Saturday, November 26, 2011

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း

တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်
နေပြည်တော် နိုဝင်ဘာ ၂၅။
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
ဦးခင်ဇော်အား မည်သည့်ကိစ္စဖြင့်အနားပေးလိုက်သည်ကိုမူရှင်းရှင်းလင်းလင်းမသိရပေ။သို့သော် ပြည်ပမီဒီယာများက ဦးခင်ဇော်အား ဆန်တင်ပို့ခွင့်ကိစ္စနှင့်ပတ်သက်သော အရှုပ်အထွေးများရှိကြောင်း မကြာမီကရေးသားခဲ့သည်။
ဦးခင်ဇော်သည် ယခင်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ကစထမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စု သတင်းအရသိရပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More