Saturday, January 28, 2012

အာရှ၏မဟာဗျူဟာစစ်တုရင်ပြိုင်ပွဲသစ်

 အာရှ၏မဟာဗျူဟာစစ်တုရင်ပြိုင်ပွဲသစ်(၁)
့ကမ္ဘာကြီး၏ပထ၀ီအနေအထားပြောင်းလဲသွားသည်နှင့်နိုင်ငံတကာဆက်ဆံရေးပုံစံသည်လည်းအမှန်ပင်ပြောင်းလဲသွားမြဲဖြစ်သည်။စူးအက်တူးမြောင်းကလေးဖောက်လုပ်လိုက်နိုင်
ခြင်းဖြင့်အတ္တလန္တိတ်သမုဒ္ဒရာနှင့်အိန္ဒိယသမုဒ္ဒရာတို့ဆက်သွယ်မိကြပြီးဥရောပနှင့်အာရှသည် လည်းတိုက်ရိုက်ဆပ်စပ်သွားခဲ့ရသည်။တစ်နည်းပြောရလျှင်ကမ္ဘာကြီး၏ဆက်ဆံရေးဟောင်းများပျောက်ပျက်သွားခဲ့ရပြီးဆက်သွယ်ရေးပုံစံသစ်များပေါ်ထွန်းလာရလေ့ရှိသည်။တစ်ဆက်တည်း မှာပင်နေရာအခင်းအကျင်းသစ်နှင့်ဆက်ဆံရေးပုံစံအသစ်များလည်းသဘာဝကျစွာပေါ်ပေါက်
လာရတော့၏။ဤတွင်အိမ်နီးချင်းဟောင်းများပြောင်းသွားတတ်ပြီးအိမ်နီးချင်းသစ်များလည်း ရောက်လာတတ်လေ့ရှိ၏။ရေသေအိုင်တို့သည်လည်းရှင်သန်လှုပ်ရှားစီးဆင်းသွားကာမဟာဗျူဟာရေစီးကြောင်းဖြစ်လာရတတ်ပါသည်။ဆိုရလျှင်နေရာဒေသအချို့၏အရေးပါမူ့လျော့ပါးကျ ဆင်းသွားတတ်သကဲ့သို့နေရာဒေသတချို့၏အရေးပါသည့်မဟာဗျူဟာရပ်ဝန်းမျိုးဖြစ်လာတတ်ပါသည်။
(အာရှမြေပုံသစ်)
့နောင်လာမည့်နှစ်အချို့အတွင်းမှာပင်အာရှ၏ပထ၀ီအနေအထားသည်သိသာထင်ရှားစွာအခြေခံကျသည့်ဦးတည်ချက်များပြောင်းလဲသွားသည်ကိုကမ္ဘာကြီးကမျက်ဝါးထင်ထင်မြင်ကြရ ပေတော့မည်။အထူးသဖြင့်တရုတ်နိုင်နှင့်အိန္ဒိယနိုင်ငံတို့သည်မဟာဗျူဟာအရပိုမိုနီးကပ်လာ သည့်အိမ်နီးချင်းများဖြစ်လာပေတော့သည်။ဟိုးယခင်အချိန်ကကိုးကတ္တားနှင့်ယန်စီမြစ်ဝှမ်းကြားရှိမိုင်ပေါင်းထောင်ချီကျယ်ပြောဝေးကွာသောမြေကြောကြီးမှာရေအိုးနှင့်ရေမှုတ်ပမာနီးကပ်ကျဉ်းကျုံ့သွားပေတော့မည်။(ထို့အပြင်အနောက်တိုင်းသံတမံများအနေဖြင့်လူ့အခွင့်အရေးဆိုင်ရာမူဝါဒ ပြသနာကျဉ်းကျဉ်းလေးမှသာစိတ်ဝင်စားစရာဖြစ်ခဲ့ရသောမြန်မာပြည်ငယ်လေးသည်မကြာမှီမှာ ပင်မဟာဗျူဟာအရအလွန်အရေးပါသည့်ဆုံချက်နေရာဖြစ်လာပေလိမ့်မည်။)ယခင်ကအဖုအထစ်အတားအစီးများလှသောမြန်မာပြည်၏မြေမျက်နှာအသွင်အပြင်သည်ကြီးကျယ်လှသောအခြေခံအဆောက်အအုံ(Infrastructure)ဆိုင်ရာစီမံကိန်းကြီးများ၏သိမ်းသွင်းချော့မြူမူ့အောက်တွင် သိမ်မွေ့နုးညံ့လှပလာပေတော့မည်။ပိုမိုအရေးပါသည့်အချက်မှာရှေးဟောင်းယဉ်ကျေးမူ့လူ့အဖွဲ့အစည်းကြီးနှစ်ရပ်အကြားတွင်ခြံစည်းရိုးလေးသဖွယ်ကြားညှပ်နေခဲ့ရသောမြန်မာပြည်သည်ဤ
နိုင်ငံကြီးနှစ်နိုင်ငံ၏နိုင်ငံရေး၊စီးပွားရေး၊လူမူ့ရေးသဘာဝပတ်ဝန်းကျင်ဆိုင်ရာအရေးပါသည့်ရေစီးကြောင်းကြီးတစ်ခုဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။(ယခုအခါမှာရှေးဟောင်းခေတ်ကာလကအတားအစီးများပြိုကျခဲ့လေပြီ။အာရှ၏မြေပုံအသစ်ကိုပြန်လည်ရေးဆွဲကြရပေတော့မည်။) ထောင်စုနှစ်နှင့်ချီကြာမြင့်ခဲ့သောကာလများအထိတရုတ်လူ့အဖွဲ့အစည်းနှင့်အိန္ဒိယလူ့အဖွဲ့အစည်းကြီးနှစ်ရပ်ကိုနေရောင်မထိုးဖောက်နိုင်သောတောနက်ကြီးများ၊လူသတ်ဌက်ဖျားရောဂါ နှင့်အန္တရယ်ကြီးမားလှသောတိစ္ဆာန်ကြီးများကဆီးတားထားခဲ့၏။အလားတူမြင့်မားလှသည့် ဟိမ၀န္တာတောင်တန်းနှင့်လူအရောက်အပေါက်နည်းလှသောတိဗက်ကုန်းမြေမြင့်တို့ကပိုင်းခြား ကန့်သတ်ထားခဲ့၏။သို့ဖြင့်တရုတ်နှင့်အိန္ဒိယလူ့အဖွဲ့အစည်းကြီးနှစ်ခုတို့တွင်မတူခြားနားသော
အမျိုးအနွယ်ဘာသာစကားနှင့်ကွဲပြားခြားနားသောဓလေ့ထုံးစံယဉ်ကျေးမူ့တို့သီးခြားစီတည်ရှိလာခဲ့ကြ၏။အိန္ဒိယမှတရုတ်သို့ဖြစ်စေတရုတ်မှအိန္ဒိယသို့ဖြစ်စေသွားရောက်လိုလျှင်သံတမံများ၊ဘုန်းတော်ကြီးများ၊သာသနာရေးအဖွဲ့အစည်းများနှင့်ကုန်သည်များအနေဖြင့်မြင်းများကုလားအုတ် များစီး၍အာရျအလယ်ပိုင်းနှင့်အာဖဂန်နစ္စတန်ရှိသဲကန္တာရများထဲမှအိုအေစစ်များကိုဖြတ်သန်းသွားလာကြရ၏။သို့မဟုတ်ဘင်္ဂလားပင်လယ်အော်မှမလ္လကာရေလက်ကြားကိုဖြတ်ပြီး တောင်တရုတ်ပင်လယ်ထဲသို့သဘောင်္ဖြင့်ဖြတ်သန်းဝင်ရောက်ကြရ၏။
သို့သော်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အားသည်အရှေ့ဆီသို့ဦးတည်နေသည့်အလျောက်အရှေ့အာရှ၏ဖွဲ့စည်းပုံသဏ္ထာန်မှာလည်းအချိန်နှင့်အမျှပြောင်းလဲလျက်ရှိ၏။အာရှတိုက်၏နယ်နမိတ်အ ကန့်အသတ်များပြောင်းလဲပြိုကွဲနေသည့်အလျောက်အာရျသည်မည်သည့်ခေတ်ကာလနှင့်မျှမတူအောင်ကူးလူးဆက်နွယ်ဆက်သွယ်လှုပ်ရှားလျက်ရှိပေသည်။

