This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Tuesday, November 24, 2015

ဤ၀န်ထမ်းများ လေးစားလွန်းလှသည်

ဤ၀န်ထမ်းများ လေးစားလွန်းလှသည်
credit to
 https://www.facebook.com/aung.khaing.71
====================================
တကယ်တော့ ဒီပို့စ်ကိုရေးသင့် တင်သင့်ခဲ့တာ ၂ ပါတ်ကျော်ပါပြီ ။
ဒါပေမဲ့ ကျနော့်မှာ ရန်ကုန်မှာနေစဉ် အလွန်အလုပ်များ ၊ လက်တော့ပ် ယူမသွားခဲ့ပဲ
ဖုန်းမှာလည်း သည်လောက်အရှည်ကြီး မရိုက်နိုင်တာကြောင့် အခုမှ
(စင်ကာပူပြန်ရောက်မှ)ရေးတင်ရ ပါတယ်။ အဖြစ်ကတော့ ကျနော်ရန်ကုန်ပြန်တဲ့
၁၀ရက်နေ့က ချန်ဂီလေဆိပ်မှာ MAI (8m232) လေယာဉ်ထွက်ကာနီး
၁၂ မိနစ်လောက်အလိုမှာ ဖြစ်ပွားခဲ့တာပါ။
ခရီးသည်အားလုံး Gate D42 ရဲ့ မှန်လုံခန်းထဲရောက်နေကြပြီ။ အဲဒီအချိန်
မိန်းကလေး တယောက်ရဲ့ငိုသံကြားရပါတယ်။ ကြည့်လိုက်တော့
ပိန်ပိန်သေးသေး ညှိုးနွမ်းတဲ့အသွင်ရှိတဲ့ မြန်မာ ကောင်မလေးတဦးက
တရှုံ့ရှုံ့ ငိုနေပြီး သူမနံဘေးက မတ်တပ်ရပ်နေတဲ့ ခရီးသည် သားသား
နားနား လူငယ်မိန်းကလေးနှစ်ဦးက သူမကို မေးမြန်းဖြောင်းဖျနေတာတွေ့ရ
ပါတယ်။ မေးကြည့်တော့ ကလေးမ ( မညိုပဲ အလွယ်ခေါ်ပါစို့) က အပြင်ဘက်က
public phone booth နားမှာ ဒေါ်လာ နှစ်ထောင်ကျော်ပါတဲ့ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့
အခြား ကောင်မလေး တွေက ၀န်ထမ်းတွေကိုခွင့်တောင်းပြီး အပြင်ထွက်ရှာ
ပေမဲ့ ပြန်မတွေ့တော့တဲ့အဖြစ်ပါ။ မညိုက ငိုရင်းပြောတာက
မတွေ့လည်းနေပါစေ။ စင်ကာပူမှာ ရခဲ့တဲ့ ပိုက်ဆံတွေ မလိုချင်တော့ဘူးလို့
ထူးဆန်းစွာဆိုပါတယ်။ မညိုဟာ မြန်မာ အိမ်ဖော် မိန်းကလေးဖြစ်ပြီး သည်နေ့
၃နှစ်ပြည့်အပြီး အပြီးပြန်တာလို့ဆိုပါတယ်။ သူမဟာ စိတ်အလွန်ဆင်းရဲ
ဝမ်းနည်းနေပြီး စိတ်လည်းမူမမှန်တာသတိထားမိပါတယ်။ ကျနော်အပါအ၀င်
ဘေးက ခရီးသည်တွေက (နင့်နှယ် ကိုယ်ပင်ပင်ပမ်းပမ်း လုပ်ထားတဲ့ ပိုက်ဆံ
ဒီလိုပဲ ထားပစ်ခဲ့ရလား) လို့ ကရုဏာဒေါသော ၀ိုင်းဝန်းပြစ်တင်ပြောဆို
နေကြချိန်မှာ Co-Pilot ဖြစ်ဟန်တူတဲ့ ကိုယ့်ခန္ဓာတောင့်တင်း ပြီးရုပ်ရည်
သန့်ပြန့်တဲ့ အသက် ၃၀ကျော် အဖြူရောင်ယူနီဖောင်းဝတ်လူငယ် ရောက်လာ
ပါတယ်။ စကားမပြောရင် မြန်မာမှန်းမသိနိုင်ပါဘူး။ နာမည်ကို ကိုမိုးပဲဆိုပါစို့ ။
သူကဘာဖြစ်တာလဲ မေးတော့ ၀ိုင်းပြောပြကြတော့ အဖြစ်စုံ သိတာနဲ့ သူက
ချက်ခြင်းအပြင်ကို ထွက်ပြေးပါတယ်။ တကယ့်ကိုပြေးနေတာပါ။
ဟုတ်တယ်လေ။ သူ့တာဝန်ထမ်းဆောင်ဖို့ ၁၀ မိနစ်လောက်ပဲ
လိုတော့တာပါ။ သူက Public phones တွေတပ်ထားတဲ့နံရံနားမှာ ပိုက်ဆံအိတ်ကို
အသေးစိတ်လျှောက်ရှာပါတယ်။ သူ့လှုပ်ရှားမှုကို မှန်လုံခန်း ထဲက ခရီးသည်
အားလုံးမြင်နေရပါတယ်။ ခနနေတော့ သူဖုန်းဆက်နေပါတယ်။
ဒီဘက်မှာလာမြည်တဲ့အခါ ဖိလစ်ပိုင်လူမျိုး Security ၀န်ထမ်းက ဖုန်းကိုင်ပြီး
ကျနော့်ဆီလာပြီးသူ့ဟင်းန်းဖုန်းကိုပေးပါတယ်။ ကိုမိုးက ကျနော့်ကို အန်ကယ်.
.ကောင်မလေးကိုမေးပေးပါ။ ဘယ်နေရာ(တိတိကျကျ)မှာ ပိုက်ဆံအိတ်
တင်ခဲ့တာလဲလို့။ ကျနော်က မညိုကိုမေးပြီးဖုန်း တွေနားက အုတ်ဘောင်လေးပေါ်မှာ
လို့ပြန်ပြောရပါတယ်။ ကိုမိုးက ထပ်ရှာနေပါတယ်။ ကျနော့်နဲ့ဖုန်းချပေမဲ့
အခြားနေရာတွေကို ဆက်နေတာတွေ့ရပါတယ်။ ကျနော့်စိတ်ထဲ မညိုဟာ
စိတ်တွေ ဂယောက်ဂယက်ဖြစ်ပြီး မဟုတ်တာတွေလျှောက်ပြောနေတာဆိုရင်
ခက်ရချည်ရဲ့လို့တွေးနေမိပါတယ်။ ဒီလိုနဲ့ လေယာဉ်ထွက်ချိန် ၁း၁၅
မိနစ်ရောက်လာပါပြီ။ ဒါပေမဲ့ ခရီးသည်အားလုံးဟာ မညိုကို သနားလို့
မငြိုငြင်ဘဲ စောင့်ကြပါတယ်။ မကြာခင်မှာ လေဆိပ်သန့်ရှင်းရေး ယူနီဖောင်း
ဝတ်ထားတဲ့ တရုတ်လူမျိုး အမျိုးသမီးကြီးတဦး
ကိုမိုးနား ရောက်လာ .. စကားနည်းနည်းပြောပြီး မိန်းမအိမ်သာထဲဝင်
သွားပါတယ်။ သူမ ပြန်ထွက်လာတော့ လက်ထဲမှာ ပါလာတဲ့ ပိုက်ဆံအိတ်လေးကို
ကိုမိုးကိုပေးပါတယ်။
အဲဒီအခါ ကိုမိုးက ပိုက်ဆံတွေ ရေတွက်ရင်း ကျနော်တို့ ဘက်ကို
လက်မထောင်ပြပါတယ်။ ပြီးတော့ သန့်ရှင်းရေးဝန်ထမ်းတရုတ်မကြီးရဲ့
ရင်ဘတ်က နာမည် ရင်ထိုးကို သူ့ဖုန်းနဲ့ ဓါတ်ပုံရိုက်နေတာတွေ့ရပါတယ်။
တရုတ်မကြီးကလည်း ပြုံးပြီးကျန်ခဲ့တာ တွေ့ရပါတယ်။ ကိုမိုးပြန်ပြေးလာ ၊
ကျနော်တို့နားရောက်တော့ မညိုကိုမေးပါတယ်။ ငွေအတိအကျ
ဘယ်လောက်လဲပေါ့။ မညိုက ၂၁၀၀ လို့ဖြေပါတယ်။ ငွေတွေကိုရေစေတော့
အတိအကျ ၂၁၀၀ဒေါ်လာပါပဲ။ ပိုက်ဆံအိတ်ပေါ်မှာ Donate to Brighthill
Monastery လို့ရေးထားတာတွေ့ရပါတယ်မညိုဟာ သူ့အတွေးနဲ့သူတော့
ဟုတ်လို့ပါပဲ။ ကောက်ရသူက ဘုန်းကြီးကျောင်းကိုသွားလှူလိမ့်မယ်လို့
ယူဆပါသတဲ့။ မညိုကတော့ လူတွေကိုအားနား ၀မ်းနည်းဝမ်းသာနဲ့
ငိုနေပါပြီ။ ကျနော်တို့က ကျေးဇူးကြီးလှတဲ့ ကိုမိုးကို ကန်တော့လိုက်
လို့ပြောတော့ ကိုမိုးက မကန်တော့ပါနဲ့၊ ကျေးဇူးရှင်က ကျနော်မဟုတ်ပါ။
Cleaner aunty လို့ပြောပါတယ်။ ကြားရသူတိုင်းကိုမိုးကိုလေးစားလွန်းလို့
မျက်ရည်လည်ရပါတယ်။ ပြီးတော့ သူရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက cleaner staff
တရုတ်မကြီးရဲ့နာမည်နဲ့ ရာထူးကို စာရွက်တရွက်ပေါ်
ချက်ခြင်းကောက်ရေး၊ ပိုက်ဆံတွေကိုဘေးမှာချပြီး ကျနော့် ဟင်းန်ဖုန်းနဲ့
ဓါတ်ပုံရိုက်စေပါတယ်။ ပြီးတော့ ကျနော့်ကို (အန်ကယ် ဒီဖြစ်ရပ်ကို
စင်ကာပူ သတင်းစာထဲရေးထည့်ပြီး cleaner staff ကိုဂုဏ်ပြုရေးသားပေးပါ..
အန်ကယ်ရေးတဲ့.. စာ ကျနော့်ကို email copy ပဲပို့ပေးပါ) လို့ပြောပါတယ်။
သူ့ရဲ့name card လေးကျနော့်ကိုပေးပြီး လေယာဉ်ပေါ်ပြေးတက်
သွားပါတော့တယ်။ သူ့မျက်နှာက ပျော့မနေ မာမနေပဲ ပုံမှန်ပါ။
သူဟာ လုပ်သင့်တာတွေကို management ကောင်းကောင်းနဲ့
အချိန်တိုအတွင်း ဆက်တိုက်လုပ်ခဲ့တာပါပဲ ။
တကယ်ဆိုရင် သူ့တာဝန်ချိန် အရမ်းနိးနေပြီ..လျစ်လျူရှုလို့ရပါသည်
အကိုစိတ်မကောင်းပါဘူး။ ဒါပေမဲ့ လေယာဉ်ချိန်နီးလှပြီ ။ မတတ်နိုင်ဘူး
ညီမလေးဆိုရင် မညိုလေး ဘာတတ်နိုင်ပါမည်လဲ ။ သုံးနှစ်သုံးမိုး ပင်ပမ်းဆင်းရဲစွာ
အိမ်ဖော်လုပ်စုခဲ့ရသော ဒေါ်လာနှစ်ထောင် ဆုံးပြီပေါ့ ။. သို့သော် သူ့
နှလုံးသားကမြင်မြတ်လွန်း၏ ။
သူလေယာဉ်ပေါ်ရောက်မှ ခရီးသည်တွေဝင်ရတော့ ၁၀မိနစ်လောက်နောက်
ကျနေပါပြီ။ ။ အဖြစ်ကတော့ တကယ့်ကို သည်းထိပ်ရင်ဖို ၀မ်းသားဝမ်းနည်း
မချိတင်ကဲ ဂုဏ်ယူလေးစားချီးကျူး..စုံလို့ပါပဲ ။ လေယာဉ်ပေါ်ရောက်တော့
မတွေ့ကြတော့ပဲ ဆင်းကာနီး ကျနော် အိမ်သာဘက်သွားတော့မှ တည်ငြိမ်ပြီး
ကျနော့်ကို ပြုံးပြနိုင်ပြီဖြစ်တဲ့ မညိုနဲ့ သူ့အနားမှာ အခြားအမျိုးသမီး
နဲ့ပြောဆိုနေတာတွေ့ရပါတယ်။ အိမ်သာစောင့်ရင်း မေးကြည့်တော့မှ မညိုဟာ
တရုတ်အိမ်မှာ အိမ်ဖော်လုပ်ခဲ့ပြီး သဘောကောင်းတဲ့ အိမ်ရှင်မကြောင့်
သက်တမ်းရှည်ခဲ့ပေမဲ့ အိမ်ရှင်ထီးက နင်ဘာမှလညာ်း ပင်ပင်ပမ်းပမ်း မလုပ်ရပဲ
ငါတို့ပိုက်ဆံတွေ အလကားယူနေတာလို့ ကြိမ်ဖန်များစွာ (လေယာဉ်ကွင်း
လိုက်ပို့တဲ့အထိ) ပြောနေခဲ့လို့ မညိုခင်ဗျာ သည်ပိုက်ဆံတွေ
မလိုချင်တော့လောက်အောင် စိတ်ဆင်းရဲခဲ့ရပါတယ်တဲ့။ ကြားရသူတိုင်း
အံ့သြမဆုံးပါပဲ။ မညိုနဲ့ ပိုက်ဆံများ မြင်းခြံနားက သူတို့ရွာက မိဘများထံ
ချောချောမောမောရောက်သွားပါစေလို့ ဆုတောင်းရပါတယ်။ ဘေးက
အမျိုးသမီးက မညိုကို ရန်ကုန်က သူ့အိမ်မှာခေတ္တနေစေပြီး မညိုရဲ့ မိဘ
အကိုများနဲ့ ဆက်သွယ်ပေးမယ်လို့ပြောပါတယ်။ ကျနော် ဒီအကြောင်းကို
အာဘော်တမျိုးနဲ့ စင်ကာပူသတင်းစာကိုမရေးခင် မြန်မာပရိသတ်
အတွက်ရေးတင်လိုက်ပါတယ်။ ကိုမိုးက သူဟာကျေးဇူးရှင်မဟုတ်ပါလို့
ပြောနေပေမယ့် တရုတ်မကြီးဟာ ကိုမိုး ကသာ လာမမေးရင်
ယူလိုက်မှာပါပဲ ။ လာမေးမှတော့ အနီးအနားမှာ CCTV camera
တွေအပြည့်မို့ ပြန်ပေးရတော့မှာလေ ။။ ဒါကြောင့် ပိုပြီး ချီးကျူးသင့်သူဟာ
ကိုမိုးပါပဲ ။ ကျေးဇူးတင်မခံလိုတဲ့ သူ့ရဲ့စိတ်ထားကိုက ထပ်ပြီး လေးစား
စရာကောင်းနေပါတယ်။
ဒီပို့စ်ကို ဂျာနယ်တခုခုက ဖော်ပြမယ်ဆိုရင် ကျေးဇူးတင်လှပါတယ်။
ကိုမိုးရဲ့နာမည်အပြည့်အစုံက ကိုလွှမ်းမိုးနိုင် ဖြစ်ပါတယ်။
(တနာရီအတွင်း လိုက်သူ ၂၅၀၀။ ရှယ်သူ ၁၂၀၀ ခန့်တွေ့ရသည်။
ထိုလူငယ်အားချီးကျူးလိုခြင်း ၊ ထိုစိတ်ဓါတ်မျိုး မြန်မာလူမျိုးများကြားပျံ့နှံ့စေလိုခြင်း
ဟူသော စေတနာဖြင့် ကျနော်ရေးသားရကျိုးနပ်သဖြင့်လည်း ၀မ်းသာလှပါသည်။
စင်ကာပူသတင်းစာသို့လည်း သူတို့ နိုင်ငံသားတရုတ်မကြီး၏ ရိုးသားမှုနှင့်
အတူ မြန်မာဝန်ထမ်း၏ အားထုတ်မှုကိုပါ ပေါ်လွင်အောင်ရေးသားပေးပို့ရဦးမည်..

