This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Showing posts with label ပြည်ပသတင်းများ. Show all posts
Showing posts with label ပြည်ပသတင်းများ. Show all posts

Friday, December 23, 2011

၂၀၁၂ မှာ သုံးခွင့်ရမယ့် မလေးရှားနိုင်ငံရဲ့ ငွေစက္ကူသစ်များ





မလေးရှားနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ငွေစက္ကူအသစ်တွေ ထပ်မံထုတ်လုပ် သုံးစွဲတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ထားတဲ့ နိုင်ငံသုံးငွေစက္ကူတွေကို မလေးရှားနိုင်ငံဝန်ကြီးချုပ်က မီဒီယာတွေကနေ တစ်ဆင့် ထုတ်ဖော်မိတ်ဆက် ပြသခဲ့တာပါ။

အသစ်ထုတ်လုပ်မယ့် ငွေစက္ကူတွေဟာ ၁ ရင်းဂစ်၊ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်၊ ၂၀ ရင်းဂစ်နဲ့  ၁၀၀ တန်ရင်းဂစ်တွေ ဖြစ်တယ်လို့ သိရှိရပြီး ၂၀ တန် ရင်းဂစ်က လွဲရင် ကျန်တဲ့ ငွေတန်ဖိုးရင်းဂစ်တွေက လက်ရှိသုံးစွဲခွင့်ရှိနေတဲ့ တန်ဖိုးရင်းဂစ်တွေဖြစ်ပါတယ်။ ၂၀ တန်ရင်းဂစ်ကိုတော့ ယခုမှ ပြန်လည်သုံးစွဲဖို့ စီစဉ်ခဲ့တာပါ။

အဲဒီ ငွေစက္ကူအသစ်တွေကို Bank Negara ဘဏ်က ရိုက်နှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး ၁ ရင်းဂစ် နဲ့ ၅ ရင်းဂစ် ငွေစက္ကူတွေကို ပေါ်လီမှာ အလွှာပါးကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ငွေစက္ကူအသစ်တွေကို သုံးစွဲခွင့်ပြုတဲ့နေ့က စပြီး Bank Negara ရုံးချုပ်နဲ့ ပူလောင်၊ ပီနန်၊ ဂျိုဟိုးဘာရူး၊ ကွာလာထရန်ဂနူး၊ ကူချင်းနဲ့ ကိုတာကီနာဘာလူမြို့တွေက ဘဏ်ခွဲတွေမှာ ထုတ်ယူသုံးစွဲခွင့်ပြုတော့မှာ ဖြစ်ပါတယ်။






Ref: enciknakal news

Thursday, December 22, 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ကော်မရှင်ဥက္ကဌ ဦးတင်အေး တွေ့ ဆုံ

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော
်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံ။



ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော
်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ အ၀င်
ဒေါ်အောင်ဆန်းစုကြည်စီးနင်း
လိုက်ပါလာသည့်ယာဉ် (ဓါတ်ပုံ-မက်ဆင်ဂျာ ဂျာနယ်)
ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေး တို့ ယနေ့နံနက် ဆယ်နာရီ ဆယ်မိနစ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်တွေ့ ဆုံကြောင်းသိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တို့ တွေ့ တွေ့ဆုံရာတွင် ကော်မရှင် ဘက်မှ ဥက္ကဌဦးတင်အေး၊အဖွဲ့ဝင်များအဖြစ် ဦးမြင့်နိုင် ၊ဦးအောင်မြင့် ၊ ဦးသာဦး၊ Dr.ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည် ၊ဦးညွန့်တင်နှင့် ဦးဝင်းကို တို့ပါဝင်ပြီး NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်နှင့်ဒေါက်တာငယ်ငယ် တို့ပါဝင်ကြောင်းသိရသည်။
  ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့  နေပြည်တော်သို့ ယနေ့ နံနက် 7း45 တွင် လေကြောင်းခရီးဖြင့်ရောက်ရှိလာပြီး နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် တည်းခိုရန်စီစဉ်ထားကြောင်း The Messenger Journal သတင်းအရသိရသည်။
By: သစ်ထူးလွင်