အာရှ၏မဟာဗျူဟာစစ်တုရင်ပြိုင်ပွဲသစ်(၂)
(အပြောင်းအလဲများ၏အသည်းနှလုံး)
လက်ရှိအာရှတိုက်ရှိအပြောင်းအလဲများ၏အသည်းနှလုံးများ၏နေရာမှာမြန်မာပြည်
ပင်ဖြစ်ပေသည်။စင်စစ်အားဖြင့်မြန်မာနိုင်ငံသည်တိုင်းပြည်ငယ်လေးတစ်ခုမဟုတ်ပါ။မြန်မာနိုင်ငံ
၏အကျယ်အ၀န်းမှာဗြိတိန်နှင့်ပြင်သစ်နှစ်နိုင်ငံပေါင်းစည်းထားသည့်ဧရိယာမျှကျယ်ပြန့်ပါသည်။
သို့သော်သန်း၆၀မျှသာရှိသည့်မြန်မာပြည်၏လူဦးရေမှာ၂.၅ဘီလျံမျှရှိသည့်တရုတ်ပြည်နှင့်အိန္ဒိယ
နှစ်နိုင်ငံပေါင်းလူဦးရေနှင့်နှိုင်းစာလျှင်ဇီးစေ့နှင့်မြင့်မိုရ်မျှသာဟူ၍ပြောရပါလိမ့်မည်။တနည်းပြောရ
လျှင်အိန္ဒိယနှင့်တရုတ်ပြည်ဆိုသည့်နိုင်ငံကြီးနှစ်နိုင်ငံအကြားရှိကျိုးပျက်နေသောဆက်ကြောင်း
ပေါ်တွင်မြန်မာနိုင်ငံတည်ရှိနေပေသည်။ထပ်၍ဆိုရလျှင်တရုတ်နှင့်အိန္ဒိယဆက်ဆံရေး၏အသက်
သွေးကြောဖြစ်သည့်အဓိကချက်ကြိုးမှာမြန်မာနိုင်ငံဖြစ်နေပေတော့သည်။
သို့တိုင်၂၁ရာစုတွင်မြန်မာနိုင်ငံသည်ဤသို့သောအခင်းအကျင်းနှင့်မဟာဗျူဟာအရ
အရေးပါသည့်နေရာဖြစ်လာနိုင်စရာရှိသည်ဟူ၍ယူဆစရာအကြောင်းသိပ်မရှိခဲ့ပါ။မြန်မာနိုင်ငံ၏
မဆုံးနိုင်အောင်ဖြစ်ပွားခဲ့ကြသောပြည်တွင်းစစ်များ၊အတိုက်အခံတို့၏ဒီမိုကရေစီရေးလှုပ်ရှားမူ့
များအဆက်မပြတ်ဖြစ်ပွားနေမူ့အစိုးရအဆက်ဆက်၏ဖိနှိပ်မူ့နှင့်စီမံခန့်ခွဲရေးညံ့ဖျင်းမူ့တို့ကြောင့်
သယံဇာတကြွယ်ဝသလောက်ဆင်းရဲမွဲပြာကျနေခဲ့သောတိုင်းပြည်ဖြစ်နေခဲ့ရသည်။သို့ဖြင့်မြန်မာ
နိုင်ငံသည်လကွယ်ညသန်းခေါင်ယံအမှောင်ထုအောက်တွင်မျှော်လင့်ချက်တိမ်တစ်စမျှရှာဖွေ၍
မရအောင်လမ်းပျောက်နေခဲ့ရသည်။ထိုသို့မြန်မာနိုင်ငံလမ်းပျောက်နေစဉ်အရှေ့အာရှဒေသမှာ
ကမ္ဘာကြီး၏စီးပွားရေးအဖွင့်ဖြိုးဆုံးနယ်ပယ်၊အလားအလာအကောင်းဆုံးရပ်ဝန်းကြီးဖြစ်လာနေ
ခဲ့သည်။ထို့ကြောင့်၂၀ရာစုအကုန်ပိုင်းအထိမြန်မာနိုင်ငံကိုအနောက်တိုင်းကလူ့အခွင့်အရေးနှင့်
ဒီမိုကရေစီပြသနာလောက်တွင်သာအလေးထား၍စီးပွားရေးအရအကူအညီမပေးသည့်အပြင်
