This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Saturday, November 26, 2011

iPhone,ipad,iPod တို့အတွက် လွယ်ကူတဲ့ jailbreak ချနည်း


  • iPhone 3G on 3.2
  • iPhone 3G on 3.1.3
  • iPhone 3G on 4.0
  • iPhone 3G on 4.0.1
  • iPhone 3Gs on 3.1.2
  • iPhone 3Gs on 3.1.3
  • iPhone 3Gs on 4.0
  • iPhone 3Gs on 4.0.1
  • iPhone 4G on 4.0
  • iPhone 4G on 4.0.1
  • iPad on 3.2
  • iPad on 3.2.1
  • iPod 1G on 3.1.2
  • iPod 1G on 3.1.3
  • iPod 2G on 3.1.2
  • iPod 2G 0n 3.1.3
  • iPod 2G on 4.0
  • iPod 3G on 3.1.2
  • iPod 3G on 3.1.3
  • iPod 3G on 4.0
  • အထက်ပါ iPhone,iPad,iPod version များကို ယခုနည်းလေးဖြင့် လွယ်ကူစွာ jailbrak ချနိုင်ပါမည်...
  • ပထမ အဆင့်အနေဖြင့် safari ဖွင့်လိုက်ပါ
  • ဒုတိယ အဆင့် safari တွင် www.jailbreakMe.com သို့မဟုတ် www.jailbreakMe.ModMyi.com ကို ၀င်လိုက်ပါ
  • အထက်ပါ ပုံကဲ့သို့ပေါ်လာပါလိမ့်မည်
  • ပြီးနောက် silde to jailbreak ကို slide လုပ်ပေးလိုက်ပါ
  • အောက်တွင်မြင်၇သကဲ့သို့ Download လုပ်နေလိမ့်မည်...ခနတာ စောင့်ဆိုင်းပေးလိုက်ပါ....

ပြီးလျှင် သင်၏ application များကို ပြန်ဖွင့်ကြည့်ပါ....

Cydia ဆိုတဲ့ application လေးအသစ်ထပ်တိုးနေသည်ကို တွေ့၇ပါက သင်၏ jailbreak လုပ်ဆောင်မှုသည် လွယ်သူစွာ အောင်မြင်ပြီးဆုံး သွားပြီဟု မှတ်ယူလိုက်ပါ........အဆင်ပြေ ချောမွေ့ကြပါစေ........

ကျောင်းသားအတ္တုပတ္တိ

မင်းရဲ့ ရုပ်အလောင်းဟာ

ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်

အမှောင်စုန်းစုန်းမှာ

အရာအားလုံး မေ့ဖျောက်ပစ်

နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်

အက်ကွဲနေသောလက်များနဲ့

ဘုရားသခင်ထံငါတို့ဆုတောင်း

မင်း.. ကောင်းရာသုဂတိလားပါစေ..လို့

ငါတို့ရဲ့

သွေးတစ်စက်ကို ထက်ဝက်ခွဲ

မင်းခံတွင်းထဲ

တဲတဲလေးလျှောချကြည့်ယင်

နှုတ်ခမ်းသေများက

ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်

ဒီ..မို..က..ရေ..စီ..

ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်

ညီလေးရယ်

ရနိုင်မယ်ဆိုယင်

မင်းရဲ့အရိုးတစ်မှုံကို

နိဗ္ဗာန်ဘုံအထိယူပြီး

ဘုရားရှင်ကို ပြကြည့်ချင်တယ်..

မင်းဟာ သူရဲကောင်းလေးဖြစ်တယ်

မင်းဟာ အာဇာနည်လေးဖြစ်တယ်

မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)

ရေငတ်သလို.. ငတ်ခဲ့ရတဲ့

ဗမာပြည်က “လူ့အခွင့်အရေး”ဟာ

အကျဉ်းထောင်ထဲမှာ

သင်္ချိုင်းမြေမှာ

တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..

မင်း.. စွန့်ခွာခဲ့တဲ့

စာသင်ကျောင်းကလေး

မင်းသတင်းတွေ မေးနေပြီ

မင်းရဲ့ စာအုပ်ဟောင်းထဲမှာ

ဆရာမရဲ့ မှတ်ချက်...