Wednesday, December 14, 2011

တရုတ်ဝန်ကြီးချုပ် မြန်မာပြည်သွားမည်

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဟာ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ မဲခေါင်မြစ်ကြောင်းတလျှောက် ပါဝင်တဲ့နိုင်ငံများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် ရှေ့လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံကိုသွားဖို့ရှိတယ်လို့ အစည်းအဝေးကို စီစဉ်သူတွေနဲ့ နည်းစပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲ့အရပ်သားအစိုးရသစ်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံရေး တွန်းအားပေးဖို့ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟယ်လာရီကလင်တန် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် အခု ၀မ် ရဲ့ ခရီးစဉ်ထွက်ပေါ်လာတာပါ။
တရုတ်နိုင်ငံဟာ မြန်မာအစိုးရနဲ့ ရေရှည်နီးနီးကပ်ကပ် ဆက်ဆံလာခဲ့တဲ့တိုင်းပြည်ဖြစ်ပြီး မြန်မာအစိုးရဖက်က တရုတ်နိုင်ငံနဲ့ ပြုလုပ်ထားတဲ့ ရေအားလျှပ်စစ်ထုတ်ဖို့ အစီအစဉ်နဲ့တည်ဆောက်နေတဲ့ ဆည်ကာတာ စီမံကိန်းကို ရပ်ဆိုင်းလိုက်မှုက ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်စေခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်က မြန်မာနဲ့ အမေရိကန်ကန်အကြား ဆက်ဆံရေး တိုးတက်လာမှုက တရုတ်နိုင်ငံအပေါ်ခြိမ်းခြောက်မှုတခုအဖြစ် မမြင်သင့်ကြောင်း ပြောဆိုလိုက်ပါတယ်။
ပီကင်းမြို့ကို သွားရောက်လည်ပတ်တဲ့ခရီးစဉ်အပြီး အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ ဒဲရက် မစ်ချယ် က အမေရိကန်နဲ့မြန်မာရဲ့ဆက်ဆံမှုကြောင့် တရုတ်နဲ့မြန်မာဆက်ဆံရေးအပေါ် မကောင်းတဲ့အကျိုးဆက် ဖြစ်ပေါ်စေနိုင်တဲ့ ရည်ရွယ်ချက်မျိုး အမေရိကန်နိုင်ငံမှာ စိုးစဉ်းမှမရှိဘူးလို့ ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်က မြန်မာနိုင်ငံခရီးစဉ်အတွင်း အရပ်သားအစိုးရအသစ်အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်အကောင်ထည်ဖေါ် လုပ်ဆောင်သွားမယ်ဆိုရင် ပိတ်ဆို့ အရေးယူ ထားတာတွေကို ယုတ်သိမ်းပေးဖို့ အမေရိကန်ဖက်က စဉ်းစားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံပိုင် သတင်းစာတစောင်က တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို မထိခိုက်ဖူးဆိုရင် မြန်မာနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံမှုကို ကန့်ကွက်စရာမရှိပါဘူးဆိုပြီး ရေးသားခဲ့ပါတယ်။
တချို့ကတော့ ၀န်ကြီးကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ တရုတ်နဲ့နှစ်ပေါင်းရှည်ကြာ အပေါင်းအပါဖြစ်နေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ဘက် ယိမ်းလာအောင် ကျိုးပမ်းချက်တရပ်အဖြစ်မြင်နေကြပါတယ်။
source; voa

Thursday, December 8, 2011

ဘင်္ဂလားဒေ့်တပ်မတော် စစ်အင်အားတိုးချဲ့ လာခြင်း

 သတင်းရင်းမြစ် myanmar weapon (facebook) ထံမှ ကူးယူပါသည်။

အခုတလော ဘင်္ဂလားဒေ့်စစ်ရေးသတင်းငြိမ်နေပါလား ဆိုပြီးနည်းနည်းလိုက်ရှာတော့...

