက YPI သို့ပြောသည်။

“ဖြစ်တာက ကျောင်းဆရာဟောင်း ဥိးအေးမောင်က ရှို့တာ၊ အရှို့ခံရတဲ့ အိမ်က မောင်ဖြူရှင်းဆိုတဲ့ ရွာလယ်မှာနေသူရဲ့ အိမ်ပါ။ တဦးနဲ့ တဦးလည်း ရန်ငြိုးရန်စမရှိပါဘူး” ဟု ယင်းရွာသားက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစဉ် ပြောပြသည်။

ယင်းအဖြစ်အပျက်ကို နိုင်ငံပိုင် သတင်းစာတွင်ဖေါ်ပြထားရာတွင် လူနေခြင်း မရှိသည့် ရွာအစွန်ရှိ နေအိမ်များကို မီးကွင်းပစ်၍ ထွက်ပြေးသွားသည်ဟု ဖေါ်ပြထားကာ မီးရှို့သူများအား ပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု လည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

ယင်းကျေးရွာသားက မူ မီးရှို့သူ နှစ်ဦးမှာ ရွာတွင် အေးအေးဆေးဆေးပင် နေထိုင်လျှက်ရှိကြောင်း မည်သည့် ဖမ်းဆီးမှုမှ ယနေ့ ထက်ထိ မရှိကြောင်းလည်း ပြောဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ယခုလဆန်းအတွင်းက မငြိမ်မသက်မှုများ အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့်နောက် လူသေဆုံးမှု၊ နေအိမ်မီးလောင်မှုများ ရှိခဲ့ရာ တရားဥပဒေစိုးမိုးမှုကိုထိန်း သိမ်းနိုင်ရေးအတွက် မြို့နယ် ၆ ခုကို ညမထွက်ရ အမိန့်ကြေညာခဲ့ပြီး ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားခဲ့ရသည်။

အကြမ်းဖက်မှုများကြောင့် ယခုလ ၁၅ ရက်နေ့ထိ သေဆုံးသူ အနည်းဆုံး ၅၀ ဦး၊ ဒဏ်ရာရသူ ၅၈ ဦးနှင့် လူနေအိမ် ထောင်နှင့်ချီမီးလောင်ကျွမ်းခဲ့ရသည်။ ယခုအခါ စစ်တွေမြို့တမြို့ထဲတွင်ပင် ဒုက္ခသည် သောင်းနှင့်ချီရှိသည်ဟု အစိုးရနှင့် နိုင်ငံရေး ပါတီများမှ ထုတ်ပြန်သည့် စာရင်းများ အရသိရှိရသည်။ ။

ရခိုင်တိုင်းရင်းသား ၁၁ ဦးအသတ်ခံရမှု ဘင်္ဂါလီများ တူမီးသေနတ်သုံး



ရန်ကုန်၊ ဇွန် ၂၀

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ဒဏ်ရာ ရရှိသူများထဲမှ တစ်ဦးမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း ရသေ့တောင် ဒေသခံများက ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့က ဘင်္ဂါလီ လူမျိုးများ၏ အကြမ်းဖက်မှုကြောင့် ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ကူတောင် ကျေးရွာ ဒေသခံများကို ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။

ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများသည် ဇွန်လ ၁၉ ရက်နေ့ (ယနေ့) နံနက် ၅ နာရီခန့်တွင် ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကူတောင် ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ဖျက်ဆီးသူများကို ပြန်လည် နှိမ်နှင်းလိုက်လံရာမှ ရခိုင်တိုင်းရင်းသားများ အနောက်ပြင် ကျေးရွာနားသို့ အရောက်တွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ရသေ့တောင်မြို့ ဒေသခံများက ပြောကြားသည်။