ကျနော်ငယ်စဉ်က စာစောင်တခုမှာ ပီမိုးနင်းရေးခဲ့သော ဤသူငယ်မျိုးအလိုရှိသည်
အမည်ရှိဆောင်းပါးတပုဒ် ဖတ်ခဲ့ဘူးသည်။ ဆရာကြီးရေးထားသည်က ရိုးရိုးလေးပါ။
လက်သည်းခြေသည်းမှန်မှန်လှီးသင်သော.. မိဘဆရာကိုရိုသေသော.. လုံ့လ
ဝီရီယရှိသော ..စာကြိုးစားသော...စသည့်ရိုးရှင်းသည့်အချက်လေးများကို ရေးသား
ထားပါသည်။ ယခုဖြစ်ရပ်ကတော့ဖြင့် ပြောင်းလဲချိန်တန်ပြီဖြစ်သော... ပြည်သူချစ်
ပါတီက အနိုင်ရပြီးဖြစ်သော မြန်မာနိုင်ငံဝယ် သမတလည်းမဟုတ် ၀န်ကြီးလည်း
မဟုတ် ကာချုပ်လည်းမဟုတ်သော သာမန်ပြည်သူတိုင်းက စံနမူနာထား
ကျင့်ကြံသင့်သော လူငယ်တယောက်၏ မြင့်မြတ် စိတ်ဓါတ်ပါပဲ)

Tuesday, August 14, 2012

ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီကို ဆန္ဒပြမည်


ပါတီဝင် ၂၀၀ ကျော် NLD ညီလာခံ ကျင်းပရေး ကော်မတီကို ဆန္ဒပြမည်


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD)
တွင် ခရိုင် / မြို့နယ် ညီလာခံ ကျင်းပရေးကော်မတီ
ဖွဲ့စည်းရာ၌ ဒီမိုကရေစီနည်းလမ်းမကျဟု ဆိုကာ ပါတီဝင်
 ၂၀၀ ကျော်က ပါတီ ရုံးရှေ့ ၌ သြဂုတ်လ ၂၀


ရက်နေ့တွင် ဆန္ဒထုတ်ဖော်မည်ဟု ကော့သောင်းမြို့နယ် NLD မှ ဦးမျိုးလွင်က
ပြောကြားသည်။

...
NLD ဗဟို၏ ညွန်ကြားမှုဖြင့် တိုင်း ညီလာခံ ကျင်းပရေး ကော်မရှင်မှ ခရိုင်
/မြို့နယ် ညီလာခံ ကော်မရှင်အား ဖွဲ့စည်းရာတွင် အများပြည်သူကို ချမပြခြင်း၊
ပါတီဝင်များ သဘောဆန္ဒပါဘဲ လူတစ်စုက လုပ်ဆောင်ကာ ဖွဲ့စည်းခဲ့ခြင်းတို့ကြောင့်
ဆန္ဒ ထုတ်ဖော်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးမျိုးလွင်က ပြောကြားသည်။

“၂၀ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ပွဲလုပ်မယ်” ဟု ၎င်း က ဆိုသည်။

ဆန္ဒ ထုတ်ဖော်ရန် စာကို သြဂုတ်လ ၁၃ ရက်နေ့တွင် မြို့နယ်ကော်မရှင်နှင့် မြို့နယ်
ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီးဖြစ်သည်။

“ ပါတီကို ဆန့်ကျင်တာမဟုတ်ဘူး။ ပါတီထဲမှာရှိတဲ့ လူတစ်စုကို ဆန့်ကျင်တာပါ ” ဟု
ဦးမျိုးလွင်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင်
ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်းလမ်းမကျဟုဆိုကာ ပါတီဝင်အချို့ ဆန္ဒပြမှု အပြီး
ရက်ပိုင်းအကြာ နိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယင်းသို့သော
ဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ကော့သောင်းခရိုင်/မြို့နယ် ကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စီးပြီး
ခရိုင်ကော်မရှင် ဥက္ကဌနေရာကို ရှေ့နေ ဦးခင်ဇော်အား လည်းကောင်း၊ မြို့နယ်
ကော်မရှင်နေရာအတွက် ဦးအောင်ရွှေတို့အား အသီးသီး ရွှေးချယ်ထားသည်ဟု သိရသည်။

ယင်းကော်မရှင်မှာ ညီလာခံကျင်းပရေး အတွက် ယာယီသာဖွဲ့စည်းမည့်
လုပ်ငန်းကော်မတီဖြစ်ပြီး အဖွဲ့ဝင်စာရင်းကို အချိန်မီပေးအပ်ရန် လိုအပ်သည့်အတွက်
အများပြည်သူသို့ ချမပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းကော်မရှင် အဖွဲ့ဝင်
ဦးမောင်မောင်ဦးက ရှင်းပြသည်။

“ဗဟိုကလည်း အများရဲ့ ဆန္ဒယူပြီးတော့ လုပ်ရမယ့် အနေအထားမဟုတ်ဘူး ထင်လို့
ကျွန်တော်တို့ကို ညွှန်ကြားတယ်လို့ ယူဆပါတယ်”ဟု ၄င်းကဆိုသည်။

မြိတ်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ
၅ ရက်နေ့၊ ထားဝယ်တွင် ခရိုင်ကော်မရှင်ဖွဲ့စည်းခြင်းကို ဇူလိုင် ၃ ရက်နေ့တွင်
အသီးသီးပြုလုပ်ခဲ့ပြီး မြို့နယ် ကော်မရှင်ကို ဇူလိုင် ၁၇ ရက်တွင်
ဖွဲ့စည်းခဲ့သည်။

ကော့သောင်ခရိုင်/မြို့နယ် ကော်မရှင် ဖွဲ့စည်းတာဝန် ပေးအပ်ပွဲ အခမ်းအနား ကို
ကော့သောင်းမြို့၊ ငွေလရိပ်ခန်းမတွင် သြဂုတ်လ ၁၅ ရက်တွင်
ပြုလုပ်ရန်စီစဉ်လျက်ရှိသည်။

PopularNews

Tuesday, July 31, 2012

မြန်မာဂျာနယ်လစ်ကွန်ရက် သတင်းထုတ်ပြန်ချက်(၇/၂၀၁၂)


မြန်မာ ဂျာနယ်လစ် ကွန်ရက်
သတင်း ထုတ်ပြန်ချက် (၇/၂၀၁၂)

ဂျာနယ်နှစ် စောင်ကို ရပ်ဆိုင်း အရေးယူမှု အပေါ်  ပြန်လည်ရုပ် သိမ်းပေးရန် တောင်းဆိုခြင်း။

ပြည်တွင်း အပတ် စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို အကန့် အသတ်မရှိ ရပ်ဆိုင်း အရေးယူမှု အပေါ်  ပြန်လည် ရုပ်သိမ်းပေးရန် မြန်မာဂျာနယ် လစ်ကွန်ရက်မှ ပြန်ကြားရေး ၀န်ကြီးဌာနသို့ တောင်းဆို သွားမည်ဖြစ်သည်။

ယင်းသို့ အရေးယူခြင်းသည် မီဒီယာ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ထိပါးချိုးဖော
က်ရုံမက သမ္မတကြီး၏ အပြုသဘောဆောင်သည့်သဘောထားအမြင်များကို ဆန့်ကျင်ကွဲလွဲနေသည့် လုပ်
ဆောင်မှုဖြစ်သောကြောင့် ယင်းသို့အရေးယူထားမှုအပေါ် စဉ်းစားသုံးသပ်၍ တစ်ပတ် အတွင်း ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းစာကို သက်ဆိုင်ရာဝန်ကြီးဌာန ထံ ပေးပို့ သွားမည်ဖြစ်သည်။

ယခုဆုံးဖြတ်ချက်ကို ၃၁.၇.၂၀၁၂ နေ့က ပြုလုပ်ခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် အထူးအစည်းဝေး၌ လုပ်ငန်းကော်မတီနှင့် ကွန်ရက်ဝင်များက သဘောတူဆုံးဖြတ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လိုအပ်သော လှုပ်ရှားမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။

