Monday, December 12, 2011

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်စခန်းများကို မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခြင်း၊ တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ဒီဇင်ဘာ ၁၀ ရက်နေ့ရက်စွဲ ဖြင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ထံအကြောင်းကြားစာပေးပို့လိုက်ကြောင်း ကချင်ပြည်နယ် ၀န်ကြီးချုပ်က ယနေ့နံနက်ပိုင်းတွင် ပြောဆိုလိုက်ကြောင်း မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေနှင့် ခုခံကာကွယ်မှုမှတပါး မည်သည့်တိုက်ခိုက်မှုမျိုးမျှမလုပ်
ဆောင်ရန် ဦးသိန်းစိန်က အကြောင်းကြားထားကြောင်း ၄င်းက ပြောဆိုသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More