Friday, November 25, 2011

(၂၂) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနား






မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ၊ Unicef နှင့် INGOS တို့ ပူးပေါင်းကျင်းပသော (၂၂) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ ၊နံနက် (၈) နာရီတွင် မန္တလေးမြို့၊ ၁၂လမ်း၊ ၇၃လမ်းထောင့်ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ (၂၂) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို အပိုင်း(၂) ပိုင်းဖြင့် Unicef, World Vision,
Save the Children, လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းမှ ပူးပေါင်း ကျင်းပခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ၊ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မောင်းမှ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်တွင် ပါရှိသည့် အဓိက အချက်(၄) ချက်ဖြစ်သော ကလေးသူငယ်များရဲ့ အကောင်းဆုံးအကြိုးစီးပွားဖြစ်ထွန်းမှုများ ဆောင်ရွက်ရန်၊ ကလေးငယ်များအပေါ် ခွဲခြားမှုမရှိစေရန်၊ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်စွာ အသက်ရှင်သန်နေထိုင်နိုင်ရန်၊ ကလေးသူငယ်များရဲ့ ထင်မြင်ချက်ကို မပယ်ရှားဘဲ အလေးထားရန်၊ စသည်များကို အဓိကထား၍ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးသိန်းမှ အမှာစကား ပြောကြားခြင်း၊ Unicef ကိုယ်စားလှယ် ဦးကျော်သောင်းမှ CRC Day နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ INGOS များကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်များ အခွင့်အရေးများ ဆိုင်ရာ ကော်မတီဥက္ကဌ နှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ လူမှုဝန်ထမ်းဦးစီးဌာန ပြခန်း၊ World Vision ပြခန်း၊ Unicef ပြခန်း၊ Save the Children ပြခန်း နှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းပြခန်းများကို လှည့်လည်ကြည့်ရှူခဲ့ပြီး အားကစားပြိုင်ပွဲများမှ ဆုရအဖွဲ့များအား ဆုချီးမြှင့်ခြင်း၊ ကလေးသူငယ်များမှ အကပဒေသာ၊ တေးသီချင်းသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ကျင်းပကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

1 comments:

သတင်းများအတွက်ကျေးဇူးပါ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More