လေးစားစွာ
လုပ်ငန်းကော်မတီ
မြန်မာဂျာနယ်လစ်ကွန်ရက်

The Voice Weekly

မြန်မာ့စီးပွားရေး ဘဏ် ၀န်ထမ်းတစ်ဦး ၏ ရင်ဖွင့်စာ

ချစ်ခင်လေးစားအားထားရပါသောနိုင်ငံတော်သမ္မတကြီးခင်ဗျာ
ကျွန်တော်သည် မြန်မာ့စီးပွားရေးဘဏ် မှဝန်ထမ်းတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်တို့ ၀န်ထမ်းများ တွေ့ကြုံခံစားနေရ သော ရင်ထဲမှ ခံစားချက်များ ကို သမ္မတကြီးသိရှိနိုင်ရန် တင်ပြခွင့်ပြုပါ ဟုလေးစားစွာ တောင်းဆိုအပ်ပါ
သည်။ ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်တွင် ၀န်ထမ်းများ ရာထူးရယူရာ၌ ရာထူးယူမည် ဆိုလျှင် နယ်ပြောင်း
ရမည် ဟု ဆောင်ပုဒ် တစ်ခုလို ကျင့်သုံးနေသော ကြောင့်ရာထူးရယူ လိုပါသော်လည်း အဆိုပါကျင့်စဉ်ကိုကြောက်ရွံ့
၍ လုပ်သက် (၁၀)နှစ်(၂၀) နှစ်သမားများ လက်ရှိရာထူးအဖြစ်နှင့် သာ ရပ်တည်နေရပြီးရာထူးတိုးခြင်းလည်းမခံရ
ပါ။ရာထူးရယူသော ၀န်ထမ်းများကျပြန်တော့ မိမိ၏လစာဖြင့်ရပ်တည်နေရသောအမိအို ၊အဖအိုတို့အားအနီးကပ်
ပြုစုဆောက်ရှောက်လုပ်ကျွေးမှု မပြုနိုင်တော့ ဘဲဖြစ်သလိုထားရစ်ခဲ့ရပါသည်။သားသမီးဝတ်တရားမျက်ကွယ်
ခဲ့ရပါသည်။အရွယ်မရောက်သေးသောသားသမီးများကို ပညာသင်ကြားရန် အထောက်အကူမပြုနိုင်သလိုဇနီး
မယားကို ငွေကြေးမပံ့ပိုးနိုင်၍ဒုက္ခရောက်ရခြင်းကြောင့်တစ်နယ်တစ်ကျေးတွင်တာဝန်ထမ်းဆောင်ရန်အတွက်
နေထိုင်ရန် အခက်အခဲ အဖြစ်စတင်တွေ့ကြုံရပါသည်။အိမ်ထောင်ဦးစီးဝတ်တရားတို့ပျက်ကွယ်ခဲ့ရပါသည်။
အရာထမ်းလည်းဝန်ထမ်း ၊ အမှုထမ်းလည်းဝန်ထမ်းဖြစ်သော်လည်း အရာထမ်းများ အတွက်အဆင်ပြေ
ချင်ပြေပါလိမ့်မည်။ အမှုထမ်းများအတွက်မူမိမိကိုယ်ပိုင်ငွေကို ခြစ်ချုံ့၍ ငွေကြေး အခက်အခဲကြားမှ မိမိအိမ်ခန်းငှား
နေရန် ဖြေရှင်းရပါသည်။
တစ်အိုးတစ်အိမ်ခွဲ၍ချက်ပြုတ်စားသောက်ရသောဝန်ထမ်းများ၏အခက်ခဲ အကျပ်အတည်းများကျန်းမာ
ရေးအခက်ခဲများစွာလည်းရှိပါသေးသည်။ထိုအချက်များကိုကြည့်ခြင်းအားဖြင့်သက်ရှိအစိုးရသစ်လက်ထက်နိုင်ငံတော်သမ္မတကြီး၏ မိဘပြည်သူများနိုင်ငံဝန်ထမ်းများ၏ သက်သာချောင်ချိရေး ၊ စားဝတ်နေရေးဖူလုံရေးအစီ
အမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်ဟုထင်မြင်မိပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံဝန်ထမ်းများအား မိမိနေထိုင်ရာ တိုင်း/ပြည်နယ် ဒေသကြီး အတွင်းနှင်နီးစပ်ရာမြို့များ
တွင် သာ တာဝန်ပေးစေခိုင်းမည်ဆိုပါက နိုင်ငံတော်သမ္မတကြီး၏ချမှတ်ချက်ထားသောမူဝါဒလမ်းစဉ်များကို
တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရာရောက်မည်ဟု ထင်မြင်ယူဆမိပါသည်။
ထို ဖြစ်စဉ်အကြောင်းရာများအား သက်ဆိုင်ရာဝန်ကြီးဌာန နှင့် ဌာနဆိုင်ရာအကြီးများကိုမေးမြန်းမည်ဆိုပါက
အဖြစ်မှန်ကိစ္စရပ်များကိုဖုံးကွယ် ၍ အထက်လူကြီးတစ်ယောက် အဆင်ပြေလက်ခံနိုင်သောအဖြေတစ်ခုကိုသာ
ပေးပါလိမ့်မည်။
နိုင်ငံတော် သမ္မတကြီးမှ မိဘပြည်သူများနှင့် နိုင်ငံဝန်ထမ်းများအား မိဘသဖွယ်ပြုမူဆောင်ရွက်နေမှု
နှင့် သားသမီးများသဖွယ်စောက်ရှောက်မှုများကို ကျွန်တော်၏မြန်မာ့စီးပွားရေးဘဏ်မှ ပြောင်းရွှေ့ အာဏာပိုင်
ဆိုင်ထားသော အထက်လူကြီးများက တစ်စိတ်ကလေးမျှလိုက်နာကျင်သုံးနိုင်ခဲ့ ပါသော်......

နိုင်ငံတော်သမ္မတကြီးအား
ယုံကြည်လေးစားအားကိုးစွာဖြင့်

ဘဏ်ဝန်ထမ်းတစ်ဦး

Monday, July 23, 2012

အိ

ကံဆိုးမ သွားရာ မိုးလိုက်ရွာနေသလား။ အိတစ်ယောက် မွေးကတည်းက မိဘမိတ္တာကို မခံစားရပဲ စွန့်ပစ်ခံရလို့ မုန့်လက်ဆောင်သည်ကြီးကခေါ်မွေးစားခဲ့တာလေ။ လသားအရွယ်ကတည်းက သူတောင်းစားတွေလက်ထဲကို တနေ့ ၁၀၀၀နှုန်းနဲ့ ထည့်ပြီး ရုပ်ပြတောင်းစားခဲ့ရတဲ့ အိဘ၀။

ကလေးဘ၀တလျှောက်လုံး တောင်းရမ်းစားသောက်ကာ အသက်ရှင်ဖို့ရပ်တည်ခဲ့ရတယ်။ ၁၀နှစ်အရွယ်မှာတော့ မွေးစားဖခင်ရဲ့ စားချင်ခံခဲ့ရလို့ ပထမဆုံး အပျိုရည်ပျက်ခဲ့ရတာကိုတောင် ဘာမှ မသိနားမလည်ပဲ အဖေအမှတ်နဲ့ ဆက်ချစ်ခဲ့ရတဲ့ အိဘ၀။ ကောင်းကောင်းမနေရ၊ မစားရ၊ ပညာမသင်ရပဲ လေလွင့်ကာ အရပ်တကာလှည့်ပြီး ၀မ်းစာအတွက် တောင်းရမ်းစားရတဲ့ အိဘ၀၊

အသက်၁၃နှစ်အရွယ်တွင် ပထမဆုံး အပျိုရည်ဖောက်မယ်ဆိုပြီး ပွဲစားတွေနဲ့ စပ်ခံရတဲ့ အိဘ၀။ ရသမျှကို အဖေဆီအပ်ကာ ဘ၀ကို ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းရတဲ့ အိဘ၀။

အသက်အရွယ်နဲ့မမျှ ဘ၀နဲ့ မတန်လောက်အောင် အနစ်နာခံ လုပ်ကျွေးနေသော်လည်း အရက်သောက်၊ ဖဲရိုက်၊ ပွေရှုပ်နေတဲ့
ဖခင်အကြွေးတွေကို လည်မျိုနစ်မတတ် ပြန်ဆပ်ပေးနေရတဲ့ အိဘ၀............

ချီးစားလောက်တွေသာ ချီးတွင်းမှာ ပျော်ပါးနေသလို အိတယောက်လည်း အပျက်မ ဘ၀နဲ့ ဘ၀ကို တဖြည်းဖြည်းခုံမင်လာတယ်။
အရွယ်လေးလည်း ရလာတော့ ခန္ဓာကိုယ်လေးကလည်း လှလာတော့ အိတယောက် အချိန်ပြည့် မအားလပ်အောင်
ဖောက်သည်တွေတိုးလာတယ်လေ။ ဖောက်သည်တွေနဲ့ ဘ၀တူတွေက ပေးတဲ့ အတွေ့အကြုံ အပြောအဆိုတွေကြောင့် အိတယောက်
တဖြည်းဖြည်း လူရည်လည်လာတယ်။ ငွေကို လွယ်လွယ်ရသလို လွယ်လွယ်ပြန်သုံးတတ်လာသည်။ အရက်၊ဆေးလိပ်၊ ဖဲ၊ မူးယစ်ဆေး၊ ကလပ် စတာတွေမှာလည်း ခုံမင်လာတယ်။
အပြောအဆိုကလည်း ညက်သလား မမေးနဲ့။ အမူပိုတတ် အချွဲပိုတတ် အပေးကောင်းလာလို့လဲ အိကို တွေ့တဲ့ ယောကျာ်းသားတိုင်း မသနားပဲ မနေအောင်ဖြစ်ကြရတယ်။သူဘ၀လေးတွေကို ဇာတ်လမ်းလုပ်ပြောပြနေရင်တောင် တချို့ယောကျာ်းတွေ မျက်ရည်ကျကြရတယ်။

ဒီဘ၀ဆိုးကြီးက ရုန်းထွက်ချင်လှပါပြီတဲ့။
ကောင်းတဲ့ဘ၀မှာ ရိုးရိုးသားသားရှာဖွေပြီး ရှိတာလေးနဲ့ပဲ နေချင်လှပါပြီဆိုတဲ့ အိရဲ့ သုံးနေကျလက်သုံး စကားလေးတွေကို ဘယ်ယောကျာ်းသားက မသနားပဲ နေနိုင်ပါ့မလဲ။

အစ်ကိုကသာ အိကို အချစ်ဆုံး၊ အိဘ၀ကို နားအလည်ဆုံး၊ အစ်ကိုကို ဒါကြောင့်လဲ အိ သိပ်ချစ်တာ၊ အိကို နားလည်တဲ့သူ အိအပေါ်
ကောင်းအောင် ပြောတတ်တဲ့သူက အစ်ကို တစ်ယောက်ပဲရှိတယ်ဆိုတဲ့ နှုတ်ခမ်းထက်က ဓားသွားတွေရှိတဲ့အပြောမျိုးတွေ...

အစ်ကိုချစ်ချစ်မချစ်ချစ် အိကတော့ နားမလည်ဘူး အိလေ အစ်ကိုကို ချစ်နေရရင်ပြီးပြီ။ အစ်ကို အိဆီကို ဆန္ဒရှိမှ လာလည်း အိက
အစ်ကိုလာရင် အရမ်းပျော်နေတာ။ အချိန်တိုင်း အစ်ကို့ကိုပဲ မျှော်နေတာ။ ဧည့်သည်လာတိုင်း အစ်ကိုလားဆိုပြီး အိမှာဖြင့်မျှော်နေရတာ
အမောပဲ...ဟူသော စကားလှလှလေးတွေကို မျက်ရည်အရွှဲသားလေးနဲ့ ရင်ခွင်ထဲတိုးပြီးပြောနေတဲ့ အိကို ဘယ်လို ယောကျာ်းသားက မချစ်နိုင်ပဲ မသနားနိုင်ပဲနေမှာလဲကွယ်။

အိလေ..အိမ်က အဖေအတွက် ပိုက်ဆံအရမ်းလိုနေတယ်။ ဒါကြောင့် အခုရက်ပိုင်း နေမကောင်းတာတောင် ဧည့်သည်တွေကို
မ၀င်ချင်ပဲဝင်နေရတယ်။ အိ ဒီလကုန်ရင် အလုပ်ကထွက်ချင်ပြီအစ်ကို..အဲဒါအစ်ကို အိ အလုပ်ထွက်တာကို ကြိုက်လားဟင်။ အစ်ကိုကသာ ကြိုက်ရင် အိ ဒီအလုပ်ကို မရရအောင် ထွက်လိုက်တော့မယ်နော်ဟူသော အိရဲ့ အညှာကိုင် ချုပ်နည်းတွေ....

ကာမဆက်ဆံပြီးတိုင်းလည်း အခကြေးငွေကို မတောင်းပဲ အစ်ကိုရယ် အိ အစ်ကို့ပိုက်ဆံတွေ ကုန်မှာစိုးတယ်။ အစ်ကို အိ ဆီလာတာနဲ့တင် အစ်ကို့ပိုက်ဆံတွေ တော်တော်ကုန်နေပြီ။ အိဆီသာ နေ့တိုင်းလာရင် အိ ကျေနပ်ပြီ။ အစ်ကို အိအတွက် ဒါတွေပေးဖို့မလိုပါဘူးနော်။ မပေးပါနဲ့နော်။ အိလေ..အခုရက်ပိုင်း နေမကောင်းဖြစ်လွန်းလို့ ငွေတွေကုန်တာမှ တောက်တောက်လည် သိလား။ ဆေးခန်းတခါသွားပြရင် ၃၊၄သောင်းကုန်တယ်။ ဟိုနေ့ကလည်း အိ ပိုက်ဆံကို ခိုးသွားတာ ၆သောင်းကျော်ပါသွားတယ်။ အိမှာဖြင့် ငိုလိုက်ရတာ မသုံးရက် မစွဲရက်ပဲ မိဘတွေကို ပေးမည့်ပိုက်ဆံတွေ၊ အိလေ.. အဲဒီနေ့က တညလုံးကို အိပ်မပျော်ဘူး သိလား အစ်ကို။ အခုအစ်ကိုလာတော့ အိမှာ ပျော်လိုက်ရတာ။ဘယ်လိုပျော်မှန်းမသိဘူး။ အစ်ကို့ရင်ခွင်ထဲမှာနေနေရရင် အိဘ၀ကြီးတစ်ခုလုံး လုံခြုံသလိုခံစားရတယ်။ အိလေး အစ်ကို ရင်ခွင်ထဲမှာ အဲဒီလိုပဲ အကြာကြီး ရှိနေချင်တယ်။ အစ်ကိုက ဘယ်လိုကြည့်ကြည့် အရမ်းချစ်ဖို့ကောင်းတာ။ အိလေ..အစ်ကို နောက်နေ့တွေ ထပ်မလာတော့မှာ အရမ်းစိုးရိမ်တယ် သိလား။ အိဆီကို အစ်ကို မလာတော့မှာပဲ ကြောက်နေတာ ဆိုတဲ့ အိရဲ့ ယောကျာ်းတွေရဲ့နှလုံးသားအတွင်း ရိုက်ထည့်တဲ့ မြားဆိပ်တွေ...

