Wednesday, December 28, 2011

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။


                          
     သတင်းဓာတ်ပုံ Ye Tayza Aung
မမေးနဲ့ မသိဘူး ၉ ရက်နေ့ နံနက် ၁နာရီခွဲမှာပါ ခင်မျာ .. အဲ့ဒီမတိုင်ခင်မှာ လှည်းတန်းမီးပွိုင့်မှ မြို့ထဲဘက်ကို မီးသက်ကား ၂ စီး ဥသြ ဆွဲပြီးထွက်သွားပါတယ် .. မကြာပါဘူး ပေါက်ကွဲသံ ကြားရပါတယ် .. မင်္ဂလာတောင်ညွန့်မှာဗုံးပေါက်တယ်လို့ သိရပါတယ် ခင်မျာ ...

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်း ကူးတို့ဆိပ်တွင် ယခု (၂) နာရီ ခန့်တွင် ဂိုထောင် မီးလောင်သဖြင့် ဂတ်စ်အိုးများ ပေါက်သည်ဟု သတင်းရရှိပါသည်။ မင်္ဂလာတောင်ညွန့် တစ်ဝိုက်တွင် နေအိမ်တိုက်တာများ အင်အားပြင်းထန်သော လှုပ်ခတ်မှု ခံစားကြရပြီး ရပ်ကွက်နေပြည်သူအားလုံး လမ်းမများပေါ်သို့ ထွက်လာကြပြီး ငလျှင်လှုပ်သည်ဟု ထင်မှတ်ကြကြောင်း သိရသည်။ ပေါက်ကွဲသံကြီးမှာလည်း အလွန်ကြီးမားပြင်းထန်ပြီး တိုက်တာများ တုန်လှုပ်သွားသည်ကို ငလျှင်လှုပ်သကဲ့သို့ ခံစားရသည်။ မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဝေါ်ကီတော်ကီ သတင်းအရ စက်ဆန်း ကူးတို့ဆိပ် ဂိုထောင် မီးလောင်ကျွမ်းသည်ဟု သိရသည်။ ကြီးမားသော မီးခိုးလုံးကြီးများ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို မြင်ရသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် မင်္ဂလာတောင်ညွန့် ရဲစခန်းအနီးမှ ရွှေမြယာ အိမ်ယာစီမံကိန်းရှိ အဆောက်အဦး တွင်တပ်ဆင်ထားသော ဆယ်ပေ ပတ်လည်ခန့်ရှိ မှန် များ တစ်စစီ ကွဲကျသွားသည်ဟု မျက်မြင်သက်သေများက ဆိုသည်။ ယခု (၂)နာရီ (၁၃) မိနစ် အချိန်တွင် ရရှိသော သတင်းဖြစ်ပါသည်။ ဆက်လက်ပြီး ရရှိသောသတင်းများကို တင်ပြပါဦးမည်။
ထပ်မံရရှိသောသတင်းအရ စိုက်ပျိုးရေး ဂိုဒေါင်ဖြစ်ပြီး ပဒုမ္မာ ဂိုထောင် ဟုလည်း သတင်းထွက်နေပါသည် .. မီးမှာ အရှိန်ပြင်းထန်စွာ လောင်ကျွမ်းလျှက် ရှိသည်ကို မင်္ဂလာတောင်ညွန့် သိမ်ဖြူ လမ်းမှလည်း မြင်နေရကြောင်း သိရသည်..
Eleven Media Group
ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ဝန်းကျင်ခန့်တွင် မလွှကုန်းအနီးရှိ ဂက်စ်ဆိုင်တစ်ခုမှ ပေါက်ကွဲမှုဖြစ်ပွား
Like · · Share · 2 minutes ago ·
  နောက်ထပ်ရရှိသည့် သတင်းအရ စက်ဆန်း အေဘီစီ မှတ်တိုင်အနီးရှိ ဆားဂိုဒေါင် အတွင်းမှပေါက်ကွဲသည်ဟု သိရသည်။ ကားလမ်းပိတ်ထားသဖြင့် အနီးရောက်အောင် YPI သတင်းထောက် သွားရောက်နေပါသည်။ လူနာတင်ယာဉ် တစီးထွက်သွားသည်ကိုတွေ့ရသည်။ မီးလောင်နေသည်ကို တွေ့မြင်နေရသည်။ မီးတောက်အရှိန် အနည်းငယ်လျော့သွားသည်ဟု သတင်းထောက်မှ သတင်းပေးပို့ပါသည်။ 
ည ၂ နာရီ ၅၀ မိနစ်

ပုဇွန်တောင် သာကေတ တံတားအဆင်းမှ အေဘီစီ အထိကားလမ်းပိတ်ထားသဖြင့် လမ်းတွင် လူများအပြည့် အေဘီစီပေါက်ကွဲ မီးလောင်ရာသို့ သွားရောက်နေကြသည်။ ဒဏ်ရာရသူများ ဆေးရုံကြီးသို့ သယ်ဆောင်သွားပြီဟု အနီးရောက်နေသည့် သတင်းထောက်မှ ပေးပို့သည်။
ဒီမိုလုပ်စား သူတောင်းစား ၂ နာရီ ၅၆ မိနစ် ထပ်မံ သိရှိရချက်