နိုင်ငံတကာထောက်လှမ်းရေး သတင်းဌါန Jane စာစောင်ကိုသွားကြည့်မိတယ်.. အောက်တိုဘာလထဲမှာ ဘင်္ဂလားဒေ့်က ယူဂိုဆလားဗီယားနိုင်ငံကနေ Nora B-52 155mm ယာဉ်တင်အမြောင်တွေကိုဝယ်ယူမဲ့ သတင်းဖတ်မိပါတယ်..။အစီးရေ ၂၀ကျော်ဖြစ်ပြီး ၃၆စင်း အထိဖြစ်နိုင်ပါတယ်..။မြန်မာ့တပ်မတော်နည်းတူ အမျိုးအစားတူစနစ်ကို အသုံးပြုဖို့ကြိုစားနေရတာဟာ မြန်မာ့တပ်မတော်အမြောက်တပ်ကို ယာဉ်နိုင်ဖို့ဆိုတာ ထင်ရှားလှပါတယ်... ဒီစနစ်သာ ဘင်္ဂလားအနေဖြင့် ပိုင်ဆိုင်လာခဲ့မယ်ဆိုရင် သူတို့အမြောက်တပ်အတွက် အပြင်းထန်ဆုံးစနစ်ဖြစ်လာနိုင်ပါတယ် အခုလက်ရှိမှာတော့ ၁၃၀မမ တွေသာဖြစ်ပြီး ၁၅၅တွေ ပိုင်ဆိုင်ထားခြင်းမရှိသေးလို့ပါ...။
ဘင်္ဂလားဒေ့်ရဲ့ ဝယ်ယူမဲ့စနစ်ဟာ မြန်မာ့တပ်မတော်ရှိ ပထမဆုံးထုတ် Nora B-52 155mm တွေထက်ပိုအဆင့်မြင့်တင်ထားတဲ့ Nora B-52 155mm K1 စနစ်ဖြစ်တယ်လို့သိရပါတယ်..။အမြောက်စနစ်ကို မြင့်တင်ခြင်းအားဖြင့် ပြင်သစ်ထုတ် ပစ်မှတ်ပြစနစ်တွေ ထပ်မံပေါင်းစပ်ထားမယ်လို့ သိရပါတယ်..။မြန်မာ့တပ်မတော်မှာရှိတဲ့ Nora B-52 အစီးရေကို မသိရပင်မဲ့လို့ ဘင်္ဂလားဒေ့်ရဲ့ ၃၆စီးဆိုတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာငြိမ်ခြောက်မှုတစ်ခုဖြစ်နေပါပြီ... အကြောင်းကတော့ တရုပ်ဆီကနေ PLZ-45 152mm တွေလည်းထပ်မံဝယ်ယူထားကြလို့ ဖြစ်ပါတယ်..။သတင်းတွေအမျိုးမျိုးထုတ်နေကြတာကိုတော့ သတိထားရပါမယ်..။

မြန်မာ့တပ်မတော်ရှိ လက်နက်ကြီးတွေကတော့--

ယာဉ်တင်အမြောက်များကတော့-
1.Nora B-52 155mm Self-Propelled Howitzer
2.SH-1 155mm Self-Propelled Howitzer

ယာဉ်ဆွဲအမြောက်များကတော့--
1.Soltam M71 155mm Howitzer
2.Soltam M68 155mm Howitzer
3.KH-179 155mm Howitzer
4.D-20 152mm Howitzer

၁၃၀မမတွေတော့ မထည့်တော့ပါဘူး...။ ဒီလိုဖြစ်ပင်မဲ့ အမြောက်တွေရဲ့တပ်ဖြန့်ထားမှုကို မသိတော့ မဆွေးနွေးနိုင်ပါဘူး..။

နောက်တစ်ခုကတော့ ဘင်္ဂလားဒေ့်လေကြောင်းရန်ကာကွယ်ရေးတပ်က FM-90 တာတိုပစ်ဒုံးစနစ်ကို ဝယ်ယူထားပြီးဖြစ်တယ်ဆိုတာ ပုံတွေနှင့် တကွထွက်လာပါပြီခင်ဗျာ..။

