Saturday, November 19, 2011

ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာ ပြည်သူ့ဆန္ဒအတိုင်းသာ ဖြစ်လာမည်

အစိုးရအဖွဲ့အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေရာမှာ ပြည်သူ့ဆန္ဒအတိုင်းသာ ဖြစ်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာသတင်းသမားများနှင့် ဘာလီ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
အစိုးရအဖွဲ့အတွင်း၌ ဒေါ်အောင်ဆန်းစုကြည်၏နေရာ မည်သို့ရှိလာနိုင်သနည်းဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
''တစ်အချက်ကတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ရမယ်။ ရွေးကောက်ပွဲဝင်ပြီးမှ ပြည်သူလူထုကနေ သူ့ကို ရွေးချယ်တင်မြှောက်ခြင်းခံရမယ်။ လွှတ်တော်ထဲရောက် လာမယ်။ လွှတ်တော်က တင်မြှောက်လို့ရှိရင် ဖြစ်လာမှာပါ။ ဒါကတော့ ပြည်သူလူထုရဲ့ ဆန္ဒပါပဲ'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါသည်။
                                                        သတင်းရင်းမြစ် eleven media group

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More