စက်ဆန်း ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ကျွမ်းနေရာမှ စက်ဆန်း သဘောင်္ကျင်း အတွင်းမှ ဂိုဒေါင်များပါ စတင်လောင်ကျွမ်းနေသည်။ လမ်းပေါ်တွင် လူများပစ္စည်းသယ်ဆောင်ကာ ဘေးလွတ်ရာရှောင်ပြေးနေကြသည်ကို တွေ့ရသည်။ ဒဏ်ရာရသူအရေအတွက် မသိရှိရသေးသော်လည်း များပြားသည်ဟုယခုအချိန်ထိ ရရှိသည့် အချက်အလက်များအရ သိရသည်။

ပေါက်ကွဲမှုသတင်းကို ထပ်မံအတည်ပြုရာ ကြက်ဘဲဈေးအနီးမှ စိန်မေတ္တာမွန်ဆားစက်မှ ဖြစ်သည်ဟုလည်းကြားသိရပြီး လူတိုးမပေါက်အောင်များပြားနေခြင်းကြောင့် ဂတ်ဆိုင်နှင့် ဆားစက်ရုံ မသေချာသေးကြောင်း ပြောဆိုလာပြီး လူနာများကိုမူ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင် နေရကြောင်း သိရသည်။
ပုစွန်တောင်မြို့နယ် စက်ဆန်း၊ သာကေတ တံတားဟောင်းအနီးရှိ CNG သဘာဝဓါတ်ငွေ့ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုဖြစ်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ ခက်ခက်ခဲခဲ ကြိုးစားချဉ်းကပ်နေကြောင်း သိရှိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်အနီးရှိ နေအိမ်များ၏ မှန် ပြတင်များ လန့်ကွဲခြင်းများဖြစ်ပွားခဲ့သည်
လူနာ အယောက် (၄၀) ကျော်ပြီ ဖြစ်ပါသည်။ မီးမှာ ငြိမ်းသတ်ရန် လုံးဝ မဖြစ်နိုင်သေးပါ။ စက်ဆန်း ကြက်ဘဲဈေး အ၀င် (မရောက်ခင်) ပုဇွန်တောင်ဘက်မှ ဆိုလျှင် (၁၅)ပေကုန်း အထိ ကားများ ၀င်မရပဲ ပြည့်ကျပ်နေပါသည်......ရန်ကုန်မြို့ရှိ သတင်းထောက်များလည်း သတင်းယူရန် အတွက် အသဲအသန်ရောက်ရှိနေကြောင်း သိရသည် ..
7Day News Journal
ကားဂိုထောင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပုစွန်တောင်မြို့နယ်၊ စက်ဆန်းရပ်ကွက်ရှိ မေတ္တာမွန် ကားဂိုထောင် မီးလောင်ပေါက်ကွဲမှုကြောင့် ပုစွန်တောင်အပါအ၀င် ရန်ကုန်မြို့ရှိ မြို့နယ်တော်တော်များအထိ ပေါက်ကွဲသံထွက်ပေါ်ကာ အဆောက်အအုံများပင် တုန်ခါသွားခဲ့ကြောင်း သတင်းရရှိသည်။

ပုစွန်တောင် စက်ဆန်း ၂ ရပ်ကွက်ရှိ ဂိုထောင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်းက အတည်ပြုဖြေကြားခဲ့သည်။

"အဲဒီမီးလောင်မှုဖြစ်ပြီး ပေါက်ကွဲသံကြောင့် ယုဇနပလာဇာနားက တိုက်ခန်းတချို့ဆို မှန်တွေတောင်ကွဲကုန်တယ်။ အခုလောလောဆယ်တော့ မီးသတ်ကား ၁၅ စီးကနေ အစီး ၂၀ လောက်အထိ ရောက်နေတယ်။ ဘာကနေ ပေါက်ကွဲတယ်ဆိုတာ သေချာမသိရသေးဘူး။ အခုထိ မီးတောက်ကို မြင်နေရတုန်းပဲ။ မီးလည်း ငြှိမ်းနေရတုန်းပဲ" ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

"မီးသတ်ကားတွေနားမှာ အလောင်း ၂ လောင်းတွေ့ရတယ်။ လူနာတင်ကားတွေကလည်း လူတွေကို သယ်ထုတ်နေတယ်။ အသေအပျောက်နဲ့ ဒဏ်ရာရတဲ့လူ များမယ်လို့တော့ ခန့်မှန်းပြောဆိုနေကြတယ်" ဟု သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

မီးလောင်မှုမှာ မနက် ၁ နာရီ ၄၀ မိနစ်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ၂ နာရီခန့်တွင် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
  ဒီမိုလုပ်စား သူတောင်းစား ထပ်မံရရှိသော သတင်းအရ နေရာတွင် ပွဲချင်းပြီး သေဆုံးသူ ၅ ဦးတွေ့ရကြောင်း သိရပြီး အသေအပျောက်နှင့် ဒဏ်ရာရသူစာရင်းကို သက်ဆိုင်ရာက အတည်ပြုချက် မရရှိသေးပေ။ အခင်ဖြစ်ပွားသည့် ကူးတို့ဆိပ်လမ်းအတွင်းသို့လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်ဖြစ်သည့် အတွက် ၀င်ရောက်ခွင့် တားမြစ်ထားရာ မီးလောင်မှုနေရာနှင့် ပတ်ဝန်းကျင်သို့ အနီးစပ်ဆုံး ၀င်ရောက်ကြည့်ရှုနိုင်ရန် အခက်အခဲရှိနေသည်။
 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More