ဘင်္ဂလားဒေ့်၏ FM-90 တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်




ဘင်္ဂလားဒေ့်မှ ဝယ်ယူသည့် Nora B-52 155mm SP



မြန်မာ့တပ်မတော်သုံး Nora B-52 155mm SP





Wednesday, December 7, 2011

အာဖဂန် ဘာသာရေးရက်မြတ် ဗုံးကွဲမှု ၅၉ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံက ရှီအာ ဘာသာရေးရက်မြတ် Ashura နေ့ မှာ ဗုံး ၂ လုံး ကွဲခဲ့တဲ့အတွက် လူ ၅၉ ယောက် အင်္ဂါနေ့ မှာ သေဆုံးသွားကြပါတယ်။  တိုင်းပြည်ရဲ့ အလယ်ပိုင်းနဲ့မြောက်ပိုင်းမှာ ခုလို ဖြစ်ခဲ့တာပါ။
မြို့တော်ကဘူးမှာ အနည်းဆုံး ဗုံးခွဲသူ တစ်ယောက်က Abul Fazel ဘုရားကျောင်းအနီး ဘုရားဖူးတွေ စုဝေးနေစဉ်မှာ ခွဲခဲ့တာပါ။  ၂၀၀၈ ခုနှစ်ကတည်းကဆိုရင် ဒါဟာ အသေအပျောက် အများဆုံးပါ။ လူ ၅၅ ယောက် သေဆုံးပြီး ၂၆၀ ဒဏ်ရာရခဲ့ပါတယ်။
ဆေးရုံတချို့မှာ ဒဏ်ရာရသူတွေ နဲ့ ပြည့်လျှံသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဒီ အချိန်မှာပဲ မြောက်ပိုင်းက Mazar-e-Sharif မြို့ မှာ ဒုတိယ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးသွားခဲ့ပါတယ်။ ရှီအာ ဘာသာဝင်တွေကို ပစ်မှတ်ထားမထားကတော့ မသဲကွဲပါဘူး။
ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ Lashkar-e-Jhangvi al-Alami က ကဘူးမြို့ဖောက်ခွဲတာ သူတို့ လက်ချက်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။  ဒီ အဖွဲ့ဟာ သူ့ထက်ပိုကြီးတဲ့ Lashkar-e-Jhangvi အဖွဲ့ရဲ့ အဖွဲ့ခွဲတစ်ဖွဲ့ပါ။  ဒီ အဖွဲ့ဟာ အယ်ကိုင်ဒါအဖွဲ့ နဲ့ ဆက်စပ်နေပြီး၊ ပါကစ္စတန် မှာ ရှီအာဘာသာဝင်တွေ ကို တိုက်ခိုက်ရာမှာ တာဝန်ရှိတဲ့ အဖွဲ့ ဖြစ်ပါတယ်။
တာလီဘန် အဖွဲ့ကတော့ သူတို့ အစီအစဉ်မဟုတ်ဘူး လို့ ပြောဆိုလိုက်ပြီး တိုက်ခိုက်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ ကျူးကျော်ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြောလိုက် ပါတယ်။     