မင်းအတွက်...

“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့

စာအုပ်မလုံလောက်မှု

ဖောင်တိန်မလုံလောက်မှု

မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့

လူမှုကိစ္စအ၀၀

မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်

တိုက်ပွဲမှာ

ချွန်မြစွာ တောင်းဆိုနိုင်ဖို့

ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်

ချီတက်လာတဲ့ အာဇာနည်လေးရေ..

ခွပ်ဒေါင်းရဲ့

တစ်ကြောင်းစာချွန်

သမိုင်းစင်ကိုထမ်း

ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို

ခုတော့..

မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့

နှင်းပြာပြာမနက်ဦးများမှာ

ဒို့ ကမ္ဘာကို

ပြန်လာဦးမှာလား.. ဟင်...

“အမျိုးဘာသာ သာသနာအတွက်

သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့

မင်းထားခဲ့တဲ့ စာတိုကလေး

မင်းတို့ အိမ်ကို ပေးလိုက်ပြီ

ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့

မင်းတို့ရဲ့ အိမ်ကလေးထဲမှာ

မင်းရဲ့ ဖေဖေဟာ

လက်သီးကို ကျစ်ကျစ်ပါအောင်

ဆုပ်ထားတယ်..

မင်းရဲ့ မေမေဟာ

အခန်းထောင့်မှာ

ငြိမ်သက်စွာထိုင်ပြီး

မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု

(ရင်ထဲမှာတော့)

သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ

သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့

အလောင်းကိုမှ

မမြင်ရ မတွေ့ရ

ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...

ဒေါင်းရုပ်ကလေးလိုပဲ

မင်းရဲ့ အတ္ထုပ္ပတ္တိဟာ

အတောင်ပံပါတယ်

တိုက်ပွဲဝင်တယ်

နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး

ရောက်လေရာဘ၀အဆက်ဆက်မှာ

မင်း.. မော်ဖူးရခြင်းများစွာနဲ့

ကင်းဝေးပါလိမ့်မယ် ... ။

(၄)

အိမ်ထရံမှာ

တခါခါ မင်းမျက်ရည်သုတ်တဲ့

စုတ်ချာချာ လွယ်အိတ်ကလေး

ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..

“ခေတ်လွတ်လပ်မှ

ကျောင်းသားလွတ်လပ်မယ်”

အရွယ်နဲ့ မလိုက်အောင်တွေး

“ကျောင်းသားအရေး”ဆိုတာ

မင်းမှာ မရှိခဲ့ပါဘူး

“ဘုရားခေတ်မှာဆိုယင်

ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”

ဒါပေမယ့်...

“အမှောင်ခေတ်မှာတော့

အာဏာရှင်ကို ဖီဆန်တယ်”

ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို

အမြောက်ဆံလို ပစ်ဖောက်

အဝေးဆုံး အမြင့်ဆုံး

ဘ၀တဆုံး မင်းရောက်ခဲ့တယ်..

စစ်မောင်းသံကြားယင်

ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့

ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ

ရာဇ၀င်ကို ထိုးခွဲ

တိုက်ပွဲကို ဒုန်းဖောက်

မီးတောက်ဆူးခြစ်

ခေတ်သစ်ပူဇော်

တော်လှန်တဲ့ ညီလေးရေ

ခွပ်ဒေါင်းအပေါင်းရဲ့

ကောင်းချီးသြဘာသံစေ

မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)

ညီလေးရေ

ရာဇ၀င်ရေးရာ

စာအုပ်ပိတ်

တော်လှန်ရေးမှာ “အိပ်”တော့နော်

စိတ်ချသွားပါ

အရာအားလုံးကို မေ့ဖျောက်

သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး

တလောကလုံး လင်စေအားကွယ်..

တိမ်သားရိုးရီ

ဒီမိုကရေစီ တောင်တက်လမ်းက

ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်

စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ

ဗမာပြည်အတွက်

လိုအပ်တဲ့

“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”

အရှေ့ဖက်အရပ်မှာ

ခြင်္သေ့တွေ ချီလာပြီ

စစ်မြင်းတွေ ပြိုင်လာပြီ

ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..

