Monday, June 11, 2012

မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စွန့်ခွာ၍ မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ

မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စွန့်ခွာ၍ မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ

“ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့ ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက် ချီတက်လာကြတယ်။ ကျွန်တော်တို့ ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို ၀ိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။ ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး အသတ်ခံလိုက်ရတယ်။”ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး ဦးသာစိန်ကပြောသည်။

“ကျွန်မတို့က ညောင်ချောင်းလမ်းခွဆုံမှာ ဆိုင်ရောင်းတာပါ။ ပထမ ဘင်္ဂါလီတွေ ဗလီတွေက ဆင်းချိန်မှာ အုပ်စုလိုက် ညောင်ချောင်းရွာက တက်လာကြတယ်။ ကျွန်မတို့လဲ ဆိုင်ကထွက်ပြေးကြတော့ ဆိုင်တွေကို မီးရှို့လိုက်ကြတယ်။ ကျွန်မတို့က နစက စခန်းဆီပြေးဝင်ကြတယ်။ ဆိုင်ခန်းတွေမီးရှို့နေတာ ကြည့်နေရတယ်။ နစကတွေလည်း ဘာမှပြန်မလုပ်နိုင်ဘူး။ ဘင်္ဂါလီတွေက လုံခြုံရေးအဖွဲ့တွေ သေနတ်နဲ့ ချိန်နေတာတောင် မကြောက်ပဲ တက်လာကြတာ။” ဟု မသီတာက ပြောသည်။

“ကျွန်တော်တို့က ရွာကိုမီးရှို့ခံရတော့ အားလုံးထွက်ပြေးကြတယ်။ ကံသာယာ ရွာဘက်ကိုပြေးကြတယ်။ အဲဒီမှာပြည်သူ့စစ်တွေရှိတော့ လိုက်လာတဲ့ ဘင်္ဂါလီတွေ မတက်ရဲတာ့ဘူး။ နောက်မှ လေးမိုင်စခန်းကို ပြေးခဲ့ရတယ်။ မနေ့က ရွာကိုသွားကြည့်တယ် ။ အိမ်ခြေ ၈၀ မှာ ၆ လုံးပဲ ကျန်လိုက်တယ် ။ ကျန်တာတွေ မီးရှို့ခံလိုက်ရတယ်။ ရွာကိုတွေ့ရတာ မျက်ရည်ဝဲမိတယ်ဗျာ။” ဟု ရွှေရင်အေးရွာမှ ဗမာ အမျိုးသား ကို သန်းလွင်က ပြောသည်။

“ဗလီဆင်းချိန် ၂ နာရီခွဲလောက်မှာ ကျွန်တော်တို့ သရေကုန်းဘောင်ရွာကို ဘင်္ဂါလီတွေ အုပ်စုလိုက် တက်လာကြတယ်။ ရွာသားတွေက ဖုန်းနဲ့ နစက စခန်းကို အကြောင်းကြားပေမယ့် လုံခြုံရေးတွေ မရောက်မီ ရွာကိုမီးရှို့ခံရတယ်။ စပြီး ဘုန်းကြီးကျောင်းကနေ စရှို့တယ်။ နောက်ရွာကို ၀ိုင်းတယ်။ ကျွန်တော်တို့က ရွာမှာပိတ်မိနေတော့ ၀ိုင်းပြီး အရိုက်ခံရတယ်။ ကျွန်တော်တို့မိသားစုကို ဒုတ်တွေ ဓါးတွေ အပြင် ကျွန်တော့ကို ဆိုင်ကယ်ချိန်းကြိုးနဲ့ ရိုက်တယ်။ ခေါင်း၊လက်မောင်း နဲ့ ပေါင်မှာ ဒဏ်ရာရတယ်။ ရွာက ထွက်ပြီး တောင်တွေဆီ အုပ်စုတွေ ကွဲပြီးပြေးကြရတယ်။ နောက်ဆုံးကျွန်တော်တို့ အဖွဲ့တောင်ပေါ်ရောက်မှ နစကတွေ ရောက်တယ်။ ပြန်လာဖို့ အကြောင်းကြားမှ ကျွန်တော်တို့ အုပ်နှစ်စုလောက် ပြန်လာကြတယ်။ တစ်ချို့အုပ်စုတွေက တောင်ကျော်ပြီး ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။ ရွာမှာက ဆရာမောင်ချမ်းသာ အသတ်ခံ လိုက်ရတယ်။ နောက်ရွာခံ နှစ်ဦးအသတ်ခံရတယ်။ လုံခြုံရေးတွေက ကားနဲ့ မောင်တောကို ချက်ချင်းခေါ်လို့ ဒီကို ရောက်လာတာပါ။ ရွာမှာ အိမ်ခြေ ၁၇၀ ကျော်ရှိတာ မှာ ၅ လုံးလောက်ပဲ မီးမလောင်ပဲကျန်ပါတယ်။” ဟု အလိုတော်ပြည့် ကျောင်းစခန်းကို ရောက်နေသော သရေကုန်းဘောင် ကျေးရွာသား ဦးအောင်သန်းတင် (အသက် ၅၆) မှ ပြောသည်။

“ရွာဟောင်း ကိုမီးရှို့ခံရတော့ ငါတို့လဲ ထွက်ပြေးကြတယ်။ တောင်ပေါ်ကို ပြေးသွားကြတယ်။အားလုံး အုပ်စု တွေကွဲပြီး သွားကြတယ်အခု မိသားစုတွေ မစုံကြသေးဘူး။ ကျွန်တော်တို့က တောထဲမှာ မိုးရွာထဲမှာ တစ်ညလုံး နေခဲ့ရတယ်။ မိုးလင်းမှ လုံခြုံရေးတွေ ခေါ်မှ ရွာကို ဆင်းလာရတယ်။ ကျွန်တော်တို့ လာတုန်းကတော့ ရွာဘာမှ မဖြစ်သေးဘူး။ အခုတော့ ဘယ်လိုအခြေအနေ ရှိနေတယ်ဆိုတာ မသိဘူး။”ဟု ကိုင်းကြီးရွာမှ ဦးမြင့်ဦးမှ ပြောသည်။

https://www.facebook.com/ElevenMediaGroup

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More