ရုရှားရွေးကောက်ပွဲ ဆန္ဒပြသူ ၂၅၀ ကျော် ဖမ်းဆီးခံရ

ရုရှားနိုင်ငံရဲ့ပါလီမန်လွှတ်တော် ရွေးကောက်ပွဲမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ မကျေနပ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မကြုံစဖူး ဆန္ဒပြမှုတွေ ဖြစ်ပွားလာပြီး ၂ ရက်အကြာမှာ အစိုးရက ဆန္ဒပြသူ ၂၅၀ ထက်မနည်းကို ဆက်ပြီးတော့ ဖမ်းဆီးထားပါတယ်။
အမေရိကန် သံတမန်တဦးကလည်း အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ဆန္ဒပြသူ အများစုကို မော်စကိုမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို စီစဉ်ဆောင်ရွက်သူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ ထိပ်တန်း အတိုက်အခံခေါင်းဆောင်တဦးဖြစ်တဲ့ အင်ဒီရာ ယာဆင်လည်း ပါဝင်ပါတယ်။
သူ့ကို မော်စကိုမှာ ရုံးထိုင်တဲ့ တရားရုံးတခုက တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့ရဲ့ဝတ္တရားကို နှောင့်ယှက်တယ်ဆိုပြီး ထောင်ဒဏ် ၁၅ ရက် အပြစ်ပေးလိုက်ပါတယ်။ နိုင်ငံရဲ့မြောက်ပိုင်း၊ စိန့်၊ ပီတာဘတ်စ် မြို့မှာလည်း အင်္ဂါနေ့က အလားတူ ဆန္ဒပြမှု ဖြစ်ပွားခဲ့ရာမှာ လူပေါင်း ၁၂၀ လောက်ကို ဖမ်းဆီးထားပါတယ်။
ရုရှားအစိုးရက မြို့တော် မော်စကိုတဝိုက် ဆန္ဒပြပွဲတွေ မဖြစ်ပွားအောင် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့တွေ ချထားတယ်လို့ တာဝန်ရှိသူတွေက ပြင်သစ်သတင်းဌာန အေအက်ဖ်ပီကို ပြောပါတယ်။ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ရုရှားနိုင်ငံရွေးကောက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး အမှန်တကယ်ကို စိုးရိမ်မကင်းဖြစ်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီကလင်တန်က အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ရုရှားသမ္မတ ဒီမီထရီ၊ မက်ဗီဒက်ကတော့ ရွေးကောက်ပွဲဟာ ရိုးသား၊ တရားမျှတပြီးတော့ ဒီမိုကရေစီကျကြောင်း ခုခံပြောဆိုပါတယ်။
                                                                                ဗွီအိုအေ(မြန်မာဌာန)


Friday, November 25, 2011

ထိုင်းတော်ဝင်ဘုရင်စနစ်ကို စော်ကားသည့်အဘိုးအို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ





ဘုရင့်မိသားစုကို အလေးအနက်ထားတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို စော်ကားတဲ့ စာတိုတွေ ပေးပို့လှောင်ပြောင်ခဲ့သူတစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အန်ပွန်တန်နိုကက်ကူ (Ampon Tangnoppakul) ဆိုတဲ့ အသက် (၆၁)နှစ်ရှိ အဘိုးအိုက ပြီးခဲ့တဲ့နှစ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် (Abhisit Vejjajiva) ဆီကို စာတို ၄ စောင်တိတိရေးပြီး ဘုရင့်တော်ဝင်မိသားစုကို ဆန့်ကျင်တဲ့အကြောင်းတွေ ပို့ပေးခဲ့တာပါ။
အဲဒီအတွက် အဘိုးအိုအန်ပွန်ကို ကွန်ပျူတာပြစ်မှုအက်ဥပဒေ၊ တော်ဝင်ဘုရင်စနစ်ကို စော်ကားတဲ့ဥပဒေတွေနဲ့ တရားစွဲပြီး ယခုလို ပြစ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်တဲ့အချိန်မှာ ထိုင်းနိုင်ငံရေကြီးမှုတွေဖြစ်နေလို့ တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တာ မဟုတ်ဘဲ ဗီဒီယိုဆက်သွယ်မှုနဲ့ စစ်ဆေးပြီး အမိန့်ချမှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လင့်ကစား ဒီလိုပြစ်မှုတွေဟာ နိုင်ငံရေးပြစ်မှုကြီးတွေဖြစ်ပြီး လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ အဘိုးအို အန်ပွန်ဟာ စာတစ်စောင်ကို ပြစ်ဒဏ် ၅ နှစ်နှုန်းနဲ့ စာ ၄ စောင်အတွက် ပြစ်ဒဏ် နှစ် ၂၀ အထိ ကျခံရတော့မှာဖြစ်ပါတယ်။
တိုင်းနိုင်ငံမှာ တော်ဝင်ဘုရင် မိသားစုဟာ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှုကို အပြည့်အ၀ရရှိခဲ့ပြီး ယခု ဘုရင်ကြီး သက်တော်ကြီးရင့်ချိန်မှာတော့ အခြားသော ဘုရင့်မိသားစုဝင်တစ်ချို့ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်လေးစားမှု အနည်းငယ် ကျဆင်းလာနေတယ်လို့ ဝေဖန်သုံးသပ်သူ တစ်ချို့က မှတ်ချတ်ပေးခဲ့ကြပါတယ်။

24 Nov, 2011
Ref: BBC news

Twitter Delicious Facebook Digg Stumbleupon Favorites More