ညီလေးရယ်

ငြိမ်းချမ်းစွာ

အေးမြစွာ

ရှင်းသန့်စွာ

နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်

ဘာပဲဖြစ်ဖြစ်

ယမ်းငွေ့တလူလူကြားထဲမှာ

မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ

ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..

သြော်..

ဒေါင်းအလံကို ပန်းလို ပန်လို့

လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

(ရွှေဘုန်းလူ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မီးလောင်မှုအကြိမ်ရေ မြင့်တက်လာပြီး လျှပ်စစ်ကြောင့် မီးလောင်မှုနှင့် ကားမီးလောင်မှုများ အများဆုံးဖြစ်ပွားနေကြောင်း ထုတ်ပြန်

AddThis Social Bookmark Button
w79_04
ရွှေဂုံတိုင်တာဝါတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်က မီးလောင်မှု ဖြစ်ပွားစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် မီးလောင်မှုအကြိမ်ရေမှာ ပြီးခဲ့သည့်နှစ်ထက် မြင့်တက်လာပြီး လျှပ်စစ်ကြောင့် မီးလောင်မှုနှင့် ကားမီးလောင်မှုဖြစ်စဉ်များမှာ အများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးမှာ စီးပွားရေးမြို့တော်ဖြစ်သောကြောင့် မီးသုံးစွဲမှုပမာဏ မြင့်တက်နေပြီး မီးသုံးစွဲမှုများပြားသည့်အတွက် မီးလောင်မှုအကြိမ်ရေလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းအထဲတွင် လျှပ်စစ်ကြောင့်ဖြစ်ပွားသော နေအိမ်များအတွင်း မီးလောင်မှုနှင့် ကားမီးလောင်မှုများမှာ အများဆုံးဖြစ်ပြီး မီးလောင်မှုများမှာ ပြီးခဲ့သည့် မိုးရာသီကာလကတည်းက မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
''ရန်ကုန်တိုင်းဒေသကြီးဟာ တစ်နိုင်ငံလုံး မီးသုံးစွဲတဲ့ပမာဏရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို သုံးနေတာဆိုတော့ မီးသုံးစွဲမှုများပြားနေတယ်။  ဒါကြောင့် မီးလောင်မှု အကြိမ်ရေများတယ်။ အရင်နှစ်တွေထက်ကို ဒီနှစ်မှာ မီးလောင်မှု အကြိမ်ရေ ပိုများလာတယ်။ အရင်နှစ်က မိုးတွင်းဆိုရင် မီးလောင်မှုနည်းခဲ့တာ။ မှတ်မှတ်ရရ ဒီနှစ်မှာ မိုးတွင်းကာလကတည်းက မီးလောင်တဲ့အကြိမ်ရေက များခဲ့တယ်။ အခုပွင့်လင်းရာသီမှာဆိုရင် ပိုများတာပေါ့'' ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လျပ်စစ်ကြောင့် မီးလောင်မှု ဖြစ်စဉ်များတွင် လျပ်စစ်ဓာတ်အား များကို ခံနိုင်အားထက် ပိုမိုသုံးစွဲခြင်း ကြောင့် ရှော့ဖြစ်ကာမီးလောင်ခြင်း၊ မီးအားမြှင့်စက်နှင့်  Safeguard တွေကို သက်တမ်းကြာရှည်စွာ သုံးစွဲခြင်းကြောင့် ကွဲအက်ကာ မီးလောင်မှု ဖြစ်ပွားခြင်းများ ပါဝင်ကြောင်း၊ Aircon  မှ ကိုယ်တိုင် မီးလောင်ခြင်း၊ Aircon ပလပ်ပေါက်ထိုးထားသော မီးပလပ်ပေါက်ခုံမှ မီးလောင်ခြင်းများလည်းရှိနေကြောင်း သိရှိရသည်။
ထို့ပြင်ကားမီးလောင်မှုဖြစ်စဉ် များမှာလည်း ပိုမိုဖြစ်ပွားလာပြီး နို ၀င်ဘာလဆန်းပိုင်းအတွင်း ကားမီး လောင်မှုစုစုပေါင်း လေးကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ကားများတွင်ဝါ ယာရှော့ဖြစ်ခြင်းအပြင်ရာသီဥတုပူ ခြင်းကြောင့် အင်ဂျင်အပူလွန်ကဲကာ မီးလောင်မှုများရှိခဲ့သည်။  ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ၁၂ လ တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု စုစုပေါင်း ၁၃၁ ကြိမ်သာ ဖြစ်ပွားခဲ့ သော်လည်း ယခုနှစ်တွင် ဇန်န၀ါရီမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မီးလောင်မှု စုစုပေါင်း ၁၃၇ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်စဉ်မီးလောင်မှုအများဆုံး တိုင်းဒေသကြီး ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မီးလောင်မှုအကြိမ်ရေ များပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြိုတင်ကာကွယ်မှုလုပ်ငန်းများ၊ မီးဘေးသတိရှိရန် နှိုးဆော်ခြင်းများကို အပတ်စဉ် စီမံချက်ရေးဆွဲကာ ဇုန် ၁၀ ခုခွဲကာ ပြုလုပ် လျှက်ရှိသည်။