ဒီလို အပြော ဒီလို အမူအရာ ဒီလို အပြုအစု အယုအယ အကြင်နာတွေနဲ့ ဘယ်ယောကျာ်းက မသနားပဲ နေမလဲ။ ယောကျာ်းတို့ရဲ့ မဟာ
ယောကျာ်သားဆန်တဲ့စိတ်ဓာတ်တွေကို သိတဲ့ အိအတွက် တောင်းသလောက် ရ၊ လိုသလောက် ရဖြစ်နေတော့ ငွေတွေ တဖြည်းဖြည်းနဲ့ လွယ်လွယ်ရလာတာပေါ့လေ။ ငယ်ငယ်ကတည်းက ပညာမသင်ခဲ့ရ၊ ဆုံးမသွန်သင် ထိန်းကွပ်မှုမရှိခဲ့တဲ့ အိတစ်ယောက် သုံးဖြုန်းပျော်ပါးနေရင်းနဲ့ ဖာဘ၀မှာ ပျော်ပါးလာတယ်။ ၀တ်တတ်၊ စားတတ်၊ ပြင်တတ်၊ ဆင်တတ်လာတော့ အိတစ်ယောက် မင်းသမီးရှူံးလောက်အောင် သူဋ္ဌေးသမီးရှူံးလောက်အောင် နေတတ်ထိုင်တတ် ပြောတတ်ဆိုတတ်လာတယ်လေ။ အသက်ကလေးကလည်း ၁၉နှစ်ဆိုတော့ သေခါနီး ရိက္ခာလိုချင်ကြတဲ့ အဘတွေ အကြိုက်ပေါ့။ ငွေရရင် ချူလို့ရရင် ဘယ်သူမဆို ကြင်နာပြမယ်ဆိုတဲ့ အိတစ်ယောက် အဆင့်အတန်းမြင့်လာတယ်ပဲ ဆိုရမလား။ ပိုပြီး ပျက်စီးလာတယ်ပဲ ပြောရမလား မသိတော့ပါဘူး။ အရင်က မာစွတ်တွေမှာ လာပျော်ပါးတဲ့သူတွေကိုသာ ကြင်နာပြခဲ့တာ။ အဲဒီလူတွေရဲ့အိမ်ထောင်ရေးကို သွားနှောင့်ယှက်တာတွေ၊ ဖျက်ဆီးတာတွေ မလုပ်ခဲ့ဘူး။ အခုကျတော့ ပစ်မှတ်တွေထားပြီး ငွေတွေ ရသလောက် ချူဖို့လုပ်တတ်လာတယ်။ မကြာပါဘူး။ အပြင်ထွက်ပြီး အဆောင်လေးငှားနေလိုက်တယ်။ ထောက်ပံ့သူ ကိုကိုတွေကို အလှည့်ကျ အကြင်နာတွေပေးတယ်။ ဘာသင်တန်း ညာသင်တန်းဆိုတာလေးတွေကို တက်ပြီး ချမ်းသာတဲ့ ကောင်လေးတွေနဲ့ ခင်မင်ရင်းနှီးအောင်လုပ်တယ်။ ချမ်းသာတဲ့ ကောင်မလေးတွေနဲ့ ခင်အောင် ပေါင်းပြီး ဦးလေး အစ်ကိုတို့နဲ့ ခင်မင်ရင်းနှီးအောင်လုပ်တယ်။

အထာနပ်ပြီးသား အိတစ်ယောက် ဘာမျက်စိတွေနဲ့သူ့ကို ကြည့်လဲဆိုတာမြင်တာနဲ့ ၀င်ရောပြီးသား။ အလိုလိုက် အကြိုက်ဆောင်ထားပြီးသားလေ။ ပြီးတော့ပြောတဲ့စကားလေးက ရှိသေးတယ်။ ဦးကို ချစ်လို့ သမီး မိုက်မိတာ။ သမီးရှက်လိုက်တာပေါ့။ အစ်ကိုကြီးကို ချစ်လွန်းလို့ ပုံအပ်မိတာပါ ညီမလေ...သေတောင် သေချင်တယ်ပေါ့။ မမြင်ဖူး မူးမြစ်ထင်နေကြတဲ့ ယောကျာ်းဘသားတွေကလည်း ယုံကြတယ်လေ။

သမီးနောက်ဆို ဘယ်လိုမျက်နှာမျိုးနဲ့ တွေ့ရမလဲ ဦးရယ်။ သမီးသူငယ်ချင်းကို သမီး ဘယ်လိုဆက်ပြီး ပေါင်းရတော့မှာလဲ ဦးရယ်။ မီးကိုသနားရင် ဒီနေ့ဖြစ်ခဲ့တာတွေကို ဦး မေ့ထားလိုက်နော်။ သမီးအတွက် ဘာမှမလိုဘူး။ အခုလိုဖြစ်ရတာလဲ ဦးကို ချစ်လွန်းလို့ သမီးဘက်ကနေ ပေးဆပ်လိုက်တာပါ ဦးတဲ့။ အဲလို အပြောတွေကို မခိုက်တဲ့ နွားအိုတွေ ရှိဦးမလား။ ကွယ်ရာမှာ ခိုးစားလို့ လူမသိအောင် နေတတ်သူကို မကျေနပ်တဲ့သူ ရှိဦးမလား။ မြေးအရွယ်သမီးအရွယ် နုနုထွတ်ထွတ်လေးကို ဘာတာဝန်မှ မယူရပဲ စားနေရတော့ လိုချင်သလောက် ငွေတွေ မကျပဲ ရှိပါတော့မလားကွယ်...

လောဘဆိုတာ အတော်မသတ်နိုင်တာ လူ့ဘ၀ပဲလေ။ တဏှာကိလေသာတွေလည်း ထို့အတူပါပဲလေ။ မကောင်းတာကို မကောင်းမှန်း
မသိတော့ပဲ။ မကောင်းမှုတွေထဲမှာပဲ ပျော်ပါးမွေ့လျော်လာတဲ့ အိတစ်ယောက်၊ လုပ်ကွက်တွေမှန်နေတော့လည်း အိမ်တစ်ဆောင် မီးတပြောင်နဲ့ဖြစ်လာတာပေါ့။ သူ့အတွက်ကတော့ ဒါတွေဟာ ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက်တယ်ထင်ပြီး စိတ်ကြီးဝင်လာတာပေါ့။

အဆက်အသွယ်တွေရလာ...အပေါင်းအသင်းတွေဆန့်လာပြီး သေခါနီးအဘိုးအိုတွေကိုမှ ပစ်မှတ်ထားပြီး အပိုင်ကြံတော့တာပဲ။
လင်သုံးယောက်အတည်ယူဖြစ်ပြီး အမွေတွေ အများကြီးရခဲ့တယ်။ ငွေကြေးချမ်းသာလာတော့လဲ လူတွေက အိကို အထင်ကြီး
လေးစားလာကြတယ်လေ။ ဖာသည်ဆိုတာကို မသိပဲ လာဖားနေကြတာ။ သဘောကလည်း ကောင်း၊ ဆက်ဆံရေးကလည်း သိမ်မွေ့ဆိုတော့လူချစ်လူခင်များတာပေါ့။ အပြောကတော့ ဆင်ကို လိပ်ဖြစ်အောင် ပြောတတ်တာ။ အိဆိုတဲ့ ကောင်မလေးဟာ အခုထက်ထိ ရှိတုန်းပါ။ လက်ရှိမှာလည်း အကောင်အကြီးကြီးရဲ့ အချစ်ဆုံးလေးဖြစ်နေတယ်လေ။

သူ့ဘ၀ဟာ တိုးတက်တာလား၊ အောင်မြင်တာလား၊ အားကျစရာကောင်းသလား ဆိုတာကို စာဖတ်သူတို့ သင်ခန်းစာယူသင့်တယ်နော်။
အကျင့်စရိတ္တတွေ ဆိုးရွားအောက်တန်းကျနေတာတောင် ငွေကြေးဓနပြည့်စုံသွားတာနဲ့ အရာရာကို ဖန်တီးနိုင်တယ်ဆိုတာကို မြင်သွားကြပြီ။ အားလုံးနားလည်သွားကြပြီထင်တယ်။ လူတစ်ယောက်ကို တန်ဖိုးဖြတ်တာဟာ ချမ်းသာကြွယ်ဝမှုနဲ့ လူအများ တိုင်းတာနေကြတယ်ဆိုတာကို သိသွားကြပြီထင်တယ်။

အဲဒါကြောင့်လဲ လောဘသားကောင်တွေဟာ သူတို့ မနစ်နာမချင်း မခံရ မချင်း ကိုယ်ချင်းစာစိတ်မရှိပဲ လူတွေအပေါ်
ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ ဆက်လုပ်နေကြတာ။ ဥစ္စာဆိုတာ လူတိုင်း သည်းခြေကြိုက်ပဲလေ။ ငွေရှိရင် လိုချင်တာ အားလုံးမရတာတောင် လိုချင်တာဖြစ်အောင် လုပ်နိုင်တဲ့အစွမ်းတွေ အပြည့်ရှိတယ်လေ။ အဲဒါကြောင့်လည်း လူတွေလောဘဇောတက်ပြီး ကိုယ်ကျင့်တရားတွေ ပျက်ပြားပြီး ငွေနောက်လိုက်ကြတာ။ လိုက်ရင်း လိုက်ရင်း မိုက်ရင်း မိုက်ရင်းနဲ့ နောင်တမရပဲ အပြစ်မမြင်ကြပဲ ကြီးမိုက်တွေဖြစ် သမိုင်းတွင်လူမိုက်ကြီးတွေဖြစ်ကုန်ကြတာပေါ့။ အာဏာနဲ့ ငွေဟာ ယစ်မူးမိရင် ဘယ်လိုမှ ဖြတ်လို့မရဘူး။ ကိုယ်ခံရမှ ကိုယ်နစ်နာမှ ကိုယ်ဒုက္ခခံစားရမှသာ ဥစ္စာရူး၊ အာဏာရူးများ အသိတရားကလေး နည်းနည်းသာ ၀င်တတ်ကြပြီး ဆက်ပြီးမိုက်တတ်ကြသည်ဟူသော သဘောတရားလေးကို လူတိုင်း ထင်သာမြင်သာရှိအောင် တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

