Thursday, December 22, 2011

ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေပွဲတော် ခွင့်ပြုမိန့်ရပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးဆောင်ရွက်သော ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်တွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၌ကျင်းပရန် ပွဲခွင့်ပြုမိန့်ရရှိပြီဖြစ်ကြောင်းသိရသည်။

၎င်းဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်အား ယခုလ ၁၅ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ (သုဝဏ္ဏ) ၌ ကျင်းပပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ပွဲခွင့်ပြုမိန့်နှင့် ပြပွဲရုံနေရာအခက်အခဲကြောင့် ရက်ရွေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ပညာရေးရန်ပုံငွေဈေးရောင်းပွဲတော်အား နံနက်  ၉နာရီတွင် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ဂီတပွဲတော်အား ညနေ ၃ နာရီမှ ည ၁၁ နာရီခွဲခန့်ထိ နာမည်ကြီးအဆိုတော်များကဖြေဖျော်သွားမည်ဖြစ်သည်။

ဂီတပွဲတော်အတွက် ၀င်ကြေးလက်မှတ်များရောင်းချသွားမည်ဖြစ်ပြီး ကျပ် သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း၊ ငါးထောင် သတ်မှတ်ထားကြောင်း ယနေ့ပြုလုပ်သောပြည်ထောင်စုတိုင်းရင်းသားများပညာရေးရန်ပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲမှသိရသည်။

by 7Day News Journal

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More