Tuesday, June 19, 2012

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ပြောကြားသော မိန့်ခွန်း (၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက် )

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်များ / ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ/ဒုတိဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသော မိန့်ခွန်း

၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/
ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများခင်များ-
ယနေ့အခမ်းအနားကို တက်ရောက်လာကြသူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်-
နိုင်ငံတော်အစိုးရအနေနဲ့ စတင်တာဝန်ယူတဲ့ ပထမနှစ်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လာစည်းလုံးညီညွတ်ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ပြီး ယခုနှစ်က စတင်ဆောင်ရွက်လျက် ရှိတဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ နိုင်ငံတော်နှင့် ပြည်သူတို့ရဲ့ အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်မှုကို အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး
နှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ဘ၀လုံခြုံရေး တို့ကို အရှိန်အဟုန်မပျက် တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက ရေးဆွဲလျာထားပြီး ပြည်ထောင်စု လွှတ်တော်သို့ မကြာမီတင်သွင်းမဲ့ အမျိုးသား စီမံကိန်း (မူကြမ်း) ဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္စမကာလကို (၅) နှစ် စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၊ နှစ်စဉ်စီမံကိန်း (၂) ခုကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှတ်တမ်းတင်၊ အတည်ပြုခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများရဲ့ လုပ်ငန်းကဏ္ဍ အချို့ကို လျှော့သင့်တာလျှော့ချ၊ တိုးသုံးသင့်တာ တိုးတက်လျာထားသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး တစ်ဖက်ကလည်း နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ထပ်မံလိုအပ်လာမဲ့ ရေရှည်အစီအမံများကို ဖြည့်စွက်ပြင်ဆင် ရေးဆွဲထားတာ ဖြစ်ပါတယ်။
ပဉ္စမကာလကို (၅) နှစ်စီမံကိန်း (မူကြမ်း) (၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆) ကို လက်ရှိနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အနာဂတ်မှာ ဖြစ်ပေါ်တိုးတက်လာနိုင်မဲ့ အနီးစပ်ဆုံးအနေအထားကို မျှော်မှန်းလျာထားပြီး စီမံကိန်းကော်မရှင်အစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆွေးနွေးသွားမ
ှာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ၅ နှစ်တာကာလအတွင်း-
- တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖ
ိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျမ်းမျှ (၇.၇%) တိုးတက်ရန်၊
- နိုင်ငံတော်ရဲ့ ဂျီဒီပီမှာ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၆.၄ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၆.၀ ရာခိုင်နှုန်းမှ ၃၂.၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၀န်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၈.၇ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးပြောင်းလဲဖြစ်ပေါ်စေရန်၊
- လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (Per Capita GDP) ကို အခြေခံ နှစ်ထက် (၁.၇) ဆ တိုးတက်စေရန် ရည်မှန်းထားပါတယ်။