“မီးတိုက်တဲ့သူတွေကို ရွာသားတွေက လိုက်ထုတ်ကြတယ်။ လိုက်ရင်းနဲ့ အနောက်ပြင် ရွာအနား ရောက်တော့ ဘင်္ဂါလီတွေ လူစုပြီး စောင့်နေတယ်။ အဲဒီမှာ အသတ်ခံရတာ။ ထောင်ချောက်ဆင် ထားတဲ့ ပုံစံပဲ“ ဟု ကူတောင် ကျေးရွာဒေသခံ တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးသူများထဲတွင် ကျောင်းဆရာ နှစ်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးရုံးမှ စာရေးမ တစ်ဦး၊ အငြိမ်းစား တပ်မတော်သား တစ်ဦးတို့ ပါဝင်ကြောင်း ကူတောင်ကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိ ရသည်။
“သေသွားတဲ့ အလောင်းတွေကို ပြန်ပေးဖို့ စစ်တပ်က ပြန်တောင်းနေတယ်။ ဘင်္ဂါလီတွေက မပေးဘူး“ ဟု ကူတောင် ကျေးရွာမှ ဒေသခံ တစ်ဦးက ဆိုသည်။

ဒဏ်ရာ ရရှိသူ ၇ ဦးအနက်မှ ရခိုင် တိုင်းရင်းသား နှစ်ဦးကို ယနေ့ ညနေပိုင်းက ရသေ့တောင် မြို့နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရာတွင် တစ်ဦး ရရှိခဲ့သော ညာဘက်ရင်အုံ ပွင့်ထွက်ဒဏ်ရာမှာ ယမ်းထောင်း တူမီးသေနတ် ထိမှန်ခြင်း ဖြစ်ကြောင်း ရသေ့တောင် မြို့နယ်ဆေးရုံ ဆရာဝန်၏ မှတ်ချက်တွင် ဖော်ပြထားကြောင်း၊ ကျန်တစ်ဦးမှာ ဦးနှောက် အာရုံကြောများ ထိခိုက်သွားသည်ဟု ဆေးရုံသို့ လိုက်ပါသွားသူ တစ်ဦးက တယ်လီဖုန်းဖြင့် ပြောကြားသည်။

ယနေ့ ဖြစ်ပွားသော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ အရေးအခင်းတွင်း ရခိုင် တိုင်းရင်းသား ၁၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ ဘင်္ဂါလီလူမျိုး ၂ ဦး၏ အလောင်းကို ဘင်္ဂါလီလူကြီး အီဆူး အိမ်တွင် တွေ့ရကြောင်း ရသေ့တောင် ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး အဖွဲ့များသို့ ဇွန်လ ၁၉ ရက်နေ့ ညနေ လေးနာရီခန့်က ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပြောကြားသော မိန့်ခွန်း (၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက် )

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်များ / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ/ဒုတိဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသော မိန့်ခွန်း

၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/
ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး
နှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးသွားမ
ှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာကာလအတွင်း-
- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖ
ိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊
- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊
- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။
တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆတိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆ တိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြု နေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုက
ို သုံးသပ်ရင်-
- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊
- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန်လိုအပ်ခြင်း တို့ကို အဓိက
တွေ့ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အရ-အသုံးငွေစာရင်းကို ကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၄၃ ကျပ်သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက နိုင်ငံစီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မဲ့ လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွာေးရး တါက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုပြင်ရေးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်အချိုးအစား များနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍများကို ကဏ္ဍ တစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင် အချိုးအစား ပိုင်ဆိုင်မှုအချိုး ကူးပြောင်းပေးရင်း စွမ်းဆောင်ရည် မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ ”ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ ကဏ္ဍနဲ့ဌာနရဲ့ လုပ်ငန်းများ အနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် စီးပွားရေး ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်းတစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များ အကူအညီဖြင့် ပိုမိုသိရှိနားလည် ဆောင်ရွက် လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံး တစ်ပြိုင်နက်တည်း ကိုင်တွယ် အကောင် အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာ သုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနဲ့ သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေး ဦးစားပေးလုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် နှစ်တိုနှစ်ရှည် စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေးအစီအစဉ် (Priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့် စီမံကိန်း (plan) ရေးဆွဲခြင်းဟာ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းပ
ဲ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်င
န်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) ကို-
- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရ
ဲမှု လျှော့ချရေးစီမံကိန်း
- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း
- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဒေသန္တရစီမံကိန်းများ
- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊တစ်အိမ်ထောင်ချင်းရဲ့ဝင်ငွေတိုးတက်ရေးနဲ့လူမ
ှုစီးပွားရေးဘ၀ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ ရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (National Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲ့ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ထောင်စု
နှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့ အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ (Loan) နဲ့ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ကြရပါတယ်။ ဒီလို ရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊ အလှူရှင်များ အနေနဲ့ ၄င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနှင့်နယ်မြေဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီအထောက်အပံ့ (Grant/Aid) ကို ဦးစားပေး သုံးစွဲပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ချေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan) ကိုတော့ အတိုးနှုန်း ပြန်ဆပ်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့ လုပ်ငန်းစီမံကိန်း (Project) ကို စီးပွားရေးတွက်ချေကိုက်မှု၊ အကျိုးအမြတ် ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်းအကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်အကျိုးမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအတွေ့အကြုံတွေပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကောင်မတီ၊ လုပ်ငန်းကော်မတီနဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ကို ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ၀န်ကြီးချုပ်များအနေဖြင့် မိမိတို့ရဲ့ကဏ္ဍ စီမံကိန်း ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံခြားအကူအညီ (Grant/Aid)အသုံးပြုရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍများနှင့် ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများက တိုင်းဒေသကြီး ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိုရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး၊ တာဝန်ယူ၍ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ တာဝန် ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေး တွက်ချေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူဆောင်ရွက်သွားမှသာ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက်မဟုတ်ပဲ အခြေခံလုပ်ခလစာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ် ရေးဆွဲပြီး၊ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။
ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှ
ံမှု တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှာသာ လာရောက် ရင်းနှီး မြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့အထူးစီးပွားရေးဇုံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့ သဘောထား အကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့် အလမ်းများနဲ့ လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံ ဂုဏ်သိက္ခာမထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္ထုသယံဇာတစသည့် သဘာဝ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံ တွက်ချက် အသုံးပြုဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနဲ့ မတူပဲ အခက်အခဲတွေ့ရတဲ့ ကိစ္စတစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကိုကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်မှု အခြေအနေ တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်း ရေးဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေထိုင်မှု လိုအပ်ချက် ပြည်သူတို့၏စားသောက်မှု လိုအပ်ချက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ်ယာမြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေနှင့်
ပြည်သူတို့၏သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး (Land Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။
သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် လုပ်ကိုင် နေထိုင်ရာမှ ၄င်းတို့လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်သည့် အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တို၊ နှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင် လုပ်ကိုင်ခြင်းအစား မြို့ကွက်၊ ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ ချထားစီမံပေးခြင်းတို့ကို စုစည်း ပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု လူနေမှုအဆင့် အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာ အသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာခွဲဝေ အသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာ ခွဲဝေအသုံးချမှု စီစစ်ဆောင်ရွက်ရေး ကောင်မတီကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္ထု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အဆိုပါကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စီစစ်အတည်ပြု ပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စီစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီနှင့် သက်ဆိုင်ရာ ဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက်စပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မြေယာနှင့်စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မြေဧရိယာခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲ နိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ်နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကို
လည်း တိကျ မှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်ပေးခြင်းကိုလည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးစုများနဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် နယ်စပ်ဒေသတွေမှာ နေရေး၊ ထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊ မိမိဒေသ များသို့ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်
- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမ
ံကိန်းများနဲ့အညီ စနစ်တကျ နေရာချထားပေးခြင်း
- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခြေအနေများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း
- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေးကုန်ထုတ်လုပ်ငန်းကြီး
များ၊ စက်ရုံစုကြီးများ စနစ်တကျ ထူထောင်ပေးခြင်း
- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက္ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုံများအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း
- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့်
ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
(credit goes to original uploader

Twitter Delicious Facebook Digg Stumbleupon Favorites More