This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Wednesday, December 28, 2011

မြန်မာနိုင်ငံ ဗဟိုဘဏ် မှ အတိုးနှုန်းများ လျှော့ချ သတ်မှတ်

နေပြည်တော် ဒီဇင်ဘာ ၂၈
မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် နိုင်ငံတော် ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ကို အထောက်အကူ ပြုစေရန် အတွက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှ စ ကာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း ကို ၁၂ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း သို့ လျှော့ချသတ်မှတ်လိုက်သည်။
ထိုသို့ ဗဟိုဘဏ်အတိုးနှုန်းများ ကို လျော့ချသကဲ့သို့ ဘဏ်များမှ အပ်ငွေ အပေါ်ပေးသာ့် အတိုးနှုန်းများနှင့် ချေးငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းများ ကိုလဲ ဘဏ်အပ်ငွေ များ အတွက်အတိုးနှုန်း ကို အပ်ငွေအမျိုးအစားများ ကို ၈ရာခိုင်နှုန်း ထက်မနည်း ၁၀ရာခိုင်နှုန်းထက်မများစေရန် ဘဏ်ချေးငွေများ အတွက် အတိုးနှုန်း ကို ချေးငွေ အမျိုးအစား အလိုက် ၁၃ ရာခိုင်နှုန်းထက် မများစေရန် လျှော့ချ သတ်မှတ်လိုက်သည်။ ချေးငွေများ အပေါ်တွင် တောင်းခံ နိုင်သည့် အမြင့်ဆုံး အတိုးနှုန်းကို ယခင် ၁၅ရာခိုင်နှုန်း မှ ယခု ၁၃ရာခိုင်နှုန်း သို့ လျှော့ချ သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။
 သတင်းရင်းမြစ် မြန်မာ့ အလင်း 

စက်ဆန်း ကူးတို့ဆိပ်၇ပ်ကွက် မီးလောင်မှု ကယ်ဆယ်ေ၇း လုပ်ငန်းများ







မီးလောင်ပေါက်ကွဲမှုကြောင့် ရပ်ကွက်အတွင်းမှ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မြို့နယ် အ.မ.က (၂၀)၊ (၂၄) နှင့် ဘုန်တော်ကြီးကျောင်း တစ်ကျောင်းတို့တွင် နေရာချထားပေးပြီး လှူဒါန်းလိုသူများ သွားရောက်လှူဒါန်းနိုင်ကြောင်းကို ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လိုက်လံအသိပေးကြေညာလျှက်ရှိသည်။

စက်ဆန်း ကူးတို့ဆိပ်၇ပ်ကွက် မီးလောင်မှု အခြေအနေ မြင်ကွင်းများ

ယခု (မနက် ၄း၃၀) တွင် မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။



အချိန် နဲ့ တပြေးညီ ရရှိ သည့် သတင်းနဲ့ဓါတ်ပုံများကို ဆက်လက်တင်ပြပေးပါမည်။
သတင်း ရင်းမြစ် eleven media group

စက်ဆန်း မီးလောင် ပေါက်ကွဲမှု သတင်း

နံနက် ၃ နာရီ ၄၀ မိနစ်


စက်ဆန်း မီးလောင် ပေါက်ကွဲမှု သတင်း
ပေါက်ကွဲမှုနှင့် မီးလောင်မှုကြောင့် ဒဏ်ရာရသူများ ဆေးရုံကြီးသို့ လူနာ ၅၀ ၊ ၆၀ ၀န်းကျင် ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ထပ်မံလည်းရောက်ရှိနိုင်သေးသည်ဟု ဆေးရုံကြီးရှေ့ရောက်ရှိနေသူ သတင်းထောက်က ပြောသည်။
မီးလောင်တဲ့နေရာမှာ ၁၀ ဦးခန့်ကျန်ရှိသေးသည်ဟု ကိုယ်တိုင်ဒဏ်ရာရသူတဦးကိုသယ်ယူ ပို့ဆောင်ပေးသူက YPI သို့ပြောသည်။ ဒဏ်ရာရသူများမှာ ပေါက်ကွဲမှုဖြင့် ကျောက်၊ အုတ်တို့ဖြင့် ထိခိုက်ဒဏ်ရာရသူများ ပါဝင်သည်ဟု သိရသည်။
မီးလောင်မှုနှင့် ပေါက်ကွဲမှုကြောင့် ကြောက်လန့်ပြီး သွေးရူးသွေးတန်း ဖြစ်သွားသူအများအပြား တွေ့မြင်ရသည်ဟု
နောက်ဆုံးသိရှိရသမျှ ဒဏ်ရာရသူ ၅၇ ဦး၊ သေဆုံးသူ အနည်းဆုံး ၈ ဦး ဟု ရန်ကုန် ဆေးရုံကြီးရှေ့မှ YPI သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူယခုထက် ထပ်မံများပြားလာနိုင်သေးသည်ဟုလည်း သိရသည်။ ပေါက်ကွဲ အိမ်ပြိုမှုကြောင့် ပိနေသူများ ရှိနိုင်သေးသည်ဟုလည်း သိရှိရသည်။
ဒဏ်ရာရသူ မိသားစုတစုမှ YPI သို့ပြောကြားရာတွင် အိပ်နေစဉ် အစအနများဝင်လာပြီး ၁နှစ်ကျော် ကလေးက နံရံများကိုကျော်ပြီး ပွင့်ထွက်သွားကြောင်း၊ ယခုလောလောဆယ် နားတွေအူနေကြောင်း ပြောဆိုသည်။
၎င်းအား မေးခွန်းမေးမြန်းသည်ကို မကြားရသဖြင့် အသံကျယ်စွာအော်ပြီး မေးရသည်ဟု သတင်းထောက်က ပြောသည်။