အောင်ကျော်ဦး
၂၁၊၀၇၊၂၀၁၂

Wednesday, July 11, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲပြုလုပ်၊ လွှတ်တော်ကို ပိုပြီး လွတ်လွတ်လပ်လပ် ဖြစ်စေချင်ကြောင်းနှင့် ပညာရေးနှင့် ဆက်စပ်မှုရှိသည့် အဆိုတင်သွင်းမှုများ ပြုလုပ်ရန်ရှိကြောင်း ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း သတင်းစာရှင်းလင်းပွဲတစ်ခုကို  ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းထောက်များ၏ တောင်းဆိုချက်အရ ပြုလုပ်ပေးခဲ့သည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များမှ လွှတ်တော်ဆိုင်ရာ ကိစ္စများအတွက် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ရာမှ ယခုကဲ့သို့ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။
သတင်းထောက်တစ်ဦးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာ ''ဒီမိုကရေစီမှာ အတိုက်အခံ အဖွဲ့အစည်းဆိုတာ ရှိရမှာပဲ။ အခု အခြေအနေအရ အန်တီတို့ကို အတိုက် အခံ အဖွဲ့အစည်းလို့ခေါ်ရင်လည်း အန်တီတို့အနေနဲ့ မကန့်ကွက်ပါဘူး။ အန်တီပြောခဲ့တာက ရန်လုပ်ဖို့လာတာ မဟုတ်ဘူး။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သမျှ နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လာတာပါ။ အန်တီတို့ကတော့ နိုင်ငံအပေါ်မှာ သစ္စာစောင့်သိတဲ့ အတိုက်အခံ အဖွဲ့အစည်းဆိုတဲ့အမြင်နဲ့ လုပ်သွားမှာပါ။ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး။ နိုင်ငံတော် အကျိုးပြုချင်လို့ အကျိုးပြုတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်သင့်တဲ့သူနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
''လွှတ်တော်ကို ၃ ရက်တက်ပြီး နောက်လွှတ်တော်ကို ဘယ်လိုမြင်ပါသလဲ'ဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က 'ခြုံငုံပြီးပြောရမယ်ဆိုရင် အန်တီတို့အနေနဲ့ လွှတ်တော်ကို နည်းနည်းပိုပြီးတော့ လွတ်လွတ်လပ်လပ် ဖြစ်စေချင်တယ်။ အန်တီတို့ကိုယ်တိုင် က ကိုယ်စားလှယ်တွေဆိုတော့ ၀င်လိုက် ထွက်လိုက်လုပ်နိုင်တဲ့ အခွင့်အရေးတွေ ပိုပြီးတော့ များစေချင်တယ်။ ဥပမာဆိုရင် တချို့ကိစ္စရပ်တွေဟာ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ ကိုယ့်ရဲ့စိတ်ဝင်စားမှု မဟုတ်ဘူးဆိုရင် တခြားမှာသွားပြီးတော့ ကိုယ်စိတ်ဝင်စားတဲ့ အဆိုတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ဖို့၊ ဆွေးနွေးဖို့ အဲလို အနေအထားမျိုး ရှိနိုင်မယ်ဆိုရင်တော့ ကိုယ်စားလှယ်တွေအတွက် ပိုလွတ်လပ်တာပေါ့။ ဒါပေမယ့် အခုကျတော့ အားလုံးထိုင်ပြီးတော့ တစ်ချိန်ထဲမှာထိုင်၊ တစ်ချိန်ထဲမှာထဆိုတော့ အဲဒါကတော့ နောက်လည်းဖြစ်လာမယ်လို့ ထင်ပါတယ်။ ရင့်ကျက်တဲ့ လွှတ်တော်တွေနဲ့တော့ နည်းနည်းကွာသေးတာပေါ့''ဟု ဖြေကြားခဲ့သည်။
''လွှတ်တော်မှာ အန်တီအဆိုတွေ၊ မေးခွန်းတွေ ဘယ်တော့လောက်တွေ့ မြင်ရနိုင်ပါသလဲ''ဟု မေးမြန်းရာ 'အဲဒါ မသိဘူး။ ဒါက အန်တီတို့ဆုံးဖြတ်တာ မဟုတ်ဘူး။ တင်တာတင်တာ။ ဘယ်တော့လောက် လက်ခံမလဲဆိုတာကတော့ လွှတ်တော်ရုံးအပေါ်မှာ မူတည်တာပေါ့။ အခုတစ်ခုပဲ စဉ်းစားထားတာ ရှိပါတယ်။ အခုမပြောသေးဘူး။ ပညာရေးနဲ့တော့ ဆက်စပ်မှာပေါ့။ အဆိုတင်သွင်းမှုတွေကို လုပ်ဖို့တော့ အန်တီတို့ ကိုယ်စားလှယ်တွေက တင်ထားတယ်။ ဥပဒေကြမ်းတင်ဖို့တော့ မရှိသေးပါဘူး''ဟု ပြောကြားခဲ့သည်။
လွှတ်တော်တွင်းမှ ပြည်သူ့အတွက် ဘာတွေဆောင်ရွက်ဖို့ ရှိပါသလဲဟု မေးမြန်းရာ 'အန်တီအမြဲပြောတယ်။ အန်တီပေးနိုင်တဲ့ ကတိတစ်ခုပဲ ရှိတယ်။ အန်တီ အကောင်းဆုံးကြိုးစားမယ်။ အကောင်းဆုံးလုပ်မယ်။ လွှတ်တော်ထဲမှာလည်း အကောင်းဆုံးကြိုးစားမယ်။ ဒါပေမယ့် လွှတ်တော်ထဲရောက်လို့ လွှတ်တော်ပြင်ပက နိုင်ငံရေးကို လုံးဝလက်လွှတ်မှာ မဟုတ်ဘူးဆိုတာ အန်တီ သေချာပြောချင်ပါတယ်''ဟု ဖြေကြားခဲ့သည်။
ကော့မှူးမြို့နယ်အတွက် သီးခြားအဆိုတင်သွင်းရန် မရှိသေးကြောင်း၊ ၀န်ကြီးအပြောင်းအလဲ သတင်းများနှင့်ပတ်သက်၍ အဓိက အပြောင်းအလဲဆိုသည်မှာ မည်သူမည်ဝါဆိုသည်ထက် ကောင်းသည့်ပြောင်းလဲခြင်းဘက်သို့ ဦးတည်ရန်သာ အရေးကြီးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုကာကိုလာကုမ္ပဏီနှင့် Max အချိုရည် ထုတ်လုပ်သော ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့ မြန်မာပြည် စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေ

နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီ နှင့် Max ၊ Max plus အချိုရည်များ၊ Max2O ၊ မြနန္ဒာ သောက်ရေသန့်များ ထုတ်လုပ်ရောင်းချနေသော မြန်မာထိပ်တန်း လုပ်ငန်းတစ်ခုဖြစ်သည့် ပင်းယကုန်ထုတ်လုပ်ရေး ကုမ္ပဏီတို့သည် မြန်မာပြည်စီးပွားဖက်အဖြစ် ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးနေကြောင်း အချိုရည်လုပ်ငန်းများနှင့် နီးစပ်သည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

''ကိုကာကိုလာကုမ္ပဏီနဲ့ ပင်းယကုမ္ပဏီတို့ စီးပွားဖက်အဖြစ် ချိတ်ဆက်ဖို့ ဆွေးနွေးနေပါပြီ။ ကိုကာကိုလာ အချိုရည်တွေကို ပင်းယက တင်သွင်းဖြန့်ချိမယ်လို့ သိရပါတယ်''ဟု အဆိုပါလုပ်ငန်းနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားပါသည်။ ပင်းယကုမ္ပဏီအနေဖြင့် ကိုကာကိုလာကုမ္ပဏီ အခြေစိုက်ထားသည့် အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အချိုရည်များကို တင်သွင်းဖြန့်ချိသွားမည်ဖြစ်ပြီး လာမည့်နှစ်များတွင် မြန်မာနိုင်ငံအတွင်း အကျိုးတူဖက်စပ်စက် ရုံများ တည်ထောင်ကာ ထုတ်လုပ်ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။
ကိုကာကိုလာကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် မျှော်မှန်းထားကြောင်း ထုတ်ပြန်ပြောကြားထားသည်။ ကိုကာကိုလာနှင့် ချိတ်ဆက်လုပ်ကိုင်မည့် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်း အချိုရည်လုပ်ငန်းတစ်ခုဖြစ်ပြီး နှစ်စဉ်အချိုရည်ပုလင်းနှင့် ဘူးထုတ်လုပ်ရောင်းချမှု ပမာဏသန်း ရာဂဏန်းရှိကြောင်း အချိုရည်ဈေးကွက်အတွင်းမှ သိရပါသည်။

မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရ . . .

ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း တရားဝင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင် ပင်းယ ကုန်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ချိတ်ဆက်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အခြားအမေရိကန် ကုမ္ပဏီအချို့သည် အမေရိကန်ပြည်ထောင်စုအစိုးရက  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင် ထုတ်ပေးသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းစတင်ရန် မြန်မာကုမ္ပဏီများနှင့် ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၁၉၂၇ ခုနှစ် စတင်ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် မဖြစ်ခင်အချိန်ထိ ရင်းနှီးမြှုပ်နှံဖူးကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မှုနှင့်အတူ မြန်မာအမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ပံ့ပိုးနိုင်ရန် အမေရိကန်ဒေါ်လာ သုံးသန်းကို ကိုကာကိုလာဖောင်ဒေးရှင်းအနေဖြင့် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပက်စီကုမ္ပဏီကလည်း မြန်မာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် ဒိုင်းမွန်းစတားကုမ္ပဏီနှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံ အချိုရည်ဈေးကွက်အတွင်း မကြာမီဝင်ရောက်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။

Monday, July 9, 2012

တံခါးဖွင့်စဉ် မြင်တွေ့လိုက်ရသည့် ချည့်နဲ့နေသော ပညာရေး


အဆောင်များသည် လူသူကင်းမဲ့နေသည်။ တချိန်က ဝင့်ကြွားခဲ့သော ပါမောက္ခနေအိမ်များသည် ပေါင်းမြက်များ ဖုံးလွှမ်း လျက်ရှိသည်။ စစ်တပ်က ဗုံးဖြင့်ခွဲခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အဦးနေရာတွင် မြက်များသာ ပေါက်နေသည်။

ဤသည်ကား တစ်ချိန်က အာရှ၏ အကောင်းဆုံး ရန်ကုန်တက္ကသိုလ်ကြီးဖြစ်ပြီး၊ ရာစုနှစ် ထက်ဝက်ခန့် စစ်တပ်မှ အုပ်စိုးခဲ့ပြီး ပညာရေး စနစ်ကို ချိနဲ့စေခဲ့ခြင်း၏ ဝမ်းနည်းဖွယ် သင်္ကေတတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ဘွဲ့ရပြီးသော ကျောင်းသားများသာ ထိုနေရာတွင် စာသင်နိုင်သည်။ စစ်အစိုးရသည် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများကို ကြောက်ရွံ့ခြင်း ကြောင့်၊ မကြာခဏ ကျောင်းပိတ်ခဲ့ ပြီး၊ ကျောင်းသားများကို ဝေးလံသော နေရာများတွင် အဆောက်အဦး နည်းပါးစွာဖြင့် ဖြန့်ကျက်ပစ်ခဲ့သည်။

ယခုမြန်မာနိုင်ငံသည် ပြင်ပကမ္ဘာသို့ တံခါး ဖွင့်ခဲ့ချိန်တွင် ထို့အတွက်ကြီးမားစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ တက္ကသိုလ်များကို ဖြိုခွဲ ပစ်ခဲ့ခြင်းသည် မျိုးဆက်နှင့်ချီသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီ။ ထို့ကြောင့် ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် နှေးကွေးသွားမည် ဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ၊ အလှူရှင်များနှင့် အမြတ်အစွန်းကိုသာ ကြည့်မည့်သူများ မျှော်လင့်ထားသည့်အတိုင်း ဝင်ရောက်လာပါက ပညာရေး ချို့တဲ့သော မြန်မာပြည်သူများသည် ခေါင်းပုံဖြတ် ခံရတော့မည်ဟု ပညာရှင်များက ပြောသည်။

“ကမ္ဘာကြီးကို အမှီလိုက်ဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်လောက်လိုပါမယ်။ ကျွန်တော်တို့ရဲ့ ပညာရေး ယဉ်ကျေးမှုကြီးကို ပြောင်းပစ်ရ ပါမယ်။ ဒါပေမယ့် ဒါလုပ်ဖို့ သိပ်ခက်ခဲနေပါလိမ့်မယ်”ဟု ပညာရေးမြှင့်တင်မှုများ ပြုလုပ်နေသော မင်္ဂလာမြန်မာမှ အကြီးအကဲ ဒေါက်တာဘုန်းဝင်းက ပြောသည်။

ကနဦးခြေလှမ်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်က လုပ်ဆောင်ဖူးခြင်း မရှိသော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး စစ်တပ်က အာဏာ ဆုပ်ကိုင်ထားမှုကို လျှော့ချနေသော သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ် ၎င်းတက်ရောက်လာစဉ်က မိန့်ကြားခဲ့သော မိန့်ခွန်းတွင် ပညာရေး တိုးတက်ရန် နှင့် နိုင်ငံတကာ အဆင့်မြှင့်တင်ရေးအတွက် နိုင်ငံခြားပညာရှင်များ ရှာဖွေရန် ပြောကြားခဲ့သည်။

ပညာရေးဘက်ဂျက်သည် စစ်တပ်သုံးစွဲမှုထက် စာလျှင် နည်းပါးလွန်းလှပြီး၊ လုံလောက်မှုမရှိဟု ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြသည်။ ဧပြီလက ပညာရေးဘတ်ဂျက်ကို ဒေါ်လာသန်း(၃၄၀) မှ သန်း (၇၄၀) သို့ တိုးမြှင့်ပေးခဲ့သည်။ နှစ်ပေါင်းများစွာကပင် ဘတ်ဂျက်၏ ၂၅% ကိုစစ်တပ်အတွက် အသုံးပြုခဲ့ပြီး၊ ပညာရေးအတွက် ၁.၃% သာအသုံးပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဓါတ်ခွဲခန်းပစ္စည်းများနှင့် ကိရိယာများကိုင်တွယ်နိုင်မည့် အင်ဂျင်နီယာများ မဖြည့်ဆည်းပေးနိုင်သည်မှာ ဓါတုဗေဒ ပါမောက္ခ မျိုးဆက်နှစ်ဆက် ရှိပြီဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမိုးကျော်က ပြောသည်။

