Friday, December 23, 2011

Facebook ဘီအီးဆိုင် .. (အပိုင်း-၂)

......................................................

ရုတ်တရက် ၀ုန်းဝုန်းဒိုင်းဒိုင်းအသံများဖြင့် ဆူညံပွက်လောရိုက်သွားသည်။
အလန့်တကြားဖြင့် ခေါင်းထောင်ကြည့်တော့  ဖေ့ဘွတ်ဘီအီးဆိုင်ထဲတွင် ရှိနေသော သောက်သုံးသူ အားလုံး တရုတ်သိုင်းကားထဲက စစ်ပွဲအလယ်သို့ ရောက်နေသူများပမာ ကိုယ်ကိုယ့်ကို ကာကွယ်ရန် လက်နက်များထုတ်ပြီး အသင့်အနေအထားဖြစ်နေကြသည်ကို တွေ့ရသည်။

ထိုစဉ်
''ယားးးးးးးးးးးးးးးး'' ဟု ညာသံပေးကာ
မန်ယူ အကျီ  င်္ ၀တ်ထားသော လူငယ်တစ်ယောက်က အာဆင်နယ် အကျီ  င်္ဝတ်ထားသော လူတစ်ယောက်ထံသို့ လက်နက်ပုန်းများဖြင့် လှမ်းပစ်လိုက်သည်။ အာဆင်နယ် အကျီ ၀တ်ထားသူက ချန်ပီယံလိဂ် လိုဂိုကြီးဖြင့် ဆီးခံကာ ...
'' မင်းတို့ မန်ယူက ယူရိုပါလိဂ်အဆင့်ပဲ ရှိပါတယ်ကွာ'' ဟု မဲ့ပြုံး ပြုံးကာ ခနဲ့လိုက်သည်။

မန်ယူ အကျီ  င်္ ၀တ်ထားသော လူငယ်လေး မျက်နှာ မဲကနဲ ဖြစ်သွား၏။
မင်း.. မင်း... ငါနဲ့ တွေ့မယ်ဟု ကြိမ်းမောင်းကာ .. စစ်ကူတောင်းသည့် အနေနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော
မန်စီးတီး အကျီ  င်္ ၀တ်ထားသူထံသို့ လှမ်းကြည့်သည်။ မန်စီးတီး အကျီ  င်္နှင့် ပုဂ္ဂိုလ်က မသိချင်ယောင်ဆောင်ကာ တဖတ်လှည့်သွားသည်။  တစ်မြို့တည်းသားများ ဖြစ်ပုံရသည်။ သို့သော် ယခင်ကတည်းက မတည့်ခဲ့ကြသော ရန်ဘတ်များဖြစ်သဖြင့် အရေးဟဲ့ အကြောင်းဟဲ့ အခြေအနေမှာ ၀င်ရောက်ကူညီခြင်း မရှိ။

အာဆင်နယ် အကျီ င်္ ၀တ်ထားသူက ...
'' ဒီမှာ .. အငယ်လေး.. မန်ယူဆိုတာ ဖန်ဂူဆန်နဲ့ အတူတူ ဇာတ်သိမ်းတော့မယ့် အသင်းပါ..''
အခု ယူရိုပါလိဂ်မှာ အေဂျက်စ် ကို နိုင်ဖို့သာ အရင် ကြိုးစားစမ်းပါဦး..ဟု စကားလုံးများနှင့် တိုက်ခိုက်လိုက်သည်။

ထိုစဉ်  Wynne Manu ဟု အမည်ရထားသော မန်ယူအကျီ င်္ ၀တ်ထားသူတစ်ယောက် ရုတ်တရက်ရောက်လာပြီး အာဆင်နယ် အကျီ င်္ ၀တ်ထားသူအား ပရီးမီးယားလိဂ်ဖလားများနှင့် တရစပ် တိုက်ခိုက်လိုက်သည်။ အားလုံး ဖလား ၁၉ လုံးတိတိ ဖြစ်သည်။
အငယ်လေး ဆိုသူကလည်း အခြားသော ချန်ပီယံလိဂ်ဖလားနှင့် အက်ဖ်အေ ဖလားများကို စွဲကိုင်ကာ Wynne Manu ဘက်မှ ၀င်ရောက်တိုက်ခိုက်သည်။
အာဆင်နယ် ပုဂ္ဂိုလ် မခံနိုင်တော့။ ထိုစဉ် ......