တွက်ချက်ရရှိထားတဲ့ ဂျီဒီပီတိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖြစ်ပေါ်လာမဲ့ ပြည်သူများရဲ့ ပျမ်းမျှ တစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် (၃) ဆတိုးတက်အောင် ကြိုးစားချင်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေရေးလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်အောင်၊ အမှန်တကယ် ၀င်ငွေတိုးအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ငါးနှစ်အတွင်းမှာ (၃) ဆ တိုးအောင်ဆိုရင် လူ့စွမ်းအား၊ ငွေကြေး အရင်းအနှီးနဲ့ နည်းပညာပေါင်းစပ်ပြီး တိုးတက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ အသုံးပြု နေတဲ့ ငွေကြေး၊ အရင်းအနှီး ထည့်ဝင်ရင်းနှီးသုံးစွဲနိုင်မှုက
ို သုံးသပ်ရင်-
- နိုင်ငံတော်၏ အရ-အသုံးငွေစာရင်း (အစိုးရဘတ်ဂျက်) အကန့်အသတ်ရှိခြင်း၊
- ပြည်ပအကူအညီ အထောက်အပံ့ (Grant) နှင့် ချေးငွေ (Loan) တိုးတက်ရရှိရန် လိုအပ်ခြင်း၊
- ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်ရန်လိုအပ်ခြင်း တို့ကို အဓိက
တွေ့ရှိရမှာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးအရင်းအနှီး ထည့်ဝင်ရင်းနှီးနိုင်မှု ပမာဏထက် (၂) ဆခန့် တိုးတက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နိုင်မှသာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ၀င်ငွေတွေ တိုးတက်လာပြီး ရည်မှန်းထားတဲ့ (၃) ဆကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။
နိုင်ငံတော် အရ-အသုံးငွေစာရင်းကို ကြည့်ရင် (၂၀၁၁-၂၀၁၂) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၂,၁၅၉,၅၄၃ ကျပ်သန်းရှိပြီး (၂၀၁၂-၂၀၁၃) ဘဏ္ဍာနှစ်မှာ လိုငွေ (-) ၁,၉၅၃,၇၁၂ ကျပ်သန်းခန့် ဖြစ်ပေါ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ဂျက်လိုငွေ နှစ်ရှည်ကြာစွာ ဖြစ်ပေါ်ပါက နိုင်ငံစီးပွားရေးကို ထိခိုက်လာပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူတို့အတွက် အကျိုးရှိ ထိရောက်မဲ့ လုပ်ငန်းများမှာ ထိရောက်အကျိုးရှိအောင် အသုံးပြုခြင်း၊ စီးပွာေးရး တါက်ခြေမကိုက်တဲ့ လုပ်ငန်းများ၊ မလိုအပ်တဲ့လုပ်ငန်းများကို လျှော့ချခြင်း၊ အသုံးစရိတ်များ ချွေတာခြင်းတို့ကို တစ်ဖက်က လုပ်ဆောင်ရမှာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့ပြီး ပုဂ္ဂလိကပိုင် အခန်းကဏ္ဍကို ပြောင်းလဲဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး (Privatization) ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ပုဂ္ဂလိကပိုင် ပြုပြင်ရေးလုပ်နည်းများနဲ့အညီ နိုင်ငံပိုင်အချိုးအစား များနေသော ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍများကို ကဏ္ဍ တစ်ခုချင်း လေ့လာသုံးသပ်လျက်ပုဂ္ဂလိကပိုင် အချိုးအစား ပိုင်ဆိုင်မှုအချိုး ကူးပြောင်းပေးရင်း စွမ်းဆောင်ရည် မြင့်မားအောင် အားပေးမြှင့်တင်သွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ လုပ်ငန်းနယ်ပယ်နှင့် အချိုးအစားပါဝင်မှုကို ပြန်လည်စိစစ်၊ သုံးသပ်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ဒုတိယသမ္မတဦးဆောင်တဲ့ ”ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်းပေးပြီး ပြောင်းလဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့ မိမိတို့တာဝန်ယူရတဲ့ ကဏ္ဍနဲ့ဌာနရဲ့ လုပ်ငန်းများ အနက် မည်သည့်လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလဲဆိုတဲ့ မဟာဗျူဟာလုပ်ငန်းစဉ် (Reform Strategy) ကို ချမှတ်ရေးဆွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ Reform Strategy ရေးဆွဲနိုင်ရေးအတွက်ကိုလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီအဖွဲ့ဝင် စီးပွားရေး