အင်းစိန်မြို့နယ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က အနုကြမ်းစီးလုယက်မှု ဖြစ်ပွား

အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သာယာရေး (၂)လမ်းရှိနေ အိမ်တစ်ခုတွင် အနုကြမ်းစီးမှု နိုဝင်ဘာလ ၂၃ ရက်နေ့ညနေ ၅ နာရီကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားချိန်တွင် အဆိုပါအိမ်၌ အိမ်ပိုင်ရှင်များမရှိဘဲ အသက် ၁၇ နှစ်အရွယ် အိမ်အကူ အမျိုးသမီးတစ်ဦးသာရှိကြောင်းလည်း သိရသည်။
''အမေက စင်္ကာပူမှာပါ။အိမ်မှာက အဖေရယ်၊ ကျွန်တော်ရယ်၊ အိမ်အကူ ကောင်မလေးတစ်ယောက်ရယ်ပဲ နေပါတယ်။ကျွန်တော်က လေဆိပ်လမ်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်။ အဖေက ညနေ ၅ နာရီ လောက် ကျွန်တော့ကိုလာကြိုပြီး ၆ နာရီကျော်ကျော်လောက်မှာ အိမ်ပြန်ရောက်တော့ အိမ်ခန်းထဲမှာ အိမ်အကူကောင်မလေးရဲ့ လက်ကိုကြိုးနဲ့တုပ် ပါးစပ်ကို မျက်နှာသုတ်ပ၀ါနဲ့ စည်းထားတာတွေ့ရပါ တယ်။ ကောင်မလေးက အရမ်းကြောက်နေတယ်။ ဒါနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို အကြောင်းကြားပြီး ဆေးရုံပို့ပါတယ်။ ကောင်မလေးကို မေးမြန်းကြည့်တော့ အိမ်နောက်ဖေးအခန်းမှာ မျက်နှာကို အ၀တ်စည်းထားတဲ့ လူလတ်ပိုင်း လူစိမ်းနှစ်ယောက်ကို တွေ့တယ်။သူတို့က 'နင်မအော်နဲ့' လို့ ပြောပြီး လက်တွေကိုကြိုးနဲ့ တုပ်၊ ပါးစပ်ကိုအ၀တ်နဲ့ စည်းတယ်။ ပြီးတော့ ရဲကိုအကြောင်း ကြားရင် သတ်ပစ်မယ်ဆိုပြီး လက်ကိုဓားနဲ့ တစ်ချက် မွှန်းသွားတယ်။ ခေါင်းကိုလည်း သမံတလင်းနဲ့ လေးငါးချက်လောက်စောင့်တယ်လို့ ကောင်မလေးက ပြောပါတယ်။ ကောင်မလေးမှာ ဒဏ်ရာအနာတရဖြစ်ပေမယ့် အသက်အန္တရာယ်တော့ လောလောဆယ် မစိုးရိမ်ရပါဘူး။ ကျွန်တော်တို့ စစ်ဆေးကြည့်မိသလောက်တော့ ဘီရိုထဲမှာ သိမ်းထားတဲ့ ငွေကျပ်သုံးသိန်းနဲ့ ခေါင်းအုံးအောက်မှာထားတဲ့ ခုနစ်သောင်းပါသွားတယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်စဉ်ကို အမှန်အတိုင်း ဖြစ်စေချင်ပါတယ်။ တရားခံကို အမြန်ဆုံးဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်'' ဟု အိမ်ရှင် ကိုစောဘုန်းမြင့်မောင်က ပြောပါသည်။
''ကျွန်တော်သိရသလောက်တော့ ညနေ ၅ နာရီခွဲဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ဖြစ်တဲ့အိမ်မှာက အဲဒီအချိန် အိမ်အကူအမျိုးသမီး တစ်ယောက်တည်း ရှိတဲ့အချိန် ဖြစ်ပါတယ်။ လူနှစ်ယောက် က အိမ်နောက်ဖေးဘက်က ၀င်လာပြီး အိမ်အကူအမျိုးသမီးကို ကြိုးတုပ်၊ လက်ကိုဓားနဲ့မွှန်းပြီး ခေါင်းကိုကြမ်းပြင်နဲ့စောင့်တယ်လို့ သိရတယ်။ အိမ်ရှင်တွေ ရောက်လာပြီး သက်ဆိုင်ရာတွေကို အကြောင်းကြားပြီး ကောင်မလေးကို အင်းစိန်ဆေးရုံ ပို့လိုက်တယ်လို့ သိရပါတယ်။ အခင်းဖြစ်သွားတဲ့အိမ်က ဒီနေ့ညနေ အစောပိုင်းကပဲ ကားအရောင်းအ၀ယ် သိန်း ၈၀ နဲ့ ဖြစ်သွားတယ်လို့ ပြောကြတယ်''ဟု အိမ်နီးချင်းတစ်ဦးက ပြော ကြားခဲ့သည်။
''ဒီနေရာက လမ်းသွယ်ဆိုပေမယ့် လမ်းသွားလမ်းလာလည်း မပြတ်ပါဘူး။  ပြီးတော့ဖြစ်တဲ့အချိန်ကလည်း အလုပ်ပြန်တဲ့အချိန်ဖြစ်လို့ လူတွေလည်းရှိပါတယ်။ အရင်ကတော့ ကျွန်တော့တို့ လမ်းမှာ ဒီလိုဖြစ်တာမျိုး မကြားဖူးဘူး'' ဟု အဆိုပါလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အနုကြမ်းစီးလုယက် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး လတ်တလောတွင် အမှုအား စစ်ဆေးဆဲဖြစ်ကြောင်းနှင့် လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အင်းစိန်ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ဝင်းလှိုင်က ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၂၁၈၃/၂၀၁၁၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်

