Thursday, November 17, 2011

မြန်မာ အသင်းအား လိုက်ပါ အားပေးသည့် သူတိုင်းအား လက်မှတ် စီစဉ်ပေးမည်ဟု ဦးဇော်ဇော် ဖွင့်ဟ

(၂၆)ကြိမ်မြောက် ဆီးဂိမ်းစ် အားကစား ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက် သွားပြီဖြစ်သည့် မြန်မာ ယူ-၂၃ အမျိုးသား ဘောလုံး အသင်းအား လိုက်ပါ အားပေးသည့် မည်သည့် မြန်မာ ပရိသတ်ကိုမဆို ပွဲကြည့် လက်မှတ်များ အခမဲ့ စီစဉ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ဆီမီးဖိုင်နယ်နဲ့ ပွဲစဉ်က နိုင်ငံအတွက် တကယ့်ကို အရေးကြီးတဲ့ ပွဲပါ။ ဒီပွဲမှာ ပရိသတ်တွေက အသင်းကို အကောင်းဆုံး ပံ့ပိုးပေး နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အသင်းကို မြန်မာ ပြည်ကရော၊ စင်ကာပူကပါ ပရိသတ်တွေ လိုက်ပါ အားပေးကြမှာနဲ့ ပတ်သက်ပြီး အရမ်းကို ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ ဘယ်နိုင်ငံကမဆို လာအားပေးတဲ့ ပရိသတ်ကို ပွဲဝင်ခွင့် လက်မှတ်တွေ အခမဲ့ စီစဉ်ပေး သွားပါ့မယ်။ ကျွန်တော်တို့ အားလုံး အတူတူ အားပေး ကြပါမယ်" ဟု ဦးဇော်ဇော်က Soccer Myanmar သို့ ဖွင့်ဟ ပြောကြားခဲ့သည်။

ဦးဇော်ဇော်သည် မလေးရှား အသင်းက အင်ဒိုနီးရှားအား အနိုင်ရပြီးနောက် မြန်မာ အသင်း တည်းခိုသည့် ဟိုတယ်သို့ သွားကာ မြန်မာအသင်း ကစားသမား များအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ ၎င်းက တိုင်းပြည် အတွက် မလေးရှားနှင့် ဆီမီးပွဲအား အနိုင် ကစားရန် လိုအပ်ကြောင်းနှင့် မိမိ အပါအ၀င် ပရိသတ်များ အားလုံးက အကောင်းဆုံး အားပေး ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
http://www.soccermyanmar.com မှ ပြန်လည် ကူးယူပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More