Thursday, December 8, 2011

ဘင်္ဂလားဒေ့်တပ်မတော် စစ်အင်အားတိုးချဲ့ လာခြင်း

 သတင်းရင်းမြစ် myanmar weapon (facebook) ထံမှ ကူးယူပါသည်။

အခုတလော ဘင်္ဂလားဒေ့်စစ်ရေးသတင်းငြိမ်နေပါလား ဆိုပြီးနည်းနည်းလိုက်ရှာတော့...

နိုင်ငံတကာထောက်လှမ်းရေး သတင်းဌါန Jane စာစောင်ကိုသွားကြည့်မိတယ်.. အောက်တိုဘာလထဲမှာ ဘင်္ဂလားဒေ့်က ယူဂိုဆလားဗီယားနိုင်ငံကနေ Nora B-52 155mm ယာဉ်တင်အမြောင်တွေကိုဝယ်ယူမဲ့ သတင်းဖတ်မိပါတယ်..။အစီးရေ ၂၀ကျော်ဖြစ်ပြီး ၃၆စင်း အထိဖြစ်နိုင်ပါတယ်..။မြန်မာ့တပ်မတော်နည်းတူ အမျိုးအစားတူစနစ်ကို အသုံးပြုဖို့ကြိုစားနေရတာဟာ မြန်မာ့တပ်မတော်အမြောက်တပ်ကို ယာဉ်နိုင်ဖို့ဆိုတာ ထင်ရှားလှပါတယ်... ဒီစနစ်သာ ဘင်္ဂလားအနေဖြင့် ပိုင်ဆိုင်လာခဲ့မယ်ဆိုရင် သူတို့အမြောက်တပ်အတွက် အပြင်းထန်ဆုံးစနစ်ဖြစ်လာနိုင်ပါတယ် အခုလက်ရှိမှာတော့ ၁၃၀မမ တွေသာဖြစ်ပြီး ၁၅၅တွေ ပိုင်ဆိုင်ထားခြင်းမရှိသေးလို့ပါ...။
ဘင်္ဂလားဒေ့်ရဲ့ ဝယ်ယူမဲ့စနစ်ဟာ မြန်မာ့တပ်မတော်ရှိ ပထမဆုံးထုတ် Nora B-52 155mm တွေထက်ပိုအဆင့်မြင့်တင်ထားတဲ့ Nora B-52 155mm K1 စနစ်ဖြစ်တယ်လို့သိရပါတယ်..။အမြောက်စနစ်ကို မြင့်တင်ခြင်းအားဖြင့် ပြင်သစ်ထုတ် ပစ်မှတ်ပြစနစ်တွေ ထပ်မံပေါင်းစပ်ထားမယ်လို့ သိရပါတယ်..။မြန်မာ့တပ်မတော်မှာရှိတဲ့ Nora B-52 အစီးရေကို မသိရပင်မဲ့လို့ ဘင်္ဂလားဒေ့်ရဲ့ ၃၆စီးဆိုတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာငြိမ်ခြောက်မှုတစ်ခုဖြစ်နေပါပြီ... အကြောင်းကတော့ တရုပ်ဆီကနေ PLZ-45 152mm တွေလည်းထပ်မံဝယ်ယူထားကြလို့ ဖြစ်ပါတယ်..။သတင်းတွေအမျိုးမျိုးထုတ်နေကြတာကိုတော့ သတိထားရပါမယ်..။

မြန်မာ့တပ်မတော်ရှိ လက်နက်ကြီးတွေကတော့--

ယာဉ်တင်အမြောက်များကတော့-
1.Nora B-52 155mm Self-Propelled Howitzer
2.SH-1 155mm Self-Propelled Howitzer

ယာဉ်ဆွဲအမြောက်များကတော့--
1.Soltam M71 155mm Howitzer
2.Soltam M68 155mm Howitzer
3.KH-179 155mm Howitzer
4.D-20 152mm Howitzer

၁၃၀မမတွေတော့ မထည့်တော့ပါဘူး...။ ဒီလိုဖြစ်ပင်မဲ့ အမြောက်တွေရဲ့တပ်ဖြန့်ထားမှုကို မသိတော့ မဆွေးနွေးနိုင်ပါဘူး..။

နောက်တစ်ခုကတော့ ဘင်္ဂလားဒေ့်လေကြောင်းရန်ကာကွယ်ရေးတပ်က FM-90 တာတိုပစ်ဒုံးစနစ်ကို ဝယ်ယူထားပြီးဖြစ်တယ်ဆိုတာ ပုံတွေနှင့် တကွထွက်လာပါပြီခင်ဗျာ..။

ဘင်္ဂလားဒေ့်၏ FM-90 တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်




ဘင်္ဂလားဒေ့်မှ ဝယ်ယူသည့် Nora B-52 155mm SP



မြန်မာ့တပ်မတော်သုံး Nora B-52 155mm SP





2 comments:

credit ပေးလို့ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..။

ယူသုံးခွင့်ရတာ ကျေးဇူး အထူးပါ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More