ပညာရှင်များနဲ့ ဌာနဆိုင်ရာများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အတိုင်းအတာတစ်ခုအထိ ပြုပြင်ပြောင်းလဲဆောင်ရွက်မဲ့ အစီအမံအဆင့်တစ်ခုကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ အလားတူ ကဏ္ဍစီမံကိန်းတစ်ခုချင်းအတွက် ဖွံ့ဖြိုးမှုစီမံကိန်း (Development Plan) များကိုလည်း ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးက ရေးဆွဲဆောင်ရွက်နေသကဲ့သို့၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း ဒေသန္တရ ဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများကို အသေးစိတ်ရေးဆွဲဆောင်ရွက်ရန် အဆင့်ဆင့်သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေတာကို တွေ့ရှိ ရပါတယ်။ စတင်ပြောင်းလဲဆောင်ရွက်ချိန်ဖြစ်လို့ အကူးအပြောင်းကာလအတွင်း လိုအပ်ချက်များ ရှိနေမှာ ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ပညာရှင်များ အကူအညီဖြင့် ပိုမိုသိရှိနားလည် ဆောင်ရွက် လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုအစိုးရအနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့အားလုံးကို ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ရေးဆွဲဖို့ကြိုးစားပေမဲ့ မြို့အားလုံး တစ်ပြိုင်နက်တည်း ကိုင်တွယ် အကောင် အထည်ဖော်ဖို့ လူအား၊ ငွေအားနဲ့ အမှန်တကယ် လိုအပ်မှုအနေအထား ရှိ/မရှိ သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများကလည်း မိမိတို့ရဲ့ မြို့နယ်အားလုံးအပေါ် ခြုံငုံလေ့လာ သုံးသပ်ကြည့်ရင် ပြည်သူတွေ လတ်တလော မြို့ကွက်၊ ရွာကွက် ချဲ့ပေးရန်လိုတဲ့မြို့နယ်၊ သောက်သုံးရေ ဖူလုံရေးနဲ့ သစ်တောသစ်ပင် ပြုစုပျိုးထောင်ရေး ဦးစားပေးလုပ်ပေးရမဲ့ မြို့နယ်၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် နှစ်တိုနှစ်ရှည် စိုက်ခင်းများ၊ စက်မှုလက်မှုနဲ့ ၀န်ဆောင်မှုလုပ်ငန်းများ ဦးစားပေးထူထောင်ရမဲ့ မြို့နယ်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးဦးစားပေးလုပ်ရမဲ့ မြို့နယ်တွေ စာရင်းပေါ်ထွက် လာမှာ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်အပေါ် ဦးစားပေးမြို့နယ်များကို နှစ်အလိုက်ဆောင်ရွက်နိုင်အောင် ဦးစားပေးအစီအစဉ် (Priority) များ ရေးဆွဲထားပြီး ဘတ်ဂျက်၊ နိုင်ငံခြား အကူအညီအထောက်အပံ့၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုရအောင် ကြိုးစားမလဲ၊ ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာကို နှစ်အလိုက် အဆင့်ဆင့် စီမံကိန်း (plan) ရေးဆွဲခြင်းဟာ မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ခြင်းပ
ဲ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပဉ္စမကာလကို ငါးနှစ်စီမံကိန်းရေးဆွဲ အတည်ပြုပြီးတဲ့နောက် နှစ် (၃၀) နှစ်ရှည် စီမံကိန်းကို ပြန်လည်သုံးသပ်ရေးဆွဲခြင်းလုပ်င
န်းအပြင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Development Plan) ကို-
- ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရ
ဲမှု လျှော့ချရေးစီမံကိန်း
- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ရင်းနှီးမြှုပ်နှံမှု စီမံကိန်း
- ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း
- ဒေသန္တရစီမံကိန်းများ
- ကဏ္ဍအလိုက် စီမံကိန်းများဖြင့် (Comprehensive Development Plan) အဖြစ် ဆက်လက် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများနဲ့တိုင်းဒေသကြီးပြည်နယ်အစိုးရများကလည်း (ဂျီဒီပီ) တိုးတက်ရေးထက် ပြည်သူတစ်ဦးချင်း၊တစ်အိမ်ထောင်ချင်းရဲ့ဝင်ငွေတိုးတက်ရေးနဲ့လူမ
