Monday, January 16, 2012

နယ်စပ်ဒေသရှိ လုပ်ငန်းရှင်များ တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြပေးရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များမှ ကုန်သည်ကြီးများအား အသိပေးထား

AddThis Social Bookmark Button
7165
မကြာခင်က ပိတ်သိမ်းခဲ့သော ရေပူဂိတ်စခန်းအား တွေ့ရစဉ်
နယ်စပ်ဒေသရှိ ကုန်သည်လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများအား တင်ပြပေးရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များမှ ကုန်သည်ကြီးများအား အသိပေးထားကြောင်း မူဆယ်-နမ့်ခမ်းကုန်သည်များ အသင်းမှရရှိသော သတင်းများအရ သိရသည်။
“အခုကျွန်တော်တို့ တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ မူဆယ်-နမ့်ခမ်းကုန်သည်များ အသင်းကို ဖိတ်ပြီး ရန်ကုန်က ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှာ အစည်းအဝေးလုပ်ပါတယ်။ ဒီအထဲမှာ တရုတ်နယ်စပ် မူဆယ်က လုပ်ငန်းရှင်တွေတင် မကပါဘူး။ မြ၀တီဘက်က တာဝန်ရှိသူတွေလည်းပါ ပါတယ်။ အဓိကအားဖြင့်တော့ ကုန်စည်စီးဆင်းမှု လွယ်ကူစေဖို့အတွက် လိုအပ်တာတွေကို ဖြေလျော့ ပေးနိုင်ဖို့ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့ဘက်က တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ပြောဆိုဆွေးနွေးကြတာပါ”ဟု မူဆယ် နမ့်ခမ်းကုန်သည်များ အသင်း ဒုတိယ ဥက္ကဋ္ဌ(၂)ဦးဌေးဦးက ပြောပြခဲ့သည်။

တရုတ်နယ်စပ် မူဆယ်ကလုပ်ငန်းရှင်တွေတင် မကပါဘူး။ မြ၀တီဘက် က တာဝန်ရှိသူတွေလည်း ပါပါတယ်။ အဓိကအားဖြင့်တော့ ကုန်စည်စီး ဆင်းမှုလွယ်ကူစေဖို့အတွက် လိုအပ်တာတွေကိုပြေလျော့ပေးနိုင်ဖို့ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့ဘက်က တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ကိုဖြေရှင်းပေးဖို့အတွက် ပြောဆိုဆွေးနွေးကြတာပါ .  .  .
“ဒီနေ့ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှာ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေနဲ့ပတ်သက်ပြီးတင်ပြဖို့ Task Force ဖွဲ့ဖို့ဆိုပြီး နယ်စပ်ကုန်သည်ကြီးများ အသင်းတွေကို ဖိတ်ထားတယ်။ တွေ့ကြုံတဲ့ အခက်အခဲတွေ ပြောလို့ရတယ်။ အခု က လိုင်စင်ကတော့ လွယ်သွားပြီ။ ကျန်တဲ့ အတားအဆီးလေးတွေ ရှိနေတာ လျှော့ချပေးနိုင်ဖို့ အတွက်ပါ”ဟု rumfCCi မှ တာဝန်ရှိသူတစ်ဦး ကပြောပြခဲ့ပါသည်။
အလားတူ မြန်မာ-တရုတ်နယ် စပ်မူဆယ် ၁၀၅ မိုင်ကုန်သည်ရေးဇုန်သို့ သွားသော ကုန်တင်ကားများ အားစစ်ဆေးပေးနေသည့် ဂိတ်တစ်ခု ဖြစ်သော ရေပူဂိတ်အား ယခုလဆန်းပိုင်းက ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။
“တရုတ်-မြန်မာနယ်စပ် မူဆယ်ကို လာရင် လမ်းမှာဖြတ်ရတဲ့ ဂိတ်တစ်ခုရှိတယ်။ ရေပူဂိတ်လို့ ခေါ်တယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ရေပူဂိတ်ကို ပိတ်လိုက်တယ်။ အဓိက ကတော့ ကုန်သွယ်မှုလုပ်ငန်းတွေ လွယ်ကူချောမွေ့ဖို့အတွက် ပိတ်လိုက်တာလို့ ပြောတယ်။ အခုတော့ လုံခြုံ ရေးအရ စစ်ဆေးတာမျိုးပဲ ရှိတယ်။ ကုန်ပစ္စည်းကို စစ်ဆေးတာမျိုး မရှိတော့ပါဘူး”ဟု နယ်စပ်မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“အခုလိုပိတ်လိုက်တော့ ကုန်စည်စီးဆင်းမှုအတွက် ပိုပြီးလွယ်ကူသွားတယ်။ အခါတိုင်းဆို တချို့ပစ္စည်းတွေက မသင်္ကာဘူးဆိုရင် ပြန်ချတာမျိုးရှိတယ်။ အခုအချိန် သိပ်မကုန်တော့ဘူး။ အခြား အတားအဆီးတွေလည်း သိပ်မရှိတော့ ပါဘူး”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်
သတင်းရင်းမြစ် eleven media group

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More