Saturday, June 23, 2012

ရခိုင် ၁၀ ဦးသတ်သူ အကြမ်းဖက်သမား တစ်ရာကျော်ကို စစ်တွေထောင်သို့ပို့

ရသေ့တောင်မြို့နယ်ရှိ အနောက်ပြင် ရွာတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆယ်ဦးသတ်မှုတို့တွင် ပါဝင်သူအကြမ်းဖက်သမား တစ်ရာကျော်ကို ဖမ်းဆီးပြီး စစ်တွေထောင်သို့
ပို့ဆောင်ထားပြီးဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးမောင်လှမြင့်ကဆိုသည်။

အဆိုပါ လူသတ်မှုနှင့်အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများမှ (၂၂) ဦးကို ဇွန်လ (၂၁) ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထွက်ပြေးနေသူများအထဲမှ (၃၁) ဦးကို ဇွန်လ (၂၂)ရက်နေ့က ဆက်လက်
ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ထပ်မံ၍ ပါဝင်သူ (၅၀)ဦးကျော်ကို ဇွန် (၂၃) ရက်နေ့ကဖမ်းဆီးခဲ့သဖြင့် ပြစ်မှုဆိုင်ရာပုဒ်မ -၃၀၂ (က) /၁၁၄၊ ပုဒ်မ - ၂၁၁၊ ပုဒ်မ - ၅၀၆ တို့အပါအဝင် အခြားပြစ်
မှုဆိုင်ရာများဖြင့် ဖမ်းဆီးခဲ့ပြီး စစ်တွေ အကျဉ်းဦးစီးသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတဲ့ သူတွေကို စစ်တွေထောင်ချုပ်ကိုပို့တယ်လို့ပြောတယ်။ ဒီနေ့လည်း ထပ်ပြီး ဖမ်းမိတယ်လို့ကြားတယ်။ ဘယ်သူတွေက တရားလိုပြုတယ် ဆိုတာတော့ သေချာမသိဘူး” ဟု
ရသေ့တောင်မြို့နယ် ရခိုင်တိုင်ရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဦးမောင်လှမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားပုံမှာ ဇွန်လ (၁၉) ရက်နေ့ နံနက် (၆) နာရီခန့်တွင် ရသေ့တောင်မြို့နှင့် ငါးမိုင်ခန့် ကွားဝေးသည့် ကူတောင်ရွာအနီး အိမ်ခြေ (၁၀) လုံးဝန်းကျင်သာရှသည့်
ကူတောင်အောက်ရွာသို့ အနောက်ပြင်ရွာမှ အကြမ်းဖက် သမားတစ်ရာကျော်က နေအိမ်များကို မီးရှိုးရန်ဝိုင်းထား ခဲ့ပြီးမီးရှိုးနေစဉ် ကူတောင်ရွာ နှင့်ဦးဂါရွာတို့မှ ဒေသခံများကသိရှိပြီး
အဆိုပါရွာများမှ ရွာသားနှစ်ရာခန့်က ပြန်လည်ခုခံရန် ဒုတ်၊ ဓား များကိုင်ဆောင်ကာ ကူတောင်အောက်ရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့သို့ရောက်ရှိစဉ်အနောက်ပြင်ရွာမှ အကြမ်းဖက်သမားများက ၎င်းတို့နေထိုင်ရာ အနောက်ပြင်ရွာသို့ပြန်လည်ထွက်ပြေးသွားခဲ့ပြီး ထို့သို့ထွက်ပြေးသူများနောက်သို့ ကူတောင်ရွာနှင့်။
ဦးဂါရွာမှ ရွာသားများကလိုက်သွားခဲ့သည်ဟုဆိုသည်။ ထို့နောက် အနောက်ပြင်ရွာသို့ ရောက်ရှိသွားကြပြီး အနောက်ပြင် ရွာသားများက ၎င်းတို့ရွာထဲသို့ ပြေးဝင်သွားပြီး ခဏအကြာ
တွင် သေနတ် ပစ်ဖောက်သံ တစ်ချက်ကြားရပြီး အချက်ပေး ဝီစီများမှုတ်အပြီးတွင် အနောက်ပြင်ရွာမှ ရွာသား (၆၀၀) ကျော်ခန့်ထွက်ရှိလာကာ ၎င်းနောက်သို့ပါလာသည့် ကူတောင်ရွာနှင့်
ဦးဂါရွာသားများက လူအင်အားနည်းသည့်အတွက် ထွက်ပြေးကြရာမှ တစ်ဦးနှင့် တစ်ဦး တိုက်မိခြင်း၊ လဲကျခြင်း တို့ကြောင့် ကျန်ရှိခဲ့ည့် (၁၀) ဦးအား အနောက်ပြင်ရွာသားများက
သတ်ဖြတ်ခဲ့ခြင်းကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံက ဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ တပ်မတော်မှ (၉) နာရီ (၁၅) မိနစ်တွင် အခင်းဖြစ်ပွားပြီးချိန်တွင် ရောက်ရှိသွားကြောင်း၊ အနောက်ပြင်ရွာမှ ရွာသားတစ်ဦးမှ တူးမီးသေနတ်တစ်လက်အား
ရဲတပ်ဖွဲ့အား အပ်နှံခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားနေစဉ် အနောက်ပြင် ရွာမှ ရွာသားများက ၎င်းတို့နေအိမ်များ ကောက်ရိုးများနှင့် ကိုယ်တိုင်မီးရှိုးခြင်း၊ ၎င်းတို့နေအိမ်များကို ကိုယ်တိုင်ဖျက်ဆီး
ခြင်းများ ပြုလုပ်ခဲ့သည် ဟု ဒေသခံဖြစ်သူ ဦးမောင်သန်းမြင့်ကဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က “ဒီရသေ့တောင်ကိစ္စက လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းနေသေးတဲ့အတွက် ဒီလိုထပ်မံဖြစ်ပွားနေတာ
ဖြစ်တယ်။ လက်ရှိ တာဝန်ယူဆောင်ရွက်နေတဲ့ အစိုးရမှာရော၊ အခြေခံဥပဒေအရ သမ္မတက အကူအညီတောင်းခံထားတဲ့ တပ်မတော်မှာရော တာဝန်ရှိပါတယ်လို့ပဲမြင်ပါတယ်” ဟုဆိုသည်။
http://terrorist2012.blogspot.com/2012/06/blog-post_29.html

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More