ဆန်ရှင်(Sanction)ချဒဏ်ခတ်ထားခဲ့ကြသည်။သို့သော်၂၁ရာစု၏ပထမဆယ်စုနှစ်အတွင်းမှာတွင်
အပြောင်းအလဲများစွာကမျှော်လင့်ချက်ရောင်ချည်ကိုမြန်မာပြည်မှစတင်မြင်တွေ့ခဲ့ကြရသည်။
(တရုတ်ပြည်၏ကယ်လီဖိုးနီးယား)
ယင်းသို့အနောက်တိုင်းကမြန်မာပြည်ကိုဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအကြောင်း
ပြချက်ဖြင့်ဖိအားပေးနေစဉ်ဤအနေအထားကိုတရုတ်တို့ကမြန်မာပြည်နှင့်ပူးပေါင်းဆောင်ရွက်ရေး
အတွက်အခွင့်အခါကောင်းအဖြစ်ရှု့မြင်နေခဲ့ကြသည်။ထိုအခွင့်အရေးများကိုမြန်မာပြည်အားအကူ
အညီပေးခြင်းဖြင့်ငုင်းတို့၏မဟာဗျူဟာရည်မှန်းချက်များအကောင်အထည်ဖော်ရေးအတွက်အသုံး
ချခဲ့ကြသည်။၉၀ခုနှစ်အလယ်ပိုင်းလောက်ကစတင်၍တရုတ်ပြည်၏အနောက်ပိုင်းဒေသများကို
အိန္ဒိယသမုဒ္ဒရာကမ်းခြေဒေသများနှင့်ဆက်စပ်ရေးစီမံကိန်းများအဖြစ်တရုတ်အစိုးရကစတင်ချမှတ်
ခဲ့၏။၂၀၀၀ခုနှစ်အလယ်ပိုင်းသို့ရောက်သည့်အခါအဆိုပါစီမံကိန်းများကိုစတင်အကောင်အထည်
ဖော်လာနိုင်သည်.အနေအထားသို့ရောက်ရှိလာခဲ့၏။တရုတ်ကုန်းမြင့်ဒေသများကိုနွေးထွေးအေးမြ
သောဘင်္ဂလားပင်လယ်ရေဖြင့်ဖြန်းပက်ပေးရေးအတွက်မြန်မာပြညအထက်ပိုင်းဒေသရှိကုန်းမြေ
များကိုအလွားလိုက်ခွာချလိုက်ခြင်းဖြင့်စတင်လမ်းကြောင်းဖောက်ခဲ့၏။
အဆိုပါမဟာဗျူဟာလမ်းမကြီးသည်ဒေါ်လာဘီလျံပေါင်းများစွာအကုန်အကျခံကာ
အသစ်တည်ဆောက်မည့်ကျောက်ဖြူရေနက်ကွင်းဆိပ်ကမ်းကြီးနှင့်သီးတည်ဆက်စပ်မည်ဖြစ်၏။
ဤလမ်းကြောင်းမှတဆင့်တရုတ်ပြည်အနောက်ပိုင်းဒေသထွက်ကုန်များကိုအရှေ့အလယ်ပိုင်းသို့တင်ပို့ရောင်းချပြီးပါရှန်ပင်လယ်ကွေ့မှစီးဝင်လာမည့်ရေနံများကိုလည်းမိုင်တစ်ထောင်ခန့်ရှည်လျားသည့်
ပိုက်လိုင်းဖြင့်မြန်မာပြည်ကိုဖြတ်သန်းကာယူနန်ပြည်သို့တင်ပို့မည်ဖြစ်သည်။ငုင်းနှင့်အပြိုင်မြန်မာ
ကမ်းလွန်ပင်လယ်ပြင်မှထွတ်ရှိမည့်ရေနံနှင့်သဘာဝဓတ်ငွေ့များကိုလည်းကူမင်းနှင့်ချုံကင်းမြို့တော်
အထိရောက်ရှိမည့်ပိုက်လိုင်းများဖြင့်ပို့ပေးမည်ဖြစ်၏။ဤစီမံကိန်းနှင့်အတူပူးတွဲပါဝင်မည့်ဒေါ်လာဘီ