ငမိုးရိပ်ချောင်းအတွင်း မိကျောင်းတစ်ကောင်အား ဖမ်းဆီးပြီးနောက် တစ်လနီးပါးအကြာတွင် ဒုတိယအကြိမ် မိကျောင်းတစ်ကောင်ကို ထပ်မံတွေ့ရှိ


ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်း
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
cd2
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို နိုဝင်ဘာ၂၄ရက် ညနေ ၄နာရီခွဲ အချိန်တွင် တွေ့ရစဉ်
cd3
ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော မိကျောင်းကို လာရောက်ကြည့်ရှု့နေသူများအား တွေ့ရစဉ်
ငမိုးရိပ်ချောင်းအတွင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းက မိကျောင်းတစ်ကောင်အား ဖမ်းဆီးရမိပြီးနောက် တစ်လနီးပါးအကြာ  နိုဝင်ဘာလ ၂၄ ရက်နေ့က မိကျောင်းတစ်ကောင်အား အဆိုပါ ချောင်းအတွင်း၌ ထပ်မံတွေ့ရှိနေရကြောင်း သတင်းရရှိသည်။

ပထမအကြိမ် ဖမ်းဆီးမိခဲ့သည့် မိကျောင်းမှာ ၁၀ ပေခန့် အရွယ်ရှိပြီး ယခုထပ်မံတွေ့ရှိရသည့် မိကျောင်းမှာလည်း ပထမအကြိမ်ထက် အရွယ်အစားပိုကြီးကြောင်း  တွေ့ရှိရသည်။