ဒဿဂီရိ .. ငါလာပြီဟေ့.. ဆိုသည့် စူးရှသည့် အသံနှင့် အတူ ချယ်လ်ဆီးအကျီ  င်္နှင့် Toe Khaing Htet ဆိုသည့် အရက်သမားတစ်ယောက်ပါ တိုက်ပွဲအတွင်းကို ၀င်လာလေသည်။ ယခုမှ ပင် တစ်ဖက်ကို နှစ်ယောက်ဆီဖြင့် မျှတသွားသည်။
အယုတ္တ၊ အနတ္တပေါင်းစုံဖြင့် အသေအကြေတိုက်ခိုက်ကြ၏။  ၄င်းတို့၏ အစ်မ ညီမ များမှာ အတွင်းအားအပြည့်နှင့် စကားလုံးတိုက်ကွက်များကြောင့် ဖွာလရာကြေအောင် ခံစားရတော့သည်။ မျိုးနှင့် ရိုးနှင့် ထိခိုက်စေသော နောက်ဆုံးပေါ် အကွက်များဖြင့် တိုက်ခိုက်ကြသဖြင့် နှစ်ဖက် အထိအခိုက်များသည်။ .. သို့သော် ရန်ဖြစ်နေသူ လေးယောက်မှာ ပညာရှင်များဖြစ်သဖြင့် ထိခိုက်ဒဏ်ရာ မရရှိဘဲ .. ပညာနိမ့်သော အိမ်တွင်ကျန်ရစ်ခဲ့သည့် ၄င်းတို့၏ ဆွေမျိုးများသာ ထိခိုက်ကြလေသည်။

ထိုစဉ် .... လေပြင်းမုန်တိုင်းများ ရုတ်တရက်ကြရောက်လာပြီး ဝေါ်..၀ူ .......ဆိုသည့် အသံကြီးနှင့် အတူ .. ကွင်းလယ်ဒိုင် ၀တ်စုံနှင့် မြန်မာ့လက်ရွေးစင် အသင်းနည်းပြကြီး ဟန်ဆန် ရောက်လာလေသည်။ သူ့နောက်တွင်မူ  ကလေးများဆော့သည့် ကျန်ကျောင်းဦးထုတ်နှင့် မြန်မာဂိုးသမား ကျော်ဇင်ထက် (Kzh Nep) ပါလာသည်။

ရပ်လိုက်ကြစမ်း.. မင်းတို့ မန်ယူတွေ ..အာဆင်နယ်တွေ ချယ်လ်ဆီးတွေ အသာထားစမ်း .. မနက်ဖန် မြန်မာနဲ့ မလေးရှားဆီမီးဖိုင်နယ် အတွက် အားလုံးက မြန်မာ...မြန်မာ..ဖြစ်နေချိန်မှာ မင်းတို့က အသေအကြေတိုက်ခိုက်နေရလား.. ။ မင်းတို့ မြန်မာတွေ မဟုတ်ဘူးလား...ဟု ငေါက်ငန်းလိုက်သောအခါမှ ရန်ပွဲလည်း ရပ်သွားလေသည်။

ဘုရားပွဲဈေးတန်းမှ ကျန်ကျောင်းဦးထုတ်ဆောင်းထားသည့် ဂိုးသမားကျော်ဇင်ထက်ကလည်း .. '' အစ်ကိုတို့ရယ်.. သူများနိုင်ငံက ကလပ်အသင်းတွေအတွက် ကိုယ့်အချင်းချင်း ရန်မဖြစ်ကြပါနဲ့တော့.. ။ ကျွန်တော့်တို့ မြန်မာအသင်းက အားလုံးထက် ပိုအရေးကြီးပါတယ်.. ကျွန်တော်တို့နိုင်ငံအသင်းကို အားပေးရင်း ချစ်ချစ်ခင်ခင်နေကြပါဗျာ... ဟု
မျက်နှာသေလေးနှင့် လေပြေထိုးလိုက်၏။

ထိုအခါကျမှပင်  ရန်ပွဲလည်း ရပ်သွားကာ ချယ်လ်ဆီးအသင်း အကျီ င်္နှင့် တိုးခိုင်ထက်က ''ဟွန်းး... မင်းတို့ မြန်မာအသင်းကို အားပေးကောင်းလို့ ငါ့ဘဂျီးတစ်ယောက်တော့ နှလုံးရောဂါနဲ့ သေသွားပြီ.. ဒီတစ်ခါတော့ အခွင့်အရေးပေးလိုက်မယ်..ဖလားရအောင် ကန်ခဲ့ကွ.. '' ဟု ဆိုကာ .. အရက်ဆိုင်ထဲမှ ဟန်ပါပါ ထွက်သွားလေသည်။
ဂိုးသမား ကျော်ဇင်ထက်ကား မျက်နှာငယ်လေးနှင့် ကျန်ရစ်ခဲ့၏။

မန်ယူအကျီ  င်္ ၀တ်ထားသူ တစ်ယောက်ကလည်း......ဒီမှာ ဒဿဂီရိ...မင်းတို့လို့ အန်တီမန်ယူ (Anti Man U) တွေလို အောက်လမ်းဂိုဏ်းက ကောင်တွေ သတိကြပ်ကြပ်ထားနေပါဆိုပြီး .. ကိုယ့်ကိုယ်ကို အနီကတ်ပြကာ ဖေ့ဘွတ်ဘီအီးဆိုင်မှ ကိုယ်ဖော့ပညာဖြင့် လှစ်ကနဲ ထွက်ပြေးသွားလေသည်။