MBA ဘွဲ့ရများမှ အစပြု၍ ရှေ့နေများနှင့် စာရင်းကိုင်များအဆုံး များစွာ လိုအပ်လျက်ရှိသည်။ ဦးမိုးကျော်က တိတိပပ စိုးရိမ်ရသော အချက်မှာ အကယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပုံအော ဝင်လာပါက ကျွမ်းကျင်သော ပညာရှင်များနှင့် လုပ်သားများ မရှိခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ မကြာသေးမီက ရန်ကုန်၏ အနာဂတ်နှင့် ပတ်သက်၍ ကွန်ဖရင့်တစ်ခုတွင် အစိုးရ တာဝန်ရှိသူများက တိုင်းပြည်တွင် မြို့ပြဖွံ့ဖြိုးရေးနှင့် ပတ်သက်သော ပညာရှင် (၅၀) ဦး ခန့်သာ ရှိပြီး (၅၀၀) ခန့် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဟာ အမြတ်ထုတ်ခံရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ပြည်တွင်းမှာ အဆင့်အတန်းမှီတဲ့ လူတွေမရှိတော့ နိုင်ငံခြားသားတွေက သူ့ဘာသာခေါ်လာကြတဲ့အခါ မြန်မာတွေအဖို့ လခကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်”ဟု UNESCO မှ ပညာရေးနှင့် ပတ်သက်သော Sardar Umar Alam ကပြောသည်။

“အစိုးရသည် အဆင့်မြင့်ပညာအတွက် ကျောင်းပေါင်း (၁၆၀) ခန့် တိုးမြှင့်ပေးခဲ့သော်လည်း၊ ဘွဲ့ရသူ အများစုက ၎င်းတို့၏ဘွဲ့နှင့် မထိုက်တန်ကြောင်း ကိုယ့်ကိုကိုယ် ပြက်ရယ်ပြုကြသည်။

ယခင် ဗြိတိသျှကိုလိုနီဟောင်းဖြစ်သော မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ အရည်အသွေးများ ပျောက်ဆုံးသွားရခြင်းအတွက် အများက စိတ်ပျက် နေကြသည်။ ၁၉၆၀ ခုနှစ်နှစ်လယ်များက နိုင်ငံခြားသားကြောက်သော ဗိုလ်ချုပ်နေဝင်းက ကျောင်းများတွင် အတန်းငယ်များ၌ အင်္ဂလိပ်စာ သင်ကြားမှုကို ပိတ်ပင်ခဲ့သည်။

“ကျွန်တောတို့ မန္တလေးရုံးမှာ အလုပ်တော်တဲ့ အမျိုးသမီးဝန်ထမ်း တစ်ဦးရှိပါတယ်။ သူက စိတ်ပညာနဲ့ဘွဲ့ရပေမယ့် အင်္ဂလိပ်လို စာလုံးတောင် မပေါင်းတတ်ပါဘူး”ဟု ဦးမိုးကျော်က ပြောသည်။

ပညာရေးအပေါ် ဆင်နွှဲသော တိုက်ပွဲမှာ ၁၉၆၂ ခုနှစ်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးကို အစိုးရဆန့်ကျင်သူများ၏ လှုပ်ရှားမှုများ စတင်ရာနေရာ အဖြစ်မှတ်ယူ၍ ဗုံးခွဲခဲ့ရာမှ စတင်ခဲ့သည်။

သို့သော် အမှောင်ဆုံးနေ့ရက်များမှာ ၁၉၈၈ ခုနှစ်က ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သော ဒီမိုကရေစီ ဆန္ဒပြပွဲများ ရှုံးနိမ့် ခဲ့ရမှုများအပြီးတွင် ထွက်ပေါ်လာခဲ့သည်။ စစ်အစိုးရသည် တက္ကသိုလ်များကို ပိတ်ပစ်ခဲ့ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ကာကွယ်သည့်အနေဖြင့် ကျောင်းသားများကို မြို့နှင့် ဝေးရာသို့ ပို့ပစ်ခဲ့သည်။

“တက္ကသိုလ်ကျောင်းသားဘဝတွေဟာ တစ်စစီပြိုကွဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရက တက္ကသိုလ်ကျောင်းသားတွေဟာ ငြိမ်ဝပ်ပိပြားနေရ မယ်လို့ ခံယူထားလို့ပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက ဗြိတိသျှပါလီမန်တွင် ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ပညာရေးစနစ်က လွန်စွာ အားနည်းနေပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုအပ်နေပါတယ်။ ကျောင်းတွေ၊ သင်ရိုးတွေနဲ့ ဆရာတွေ ကို လေ့ကျင့် သင်ကြားပေးရေးတွေသာမကပဲ ကျွန်မတို့ရဲ့ ပညာရေး အပေါ်ထားတဲ့ သဘောထားကိုလည်း ပြုပြင်ယူရပါမယ်။ လက်ရှိ အားဖြင့် ပညာရေးနှင့် ပတ်သက်ပြီး သဘောထားက အမြင်ကျဉ်းမြောင်းလွန်းပြီး၊ ပြောင်းလဲလိုစိတ် မရှိပါဘူး”ဟု သူက Oxford တက္ကသိုလ်တွင် ပြောကြားခဲ့သည်။

ကျောင်းသားများမှာ ကျေးလက်တွင်ရှိသော ကျောင်းများသို့ တက်ရောက်ရန် အားမရှိကြဘဲ အဝေးသင်ပညာရေးကိုသာ ပို၍ စိတ်အားထက်သန် ကြသည်။ ကျောင်းသားများ၏ ၇၀% မှာ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြသည်။ ပုံမှန်အားဖြင့် အဝေးသင် ကျောင်းသားများမှာ တစ်နှစ်လျှင် ၁၀ ရက်ခန့်သာ ကျောင်းတက်ရပြီး၊ အိမ်တွင်လုပ်ရန် အဆိုင်းမင့်များ ပေးခြင်းသာ ရှိသည်။

အသက်လေးဆယ်ကျော် ဝန်းကျင်တွင် ရှိနေသူများသည် အစိုးရထံတွင်သော်လည်းကောင်း၊ စီးပွားရေး လောကတွင် လည်းကောင်း အကြီးတန်း နေရာများတွင် ရောက်နေသင့်ပြီဖြစ်သည်။ သို့သော် ယခု ဤအရွယ်သို့ ရောက်နေသူများမှ ကျောင်းတွင် ပညာပြည့်ဝစွာ မရခဲ့၊ အချို့ကလည်း ရည်မှန်းချက် ပျက်၍ အရည်အချင်း မပြည့်ဝဘဲ အလုပ်အကိုင်ဘဝထဲသို့ ရောက်ရှိခဲ့ရပြီး၊ အချို့ကလည်း နိုင်ငံခြား တိုင်းပြည်များသို့ ထွက်သွားရခဲ့သည်။

အာဏာရှင်စနစ်၏ လက်အောက်တွင်ရှိသော နှစ်များအတွင်း ပညာရေးစနစ်သည် အောက်သို့စိုက်၍ ထိုးဆင်းသွားခဲ့သည်။ စာမေးပွဲ တွင် ခိုးချ ခြင်းများကလည်း ကျယ်ပြန့်လာသည်။ ဆင်းရဲ မွဲတေမှုကြောင့် ကိန်းဂဏန်းမှာ မယုံနိုင်ဖွယ် ကျဆင်းခဲ့ရာ လူဦးရေ၏ ၇၀% သည် မူလတန်း ပညာရေးကိုပင် ပြီးဆုံးအောင် မသင်နိုင်ဖြစ်ရသည်ကို တွေ့ရသည်။ တက္ကသိုလ်များ၏ အဆင့်အတန်းမှာလည်း လျင်မြန်စွာ ကျဆင်းခဲ့သည်။

“မြန်မာနိုင်ငံမှာ ပါမောက္ခတွေဟာ သုတေသန လုပ်ဖို့မလိုပါဘူး၊ စာတမ်းလေးရေး၊ ကွန်ဖရင့်လေး တက်ရုံပါပဲ။ သောကြာနေ့မှာ လျှောက်လွှာတင်၊ တနင်္လာနေ့မှာ ပါမောက္ခဖြစ်ပြီ”ဟု ဒေါက်တာဘုန်းဝင်းက ပြောသည်။

မကြာမီက စစ်တပ်အုပ်ချုပ်ရေးမှ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲသွားခဲ့ရာ၊ ပြည်သူများသည် ၎င်းတို့၏ ဒေါသများကို ဖော်ထုတ် လာကြသည်။ နာမည်ကြီးသော ဘလောဂ့်တစ်ခုတွင် ဘာမျှ မတက်သော စစ်အရာရှိများသည် ၎င်းတို့၏ အာဏာကို အလွဲသုံးစား၍ ချမ်းသာအောင် လုပ်နေသည်ဟု ပညာရေး တာဝန်ရှိသူများကို စွပ်စွဲပြောဆိုထားသည်။

သို့သော် အစိုးရသည် ၉ သန်းမျှရှိသော ကျောင်းသားများ တိုးတက်မှုရှိရေးအတွက် ကြိုးစားနေပုံတော့ရသည်။

ကျောင်းဆရာများမှာ ဆင်းရဲသည့် အဆင့်တွင်ပင် ရှိနေသေးပြီး လစာ တိုးမြှင့်ပေးထားပြီး တစ်လလျှင် ဒေါ်လာ (၃၀) တိုးပေး ထားသည်။ ကျေးလက်တွင် တာဝန် ထမ်းဆောင်သူများ နှစ်ဆ တိုးသည်။

ယခင်ကတည်းက အဆက်အသွယ် ရှိခဲ့သော နိုင်ငံခြား တက္ကသိုလ်များ ပြန်လည် တည်ထောင်ရန် လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ John Hopkins တက္ကသိုလ်သည် ဘွဲ့ရကျောင်းသားများနှင့် ဆရာများ လေ့ကျင့်ပေးရေးအတွက် ရည်ရွယ်၍ ရန်ကုန်တက္ကသိုလ်တွင် Center of Excellence ထူထောင်ရန် စီစဉ်နေသည်။

“သမ္မတကြီးကတော့ ပညာရေးနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တကယ်ကို တွန်းအားပေးနေတာပါပဲ။ ဒါပေမယ့် ဒါက အထက်က အောက်သွားတဲ့ပုံစံ(top-down)ဖြစ်နေတော့၊ ညွှ့န်ကြားရေးမှူးချုပ် အဆင့်လောက်မှာတင် ရပ်နေတယ်” ဟု မြန်မာနိုင်ငံ၏ လေးစားရသော ပညာရှင် တစ်ဦးဖြစ်သူ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူးဟောင်း ဦးသော်ကောင်းက ပြောသည်။ “အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စကားကို နားထောင်နေတာပဲ။ တစ်ခါတစ်ရံ ဝန်ကြီး အဖြေရ ခက်တဲ့ မေးခွန်းတွေတောင် မေးနေကြတယ်” ဟု ၎င်းကဆိုသည်။

မြန်မာပညာတတ် အများစုက သမ္မတအကြံပေးဦးမြင့်၏ ယခု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသော ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းများ ပြန်လည်ဖွင့်ရန်နှင့် ပြည်သူလူထု အလှူငွေဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် ဆောက်လုပ်ရန် တိုက်တွန်းထားမှုအား ခေါင်းဆောင်ပိုင်းမှ တုံ့ပြန်မှုကို စိတ်အားထက်သန်စွာ စောင့်ကြည့်လျက်ရှိသည်။ ၎င်းက ရန်ကုန်တက္ကသိုလ်အား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသော မှတ်တိုင်ဟုလည်းကောင်း၊ သမိုင်း စာမျက်နှာသစ် အသစ်စတင်ရန် အကောင်းဆုံးနည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထွက်ပေါ်လာမည့် ရလဒ်သည် အစိုးရက ၎င်း၏ ရည်ရွယ်ချက်အပေါ် အလေးအနက်ထားခြင်း ရှိ-မရှိ အဓိက စမ်းသပ်မှုအတွက် သက်သေဖြစ်မည် ဖြစ်သည်။ သို့တည်းမဟုတ် ကျောင်းသားများ၏ စွမ်းအားကို ကြောက်ရွံ့သော စိတ်၏ အရိပ်ထိုးမှု ခံရဆဲလားဆိုသည်ကို စောင့်ကြည့်ရပေတော့မည်။

မြန်မာသည် ကမ္ဘာကို တံခါး ဖွင့်ပြီးနောက် ချည့်နဲ့သော ပညာရေးစနစ်နှင့် ကျောင်းမတက်နိုင်သော ပြည်သူများ များပြားနေခြင်းအတွက် တန်ဖိုးကြီး ပေးဆပ်ရတော့မည်။

ထွန်းဝေ

(28 June 2012 ရက်စွဲပါ Washington Post မှ Denis d.Gray ရေးသားသော Now opening to world, Myanmar pays price for crippled education system and unschooled citizens ကိုဘာသာပြန်ဆိုသည်။)

Sunday, July 8, 2012

ကစ္ဆပနဒီ ၏ ငိုညည်းသံများ

ပေါ်ပျူလာမြန်မာ



ငြိမ်းချမ်းရေး တေးသံကို မက်မက်မောမော မျှော်လင့်တောင့်တနေတဲ့ မြန်မာပြည်သူ လူထုနဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အကြားမှာ နားမခံ သာအောင်မြည်ဟီး သွားတာကတော့ နတ် ဆိုးရဲ့ဗိန်းဗောင်းသံတွေပါပဲ။

