Monday, January 2, 2012

ဒါလားဟဲ့ လွတ်ငြိမ်းချမ်းသာ

မြန်မာ့အကျဉ်းသားများ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ်
နိုင်ငံတော်သမ္မတကြီးအမိန့်ဖြင့် ...
သေဒဏ်ကျ အကျဉ်းသားများအား တစ်သက်တစ်ကျွန်းအဖြစ်လည်းကောင်း
နှစ် (၃၀) အထက်ပြစ်ဒဏ် အကျဉ်းသားများကို နှစ် (၃၀) သို့ လည်းကောင်း
နှစ် (၂၀) နှင့် နှစ် (၃၀) ကြားကို နှစ် (၂၀) သို့လည်းကောင်း
နှစ် (၂၀) အောက်အကျဉ်းသားတွေကိုတော့ ပြစ်ဒဏ်ရဲ့၎ပုံ ၁ပုံ လျှော့ကာ
ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင်လွှတ်ပေးမယ်လို့
ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ ၂ရက်နေ့ တွင် ပြောကြားခဲ့ကြောင်း ယနေ့ ညနေ မြန်မာ့ရုပ်မြင်သံကြား ညနေ (၄) နာရီသတင်းမှ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းတွေ ထွက်ပေါ်လာလာခြင်းမှာပဲ.. အဆိုပါ အငြင်းပွားဖွယ် လွတ်ငြိမ်းချမ်းသာခွင့်ခေါင်းစဉ်ဖြင့် ပြစ်ဒဏ်ပြောင်းလဲ လျှော့ချပေးမှုအား
ပြည်သူအများထုမှ အံ့သြစိတ်ထိခိုက်ခဲ့ရပြီး
မျှော်လင့်ထားသလို နာမည်ကြီးအကျဉ်းသား ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်အများစုမှာလည်း လွတ်မြောက်ဖွယ် မရှိသေးကြောင်းလည်း ခန့်မှန်းသုံးသပ်ကြပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More