Friday, November 25, 2011

ထိုင်းတော်ဝင်ဘုရင်စနစ်ကို စော်ကားသည့်အဘိုးအို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ





ဘုရင့်မိသားစုကို အလေးအနက်ထားတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို စော်ကားတဲ့ စာတိုတွေ ပေးပို့လှောင်ပြောင်ခဲ့သူတစ်ဦးကို ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

အန်ပွန်တန်နိုကက်ကူ (Ampon Tangnoppakul) ဆိုတဲ့ အသက် (၆၁)နှစ်ရှိ အဘိုးအိုက ပြီးခဲ့တဲ့နှစ် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပွားနေစဉ်ကာလအတွင်းမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် (Abhisit Vejjajiva) ဆီကို စာတို ၄ စောင်တိတိရေးပြီး ဘုရင့်တော်ဝင်မိသားစုကို ဆန့်ကျင်တဲ့အကြောင်းတွေ ပို့ပေးခဲ့တာပါ။
အဲဒီအတွက် အဘိုးအိုအန်ပွန်ကို ကွန်ပျူတာပြစ်မှုအက်ဥပဒေ၊ တော်ဝင်ဘုရင်စနစ်ကို စော်ကားတဲ့ဥပဒေတွေနဲ့ တရားစွဲပြီး ယခုလို ပြစ်ဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ ပြစ်ဒဏ်ချမှတ်တဲ့အချိန်မှာ ထိုင်းနိုင်ငံရေကြီးမှုတွေဖြစ်နေလို့ တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တာ မဟုတ်ဘဲ ဗီဒီယိုဆက်သွယ်မှုနဲ့ စစ်ဆေးပြီး အမိန့်ချမှတ်ခဲ့ရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လင့်ကစား ဒီလိုပြစ်မှုတွေဟာ နိုင်ငံရေးပြစ်မှုကြီးတွေဖြစ်ပြီး လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ အဘိုးအို အန်ပွန်ဟာ စာတစ်စောင်ကို ပြစ်ဒဏ် ၅ နှစ်နှုန်းနဲ့ စာ ၄ စောင်အတွက် ပြစ်ဒဏ် နှစ် ၂၀ အထိ ကျခံရတော့မှာဖြစ်ပါတယ်။
တိုင်းနိုင်ငံမှာ တော်ဝင်ဘုရင် မိသားစုဟာ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှုကို အပြည့်အ၀ရရှိခဲ့ပြီး ယခု ဘုရင်ကြီး သက်တော်ကြီးရင့်ချိန်မှာတော့ အခြားသော ဘုရင့်မိသားစုဝင်တစ်ချို့ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေရဲ့ ယုံကြည်လေးစားမှု အနည်းငယ် ကျဆင်းလာနေတယ်လို့ ဝေဖန်သုံးသပ်သူ တစ်ချို့က မှတ်ချတ်ပေးခဲ့ကြပါတယ်။

24 Nov, 2011
Ref: BBC news

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More