မင်္ဂလာပါ ....
မြ၀တီမြို့မှ ဒေသခံတဦးပေးပို့လာသည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။
မြ၀တီမှာဝန်ထမ်းအရာရှိတွေရဲ့တရားဝင်ပေါ်ပေါ်တင်တင်
တောင်းစားနေကြတဲ့အဖြစ်တွေ မြ၀တီမြို့က
လက်လုပ်လက်စားပြည်သူများရဲ့အခက်အခဲကိုအများသိအောင်တင်ပြပေးစေချင်ပါတယ်။
အဒေါ်တို့မြ၀တီမှာ
မဲဆောက်ဘက်ကိုသွားလုပ်စားဘို့အတွက် အဆင်ပြေအောင်တဲ့တစ်နှစ်စာ Boder Pass
ဆိုတဲ့စာအုပ်တွေလုပ်ပေးပါတယ်။ မည်သူမဆို သန်းခေါင်စာရင်း
ရှိတာနဲ့ဓါတ်ပုံ(၃)ပုံပေးပြီးလုပ်လို့ရတယ်။ အရင်ကတော့ စာအုပ်တစ်အုပ်ကို
၆၅၀၀ ကျပ် မှ ၈၀၀၀ ကျပ် အထိပေးရတယ်။ ခုကစီမံချက်ဆိုပြီး စာအုပ်ဖိုး ၅၀၀ ကျပ်ဘဲပေးရတယ်။ အပိုမပေးရဘူးတဲ့ အစပါ ။
ခု
လက်ထောက်ဦးစီမှူးရှိန်ဝင်း ကဦးဆောင်ပြီး
အဓမ္မတောင်းရမ်းမှုတွေလုပ်လာပါပြီ။ မပေးနိုင်တဲ့သူတွေကို
မပေးချင်တာလို့ဘဲသဘောထားပြီး ဆောင်ရွက်မပေးပါဘူး ရစ်ပါတယ်။
Sky Net လုပ်တဲ့သူဆိုရင် အဲဒီရှိန်ဝင်းအိမ်မှာ တစ်လုံးအလကားသွားတပ်ပေးရတယ်။ နောက်တစ်ယောက်က CDMA တစ်လုံးပေးရတယ်။ နောက်အဒေါ်တို့အိမ်ကျတော့ ၅ ယောက်စာဆိုတော့
သူအိမ်မှာ ကျောင်အိမ် မရှိလို့ ကျောင်အိမ် တစ်လုံးလာပို့ပေးရမယ်တဲ့ကွယ်၊
အဒေါ့် မိတ်ဆွေတယောက်ဆို သူ့တစ်ယောက်စာသွားလုပ်တာ ရုံးအတွက်
ခုံတစ်လုံးဝယ်ခိုင်းတယ်တဲ့ ။ သူက မ၀ယ်ပေးနိုင်သေးဘူးလို့ပြောတော့
စာအုပ်ထုတ်မပေးသေးဘူးတဲ့ကွယ်။ ခုအခြေအနေတော်တော်ဆိုးနေပါပြီ၊
မြ၀တီမှာနေတဲ့လူတိုင်းဒီစာအုပ်ကိုလုပ်ကြရမှာပါ၊ ဘယ်လိုလုပ်ကြမလဲကွယ်။
အဲဒါဆရာတို့ကနေပြီး ဒီမိုကရေစီအစိုးရ ရဲ့အရာရှိတွေ
တရားဝင်တောင်းရမ်း စားသောက်နေကြတာကို အများပြည်သူတွေသိအောင်
တင်ပြပေးဖို့တောင်းပန်ပါတယ်၊ သူတို့ပြောတော့ပြည်သူတွေအဆင်ပြေအောင်ဆို
ခုတော့အရင်အကျင့်အတိုင်းပါဘဲကွယ် ။ ဟိုဘက်ကမ်းနဲ့ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေမို့တောင်းတယ်ဆိုတော်သေးတာပေါ့။
စာအုပ်ပုံစံတွေ ပို့ပေးလိုက်ပါတယ်
မြန်မာပြည်သားများကိုယ်စား ကျေးဇူးတင်ပါတယ်။
မြ၀တီမြို့မှ ဒေသခံတဦးပေးပို့လာသည့် မူရင်းအတိုင်း တင်ပြခြင်းဖြစ်ပါသည်။
0 comments:
Post a Comment