လျံ၂၀ကုန်ကျမည့်မီးရထားလမ်းသစ်ကြီးကိုလည်းမြန်နှုန်းမြင့်ရထားဖြင့်ပြေးဆွဲခုတ်မောင်းမည်ဖြစ်
သည်။ထိုအခါတစ်ချိန်ကလနှင့်ချီ၍အချိန်ယူသွားခဲ့ရသည့်ရန်ကုန်-ဘေဂျင်းခရီးစဉ်သည်ယခုအခါ
နေ့ချင်းပေါက်နိုင်တော့မည်ဖြစ်ပေသည်။သင့်လျော်သည့်အချိန်တစ်ခုတွင်ထိုခရီးစဉ်တွင်ဒေလီမြို့
တော်သည်ပင်ပါဝင်လာနိုင်စရာအကြောင်းရှိသည်ဟုဆိုနေကြပါသည်။
ဤအလားအလာအရဆိုပါလျှင်တစ်နေ့တွင်တရုတ်ပြည်၏ကယ်လီဖိုးနီးယားပြည်နယ်
မျိုးပင်ဖြစ်လာနိုင်စရာရှိသည်ဟုဆိုနေကြပါသည်။တရုတ်အာဏာပိုင်များအတွက်တရုတ်ပြည်၏
အနောက်ပိုင်းဒေသပြည်နယ်များနှင့်စီးပွားရေးဖွင့်ဖြိုးလှသောအရှေ့ပိုင်းပြည်နယ်များအကြား
ဝင်ငွေကွာဟမူ့ကြီးမားနေခြင်းသည်ပြည်တွင်းတည်ငြိမ်မူ့ကိုထိပါးစေနိုင်သည့်ခေါင်းချောက်စရာ
ပြသနာကြီးတစ်ခုဖြစ်နေခဲ့သည်မှာအချိန်အတော်ကြာခဲ့ပါပြီ။ဤပြသနာကိုဖြေရှင်းရေးအတွက်
အနောက်ပိုင်းပြည်နယ်များအလျင်အမြန်ဖွင့်ဖြိုးရေးတွင်ပင်လယ်ထွက်ပေါက်ရရှိရေးမှာအဓိကသော့
ချက်ကျသောကိစ္စကြီးတစ်ရပ်ဖြစ်နေရသည်။တရုတ်ပြည်အနောက်ပိုင်းပင်လယ်ထွက်ပေါက်ရရှိရေး
ဆိုသည်မှာလည်းမြန်မာပြည်ကိုကယ်လီဖိုးနီးယားပြည်နယ်ပမာဖွံဖြိုးအောင်ကူညီပေးနိုင်မှသာလျှင်
ဖြစ်လာနိုင်ဖွယ်ရှိပါသည်။
ထို့အပြင်တရုတ်အာဏာပိုင်များအကြားတွင်မလက္ကာအကျပ်အတည်း(Malacca
Dilemma)အတွက်လည်းစိုးရိမ်ပူပန်မူ့များရှိနေကြပုံရပါသည်။တရုတ်ပြည်၏စွမ်းအင်ပို့ဆောင်ရေး
လမ်းကြောင်းပေါ်တွင်အိန္ဒိယနှင့်ပစိဖိတ်ဆိုသည့်သမုဒ္ဒရာကြီးနှစ်စင်းကျောခင်းလျက်ရှိ၏။စွမ်းအင်
လိုအပ်ချက်မှာတိုးပွားများပြာနေသောတရုတ်ပြည်အတွက်ထိုသမုဒ္ဒရာကြီးနှစ်စင်းကိုတံတားခင်းပေး
နေသည့်မလက္ကာရေလက်ကြားကိုဖြတ်သန်းနေရသည်မှာလုံခြုံရေးအရသောကမအေးစရာဖြစ်နေခဲ့
ရ၏။ထို့အပြင်မလက္ကာရေပြင်သည်ကမ္ဘာပေါ်တွင်ကုန်တင်သင်္ဘောများအများဆုံးဖြတ်သန်းရာနေရာ
ဖြစ်ပြီးကျဉ်းမြောင်းသောရေပြင်နေရာတွင်အကျယ်၁.၇မိုင်မျှသာရှိပေသည်။မည်သို့ပင်ဖြစ်စေဤ