ယခုဒုတိယအကြိမ် တွေ့ရှိနေရသည့် မိကျောင်းမှာ ငမိုးရိပ်တံတား ဒဂုံမြို့သစ် (တောင်ပိုင်း) အတွင်းရှိ ငမိုးရိပ်ချောင်းအနီး ပတ်ဝန်းကျင်တွင် သွားလာနေသည်ကို တွေ့ရှိရသည်။

ငမိုးရိပ်တံတား(တောင်ဒဂုံ) ဘက်ခြမ်းတွင် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးကလည်း "ကျွန်တော် အဲဒီ မိကျောင်းကို တွေ့နေရတာ ၄ ရက် ရှိပါပြီ။ ချောင်းထဲမှာ မိကျောင်းနှစ်ကောင်ရှိတယ်လို့ ထင်ပါတယ်။ တစ်ကောင်က တော်တော်ကြီးတယ်။ တစ်ကောင်ကတော့ လေးပေလောက်ဘဲရှိတဲ့ မိကျောင်းကိုတွေ့ရပါတယ်" ဟု ၄င်း၏မြင်တွေ့မှုအပေါ်ကို ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါချောင်းအနီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးကလည်း  "ကျွန်မက နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ကန်စွန်းစိုက်ခင်းကနေ ပြန်အလာမှာ ငမိုးရိပ်ချောင်း ကမ်းနားမှာ အဲဒီမိကျောင်းကြီး တစ်ကောင်ကို တွေ့ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော အဆိုပါ မိကျောင်းအား ဖမ်းဆီးရမိရန်အတွက် ၄င်းချောင်းအနီးတွင် နေထိုင်သူအချို့မှ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွှဲပိုင်း၁နာရီအချိန်မှ ညပိုင်းအချိန်အထိ ဖမ်းဆီးမိရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရှိရသည်။
ပထမအကြိမ် ငမိုးရိပ်ချောင်းအတွင်း သွားလာနေသော ၁၀ ပေ အရွယ်ရှိ မိကျောင်းကိုလည်း အောက်တိုဘာလ ၃ ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့ညပိုင်းက ရေယာဉ်လုပ်သား သုံးဦးက
ဖမ်းဆီးမိခဲ့ကြောင်း သိရှိရသည်။ ယခုအကြိမ်တွင်လည်း မိကျောင်းကို ဖမ်းဆီးရမိရန်အတွက် ချောင်းအနီးအနားတွင် နေထိုင်သည့် ပြည်သူအချို့က ဖမ်းမိရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရှိရသည်။
ငမိုးရိပ်ချောင်းအတွင်း ထပ်မံတွေ့ရှိနေရသည့် မိကျောင်းကို လာရောက်ကြည့်ရှုနေသူ များပြားလျက်ရှိကြောင်း သိရှိရသည်။
သတင်းရင်းမြစ် eleven media group

ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများသာ အနှေးယာဉ်စာရင်းဝင်ပြီး ကျန်လျှပ်စစ်စက်ဘီးများ စက်တပ်ယာဉ်အဖြစ် မှတ်ပုံတင်ရဖွယ်ရှိနေ

