Friday, November 25, 2011

(၁၀၂) ကြိမ်မြောက် ရှင်ဥပဂုတ္တ ရဟန္တာ ရေမျှောပူဇော်ပွဲ





ရှင်ဥပဂုတ္တ ရဟန္တာ ရေမျှောပူဇော်ပွဲကို ၂၈လမ်း၊ ၈၃x၈၄ လမ်းကြားရှိ ရှင်ဥပဂုတ္တဝင်း တွင် တန်ဆောင်မုန်း လပြည့်ကျော် (၇)၊ (၈) ရက၊် နိုဝင်ဘာလ (၁၇)၊ (၁၈) နေ့များတွင်ကျင်းပခဲ့သည်။အဆိုပါ ရှင်ဥပဂုတ္တ ရဟန္တာ ရေမျှောပူဇော်ပွဲကို ၁၉၀၉ ခုနှစ် မှ စတင်၍ ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အကြိမ်ပေါင်း(၁၀၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ပြီး နှစ်စဉ်မပြတ် ပူဇော်လှူဒါန်း ကြသည်ဟု သိရပါသည်။

အဆိုပါ (၁၀၂) ကြိမ်မြောက် ရှင်ဥပဂုတ္တ ရဟန္တာ ရေမျှောပူဇော်ပွဲ ကို တန်ဆောင်မုန်းလပြည့်ကျော် (၇)ရက်၊ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ရှင်ဥပဂုတ္တ ရဟန္တာအား သစ်သီး၊ ဆွမ်းများ နှင့် ကပ်လှူပူဇော်ကာ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်၊ နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက်တွင် သံဃာတော်အပါး (၃၅၀) အား စာရေးတံမဲ နှင့်တကွ ဆွမ်းကြီးလောင်းလှူပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည်(၂) နာရီတွင် ရှင်ဥပဂုတ္တဝင်းမှ စ၍ ၂၆လမ်း၊ ဧရာဝတီမြစ်အနီးရှိ မရမ်းခြံဆိမ်ကမ်းသို့ လှည်းယဉ်များ၊ မော်တော်ယာဉ်များဖြင့် လှည့်လည် အပူဇော်ခံခဲ့ကြောင်း သိရပါသည်။ ထို့နောက် ဧရာဝတီမြစ်ကြောင်းထဲတွင် ရှင်ဥပဂုတ္တ ရဟန္တာအား ဖောင်တော်ဖြင့် အဆန်၊ အတက် (၃) ကြိမ်ပြုလုပ်ကာ ဆီမီး (၆၀၀၀) နှင့်တကွ ရေမျှောပူဇော်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထို ရှင်ဥပဂုတ္တ ရဟန္တာအား မရမ်းခြံဆိပ်ကမ်းမှ ပြန်လည်ဆည်ယူပြီး ပူဇော်ထားမည်ဖြစ်ကြောင်း၊ တစ်ဖန် မရမ်းခြံဆိပ်ကမ်းမှ တဆင့် ပြန်လည်၍ မျှောကာ ထင်းဝင်းဆိပ်ကမ်းမှ ဆည်ယူပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း အဆင့်ဆင့် ဆည်ယူပူဇော်ကြကာ ပင်လယ်ဝရောက်သည်နှင့် ပင်လယ်ထဲသို့ ရေမျှောပူဇော်လိုက်ကြကြောင်း သိရပါသည်။

အဆိုပါ ရှင်ဥပဂုတ္တရဟန္တာအား သစ်သားဖြင့် ထုလုပ်ထားပြီး ၁ နှစ် (၁)ခါ အသစ်ပြန်လည် ပြုလုပ်ကာ ယခုနှစ် ရှင်ဥပဂုတ္တ ရဟန္တာ နှင့် ကျောင်းဆောင် ကို မန္တလေးမြို့ ၊ ကွယ်လွန်သူ ဖခင်ကြီး ဦးသာဌေး နှင့် မိခင်ကြီး ဒေါ်ထွေးထွေး အား ရည်စူး၍ အမ မကြူကြူ ၊ ညီမ ကိုဝင်းကို+မသက်သက်မာ ၊ သား ကိုမျိုးထက်ကိုကို၊ ဗိုလ်ကြီး ရာမျိုးဟိန်း၊ တူ မြတ်ဖြိုးအောင် တို့မှ လှူဒါန်းကြပြီး ဖောင်တော်ပေါ်လိုက်ပါလာကြသူများအား ဦးအေးကို+မဌေး (ရွှေနှင်းဆီ-ထိုးမုန့်) မှ ထောပတ်ထမင်းများ ဖြင့် ဧည့်ခံကာ ဆီမီး (၆၀၀၀) အား ဦးတ္ထိလ မှ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More