This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Tuesday, August 14, 2012

ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီကို ဆန္ဒပြမည်


ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီကို ဆန္ဒပြမည်


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD)
တွင် ခရိုင် / မြို့နယ် ညီလာခံ ကျင်းပရေးကော်မတီ
ဖွဲ့စည်းရာ၌ ဒီမိုကရေစီနည်းလမ်းမကျဟု ဆိုကာ ပါတီဝင်
 ၂၀၀ ကျော်က ပါတီ ရုံးရှေ့ ၌ သြဂုတ်လ ၂၀


ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဟု ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က
ပြောကြားသည်။

...
NLD ဗဟို၏ ညွန်ကြားမှုဖြင့် တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်မှ ခရိုင်
/မြို့နယ် ညီလာခံ ကော်မရှင်အား ဖွဲ့စည်းရာတွင် အများပြည်သူကို ချမပြခြင်း၊
ပါတီဝင်များ သဘောဆန္ဒပါဘဲ လူတစ်စုက လုပ်ဆောင်ကာ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့်
ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမျိုးလွင်က ပြောကြားသည်။

“၂၀ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ပွဲလုပ်မယ်” ဟု ၎င်း က ဆိုသည်။

ဆန္ဒ ထုတ်ဖော်ရန် စာကို သြဂုတ်လ ၁၃ ရက်နေ့တွင် မြို့နယ်ကော်မရှင်နှင့် မြို့နယ်
ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးဖြစ်သည်။

“ ပါတီကို ဆန့်ကျင်တာမဟုတ်ဘူး။ ပါတီထဲမှာရှိတဲ့ လူတစ်စုကို ဆန့်ကျင်တာပါ ” ဟု
ဦးမျိုးလွင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်
ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင်အချို့ ဆန္ဒပြမှု အပြီး
ရက်ပိုင်းအကြာ နိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယင်းသို့သော
ဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကော့သောင်းခရိုင်/မြို့နယ် ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စီးပြီး
ခရိုင်ကော်မရှင် ဥက္ကဌနေရာကို ရှေ့နေ ဦးခင်ဇော်အား လည်းကောင်း၊ မြို့နယ်
ကော်မရှင်နေရာအတွက် ဦးအောင်ရွှေတို့အား အသီးသီး ရွှေးချယ်ထားသည်ဟု သိရသည်။

ယင်းကော်မရှင်မှာ ညီလာခံကျင်းပရေး အတွက် ယာယီသာဖွဲ့စည်းမည့်
လုပ်ငန်းကော်မတီဖြစ်ပြီး အဖွဲ့ဝင်စာရင်းကို အချိန်မီပေးအပ်ရန် လိုအပ်သည့်အတွက်
အများပြည်သူသို့ ချမပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းကော်မရှင် အဖွဲ့ဝင်
ဦးမောင်မောင်ဦးက ရှင်းပြသည်။

“ဗဟိုကလည်း အများရဲ့ ဆန္ဒယူပြီးတော့ လုပ်ရမယ့် အနေအထားမဟုတ်ဘူး ထင်လို့
ကျွန်တော်တို့ကို ညွှန်ကြားတယ်လို့ ယူဆပါတယ်”ဟု ၄င်းကဆိုသည်။

မြိတ်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ
၅ ရက်နေ့၊ ထားဝယ်တွင် ခရိုင်ကော်မရှင်ဖွဲ့စည်းခြင်းကို ဇူလိုင် ၃ ရက်နေ့တွင်
အသီးသီးပြုလုပ်ခဲ့ပြီး မြို့နယ် ကော်မရှင်ကို ဇူလိုင် ၁၇ ရက်တွင်
ဖွဲ့စည်းခဲ့သည်။

ကော့သောင်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကို
ကော့သောင်းမြို့၊ ငွေလရိပ်ခန်းမတွင် သြဂုတ်လ ၁၅ ရက်တွင်
ပြုလုပ်ရန်စီစဉ်လျက်ရှိသည်။

PopularNews

Twitter Delicious Facebook Digg Stumbleupon Favorites More