ဖြစ်ပွားရာနေရာ ပုသိမ်ညွန့် ၆ လမ်းမှတ်တိုင်အနီးတွင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ အမျိုးသမီးတဦး အပါအ၀င် ၂ ဦးကို မကြာမီ မိနစ်ပိုင်းက သယ်ဆောင်သွားသည်ကိုတွေ့ရသည်။
မီးဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်သည်။

ကူးတို့ဆိပ်ရပ်ကွက် အနီးရှိ ဂိုဒေါင်များထဲမှ ဆောင်းဘောက်စ် ထားသည့် ဂိုဒေါင်မှ ၁ နာရီ ၅၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းပြီးနောက် ၁၀ မိနစ်ခန့်အကြာမှ ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ စတင်ငြိမ်းသတ်သည့် မီးသတ်ကား ၂ စီးပိတ်မိနေပြီး မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးဒဏ်ရာသည့် အထဲပါဝင်ကြောင်း မီးသတ်တာဝန်ရှိသူတဦးက ပြောကြားသည်။
ဓါတုပစ္စည်းများ အက်စီလင်း ၊ ကာဗိုက်အစရှိသည့် ဂိုဒေါင်များ မပေါက်ကွဲအောင် ယခုလောလောဆယ် ထိန်းသိမ်းနေရသည်ဟု တာဝန်ရှိသူတဦးကပြောသည်။ လုံထိန်းကား ၂ စီး ၃ နာရီခွဲကျော်တွင် ရောက်ရှိလာပြီဟု သိရသည်။
အီလက်ထရွန်းနစ် ဆောင်းဘောက်စ် များ ထားရှိသည့် ဂိုဒေါင်မှ လောင်ကျွမ်းခြင်းဖြစ်သည်ဟု လည်းသိရသည်။ အနီးတ၀ိုက်တွင် အုတ်ခဲကျိုးများ ပြန့်ကျဲနေသည်ဟု သိရသည်။ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက ဖြစ်ပွားရာနေရာတွင်ပြောကြားချက်အရ ဖြစ်ပွားရာနေရာတွင် ဂိုဒေါင် ၃၂ လုံး ရှိသည်ဟုပြောကြားသည်။



့YPI

နံနက် ၄ နာရီ ၁၁ မိနစ်၊

မီးလောင်ကျွမ်းမှု အရှိန် မသေသေး၊ သဘောင်္ကျင်းအတွင်း ရှိ လောင်စာဆီကန်များနှင့် ကျန်ဂိုဒေါင်များထဲတွင် ဂဟေဆော်ရာတွင် သုံးသည့် ကာဗိုက်ကဲ့သို့ ဂိုဒေါင်များ လောင်ကျွမ်းမည်ကို စိုးသဖြင့် အနီးရပ်ကွက်မှ လူများ ကားပေါ်ပစ္စည်းနှင့် လူများ အသင့်တင်ကာ ထွက်ခွာဖို့ လုပ်ထားကြသည်။
ဆေးရုံကြီး မှ ရသည့် သတင်းအရ ယခုအချိန်ထိ သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရသူ ၅၈ဦး၊ အတည်ပြုပြီး၊ သေဆုံးသူထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ကိုအောင်အောင် ပါဝင်သည်ဟု သိရသည်။
ဒဏ်ရာရသူအများစုမှာ ခြေထောက်၊ လက်နှင့်ခေါင်းများတွင် ပေါက်ကွဲသည့်အစအနများကြောင့် ဖြစ်သည်ဟု သိရသည်။

စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။


မဇ္ဈိမသတင်းဌာန ။ ။ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။


မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်
ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေ
သော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။

ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။

ကြာသပတေးနေ့ နံနက် ၂ နာရီခန့်က အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီးက ရန်ကုန်မြို့ မြို့နယ် အများအပြား မှ အိပ်မောကျနေသူများကို လန့်နိုးသွားစေခဲ့သည်။

ဂိုဒေါင် ၃၂ လုံးရှိရာ ပုဇွန်တောင်ကမ်းအနားအနီး ဂိုဒေါင်များတွင် မီးလောင်လျှက်ရှိပြီး အခင်းဖြစ်ပွားသော နေရာ ၏ “ကိုက် ၄၀၀၊ ၅၀၀ အကွာမှာရှိတဲ့ အေဘီစီ လမ်းမကြီးပေါ် တွင် ကျောက်ခဲများ ပြန့်ကျဲနေတာ မြင်မကောင်း” ဟု မျက်မြင်သက်သေ တဦးက ဆိုသည်။

အဆောက်အဦးပေါက်ပြီး ပြန့်ထွက်လာတဲ့ ခဲမှန်လို့ပင် ဒဏ်ရာရသူများကို တွေ့ရပြီး “သွေးသံရဲရဲနဲ့ လူအများ
ပြေးလွှားနေတာကိုတွေ့ရ” သည်ဟု မျက်မြင်တဦးက ပြောသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ လူအများ အပြားကို မီးလောင်ရာနေရာမှ ဆွဲထုတ်နေသည်ကိုလည်း တွေ့ရသည်ဟု ဆိုသည်။

“ကျနော်တို့အားလုံး ပြေးနေကြတယ်” ဟုဆိုကာ ပတ်ဝန်းကျင် တခုလုံး “ဝရုန်းသုန်းကား” ဖြစ်နေသည်ဟု အခင်းဖြစ်ပွားရာကို လွန်ခဲ့သည့် တနာရီကတည်းက ရောက်ရှိနေသူ တဦး ကပြောသည်။

ဒဏ်ရာရသူများကို သယ်ထုတ်နေသည်မှာ မပြီးပြတ်နိုင်သေးဘဲဖြစ်ပြီး အသေအပျောက် ရှိလိမ့်မည်ဟု အခင်းဖြစ်ပွားရာ ရောက်နေသော လုံခြုံရေးတဦးက ပြောသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။


                          
     သတင်းဓာတ်ပုံ Ye Tayza Aung
မမေးနဲ့ မသိဘူး ၉ ရက်နေ့ နံနက် ၁နာရီခွဲမှာပါ ခင်မျာ .. အဲ့ဒီမတိုင်ခင်မှာ လှည်းတန်းမီးပွိုင့်မှ မြို့ထဲဘက်ကို မီးသက်ကား ၂ စီး ဥသြ ဆွဲပြီးထွက်သွားပါတယ် .. မကြာပါဘူး ပေါက်ကွဲသံ ကြားရပါတယ် .. မင်္ဂလာတောင်ညွန့်မှာဗုံးပေါက်တယ်လို့ သိရပါတယ် ခင်မျာ ...

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။
ထပ်မံရရှိသောသတင်းအရ စိုက်ပျိုးရေး ဂိုဒေါင်ဖြစ်ပြီး ပဒုမ္မာ ဂိုထောင် ဟုလည်း သတင်းထွက်နေပါသည် .. မီးမှာ အရှိန်ပြင်းထန်စွာ လောင်ကျွမ်းလျှက် ရှိသည်ကို မင်္ဂလာတောင်ညွန့် သိမ်ဖြူ လမ်းမှလည်း မြင်နေရကြောင်း သိရသည်..
Eleven Media Group
ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ဝန်းကျင်ခန့်တွင် မလွှကုန်းအနီးရှိ ဂက်စ်ဆိုင်တစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွား
Like · · Share · 2 minutes ago ·
  နောက်ထပ်ရရှိသည့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှပေါက်ကွဲသည်ဟု သိရသည်။ ကားလမ်းပိတ်ထားသဖြင့် အနီးရောက်အောင် YPI သတင်းထောက် သွားရောက်နေပါသည်။ လူနာတင်ယာဉ် တစီးထွက်သွားသည်ကိုတွေ့ရသည်။ မီးလောင်နေသည်ကို တွေ့မြင်နေရသည်။ မီးတောက်အရှိန် အနည်းငယ်လျော့သွားသည်ဟု သတင်းထောက်မှ သတင်းပေးပို့ပါသည်။ 
ည ၂ နာရီ ၅၀ မိနစ်

