Thursday, November 17, 2011

မြန်မာ အသင်းကို အားပေးမည့် ရှမ်းပြည်နယ်မှ ပရိသတ်(၂)ဦး ဂျာကာတာသို့ ရောက်ရှိ

(၂၆) ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းစ် ဆီမီးဖိုင်နယ်ရောက် မြန်မာ ယူ-၂၃ အသင်းနှင့် အခြား မြန်မာ အားကစား အဖွဲ့များ၏ ပြိုင်ပွဲဝင်နေမှုကို အားပေးရန် ရှမ်းပြည်နယ်၊ ပင်လောင်းမှ မြန်မာ အားကစား ပရိသတ် (၂)ဦး ယနေ့တွင် ဂျာကာတာမြိုသို့ ရောက်ရှိ လာကြောင်း သိရသည်။
                         ဂျာကာတာရောက် ဦးမြင့်အောင်နှင့် ဦးရဲမြင့်လွင် (၀ဲမှယာ)
အဆိုပါ ပရိသတ် နှစ်ဦးမှာ အသက်(၆၂) နှစ်အရွယ် ဦးရဲမြင့်သိန်းနှင့် အသက်(၅၇)နှစ် အရွယ် ဦးမြင့်အောင်တို့ ဖြစ်ပြီး ယခင်ကလည်း ဆီးဂိမ်းစ် ပြိုင်ပွဲများသို့ မိမိ အစီအစဉ်ဖြင့် မိမိ သွားရောက် အားပေး ခဲ့ကြသော ၀ါသနာရှင်များ ဖြစ်ကြသည်။ "ဦးတို့က ရှမ်းပြည်နယ် ပင်လောင်းကနေ လာတာပါ။ ဦးက ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၁ ဆီးဂိမ်းစ် သုံးကြိမ်ရှိပြီ လိုက်အားပေးတာ။ ဦးမြင့်အောင် ကတော့ ၂၀၀၉၊ ၂၀၁၁ နှစ်ကြိမ်ပေါ့။ ၂၀၁၄ ကမ္ဘာ့ဖလားလည်း သွားအားပေး ဦးမယ်။ မနက်ဖြန်မှာ ပါလန်ဘန်းကို သွားပြီး ပြိုင်ပွဲတွေ အားပေးဦးမှာပါ။ မြန်မာအလံတွေ၊ shirt တွေ တစ်ပါတည်း ယူလာပါတယ်၊ နိုဝင်ဘာ (၁၉) ဆီမီးဖိုင်နယ် ကစားမယ့်ရက် မနက်ပိုင်း ဂျာကာတာကို ပြန်လာပြီး မြန်မာ ဘောလုံးအသင်းကို အားပေးဖို့ စီစဉ်ထားပါတယ်" ဟု ဦးရဲ့မြင့်လွင်က ပြောကြားခဲ့သည်။

အဆိုပါ မြန်မာ ပရိသတ် နှစ်ဦးအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှပွဲကြည့် လက်မှတ်ရရှိရေး ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "ဒီကိုလာပြီး ကြည့်ခွင့် မရမှာ စိုးရိမ်နေတာ၊ ခုတော့ စိတ်အေးသွားရပြီ။ အင်ဒိုနီးရှား ဆီးဂိမ်းစ် စီစဉ်မှုတွေက လာအို ဆီးဂိမ်းစ်လောက်ကို မကောင်းပါဘူး။ လာအိုက အစီအစဉ် သိပ်ကောင်းတယ်။ သတင်း အချက်အလက် စုံစမ်းရလည်း လွယ်တယ်။ ဒီမှာက ဘယ်ကို မေးလို့ မေးရမှန်းမသိ ဖြစ်နေတာ။ ကျွန်တော်တို့ နှစ်ယောက် မနက်က ပြိုင်ပွဲတချို့ သွားအားပေး နေတုန်း အင်ဒိုနီးရှား မီဒီယာ အမျိုးသမီး တစ်ယောက် လာမေးတယ်။ အင်တာဗျူး လုပ်သွားတာပေါ့။ ဒီက ဆီးဂိမ်းစ် အခြေအနေ ကိုမေးတော့ အရှိတိုင်း ပြောပြလိုက်တယ်။ information တော်တော် အားနည်းတယ်လို့" ဟု ဦးမြင့်အောင်က ၄င်း၏ အမြင်ကို ပြောကြား သွားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ လာရောက် အားပေးသည့် မြန်မာ ပရိသတ် နှစ်ဦးသည် ယနေ့ အချိန်ထိ အမေရိကန် ဒေါ်လာ (၁၅၀၀)ခန့်ကုန်ကျ သုံးစွဲထားကြောင်း သိရသည်။
                          သတင်းရင်းမြစ် http://www.soccermyanmar.com/index.php?option=com_content&view=article&id=13230%3A2011-11-16-14-25-21&catid=55%3Asea-game&Itemid=109

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More