This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Showing posts with label နိုင်ငံရေးသတင်းဓာတ်ပုံ. Show all posts
Showing posts with label နိုင်ငံရေးသတင်းဓာတ်ပုံ. Show all posts

Sunday, July 8, 2012

Friday, December 23, 2011

ပြည်သူနဲ့ တပ်မတော်ကြားမှာ ပိုင်းခြားထားတာ ဘာတွေလဲ

တိုင်းပြည်ရဲ့ တာဝန်တွေ ထမ်းဆောင်ပြီဆိုတာနဲ့  အသက်၊ သွေး၊ ချွေး..နဲ့ အနည်းဆုံး ကိုယ်ပိုင်အချိန်တွေဆုံးရှုံးရပါပြီ။
စစ်သားကလည်း တိုင်းပြည်ကို ကာကွယ်ချိန်မှာ အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ရသလို... ဓာတ်တိုင်ပေါ်က လျှပ်စစ်ဝန်ထမ်းကလဲ အချိန်မရွေး ဓာတ်လိုက်သေဆုံးနိုင်ပါတယ်။ မီးရထားမောင်းသူ...ကားမောင်းသူတွေလည်း အချိန်မရွေး ကားမှောက်..ရထားမှောက်ပြီး အသက်ဘေးရှိသလို .. စာပို့သမားလေး တစ်ယောက်လည်း စာတွေ လိုက်ပို့ရင်း ကားတိုက်ရထားတိုက်ခံရနိုင်တာပါပဲ..။  ပြောချင်တာက တိုင်းပြည်အတွက် အလုပ်လုပ်သူတိုင်းဟာ သူ့နေရာနဲ့သူ ပေးဆပ်ရသူတွေချည်းဆိုတာကိုပါ။

အဲဒီထဲကမှ တပ်မတော်သားဆိုတာကတော့ .. အများတကာထက်ပိုပြီး အသက်ဘေးနီးသူတွေပေါ့။ အခန့်မသင့်လို့ လက်ပြတ်ခြေပြတ်နဲ့ ဘ၀ကို ပင်ပန်းကြီးစွာ ခရီးဆက်ရနေရတဲ့ တပ်မတော်သာပင်စင်စားတွေကိုကြည့်ရင်လဲ ဒီအချက်က သိသာပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဟောင်းတွေမှာလောက် ဘယ်မှာမှ ခြေပြတ်လက်ပြတ်မများပါဘူး။
တကယ်ကို ကြေကွဲစရာ ပေးဆပ်မှုတွေပါ။

ဒါပေမယ့် ကျွန်တော်တို့ စာနာမှုတွေဟာ သူတို့ဆီကို တိုက်ရိုက်မှ ရောက်ပါ့မလား။ တိုက်ရိုက်ကော ရောက်နိုင်ပါရဲ့လား။ သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကြီးတွေဟာ ပြည်သူတွေရဲ့ ရင်ဘတ်ထဲကို ဘာလို့ ပြန့်ပြန့်နှံ့နှံ့နဲ့ မပျော်ဝင်နိုင်ခဲ့တာလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဆိုတာက ဘောလုံးပွဲမှာ ဒိုင်းဆုလေးတစ်ခု ယူပေးရုံနဲ့ လေယာဉ်ကွင်းလျှံအောင် အားပေးကြိုဆိုတတ်တဲ့ လူမျိုးတွေပါ။ ဘောလုံးပွဲမှာ ဒဏ်ရာလေးတစ်ချက်ရတာနဲ့ စုပ်တသပ်သပ်နဲ့ ကိုယ့်ကစားသမားကို သနားကြင်နာတတ်သူတွေပါ။
ဒါဆိုရင် အခုလို တကယ့်ပေးဆပ်သူတွေ နှလုံးသားဟာ အရှိကို အရှိအတိုင်း ပြည်သူ့ ရင်ဘတ်ထဲ ဘာလို့များ ရောက်မလာနိုင်တာပါလဲ။
ဘာတွေက ပြည်သူနဲ့ တပ်မတော်ကို ပိုင်းခြားထားတာလဲ။
ဘယ်သူတွေက ပြည်သူနဲ့ တပ်မတော်ကို ပိုင်းခြားထားတာလဲ။
ဘယ်သူ့မှာ တာဝန်ရှိသလဲ။ 

တကယ်တော့ မေးခွန်းတွေ များသလို အဖြေတွေလည်း အများသား မဟုတ်ပါလားဗျာ။
ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို တကယ်ပေးဆပ်ခဲ့ကြသူတွေအတွက်တော့ ကြေကွဲဝမ်းနည်းစွာနဲ့ ဂုဏ်ယူလိုက်ပါရဲ့။
တစ်ခုတော့ ရှိပါတယ်။ 
ကိုယ့်မြန်မာပြည်သားအချင်းချင်းရန်ဖြစ်ခဲ့တာ မဟုတ်ဘဲ.. တိုင်းတစ်ပါးသားနဲ့ တိုက်ပွဲဝင်ခဲ့တာဆိုရင် ဒီထက်ပိုပြီး ဂုဏ်ယူမိမှာပါ။

(ဓာတ်ပုံများကို Luan Ya Naung ၏ Facebook စာမျက်နှာမှ ယူပါသည်)
https://www.facebook.com/media/set/?set=a.327541157270089.82719.100000426236687&type=3
















Twitter Delicious Facebook Digg Stumbleupon Favorites More