ှုစီးပွားရေးဘ၀ မြင့်မားတိုးတက်ရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People-Centered Development) လုပ်ငန်းတွေကို ဦးစားပေးပြီး၊ အစီအမံရှိရှိနဲ့ မြေပြင်မှာ အမှန်တကယ်တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြား လိုပါတယ်။
ဒုတိယပိုင်းအနေနဲ့ ဆက်လက်ပြောကြားလိုတာကတော့ နိုင်ငံခြားအကူအညီ အထောက်အပံ့များကို ထိရောက်စွာ ရယူအသုံးပြုခြင်းဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (National Development Goals) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (Millennium Development Goals) အောင်မြင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံများကို လေ့လာကြည့်ရင် အဲ့ဒီနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ (Development Goals) နဲ့ ဆင်းရဲမှုလျှော့ချရေးစတဲ့ထောင်စု
နှစ်ရည်မှန်းချက်များ (Millennium Development Goals) ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နိုင်ငံရဲ့ ဘတ်ဂျက်ငွေတစ်ခုတည်းနဲ့ မလုံလောက်တဲ့ အတွက် နိုင်ငံတကာအကူအညီ အထောက်အပံ့ (Grant/Aid)၊ ချေးငွေ (Loan) နဲ့ နည်းပညာ အကူအညီများ ရယူဆောင်ရွက်ကြရပါတယ်။ ဒီလို ရယူဆောင်ရွက်တဲ့အခါမှာ ကူညီထောက်ပံ့ကြတဲ့ နိုင်ငံများ၊ အလှူရှင်များ အနေနဲ့ ၄င်းတို့ ကူညီထောက်ပံ့လိုတဲ့ ကဏ္ဍနှင့်နယ်မြေဧရိယာ ဦးစားပေးမှု အစီအစဉ်အမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးရှိကြပြီး အကူအညီရယူတဲ့ နိုင်ငံကလည်း မိမိတို့ရဲ့ ဦးစားပေးကဏ္ဍနဲ့ နယ်မြေများကို မိမိတို့ရဲ့ ဖွံ့ဖြိုးမှု စီမံကိန်း (Development Plan) နဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ (Reform Strategy) လုပ်ငန်းစဉ် ဦးစားပေး အစီအစဉ်များနဲ့ အကျိုးရှိ ထိရောက်အောင် ရည်ရွယ်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများမှ အကျိုးအမြတ် ပြန်ရချက်နည်းလို့ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ချင်တဲ့ နယ်မြေဒေသများ၊ အစွန်အဖျားဒေသများကို အစိုးရဘတ်ဂျက်နဲ့ အကူအညီအထောက်အပံ့ (Grant/Aid) ကို ဦးစားပေး သုံးစွဲပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူက စီးပွားရေး တွက်ချေကိုက်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်မြေများမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု (Investment) နဲ့ ဆောင်ရွက်ဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ချေးငွေ (Loan) ကိုတော့ အတိုးနှုန်း ပြန်ဆပ်ရမဲ့ ကာလနဲ့ ဆောင်ရွက်မဲ့ လုပ်ငန်းစီမံကိန်း (Project) ကို စီးပွားရေးတွက်ချေကိုက်မှု၊ အကျိုးအမြတ် ပြန်ပေါ်နိုင်မှု၊ ချေးငွေပြန်ဆပ်နိုင်မှုစတဲ့ အခြေအနေတွေနဲ့ စဉ်းစားရွေးချယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ စီးပွားရေးအရ ချက်ချင်းအကျိုးအမြတ် မပေါ်နိုင်သော်လည်း နိုင်ငံနှင့်လူမျိုးအတွက် ရေရှည်အကျိုးမဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ လမ်း၊ တံတား၊ ဆိပ်ကမ်းစတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာတော့ လိုအပ်ချက်အရ သုံးကြရန်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအတွေ့အကြုံတွေပေါ် မူတည်ပြီး ထိရောက်သော နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲမှု (Effective Aid Management) ရရှိရန်အတွက် နိုင်ငံတော် အစိုးရအနေနဲ့ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကောင်မတီ၊ လုပ်ငန်းကော်မတီနဲ့ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတို့ကို ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံခြားအကူအညီ အထောက်အပံ့ဆိုင်ရာ ကိစ္စရပ်များကို စီမံချက်များ စနစ်တကျရေးဆွဲပြီး စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများနဲ့ တိုင်းဒေသကြီးပြည်နယ် အစိုးရ ၀န်ကြီးချုပ်များအနေဖြင့် မိမိတို့ရဲ့ကဏ္ဍ စီမံကိန်း ဒေသန္တရစီမံကိန်းများနဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ လုပ်ငန်းစဉ်များနဲ့အညီ နိုင်ငံခြားအကူအညီ (Grant/Aid)အသုံးပြုရန် လိုအပ်သည့် ဦးစားပေး ကဏ္ဍများနှင့် ဦးစားပေးနယ်မြေများကိုလည်းကောင်း၊ ချေးငွေ (Loan) ရယူရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအတွက် ပြည်ထောင်စု ၀န်ကြီးဌာနများက တိုင်းဒေသကြီး ပြည်နယ်များနှင့် ညှိနှိုင်းပြီး မိမိတို့တာဝန်ယူ၍ တိုးတက်အောင် ဆောင်ရွက်နိုင်မည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ ထိုရောက်မည့် လုပ်ငန်းများကို ဦးစားပေးရွေးချယ်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ရှေးကကဲ့သို့ Top-Down ခွဲဝေချထားမှုမျိုး ဆောင်ရွက်မှာ မဟုတ်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး
စီမံကိန်းနှင့်အညီ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည့် ဦးစားပေးကဏ္ဍနှင့် နယ်မြေများကို အောက်ခြေအဆင့်ကစပြီး Bottom-Up လုပ်ငန်းစဉ်နှင့် တင်ပြ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီးဌာနများ (ဥပမာ ဆက်သွယ်ရေး၊ လျှပ်စစ်၊ စက်မှု) ကလည်း မိမိတို့၏ ကဏ္ဍအလိုက် ချေးငွေမည်မျှရယူ၍ ရင်းနှီးမြှုပ်နှံလျှင် တိုးတက်မှု မည်မျှရအောင် ဆောင်ရွက်နိုင်မည်ကို တွက်ချက်ပြီး၊ တာဝန်ယူ၍ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးများက မိမိတို့ တာဝန် ယူတဲ့ ကဏ္ဍတိုးတက်အောင် စီးပွားရေး တွက်ချေကိုက်မယ်ဆိုရင် Calculated Risk ဖြင့် နိုင်ငံခြားငွေရယူပြီး ရဲရဲတင်းတင်း တာဝန်ယူဆောင်ရွက်သွားမှသာ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။
တစ်ဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး မထိခိုက်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရွေးချယ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာမှာ အလုပ်ရရုံသက်သက်မဟုတ်ပဲ အခြေခံလုပ်ခလစာများ ပြည့်ပြည့်၀၀ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ အနေနဲ့ အခြားနိုင်ငံများနည်းတူ အနည်းဆုံး အခကြေးငွေဥပဒေတစ်ရပ် ရေးဆွဲပြီး၊ လွှတ်တော်သို့ တင်သွင်းရန် စီစဉ်ထားပါတယ်။
ဘတ်ဂျက်နဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့ကိစ္စ ပြောကြားပြီးတဲ့နောက် တတိယပိုင်းမှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှ
ံမှု တိုးတက်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်။ ရင်းနှီးမြှုပ်နှံသူများအတွက် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများဟာ အရေးကြီးပြီး လုပ်သာကိုင်သာရှိဖို့ လိုသလို ဥပဒေအရ အကာအကွယ်ပေးမှုရှိမှာသာ လာရောက် ရင်းနှီး မြှုပ်နှံ ကြမှာဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြင်ဆင်ရေးဆွဲခဲ့ပြီး၊ မကြာမီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့အထူးစီးပွားရေးဇုံ ဥပဒေမူကြမ်းကို ရေးဆွဲပြီးဖြစ်၍ သက်ဆိုင်ရာဌာနများနဲ့ စီးပွားရေးအဖွဲ့အစည်းများရဲ့ သဘောထား အကြံပြုချက်များ ရယူပြီးပါက လွှတ်တော်သို့ တင်သွင်းမှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဟာ အဓိကမောင်းနှင်အားဖြစ်ပါတယ်။ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့် အလမ်းများနဲ့ လူမှုစီးပွားရေး တိုးတက်မှုအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တစ်ဖက်က တိုးတက်အောင် ကြိုးပမ်းရမှာဖြစ်သလို တစ်ဖက်ကလည်း မိမိနိုင်ငံနှင့် လူမျိုးအကျိုးစီးပွား မထိခိုက်ရေး၊ နိုင်ငံ ဂုဏ်သိက္ခာမထိခိုက်ရေး၊ နိုင်ငံအချုပ်အခြာအာဏာ မထိခိုက်ရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး တို့ကိုလည်း ရပ်တည်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ သတ္ထုသယံဇာတစသည့် သဘာဝ သယံဇာတ အရင်းအမြစ်များကို နောင်သားစဉ်မြေးဆက်အထိ စနစ်တကျ သုံးစွဲနိုင်မဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ရရှိရေးကို စနစ်တကျ စီမံ တွက်ချက် အသုံးပြုဆောင်ရွက်သွားကြရန် လိုအပ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနဲ့ မတူပဲ အခက်အခဲတွေ့ရတဲ့ ကိစ္စတစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံအချို့ကိုကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှု အဆင့်အတန်းနဲ့ လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်မှု အခြေအနေ တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ဒေသန္တရ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (City Development Plan)၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Village Development Plan) တို့ကို မြို့နယ်အဆင့်ကစပြီး ကော်မတီများ ဖွဲ့စည်း ရေးဆွဲဆောင်ရွက်စေခဲ့တာဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေအချိုးအစားနဲ့ ပြည်သူတို့၏ နေထိုင်မှု လိုအပ်ချက် ပြည်သူတို့၏စားသောက်မှု လိုအပ်ချက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ်ယာမြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းများ၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတို့၏ သောက်သုံးရေလိုအပ်ချက်၊ လမ်းပမ်းဆက်သွယ်ရေးအခြေအနေနှင့်
ပြည်သူတို့၏သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ (Land Use Policy) နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး (Land Use Management) တို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။
သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င်ကျူးကျော်ဝင်ရောက် လုပ်ကိုင် နေထိုင်ရာမှ ၄င်းတို့လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲ ရှိလာတဲ့ အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုမပေးနိုင်သည့် အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တို၊ နှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင် လုပ်ကိုင်ခြင်းအစား မြို့ကွက်၊ ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ ချထားစီမံပေးခြင်းတို့ကို စုစည်း ပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့ နှစ်ရှည်ပင်များ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲ ထူထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်းစေလျက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု လူနေမှုအဆင့် အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ မြေယာ အသုံးချမှု မူဝါဒများ ရေးဆွဲပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာခွဲဝေ အသုံးချမှု စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် မြေယာ ခွဲဝေအသုံးချမှု စီစစ်ဆောင်ရွက်ရေး ကောင်မတီကို ဖွဲ့စည်းထားပြီး ဖြစ်တဲ့အတွက် ပြည်ထောင်စု ၀န်ကြီးဌာနများနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေနဲ့ မိမိတို့ရဲ့ မြို့ရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတ္ထု၊ ကျောက်မျက်၊ စွမ်းအင်၊ တွင်းထွက်ပစ္စည်းများ ရှာဖွေထုတ်လုပ်မှု စိုက်ခင်းကြီးများနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အဆိုပါကော်မတီသို့ မြေယာခွဲဝေအသုံးချရေး စီစစ်အတည်ပြု ပေးနိုင်ရန် ပေးပို့တင်ပြ ညှိနှိုင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ယင်းကော်မတီမှ စီစစ်ပြီးပါက ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကောင်မရှင်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ မြေလွတ် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီနှင့် သက်ဆိုင်ရာ ဌာနများသို့ ဖြန့်ဝေညှိနှိုင်း ဆက်စပ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ မြေယာနှင့်စပ်လျဉ်းတဲ့ ဌာနဆိုင်ရာ အသီးသီးအနေနဲ့ မိမိတို့ရဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ မြေဧရိယာခွဲဝေအသုံးပြုသည့် သတ်မှတ်ချက်များ အမျိုးမျိုးအဖုံဖုံကွဲပြားပြီး လက်တွေ့မြေပြင်၌ စီမံခန့်ခွဲ နိုင်ခြင်းမရှိသည့် အခြေအနေမှ နိုင်ငံတကာနှင့်အညီ ခေတ်နှင့်အညီ လက်တွေ့စီမံခန့်ခွဲနိုင်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အခွန်အကောင်ဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ညှိနှိုင်းရေးဆွဲ အတည်ပြု ပြဋ္ဌာန်း ဆောင်ရွက်သွားမှသာ ထိရောက်တဲ့ စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
မြို့ကွက်၊ ရွာကွက်၊ အိမ်ကွက်၊ စိုက်ကွက်နှင့် အခြားစီးပွားရေးလုပ်ကွက်များကို
လည်း တိကျ မှန်ကန်စွာ စာရင်းကောက်ယူ မှတ်ပုံတင်စာရင်းသွင်းခြင်း၊ အရောင်းအ၀ယ်ပြုလုပ်မှုများကို အခွန်အကောက် လုပ်ထုံးလုပ်နည်းများနှင့် ဆက်စပ်ညှိနှိုင်း၍ ပိုင်ဆိုင်မှုစာရင်းများ တိကျမှန်ကန်စွာ ဆောင်ရွက်ပေးခြင်းကိုလည်း အခြေခံခိုင်မာအောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ တိုင်းဒေသကြီး ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အနေနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးစုများနဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် နယ်စပ်ဒေသတွေမှာ နေရေး၊ ထိုင်ရေး၊ လုပ်ကိုင်စားသောက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက အခြားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေရသူများ၊ မိမိဒေသ များသို့ ပြန်လည် အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရန်
- မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးစီမ
ံကိန်းများနဲ့အညီ စနစ်တကျ နေရာချထားပေးခြင်း
- ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခြေအနေများ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း
- စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အဆင့်မှ စီးပွားဖြစ်အဆင့်သို့ ကူးပြောင်းနိုင်ရန် စီးပွားဖြစ် စိုက်ခင်းကြီးများ၊ စီးပွားဖြစ် မွေးမြူရေးကုန်ထုတ်လုပ်ငန်းကြီး
များ၊ စက်ရုံစုကြီးများ စနစ်တကျ ထူထောင်ပေးခြင်း
- ယင်းကုန်ထုတ်လုပ်ငန်းများမှ ထွက်ရှိလာသော ကုန်ပစ္စည်းများကို လက်လီအဆင့်မှ လက္ကား ကုန်စည်ဒိုင်ကြီးများ၊ ကုန်သွယ်ရေးဇုံများအဖြစ် ဈေးကွက်ဖွံ့ဖြိုးအောင် စီမံဆောင်ရွက်ပေးခြင်း
- နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့်
ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှု လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။
(credit goes to original uploader

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More