Monday, December 26, 2011

ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်ပြည့်ပြီ..။

                 ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ရွှေတောင်ကုန်း သာသနာ့ ရိပ်သာမှ ဆရာတော် ဦးပဏ္ဍိတ ၀ံသ၊ ချမ်းမြေ့ဆရာတော် ရှင်ဇနကာဘိဝံသ အပါအ၀င် သံဃာတော် ၁၀ပါးခန့်ကို ပင့်ဖိတ်ကာ ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရသည်။
နေ့လည်တွင်လည်း ခရစ်ယာန်၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူ စသည့် ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲကိုလည်း ဆက်လက် ကျင်းပမည်ဟုသိရသည်။
ဒေါ်ခင်ကြည်အား ရွှေတိဂုံ ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ သီပေါမင်း ၏ မိဖုရား စုဘုရားလတ်၊ ငြိမ်းချမ်းရေးဗိသုကာ ဆရာ ကြီး သခင်ကိုယ်တော် မှိုင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည့် ပုဂ္ဂိုလ်ကြီးများ၏ ဂူဗိမာန်များအနီးတွင် ဂူသွင်း သဂြိုဟ်  ထားသည်။



0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More