အဲဒီအချိန်မှာပဲ ပြည်သူ့ ဂုဏ်ရည်ဆုပေး ပွဲက ဖိတ်ကြားလို့ အမေရိကကို ရောက် နေကြတဲ့ အသင်း ဥက္ကဋ္ဌနဲ့အတွင်းရေးမှူး လည်းဖြစ်တဲ့ ကျွန်မရဲ့မောင်နဲ့ညီမ ကိုကျော်သူ နဲ့ မရွှေဇီးကွက် တို့ကလည်း အသင်းကို လှမ်းပြီး ဘာလုပ်ကြမလဲလို့ ကျွန်မဆီကို အီးမေးလ် လှမ်းပို့တယ်။ ကျွန်မခရီးထွက် နေချိန် ကချင်စစ်ဘေး ဒုက္ခသည်တွေ ကိစ္စမှာ လည်း အသင်း အတွင်းရေးမှူး မရွှေဇီးကွက်က ကိုယ်တိုင်သွားပြီး ကူညီလှူဒါန်းခဲ့ပါတယ်။

အခုအချိန်မှာ အသင်းရဲ့ကိစ္စ အဝဝမှာ တာဝန်အရှိဆုံးက ကျွန်မဖြစ်နေတော့ ဒီကိစ္စ ဟာမလွဲမသွေ ဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ၂ဝ၁၂၊ ဇွန်လ ၁၄ရက်နေ့မှာ ကျွန်မတို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က ရခိုင်ဒေသမှာ ရှိတဲ့ ကယ်ဆယ်ရေး စခန်းတွေ ကိုထောက်ပံ့ ကူညီ လှူဒါန်းဖို့ အ တွက် အလှူ ငွေကျပ်သိန်းနှစ်ရာ မတည်ပြီး ရခိုင်ကို ခရီးထွက်ဖို့ ပြင်ဆင်ကြပါတယ်။ စာကြည့်တိုက်မှူး ကိုစောညီစံနဲ့ အဖွဲ့က မော်တော်ကား အကူအညီပေးတဲ့ ‘ရွှေပြည်သစ်’ ကုန်တင် ယာဉ်ကြီးနဲ့ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်၊ ကော်ဖီမစ်၊ ဘီစကွတ် စတဲ့ စားသောက်ဖွယ် အာဟာရများနဲ့ အဝတ်အထည်တွေ တင်ပြီး ည၁၁နာရီ မှာ စတင် ခရီးနှင်ကြပါတယ်။
ကျွန်မနဲ့ စာရင်းအဖွဲ့က ဒေါ်နှင်းနှင်းယု၊ အချိန်ပြည့် အမှုဆောင် ကိုဖြိုးကိုကို တို့က ငွေ နဲ့အတူ ဇွန်လ၁၅ရက် မနက်လေယာဉ်နဲ့ စစ်တွေကို သွားပြီး စစ်တွေနာရေး ကူညီမှု အသင်း နဲ့ ချိတ်ဆက်ဖို့၊ ကယ်ဆယ်ရေး စခန်းတွေသွား နိုင်အောင် ကြိုတင် စီစဉ်ဖို့ အတွက် လေဆိပ်ကို ဆင်းခဲ့ပေမယ့် အဲဒီနေ့က ရာသီဥတု မကောင်း လို့ လေယာဉ် မထွက်ဖြစ်ခဲ့ပါဘူး။ ၁၆ ရက်နေ့ မနက်ကျမှပဲ လေယာဉ် ခရီးစဉ်နဲ့ စစ်တွေကို ရောက်ပြီး လာကြိုနေကြတဲ့ စစ်တွေနာရေး ကူညီမှု အသင်း ဥက္ကဋ္ဌ ဦးသန်းရွှေ၊ အတွင်း ရေးမှူး ဦးအောင်ကျော်ဇံ တို့အဖွဲ့နဲ့တွေ့ပြီး ကယ်ဆယ်ရေး စခန်းတွေကို ဆက်တိုက် ရောက်ဖြစ်တော့တာပါပဲ။

စစ်တွေမြို့ပေါ်မှာ တင် ကယ်ဆယ်ရေး စခန်း ၅၃ ခုဖြစ်နေတာကို စာရင်းနဲ့ တကွ အတိအကျ သိလိုက်ရတော့ ကျွန်မ အတော် ရင်မောသွားပါတယ်။ ဘုန်းတော် ကြီးကျောင်း တွေ၊ မူလတန်းကျောင်းတွေ၊ နီးစပ်ရာနေရာ တွေကို ထွက်ပြေး ခိုလှုံနေကြတဲ့သူတွေ နေရာ အနှံ့ပါပဲ။ မီးလောင်ပြင်တွေ၊ အဆောက်အအုံ အပျက်တွေ၊ ထိတ်လန့် တုန်လှုပ်နေကြတဲ့၊ ဝမ်းနည်း အားငယ်နေကြတဲ့၊ မျှော်လင့်စောင့် စားနေကြတဲ့ မျက်ဝန်းတွေ၊ သက်ကြီး ရွယ်အို တွေ၊ ကလေး လူမမယ်တွေ၊ မိခင်လောင်း ကိုယ်ဝန်သည်တွေ၊ ကလေးမွေးပြီးစ သွေးနု သားနု မိခင်တွေ..နေရာအနှံ့မှာ တွေ့နေရ တော့ ကျွန်မ လူသားချင်း စာနာထောက်ထား တဲ့ စိတ်နဲ့အယူဝါဒ မတူသော် လည်း အပြန် အလှန် လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒကို ဘာကြောင့်များ ဆန့်ကျင်နေကြပါ လိမ့်လို့ ရခိုင်ဒေသရဲ့ ရှေ့ရေးကို ပိုပြီးတော့ ရင်လေး သွားရပါတယ်။

အဲဒီနေ့မှာပဲ အဓိဋ္ဌာန် ကျောင်းကယ်ဆယ်ရေးစခန်း၊ ဦးရဲကျော်သူကျောင်း၊ ရွာကြီး မြောက်အ.မ.က၊ ဂြစ်ချေကျောင်းတိုက်၊ အာသောကာရုံကျောင်း၊ ထီးဆွဲကျောင်း တိုက်၊ ဆင်ကူး ကျောင်းတိုက်၊ ဂြစ်ဘက် ကျောင်း တိုက်၊ ကျားရုပ်ကျောင်းတိုက်၊ တန်ဂိုးကျောင်းတိုက်၊ ပုသိမ်ကျောင်းတိုက်၊ ရွှေစေတီကျောင်း၊ ဒက်ဂေါင်းကျောင်း၊ပုညာရာမ ကျောင်းစတဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိကြတဲ့ မိသားစု တွေရဲ့ အိမ်ထောင်စု စာရင်းတွေကို တောင်းပြီး တစ်အိမ်ထောင်ကို ငါးထောင်ကျပ်နှုန်းစီ လက်ထိ လက်ရောက် လှူဒါန်းခဲ့ပါတယ်။

ကျွန်မမသွားခင် မြန်မာ စာနယ်ဇင်း သမဂ္ဂက အလှူငွေ ကျပ်တစ်သိန်းကို ကယ်ဆယ်ရေးစခန်းတွေမှာ ရှိတဲ့ ရင်ခွင်ပိုက် ကလေး ငယ်လေးတွေနဲ့ အားကိုးရာ မဲ့နေကြ သူတွေ အတွက် ကလေးမုန့်ဖိုးလေးတွေ ခွဲဝေ လှူခဲ့ပေးပါဆိုလို့ စာအိတ်လေးတွေနဲ့ခွဲ ထည့်ပြီး ‘မြန်မာစာနယ်ဇင်း သမဂ္ဂအလှူငွေ’လို့ စာအိတ်ပေါ် မှာရေးပြီး အသင့်ယူ သွားတာမို့ ကယ်ဆယ်ရေး စခန်းတွေမှာတွေ့တဲ့ ဒုက္ခသည် ကလေးငယ်လေးတွေ၊ ရင်ခွင်ပိုက်ထားတဲ့ မိခင်တွေကို အလှူရှင်ရဲ့ ဆန္ဒအတိုင်း သီးသန့် လှူပေးဖြစ်ခဲ့ ပါတယ်။

စစ်တွေမြို့မှာ ပုဒ်မ၁၄၄ မရုပ်သိမ်းသေး တာကြောင့် ညနေ၆နာရီ မထိုးခင် ကျွန်မတို့ အစီအစဉ်ကို ရပ်လိုက်ရပြီး၊ ၁၇ရက်နေ့ မနက် ကျတော့ ပြန်စရပါတယ်။ ညက တည်း က ရန်ကုန်က ထွက်လာတဲ့ ပစ္စည်းကားက ပုဏ္ဏား ကျွန်းမှာ ညအိပ်ပြီး မနက်စောစော ပြန်ထွက် လာမှာဖြစ်တဲ့ အတွက် ကားအဖွဲ့ကို စောင့် ရင်းမနက်ပိုင်း ပြီး တန်သလောက်ပြီးအောင် အချိန်ကိုက် လှုပ်ရှားရပါတယ်။

စစ်တွေ နာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ဇံနဲ့ အဖွဲ့ ကလည်း ကျွန်မတို့ကို ကယ်ဆယ်ရေး စခန်း တွေကို အချိန်မလင့်အောင် ချိတ်ဆက် ကူညီ ပေးတာမို့ အတော် ခရီးရောက်ပါတယ်။ ၁၇ရက်နေ့ မနက် ထွက်ထွက်ချင်းမှာ ကျွန်မတို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ မဆင်းရ သေးတဲ့ လူနာများထံ သွား ကြည့်ပြီးတော့ လူနာတစ်ဦးကို ငွေသုံးသောင်း လှူဒါန်းခဲ့ပါ တယ်။ အကြမ်းဖက်မှုကြောင့် ရရှိလာတဲ့ ဓားဒဏ်ရာ၊ ကျည်သင့် ဒဏ်ရာများနဲ့ ဝေဒနာ ခံစားနေကြ ရရှာတဲ့ ဦးမောင်ညွန့် (၃၉)နှစ်၊ ကိုမောင်မောင်သန်း (၃၉)နှစ်၊ မောင် လှလှရှည် (၃၂)၊ ကိုကျော်မင်းထွန်း (၃၂)နှစ်နဲ့ ကိုအောင်သန်းလင်း (၂၄)နှစ်တို့ပါ။

စစ်တွေနာရေး ကူညီမှုအသင်းက စစ်တွေပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် လူနာတွေကို လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ဒိုင်ခံထောက်ပံ့နေတာကြောင့် အဲဒီ အတွက် လည်း အလှူငွေကျပ် ဆယ်သိန်းတိတိ လှူဒါန်းခဲ့ကြပါတယ်။ အဲဒီကနေ ကျောင်းတိုက် ကယ်ဆယ်ရေး စခန်းတွေ ဆက်သွားဖို့ ပြင်နေတုန်း ကိုစောညီစံ နဲ့အဖွဲ့ ရဲ့ ပစ္စည်းတွေတင် ထားတဲ့ ကားကြီးဝင်လာပါတယ်။ ရောက် ရောက်ချင်းပဲ သူတို့က ပုဏ္ဏားကျွန်းမှာ ဒုက္ခသည် စခန်းတစ်ခု တွေ့ခဲ့ကြောင်းနဲ့ ကလေးတွေ သိပ်များေ နပြီး နေထိုင်မကောင်း ကြသူများ ဆေးဝါးလိုအပ် လျက် ရှိကြောင်း၊ ဝမ်းပျက်ဝမ်းလျှောစရာ အလားအလာတွေ များကြောင်း စိုးရိမ်တကြီး ပြောပြလို့ ကျွန်မ တို့လူအင် အား လည်း များလာပြီမို့ နှစ်ဖွဲ့ ခွဲပြီး ကူဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ပုဏ္ဏားကျွန်း အတွက်က အစားအစာ၊ အာဟာရနဲ့ ဆေးဝါးတွေ လိုတာမို့ ဒေါ်နှင်း နှင်းယုက ဆေးဆိုင်သွားပြီး ဓာတ်ဆား၊ ဆေးဝါးနဲ့ ရေသန့်တွေ ဝယ်ပြီး ကိုစောညီစံ တို့အဖွဲ့ က ပုဏ္ဏားကျွန်း သွားဖို့ ကားတစ်စီးငှားပြီး ပစ္စည်းတွေ ခွဲတင်နေတုန်း စောင့်ရတဲ့ အချိန် လေးမှာ ကျွန်မတို့ စစ်တွေမြို့ပေါ်က ကယ် ဆယ်ရေး စခန်း ၆ခုလောက် ထပ်သွား ဖြစ်လိုက်ပါတယ်။ တချို့နေရာ စခန်း အသေးလေးတွေ ကို ကြိုတင် ပြင်ဆင်ပေးတဲ့ အဖွဲ့က နှစ် ကျောင်း၊ သုံးကျောင်းလောက် ပေါင်းပေးထား တာမို့ ပိုပြီး ထိရောက်အောင် မြင်ပါတယ်။