ရန်ကုန်မြို့ မြို့ပတ်မြို့နယ်များတွင် အသုံးပြုနေသည့် လျှပ်စစ်စက်ဘီးများနှင့်ပတ်သက်၍ ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများကိုသာ အနှေးယာဉ်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ရန်ကုန်မြို့တော်အတွင်း အနှေးယာဉ် မ၀င်ရလမ်းမကြီးများအပ ကျန်လမ်းမကြီးများတွင် စီးနင်း သွားလာမှုကို ခွင့်ပြုပေးသွားမည်ဖြစ်သော်လည်း ခြေနင်းမပါရှိသည့် လျှပ်စစ်စက်ဘီးများကို စက်တပ်ယာဉ်အဖြစ် သတ်မှတ်ကာ မှတ်ပုံတင်ပေးသွားရန် အစီအစဉ်များရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ စုံစမ်းသိရှိရပါသည်။
''အခုရန်ကုန်မြို့တော်ရဲ့ မြို့ပတ်မြို့နယ်တွေဖြစ်တဲ့ အင်းစိန်မြို့နယ်၊ တောင်ဥက္ကလာမြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံလို မြို့နယ်တွေမှာ အသုံးပြုနေတဲ့ လျှပ်စစ်စက်ဘီးတွေမှာ အမျိုးအစား အားဖြင့် နှစ်မျိုးတင်သွင်းထားတာ တွေ့ရပါတယ်။ တစ်မျိုးက မော်တာနဲ့မောင်းနှင်လို့ ရသလို ခြေနင်းနဲ့လည်း စီးနင်းသွားလာလို့ရတယ်။ နောက်တစ်မျိုးကတော့ မော်တာစနစ်နဲ့ မောင်းနှင် သွားလာရတဲ့ ပုံစံဖြစ်ပါတယ်။ မော်တာစနစ်နဲ့ မောင်းနှင်သွားလာလို့ရတဲ့ အမျိုးအစားကိုတော့ အနှေးယာဉ်အနေနဲ့ သတ်မှတ်လို့ရမှာ မဟုတ် တော့တဲ့အတွက် လျှပ်စစ်စွမ်းအင်သုံး စက်တပ်ယာဉ် ဖြစ်သွားပါပြီ။  စက်တပ်ယာဉ်အနေနဲ့ မှတ်ပုံတင်ရမယ့် အနေအထားမျိုး ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လျှပ်စစ်စွမ်းအားဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၂၀ ခန့်အထိ သွားလာနိုင်သည့်  လျှပ်စစ်စက်ဘီးမျိုးကို စက်တပ်ယာဉ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ အမြန်နှုန်းမျိုးဖြင့် မောင်းနှင်သွားလာမှုမှတစ်ဆင့် မတော်တဆမှု ဖြစ်ပွားရန်မှာ ခြေနင်းပါရှိသည့် လျှပ်စစ် စက်ဘီးများထက် ဖြစ်နိုင်ချေပိုများကြောင်း လေ့လာသူများက ဆိုပါသည်။
ဈေးကွက်အတွင်းတွင် တရုတ် နိုင်ငံမှ ၀င်ရောက်နေသည့် လျှပ်စစ်စက်ဘီးအမျိုးအစား မျိုးစုံရှိနေပြီး ခြေနင်းပါရှိသည့် လျှပ်စစ်စက်ဘီးများမှာ ကျပ်သုံးသိန်းခွဲ၊ လေးသိန်းဝန်းကျင်အထိရှိပြီး ခြေနင်းမပါ ရှိသည့် လျှပ်စစ်ဆိုင်ကယ်များမှာ ကျပ်ခြောက်သိန်းအထိ ဈေးရှိကြောင်း သိရသည်။
source: eleven media group

