Friday, December 23, 2011

၂၀၁၂ မှာ သုံးခွင့်ရမယ့် မလေးရှားနိုင်ငံရဲ့ ငွေစက္ကူသစ်များ





မလေးရှားနိုင်ငံဟာ ၂၀၁၂ ခုနှစ်မှာ ငွေစက္ကူအသစ်တွေ ထပ်မံထုတ်လုပ် သုံးစွဲတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဇိုင်းအသစ်နဲ့ ထုတ်လုပ်ထားတဲ့ နိုင်ငံသုံးငွေစက္ကူတွေကို မလေးရှားနိုင်ငံဝန်ကြီးချုပ်က မီဒီယာတွေကနေ တစ်ဆင့် ထုတ်ဖော်မိတ်ဆက် ပြသခဲ့တာပါ။

အသစ်ထုတ်လုပ်မယ့် ငွေစက္ကူတွေဟာ ၁ ရင်းဂစ်၊ ၅ ရင်းဂစ်၊ ၁၀ ရင်းဂစ်၊ ၂၀ ရင်းဂစ်နဲ့  ၁၀၀ တန်ရင်းဂစ်တွေ ဖြစ်တယ်လို့ သိရှိရပြီး ၂၀ တန် ရင်းဂစ်က လွဲရင် ကျန်တဲ့ ငွေတန်ဖိုးရင်းဂစ်တွေက လက်ရှိသုံးစွဲခွင့်ရှိနေတဲ့ တန်ဖိုးရင်းဂစ်တွေဖြစ်ပါတယ်။ ၂၀ တန်ရင်းဂစ်ကိုတော့ ယခုမှ ပြန်လည်သုံးစွဲဖို့ စီစဉ်ခဲ့တာပါ။

အဲဒီ ငွေစက္ကူအသစ်တွေကို Bank Negara ဘဏ်က ရိုက်နှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး ၁ ရင်းဂစ် နဲ့ ၅ ရင်းဂစ် ငွေစက္ကူတွေကို ပေါ်လီမှာ အလွှာပါးကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်လို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ငွေစက္ကူအသစ်တွေကို သုံးစွဲခွင့်ပြုတဲ့နေ့က စပြီး Bank Negara ရုံးချုပ်နဲ့ ပူလောင်၊ ပီနန်၊ ဂျိုဟိုးဘာရူး၊ ကွာလာထရန်ဂနူး၊ ကူချင်းနဲ့ ကိုတာကီနာဘာလူမြို့တွေက ဘဏ်ခွဲတွေမှာ ထုတ်ယူသုံးစွဲခွင့်ပြုတော့မှာ ဖြစ်ပါတယ်။






Ref: enciknakal news

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More