Tuesday, June 12, 2012

ဆူပူအကြမ်းဖက်မှုကြောင့် လူ ၂၁ ဦး သေဆုံးဟု အစိုးရ တရားဝင်ထုတ်ပြန်

ဆူပူအကြမ်းဖက်မှုကြောင့် လူ ၂၁ ဦး သေဆုံးဟု အစိုးရ တရားဝင်ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၃

ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်နေ့အတွင်း လူ ၂၁ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားချက်အရ သိရသည်။

ယင်းကဲ့သို့ ဆူပူအကြမ်းဖက်မှုများကြောင့် လူနေအိမ် ၁၆၆၂လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်းခြောက်ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီးကိုးစီး ပျက်စီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်သူများက လူစုလူဝေးဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ လူနေအိမ်များအား မီးရှို့ရန် ကြိုးပမ်းခြင်း၊ တစ်ဖက်နှင့် တစ်ဖက် ရန်စောင်ခြင်း စသည်တို့ကို တာဝန်ရှိသူများက ဥပဒေနှင့်အညီ ထိန်းသိမ်းအရေးယူဆောက်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More