ရေလက်ကြားမှပင်တရုတ်ရေနံတင်သင်္ဘော၈၀စင်းဖြတ်သန်းနေရသည်မှာတရုတ်တို့အတွက်စိတ်
မအေးစရာအမှန်ပင်ဖြစ်နေရသည်။သို့ဖြင့်...မလွဲမရှောင်သာစွာနောက်ထပ်မဟာဗျူဟာရေလမ်း
ကြောင်းသစ်တစ်ရပ်ရှာဖွေဖော်ထုတ်ရေးမှာအရေးပါသည့်ပြသနာကြီးတစ်ရပ်ဖြစ်လာတော့သည်။
ထိုအခါ...မြန်မာပြည်အနောက်ဖက်ကမ်းကမ်းရိုးတမ်းဒေသများမဟာဗျူဟာရေလမ်းကြောင်းသစ်
ဖွင့်လှစ်ခွင့်ရရေးမှာတရုတ်ပြည်အတွက်အလွန်အရေးပါသောခြေလှမ်းကြီးတစ်ရပ်ဖြစ်လာခဲ့ရလေပြီ။
 
အာရှ၏မဟာဗျူဟာစစ်တုရင်ပြိုင်ပွဲသစ်(၃)
(ဒုတိယပိုးလမ်းမကြီး)
တရုတ်ပြည်ကဲ့သို့ပင်အိန္ဒိယတွင်လည်းသူ၏ကိုယ်ပိုင်ဦးတည်ချက်ရှိလေသည်။တရုတ်ပြည်
စီးပွားရေးထွက်ပေါက်အတွက်(အနောက်ဘက်မျှော်ကြည့်နေသကဲ့သို့)အိန္ဒိယကလည်းအရှေ့
ဘက်သို့မျှော်ကြည့်နေ၏။၁၉၉၀ခုနှစ်မှစ၍အိန္ဒိယအစိုးရအဆက်ဆက်တို့သည်သမိုင်းနှင့်ချီ၍
ဖွဲ့တည်လာခဲ့ကြသောအရှေ့အာရှနှင့်ဆက်ဆံရေးကောင်းများပြန်လည်ရှင်သန်နိုးကြားလာစေ
လိုကြ၏။ရေကြောင်းသာမကတစ်ချိန်ကထိုးဖောက်ကျော်လွား၍မရခဲ့သောတောကြီးမျက်မည်း
များ၊မြင့်မားလှသည့်တောင်တန်းများကိုဖြတ်သန်း၍မြန်မာပြည်မှတဆင့် အရှေ့အာရှဆီသို့
ဦးတည်ချီတက်လိုလှ၏။မြန်မာပြည်တွင်တည်ဆောက်မည့် တရုတ်ရေနံပိုက်လိုင်း၏မြောက်
ဘက်နားမှာတင် အိန္ဒိယတို့ကပင်လယ်ဆိပ်ကမ်းကြီးနှင့်အတူမဟာဗျူဟာမြောက်လမ်းမကြီး
တစ်ခုကိုလည်းအသစ်ဖောက်လုပ်မူ့များစတင်နေပြီဖြစ်၏။အဆိုပါလမ်းကြောင်းမှာအဓိကအား
ဖြင့် အိန္ဒိယကုန်းမြေကြီးကို အာသံပြည်နယ်မှတဆင့် မြောက်ပိုင်းရှိသီးခြားကင်းကွာကာလူမျိုး
စုပဋိပက္ခများဖြစ်ပွားနေသောနယ်မြေများဆီသို့ဆက်သွယ်ရေးလမ်းကြောင်းများဖောက်လုပ်ရန်
ဖြစ်၏။ထို့အပြင်ဒုတိယကမ္ဘာစစ်အတွင်းတွင်မဟာမိတ်များကလူ့အသက်များစွာစတေး၍ဖောက်
လုပ်ခဲ့ပြီးနောက်ပိုင်းတွင်စွန့်ပြစ်ခဲ့သည့်(စတီးဝဲလ်)လမ်းမကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ရေး
အတွက်အိန္ဒိယအစိုးရသည်မြန်မာနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပေသည်။
