Saturday, November 5, 2011

ညီမလေးရဲ့ ဂီတသံဟာ ကျွန်တော့် ဓါးအိမ်ဖြစ်တယ်။

ညီမလေးရေ..
လမ်းဘေးကဖေးဆိုင်မှာ
တကယ့်ဘ၀စစ်စစ်ဖြစ် နေထုင်သူပါ..။

အလွမ်းက
မျက်ခြေမပျက်မခံတော့
“သစ္စာ”စကားကြီးက
ငါ့ ခံတပ်အဟောင်းကြီးပေါ်ပဲ
ရောက်ရောက် လာတယ်။

ကြယ်စင်ကြွေတာကို ကြည့်ပြီး
အပျင်းပြေ ပြုံးပြတတ်တဲ့
ညီမလေးရဲ့ မျက်ဝန်းက
ဘယ်သူ့အတွက် ဆုလာဒ်လည်း
မွန်းကြပ်မှုတွေ မြိုချရတာ များလွန်းတော့လည်း
ငါ့ရင်ဘတ်တွေ
အဆိပ်သင့်တာ များလှပြီ.။

ညီမလေးရေ….
နာကြင်မှုတွေ ဝေဆာနေတဲ့
သစ္စာတရားအပါးမှာ
ဝတ်လစ်စလစ် အလွမ်းတွေသာ
ဆော့ကစားလို့…..။

ရတုသွေး

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More