Monday, June 11, 2012

ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၂)ရက်နေ့ နောက်ဆုံးရ သတင်းများ news-eleven.com

စစ်တွေမြို့တွင် ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ လူမျိုးခြားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံး၊အိမ်ခြေ ၇၀ နီးပါးမီးလောင်မှုကြောင့် ပျက်စီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ လူမျိုးခြားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံး၊အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။ ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ လူမျိုးခြားတို့ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့် ရခိုင်အမျိုးသမီးဦးကို သံထော်လီကျေးရွာရှိ လူမျိုးခြားများမှ ဖမ်းဆီးခေါ်ဆောင် သွားသောကြောင့်ဖြစ်သည်။
ယင်းထွက်ပေါ်ခဲ့သည့် သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင် ကျေးရွာအများရှိ ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး သံထော်လီကျေးရွာမှ လူမျိုးခြားနှင့် မွန်းလွဲ (၁း၄၅) အချိန်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကာအဆိုပါကျေးရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ ၀န်းကျင်နှင့် လူမျိုးခြားဦးရေ တစ်ထောင်ဝန်းကျင်တို့ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆ နာရီအချိန်ထိ တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ ရခိုင်လူမျိုး(၃)ဦးနှင့် လူမျိုးခြားနှစ်ဦးတို့ သိရှိရသည်။

အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့ အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက် သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊ အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံထော်လီကျေးရွာက လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့ ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့ လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင် သံထော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့် ပြန်လည်ပစ်ခတ်ရကြောင်းသိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး လူမျိုးခြားများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး သံထော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင် တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍ အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့ နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု ပြောကြားခဲ့သည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၅၃ နာရီ
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။
jun12-01
တရားခံနှစ်ဦးအား တရားရုံးသို့ယူလာစဉ်
ရခိုင်ပြည်နယ်အတွင် ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် ဒေသခံများဖြင့် ယာယီအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို လှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း (စစ်တွေ) ဖုန်း ၀၄၃-၂၂၄၇၅, ဦးမောင်ထွန်းကျော် ၀၉၈၅၀၀၉၄၄၊ ဦးသန်းရွှေ ၀၉၈၅၀၀၂၄၁၊ ဦးရွှေထွန်းအောင် ၀၉၈၅၀၀၅၉၀၊ ဦးအောင်ကျော်ဇံ ၀၉၈၅၀၀၄၅၀ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၂၁ နာရီ
ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကမ္ဘောဇဘဏ်အနီးတွင် ဘင်္ဂါလီလူငယ်တစ်ဦးကို ဓါတ်ဆီပုံးနှင့်အတူ တွေ့ရှိပြီး ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
ဇွန်လ ၁၂ ရက် နံနက် ၉း၁၅ နာရီ
စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့ ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့် ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍ လည်းကောင်း၊ လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင် သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ သတင်းထောက်၏ ပေးပို့ချက်အရ သိရှိရပါသည်။

ယမန်နေ့ညက စစ်တွေမြို့ပေါ်ရှိ NGO အချို့၏နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ သက်ဆိုင်ရာမှ အတည်မပြုနိုင်သေးသော သတင်းများအရ NGO အဖွဲ့တစ်ခု၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ အဆိုပါ ဖမ်းဆီးမှု မတိုင်မီအချိန်က UN အဖွဲ့အစည်းတစ်ခု၏ ရခိုင်ပြည်နယ်တာဝန်ခံ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို မောင်တောမြို့၃ မိုင် စခန်းတွင် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းသတင်းကို မှန်ကန်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးစလုံးမှာ ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါသည်။

ယနေ့တွင် UN အဖွဲ့မှ တာဝန်ရှိသူအချို့ လေယာဉ်စင်းလုံးဌားပြီး စစ်တွေမြို့သို့ ရောက်ရှိလာမည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။ ထိုသတင်းကို ကြားသိထားရသော်လည်း ယခုအချိန်ထိ အတိအကျ မသိရှိရသေးကြောင်း စစ်တွေလေယာဉ်ကွင်းတွင် စောင့်ဆိုင်းနေသော တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ယနေ့နံနက်ပိုင်းတွင် ဓညဝတီ (ခ)ရပ်ကွက်ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့လိုက်ကြောင်း သိရပါသည်။

စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ အခြေစိုက်နေထိုင်သည့် ရပ်ကွက်များဖြစ်ကြပါသည်။ အဆိုပါရပ်ကွက်များအနက် ဘုမေရွာရပ်ကွက်ရှိ ဘင်္ဂါလီများ၏ ထကြွမှုမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း ကျန်ရပ်ကွက်နှစ်ခုမှာ ငြိမ်သက်မှုမရှိသေးကြောင်းသိရပါသည်။ စစ်တွေမြို့တွင်း၌ ဘင်္ဂါလီများ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေမြို့တွင်းရှိ လူမနေသော ဘင်္ဂါလီနေအိမ်အချို့ကို စစ်တွေမြို့ခံများက မီးရှို့ဖျက်ဆီးလိုက်ပြီး ဘင်္ဂါလီများ စစ်တွေမြို့တွင်းသို့ နောက်ထပ် ဝင်ရောက်နေထိုင်ခြင်းမရှိရန် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ဗလီအချို့ကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိရပါသည်။

ယနေ့တွင် နာဇီရွာရပ်ကွက်ရှိ အကွက်အမှတ် ၁ ၊ ၂ ၊ ၁၁၊ ၁၂ မှ ဘင်္ဂါလီများ ထကြွလာနိုင်သည်ဟု စစ်တွေဒေသခံ လုံခြုံရေးတာဝန်ရှိသူအချို့က ခန့်မှန်းထားကြပါသည်။ အထူးသဖြင့် နာဇီ အကွက် ၁ နှင့် ၂ တွင် အာဘုလူနှင့် အာမီဆန်း တို့၏နေအိမ်တွင် လက်နက်များ စုနေသည်ဟုသော သတင်းများထွက်ပေါ်နေပါသည်။ ထို နှစ်ဦးသည် နာဇီရွာရပ်ကွက် အတွင်း ငွေကြေးချမ်းသာသော ဘင်္ဂါလီနှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မပြတ်ဆက်သွယ်မှု ရှိနေသူများဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်ထိ စစ်တွေမြို့၏ အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ခိုင်မာတိကျသော အတည်ပြုချက်မရရှိသေးပဲ စစ်တွေဒေသခံများ၏ သတင်းပေးပို့ချက်များကိုသာ သတင်းထောက်များက အားပြုနေရကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More