ဖေ့ဘွတ်အရက်ဆိုင်ထဲတွင် ကျန်ရစ်ခဲ့သူ အခြားယူဆာအရက်သမားများမှာ ..မြန်မာ့ဘောလုံးဝါသနာရှင်များ၏  ပြင်းထန်သော တိုက်ပွဲကြီးတစ်ပွဲကို မျက်မြင်ကိုယ့်တွေ့  ရင်ဆိုင်လိုက်ရသော်လည်း တုန်လှုပ်ခြင်း အလျင်းမရှိ။ အေးတိအေးစက် မျက်လုံးများဖြင့်သာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြတော့သည်။

ယခုလောက် တိုက်ပွဲကတော့ ဖေ့ဘွတ်အရက်ဆိုင်ထဲမှ လူများအတွက် ရိုးနေပြီဖြစ်သည်။
မကြာသေးခင်ကပင် .. မြန်မာ့ ဖေ့ဘွတ်သမိုင်းတွင် အကြီးအကျယ်ဆုံးတိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရပြီးသားဖြစ်သည်။

ခေတ်မီလက်နက်များ တပ်ဆင်ထားသော ရုရှားရောက်ပညာတော်သင် စစ်သားများနှင့်
မြန်မာ့အရေး လှုပ်ရှားကြကုန်သော ဒီမိုကရေစီ ဘက်တော်သားများ၏ စစ်ပွဲများဖြစ်သည်။
စစ်သားများက ဒီမိုများကို (ဒီမို လုပ်စား သူတောင်းစားများ) ဟု ယိုးစွပ်ကာ အပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး
ဒီမို ဘက်တော်သားများကလဲ  (ရုရှားရောက် စစ်ခွေးများ)ဟု ပြန်လည် သမုတ်၍ ကြုံလျှင် ကြုံသလို ဖဲ့ကြ ရွဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်.. ဦးသန်းရွှေ.. ဦးသိန်းစိန် .. စသဖြင့် ကိုယ်ထင်ရာ ကုတင်ရွှေနန်းကိုးကွယ်ရင်း မြန်မာ့ဖေ့ဘွတ်သမိုင်းတွင် အကြီးကျယ်ဆုံးသော တော်လှန်ရေးတိုက်ပွဲကြီးကို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရသည့် အကြောင်းအရာများမှာလည်း ဧရာဝတီအရေး..၊  ယုံကြည်ချက်အကျဉ်းသားများအရေး၊ .. ရိုဟင်ဂျာအရေး၊  တရုတ်ကြီးအရေး၊ ကုလားကြီးအရေး၊ သံဃာတော်များအရေး..၊ KIO... KIA အရေး..၊ ကလေးစစ်သားများအရေး.. စသဖြင့် အကြောင်းအရာစုံလင်လှ၏။
တိုက်ပွဲကာလ အတွင်းတွင်လည်း..သွေးသစ္စာ၊ ဒီမိုလုပ်စားသူတောင်းစား၊ ကျော်သူအောင်၊  မောင်ခိုင်ဇော်၊ ဦးစစ်မင်း၊ ပိုင်စိုးဦး၊ အောင်ဆန်း၊ သင်းနီနီ၊ ရန်အောင်၊ မျိုးချစ်၊ စိုးဝင်းမောင်စိုး၊ ဇော်မြင့်၊ ကိုဖိုးကောင်း၊ ဝေမင်း၊ ကိုကိုသစ္စာ၊ မိုးသောက်၊  ဌေးတင့်.. စသည်ဖြင့် နှစ်ဖက်စလုံးမှ သူရဲကောင်းများစွာ ပေါ်ပေါက်လာလေသည်။
၎င်းအပြင် နှစ်ဖက်စလုံးကို ရန်မီးထိုးပေးသည့် အဖွဲ့အစည်းများကလဲ မီဒီယာခေါင်းစဉ်တပ်ကာ အလျှိုလျှိုပေါ်ပေါက်လာသလို.. တစ်ဦးချင်းတစ်ယောက်ချင်း ရန်တိုက်ပေးသူများလဲ ပါဝင်ခဲ့သည်။  တူရာလူများ စု၍ Group များဖွဲ့ကာ အချင်းချင်း အသေအကြေ တိုက်ခိုက်ခဲ့ကြသဖြင့်လည်း .. မြန်မာ့ဖေ့ဘွတ်လောကကြီး၏ အပြင်းထန်ဆုံး တိုက်ပွဲအဖြစ် သမိုင်းဝင်ခဲ့ခြင်း ဖြစ်လေသည်။

အဆိုပါ တိုက်ပွဲကြီးနှင့် .. တိုက်ပွဲပါ ..သူရဲကောင်းများ၏ အကြောင်းကို အကျယ်ချဲ့ရသော်..........   (ဆက်ပါဦးမည်)

-------------------------------------------------------------------------------------------------------------

                                                                         လင်းရောင် (Youth Space Media)

Facebook ဘီအီးဆိုင် (အပိုင်း-၁) အား မဖတ်ရှုရသေးပါက
http://yspacemedia.blogspot.com/2011/12/facebook.html
တွင် ပြန်လည် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More