Saturday, November 19, 2011

သဘောထားမတူညီသူများနှင့် သဘောထားတူညီအောင် လုပ်ဆောင်နိုင်မှသာ ပြည်ပမှ ဖိအားများ လျော့နည်းလာနိုင်မည်ဟုဆို

တိုင်းပြည်အတွင်း သဘော ထားမတူညီသူများနှင့် သဘောထား တူညီအောင် လုပ်ဆောင်နိုင်မှသာ ပြည်ပမှ ဖိအားများ လျော့နည်းလာ နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာသတင်းသ မားများကို ပြောဆိုခဲ့ပါသည်။  
''တိုင်းပြည်တည်ငြိမ်အေး ချမ်း ဖို့ဆိုရင် နှစ်ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေ တဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း ကျွန်တော်တို့တူညီအောင် ငြှိကြပြု ကြတဲ့ အပိုင်းပေါ့။ အဲဒီတော့ ဒီသ ဘောထား အမြင်အမျိုးမျိုးရှိတဲ့ပုဂ္ဂိုလ် တွေနဲ့ ကျွန်တော်တို့နဲ့ သဘောထား အမြင်ချင်း တူပြီဆိုလို့ရှိရင် ပြည်ပ ကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျော့နည်းလာမယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
''ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ကြတဲ့အခါ ကိုယ့်ရဲ့ညီအစ်ကို မောင် နှမတွေလိုပဲ သဘောထားပြီးတော့ ကျွန်တော်တို့ တွေ့ကြတယ်။ တွေ့ တော့ကျွန်တော်တို့ရဲ့ စိတ်စေတနာ တွေလည်းနားလည်သွားကြတယ်။ ကျွန်တော်တို့နဲ့ တွေ့ပြီး နောက် ပိုင်းမှာဆိုရင်  အပြုအမူတွေ အပြော အဆိုတွေ အများကြီး ကျွန်တော်တို့ ပြောင်းလဲသွားပါတယ်။ ဒီပြောင်းလဲ တဲ့ အပေါ်မှာမူတည်ပြီးတော့မှ ခုနကလို ပြည်ပကလည်း လိုက်ပြီး တော့မှ ပြောင်းတယ်''နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောကြားခဲ့ပါသည်။
                                  သတင်းရင်းမြစ် eleven media group

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More