စတီးဝဲလမ်းမကြီးသည်အိန္ဒိယ၏အရှေ့ပိုင်းအကျဆုံးပြည်နယ်များနှင့်တရုတ်နိုင်ငံမှယူနန်
ပြည်နယ်တို့ကိုဆက်သွယ်ထားသောလမ်းကြောင်းဟောင်းဖြစ်၏။အိန္ဒိယအစိုးရအနေနှင့်
အရှေ့ဘက်မှမြန်မာပြည်ကိုဖြတ်၍ တိုးဝင်လာမည့်တရုတ်တို့၏အရှိန်အဟုန်ကိုစောင့်ကြည့်ရင်း
အိန္ဒိယအရှေ့မြောက်ဒေသများ၏လုံခြုံရေးနှင့်ဖွင့်ဖြိုးရေးအတွက်အစီအမံများပြုလုပ်နေပေသည်။
အဆိုပါဖြစ်ပေါ်တိုးပွားမူ့များမှာအင်အားကြီးထွားလာနေသဖြင့်အိန္ဒိယနှင့်တရုတ်
နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မူ့များတိုးပွားလာနိုင်သည့်ကြီးကျယ်သောမဟာဗျူဟာပြိုင်ပွဲ
ကြီးတစ်ရပ် ပေါ်ပေါက်လာမည်ကိုပညာရှင်များကစိုးရိမ်မကင်းဖြစ်နေကြ၏။
သို့သော်အချို့သောပညာရှင်များကမူ ဤလမ်းကြောင်းသစ်သည်အလယ်ခေတ်ကာလ
များက တရုတ်ပြည်ကို အလယ်အာရှနှင့်ဥရောပသို့ဆက်သွယ်ပေးခဲ့သည့်(ဒုတိယပိုးလမ်းမကြီး)
ဖြစ်လာနိုင်သည်ဟု အကောင်းမြင်ကြ၏။ မည်သို့ပင်ဆိုစေ ဤပထ၀ီဆိုင်ရာအခင်းအကျင်းသစ်
များသည် အာရှသမိုင်းတွင်အထူးအရေးပါလှသည့် အလှည့်အပြောင်းကာလကြီးတွင်ပေါ်ပေါက်
လာခြင်းဖြစ်သည်ကို သတိမူမိရန်လိုအပ်ပါလိမ့်မည်။ယင်းသည်အနောက်တိုင်းကိုလိုနီဘ၀မှ
လွတ်မြောက်လာပြီးနောက်၂၀ရာစုအကုန်ပိုင်းထိဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်စစ်ပွဲမျိုးစုံတို့
ချုပ်ငြိမ်းသွားခဲ့ပြီး၊ငြိမ်းချမ်းစည်ပင်သည့် ရာစုသစ်ခေတ်ကာလမျိုးတွင်ဖြစ်ထွန်းလာခဲ့ခြင်း
ဖြစ်သည်။ သို့ကြောင့်ပျော်ရွင်ချမ်းမြေ့ဖွယ်ရာအနာဂတ်မြင်ကွင်းမှာလက်တစ်ဖက်ကမ်းတွင်သာ
ရှိနိုင်ကောင်းပါသည်။
( ဒေါက်တာသန့်မြင့်ဦးရေးသားသောWhere China Meets Indiaကို.....သန်းနိုင်စိုးရေးသား
တင်ပြသောနိုဝင်ဘာလ၂၀၁၁ထုတ်နွယ်နီမဂ္ဂဇင်းပါဆောင်းပါးအားအလျင်းသင့်သလိုအပိုင်းခွဲ
တင်ပြပေးထားပါသည်။ဆက်လက်ဖော်ပြပါမည်။မြန်မာ့အရေးစိတ်ဝင်စားသူများဖတ်စေလိုသော
ဆန္ဒဖြင့်.......)  Nay Htun (facebook)ထံမှ ကူးယူ ဖော်ပြပါသည်

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More