ပုဇွန်တောင် သာကေတ တံတားအဆင်းမှ အေဘီစီ အထိကားလမ်းပိတ်ထားသဖြင့် လမ်းတွင် လူများအပြည့် အေဘီစီပေါက်ကွဲ မီးလောင်ရာသို့ သွားရောက်နေကြသည်။ ဒဏ်ရာရသူများ ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီဟု အနီးရောက်နေသည့် သတင်းထောက်မှ ပေးပို့သည်။
ဒီမိုလုပ်စား သူတောင်းစား ၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက်

စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင်ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

ပေါက်ကွဲမှုသတင်းကို ထပ်မံအတည်ပြုရာ ကြက်ဘဲဈေးအနီးမှ စိန်မေတ္တာမွန်ဆားစက်မှ ဖြစ်သည်ဟုလည်းကြားသိရပြီး လူတိုးမပေါက်အောင်များပြားနေခြင်းကြောင့် ဂတ်ဆိုင်နှင့် ဆားစက်ရုံ မသေချာသေးကြောင်း ပြောဆိုလာပြီး လူနာများကိုမူ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် နေရကြောင်း သိရသည်။
ပုစွန်တောင်မြို့နယ် စက်ဆန်း၊ သာကေတ တံတားဟောင်းအနီးရှိ CNG သဘာဝဓါတ်ငွေ့ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုဖြစ်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ခက်ခက်ခဲခဲ ကြိုးစားချဉ်းကပ်နေကြောင်း သိရှိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်အနီးရှိ နေအိမ်များ၏ မှန် ပြတင်များ လန့်ကွဲခြင်းများဖြစ်ပွားခဲ့သည်
လူနာ အယောက် (၄၀) ကျော်ပြီ ဖြစ်ပါသည်။ မီးမှာ ငြိမ်းသတ်ရန် လုံးဝ မဖြစ်နိုင်သေးပါ။ စက်ဆန်း ကြက်ဘဲဈေး အ၀င် (မရောက်ခင်) ပုဇွန်တောင်ဘက်မှ ဆိုလျှင် (၁၅)ပေကုန်း အထိ ကားများ ၀င်မရပဲ ပြည့်ကျပ်နေပါသည်......ရန်ကုန်မြို့ရှိ သတင်းထောက်များလည်း သတင်းယူရန် အတွက် အသဲအသန်ရောက်ရှိနေကြောင်း သိရသည် ..
7Day News Journal
ကားဂိုထောင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပုစွန်တောင်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ မေတ္တာမွန် ကားဂိုထောင် မီးလောင်ပေါက်ကွဲမှုကြောင့် ပုစွန်တောင်အပါအ၀င် ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များအထိ ပေါက်ကွဲသံထွက်ပေါ်ကာ အဆောက်အအုံများပင် တုန်ခါသွားခဲ့ကြောင်း သတင်းရရှိသည်။

ပုစွန်တောင် စက်ဆန်း ၂ ရပ်ကွက်ရှိ ဂိုထောင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်းက အတည်ပြုဖြေကြားခဲ့သည်။

"အဲဒီမီးလောင်မှုဖြစ်ပြီး ပေါက်ကွဲသံကြောင့် ယုဇနပလာဇာနားက တိုက်ခန်းတချို့ဆို မှန်တွေတောင်ကွဲကုန်တယ်။ အခုလောလောဆယ်တော့ မီးသတ်ကား ၁၅ စီးကနေ အစီး ၂၀ လောက်အထိ ရောက်နေတယ်။ ဘာကနေ ပေါက်ကွဲတယ်ဆိုတာ သေချာမသိရသေးဘူး။ အခုထိ မီးတောက်ကို မြင်နေရတုန်းပဲ။ မီးလည်း ငြှိမ်းနေရတုန်းပဲ" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

"မီးသတ်ကားတွေနားမှာ အလောင်း ၂ လောင်းတွေ့ရတယ်။ လူနာတင်ကားတွေကလည်း လူတွေကို သယ်ထုတ်နေတယ်။ အသေအပျောက်နဲ့ ဒဏ်ရာရတဲ့လူ များမယ်လို့တော့ ခန့်မှန်းပြောဆိုနေကြတယ်" ဟု သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

မီးလောင်မှုမှာ မနက် ၁ နာရီ ၄၀ မိနစ်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ၂ နာရီခန့်တွင် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
  ဒီမိုလုပ်စား သူတောင်းစား ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်။
 

Twitter Delicious Facebook Digg Stumbleupon Favorites More