အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပါတီအဖြစ်
မှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု
ဆုံးဖြတ်ခဲ့ကြောင်း နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့
အစည်းအဝေး ကြေညာချက်အရ သိရသည်။ အဆိုပါဆုံးဖြတ်ချက်မကြေညာမီတွင် "ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက် ၂ ရပ်မှာ (၁) နိုင်ငံရေးပါတီဖြစ်မှတ်ပုံတင်မည် (၂) ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည် ဟူ၍ ဖြစ်ပါသည်။ ယခုဆုံးဖြတ်ချက် ၂ ရပ်ကို ကန့်ကွက်သူမရှိ တစ်ညီတစ်ညွတ်တည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ |
0 comments:
Post a Comment