Shell မြန်မာပြည်ပြန်လာချင်

ဘန်ကောက်အခြေစိုက် နေးရှင်းသတင်းစာ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေမှုကို ၁၈ နှစ်ကျော် ရပ်ဆိုင်းထားခဲ့သည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးဖြစ်သည့် Shell က  ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသည်ဟု သိရှိရသည်။ Shell က ထိုင်းနိုင်ငံပိုင် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့်  PTTEP နှင့် အကျိုးတူပူးပေါင်းရန် စဉ်းစားလျက်ရှိနေပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နေးရှင်း သတင်းစာက ရေးသားခဲ့ခြင်း ဖြစ်သည်။ PTTEP အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ ရေနက်ကမ်းလွန်လုပ်ကွက် M11 တွင် Shell ကုမ္ပဏီက ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေကြောင်း သိရသည်။ လွန်ခဲ့သည့် သြဂုတ်လက PTTEP ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ Anon Sirisaengtaksin က ဘန်ကောက်ပို့ သတင်းစာသို့ ပြောကြားရာ တွင် M11 လုပ်ကွက် အနေအထားအရ ရှာဖွေရန်ခက်ခဲသည့် နေရာတွင် ရှိသဖြင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ကုမ္ပဏီတစ်ခု အလိုရှိနေသည်ဟု ဆိုခဲ့သည်။ “လုပ်ကွက်က ပင်လယ်ရေအောက် (၁) ကီလိုမီတာ အနက်မှာ ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ မိတ်ဖက်လိုအပ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ M11 လုပ်ကွက်သည် (၇၂၇၈) စတုရန်း ကီလိုမီတာရှိပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်တောင်ဘက် မုတ္တမပင်လယ်ကွေ့တွင် တည်ရှိသည်။ Shell ကုမ္ပဏီသည် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးတွင် ထိပ်တန်းကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသို့ ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် လာရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေခဲ့သည်။ ၁၉၉၃ ခုနှစ် မတ်လတွင် Shell ၏ မြန်မာနိုင်ငံ ကုမ္ပဏီခွဲဖြစ်သည့် Myanmar Shell B.V ကုမ္ပဏီသည် ပဲခူးရိုးမဒေသရှိ ကုန်းတွင်း ရေနံရှာဖွေရေးလုပ်ငန်းမှ ရလဒ်မကောင်းသည့် တူးဖော်တွေ့ရှိမှုများကြောင့် ရှာဖွေတူးဖော်ခြင်းများ ရပ်ဆိုင်းခဲ့သည်။ Shell ကုမ္ပဏီသည် ၁၉၉၃ခုနှစ်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားချိန်၌ နိုင်ငံခြား ရေနံကုမ္ပဏီ (၉) ခုတို့သည် မြန်မာနိုင်ငံတွင် ရှာဖွေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသည့် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာ ရေနံကုမ္ပဏီကြီး Shell သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။
                                                      သတင်းရင်းမြစ် www.thithtoolwin.com

အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ

အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး မူဝါဒအရ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက ရန်ကုန် ဆိပ်ကမ်းများ၌ ဖြစ်ပွားခဲ့သော တရားမဝင် ကား ၃၃ စီး တင်သွင်းမှုကို စုံစမ်း စစ်ဆေးခဲ့ရာ အကောက်ခွန်ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင် ပတ်သက်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။

အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ယခုနှစ်အတွင်း Super Custom ကားများနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ကားများ အစီးလိုက် သော်လည်းကောင်း၊ ပစ္စည်းများ တစ်စစီ ဖြုတ်၍ သော်လည်းကောင်း တင်သွင်းခဲ့ ကြရာ တရားမဝင် လိုင်စင်မဲ့ ကား ၃၃ စီး တင်သွင်းခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားသည်နှင့် ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာနက အဖွဲ့ဝင် သုံးဦး ပါဝင်သော အထူး စုံစမ်းစစ်ဆေးရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည့် အပြင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနကလည်း တရားဝင် စစ်ဆေးခဲ့ကာ အကောက်ခွန် ဝန်ဆောင်မှု ဆိုင်ရာ အေဂျင်စီများ ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက် ဆိုင်ရာ အစီရင်ခံစာကို ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အပါအဝင် အကြီးအကဲများထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင်သည်ကို သိရှိရကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက The Voice Weekly သို့ တရားဝင် ပြောဆိုသည်။

" စသုံးလုံးက အပြင်က အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီတွေ ကိုလည်း လိုအပ်တာတွေ ခေါ်ယူ မေးမြန်းတယ် " ဟု ရန်ကုန် မြို့တော် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု မကြာခဏ ဆိုသလို မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် လာဘ်ပေး လာဘ်ယူစနစ် ပပျောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်၊ ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း အပါအဝင် စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ထောက်ပြပြောဆို ကြသည်။

The Voice

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်
နေပြည်တော် နိုဝင်ဘာ ၂၅။
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
ဦးခင်ဇော်အား မည်သည့်ကိစ္စဖြင့်အနားပေးလိုက်သည်ကိုမူရှင်းရှင်းလင်းလင်းမသိရပေ။သို့သော် ပြည်ပမီဒီယာများက ဦးခင်ဇော်အား ဆန်တင်ပို့ခွင့်ကိစ္စနှင့်ပတ်သက်သော အရှုပ်အထွေးများရှိကြောင်း မကြာမီကရေးသားခဲ့သည်။
ဦးခင်ဇော်သည် ယခင်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ကစထမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စု သတင်းအရသိရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More