ပစ္စည်းတွေ တင်ပြီးတော့ စစ်တွေမှာနေ တဲ့ ပုဏ္ဏားကျွန်းက ဒေသခံတစ်ဦးက ကျွန်မ တို့နဲ့ အတူ လိုက်ခဲ့ပြီး ကိုစောညီစံနဲ့ အဖွဲ့ကို စစ်တွေမြို့က မရောက်ရသေးတဲ့ ကယ်ဆယ် ရေး စခန်းတွေဆီ ဦးအောင်ကျော်ဇံက ဆက် ပို့ပေးပါတယ်။

ပုဏ္ဏားကျွန်း လောကမာရဇိန် ဘုရား ဝင်း ကယ်ဆယ်ရေးစခန်း ကိုရောက်တော့ စခန်း တာဝန်ခံ ဦးမြင့်ဝင်းလှိုင်၊ ဒေါက်တာ စောမင်းနဲ့ သူနာပြု ဆရာမကြီး ဒေါ်မိုမိုထွန်း တို့နဲ့ တွေ့ပြီး ကျွန်မတို့ဆီမှာပါသွားတဲ့ ဆေးဝါး နဲ့ စားစရာပစ္စည်းတွေကို လှူတော့ ဝမ်းသာ အားရပဲ လက်ခံကြပါတယ်။ ပုဏ္ဏားကျွန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးစံလှဘော် ရောက်လာပြီး စကားပြောကြတော့ ပုဏ္ဏားကျွန်းမှာလည်း ကယ်ဆယ်ရေး စခန်း၁ဝခု ရှိနေတာကို သိရပြန်တယ်။ ပုဏ္ဏားကျွန်းက ဘာပြဿနာ မှမဖြစ် ခဲ့တဲ့နေရာမို့လို့ ကယ်ဆယ်ရေး စခန်းဘာကြောင့် ဒီလောက်ရှိ နေရတာလဲ၊ စခန်းထဲက သူတွေက ဘယ်က သူတွေလဲလို့ မေးကြည့်လိုက်တဲ့ အခါကျတော့ စစ်တွေ ဘက်ကနေ ဘေးလွတ်ရာကို ပြေးလာကြရတဲ့ သူတွေလို့ သိရပါတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကလေးတွေ၊ မိန်းမတွေ၊ ကိုယ်ဝန် သည်တွေ၊ ကလေး မီးဖွားပြီးစ ရက် သားလေး တွေ၊ မသန်စွမ်းလေးတွေလည်း တွေ့ရပါ တယ်။ မီးဘေးသင့်လာတဲ့ သူတွေ အတော်များ ပါတယ်။ ပိုက်ဆိပ်၊ ကျေးတော၊ ဗျိုင်းဖြူ၊ဓည ဝတီ၊ နာဇီ၊ မင်းဂံ၊ သဲခုံ၊ ရွာကြီးမြောက်၊ ရွာ သာယာ၊ ရွှေပြည်သာ၊ မင်းဒရော၊ ကန် တော်ကြီး စတဲ့ ရွာတွေ၊ ရပ်ကွက်တွေကသူတွေ ပါ။ လောကမာရဇိန် ဘုရားထဲမှာတော့ ရက်ပိုင်း အတွင်း မွေးဖွားတော့မယ့် ကိုယ်ဝန်သည် လေးဦးကို သူနာပြု ဆရာမကြီးက အနီးကပ် စောင့်ကြည့်ပြီး လိုအပ်တဲ့ အချိန် ဆေးရုံပို့ ဖို့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဒီစခန်း ရောက်ပြီးမှ ကလေးမီးဖွားတဲ့သူ တစ်ဦးကို တော့ ပုဏ္ဏားကျွန်းဆေးရုံမှာ သွားကြည့်ပြီး ငွေကျပ်သုံးသောင်းလှူခဲ့ကြပါတယ်။ စခန်းကို ကျွန်မတို့ လှူလိုက်တဲ့ ဆေးဝါးတွေ ဟာ အလွန် အသုံးဝင်မှာပါ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ကို လူ၆ဝလောက် ကုသပေး ရတယ်လို့ သိရ လို့ပါပဲ။
ပုဏ္ဏားကျွန်းမှာ လောကမာရဇိန် ဘုရားဝင်း ကယ်ဆယ်ရေးစခန်း အပြင် ကျွဲထိုး ကျောင်းကယ်ဆယ်ရေး စခန်းနဲ့ စပါထားဘုန်း ကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွေ အတွက် လည်း အလှူပစ္စည်းတွေ ပို့ထားခဲ့ပါတယ်။

အဲဒီနေ့က စစ်တွေမှာ မဏိရတနာ ကျောင်း၊ ကောတဏ္ဍကျောင်း၊ ပညာဇောတ ကျောင်း၊ ဇေယျာဘုမ္မိကျောင်း၊ အမျိုးသား ကျောင်းတိုက်၊ ကယုချောင်းကျောင်း၊ ဦးဝါ ယမကျောင်း၊ ပြည်တော်သာ/မြောက်စံပြ ပရိယတ္တိစာသင်တိုက်၊ ဥာဏိကာရာမကျောင်း၊ သုခိတာရုံ ကျောင်းတိုက်၊ တေဇသုခကျောင်းတိုက်၊ စသုံးလုံး ရခိုင်ပြည်နယ် ရုံး၊ ဗုဒ္ဓေါမော်ကျောင်း၊ လမ်းမတော်ကျောင်း၊ ရွှေပြားကျောင်း၊ သဒ္ဒမ္မဇောတိကာရုံကျောင်း၊ စိတ္တသုခကျောင်း  ၊ ပင်းဝါကျောင်း တို့မှာရှိတဲ့ ကယ်ဆယ်ရေး စခန်း ၁၈ခုမှာ လည်း မိသားစု တိုင်း အတွက် တစ်မိသားစုကို ငွေကျပ် ငါးထောင်စီကို လက်ဝယ် အရောက် လှူဒါန်း နိုင်ခဲ့ကြပါတယ်။

နောက်တစ်နေ့ ၁၈ရက်နေ့ မနက်မှာ တော့ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုးကျော်နဲ့ ဆရာဝန်၂ဝခန့် အလှည့်ကျ ထိုင်ပြီး ကုသပေးနေတဲ့၊ ကယ်ဆယ်ရေး စခန်း လည်းဖွင့်ထားတဲ့ ရွှေကရုဏာ အခမဲ့ကုသိုလ် ဖြစ်ဆေးခန်းမှာ အလှူငွေကျပ် ခုနစ်သိန်း လှူဒါန်းပြီး ကျွန်မနဲ့ ဒေါ်နှင်းနှင်းယု တို့နှစ်ဦး မနက် ၉နာရီ မိနစ်၅ဝ လေယာဉ် နဲ့ ရန်ကုန် ပြန်နှင့်ခဲ့ကြပါတယ်။ ကိုစောညီစံ တို့အဖွဲ့နဲ့ အတူ ကိုဖြိုးကိုကို ကိုပါထားခဲ့ပြီး ကျန် တဲ့ ကယ်ဆယ်ရေး စခန်းတွေကို ဆက်လှူဖို့ စီစဉ်ခဲ့ရပါတယ်။

ပထမ အဆင့်အနေနဲ့ အလှူရှင်တွေရဲ့ စေတနာနဲ့ လှူဒါန်းကြတဲ့ အလှူငွေတွေကို နာရေးကူညီမှု အသင်းရဲ့မူအတိုင်း အလေ အလွင့် မရှိအောင် လှူဒါန်းခဲ့တာ ကျပ်သိန်း နှစ်ရာကျော် ပါတယ်။ ပြန်လည် ထူထောင်ရေး နဲ့အတူ ကယ်ဆယ်ရေး စခန်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေ၊ အိုးပျောက် အိမ်ပျောက်ဖြစ် ကုန်ကြတဲ့ မီးဘေး သင့် သူတွေ အတွက် လိုအပ်ချက်တွေကို အတော်ဖြည့်ဆည်းရဦး မှာဖြစ်တဲ့ အတွက် နာရေးကူညီမှု အသင်းမှာ လည်း ရခိုင်ဒေသ ကယ်ဆယ်ရေး စခန်းတွေ အတွက် လှူဒါန်းလို သူများအတွက် အလှူ ငွေ လက်ခံပေးပြီး လိုအပ်ချက်တွေကို ဆက် လက် ဖြည့်ဆည်းသွားဖို့ ပြင်ဆင်လျက် ရှိပါ တယ်။

ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ ရေးကာလမှာ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်း ရေးကို ကြိုးပမ်းနေကြဆဲမှာပဲ မမျှော်လင့်တဲ့ ဒီအကြမ်းဖက် ဖြစ်ရပ်တွေက အရုပ်ဆိုး အကျည်းတန် လှပါတယ်။ ဘယ်တော့များမှ လှပတဲ့မြန်မာနိုင်ငံ ဖြစ်လာမှာပါလိမ့်။ လူသားအတွေ အတွက် အသက်ဘေးမှ ဝေးအောင်ပြေးနေရတဲ့ ‘ဒုက္ခ’ ဆိုတဲ့ဝေါဟာရ ကြီး ကွယ်ပျောက် သွားမယ့်နေ့ တစ်နေ့ကို ကျွန်မ မျှော်လင့်နေမိပါတယ်။
သန်းမြင့်အောင်

ကျွန်တော်ပြန်လာခဲ့ပါဥိးမည်…..

ကျွန်တော်ပြန်လာခဲ့ပါဥိးမည်…..
==================


ကျွန်တော်တို့ သားအဖ ရောက်တော့ လူအတော်စုံနေပြီဖြစ်သည်….စုံနေသည်ဆိုတာထက်ကို ပိုနေသေးသည်…. အသုဘစည်သည်ဟု ဆိုနိုင်ပါသည်….. များလိုက်တဲ့လူတွေ…..

အလောင်းကို ပြင်ထားသည်က….. ရေဝေးသုဿန် ခန်းမ ဆောင် (၁) တွင်ဖြစ်သည်…. ခန်းမ (၁) ဆိုသည်မှာ ရေဝေးသုဿန် မီးသဂြိုလ်စက်နှစ်လုံး၏ ညာဘက်ထောင့်ဆုံး အအေးတိုက်နှင့်ကပ်လျက်ခန်းမဆောင်ဖြစ်သည်…. ခန်းမက ကျယ်ပါသည်… သို့ သော် လူကို မဆံ့နိုင်ဖြစ်နေသည်…… မလိုက်ချင်လိုက် ချင်ဖြင့် လိုက်လာရသော ကျွန်တော့အတွက်တော့ အတော်စိတ်ရှုပ်စရာကောင်းပါသည်….. အမှန်ဆို အိမ်မှာ ပဲ အေးအေး ကလေးနေနေချင်သည်….

ခန်းမထဲဝင်သွားတော့ … အဖေ့ အစ်မ.. ကျွန်တော့ အဒေါ်နှင့်…. သူမ၏ သမီး ကျွန်တော့် အစ်မတို့ က လာရောက်နှုတ်ဆက်ကြသည်……. (အောင်အောင်… မတွေ့တာတောင်ကြာပြီ ….. ပိုဝလာတယ်နော်… ဒါနဲ့ စာမေးပွဲရော… အခြေအနေ) ကျွန်တော့အမ မှ မေးခြင်းဖြစ်ပါသည်…… ကျွန်တော် အမုန်းဆုံးမေးခွန်းလည်း ဖြစ်သည်…… ခုတလောအမေးခံရဆုံးမေးခွန်းလည်း ဖြစ်ပါသည်….. ဟုတ်ပါသည်..
ကျွန်တော် စာမေးပွဲကျထားပါသည်….

စာမေးပွဲဆိုသည် မှာ ကျွန်တော်၏ အလုပ်စာမေးပွဲကို ဆိုလိုပါသည်….အရာရှိ ဖြစ်ရန်ဖြေရသောစာမေးပွဲဖြစ်သည်…. တစ်နှစ်ခွဲအတွင်း နှစ်ကြိမ်သာ စစ်ပြီး…. နှစ်ကြိမ်လုံးကျခဲ့သည်….. အောင်ချက်နည်းသည်ဆိုသော်လည်း …. ထိုနည်းလှသည့် အောင်ချက်အတွင်း ကိုယ်မပါသည်ကို ရင်ထဲ အတော်ခံပြင်းမိသည်….. စာမကျက်ထားဘူးလားဆိုတော့လည်း မဟုတ်….. ကိုယ်အတတ်နိုင်ဆုံးတော့ ကျက်ခဲ့သည်ပဲ……ဒါပေမယ့် မအောင်..စာမေးပွဲနှင့် အတူ.... စိတ်ဓာတ်လည်း အတော်ကျနေမိတာဖြစ်သည်….. သဘောင်္သားဆိုသည်က ရန်ကုန်ရောက်လျှင်…. အနှုတ်လက္ခဏာချည်းဖြစ်သည်….. ဘာဝင်ငွေမှ မရှိတော့ .. ပါသည့် ပိုက်ဆံကို အတော်ချွေတာသုံး ကုန်လျှင် ဟိုကဆွဲ ဒီကဆွဲ လုပ်ကြရသည်…..အခု တစ်နှစ်ခွဲဆိုတော့ .. ပါလာတာလည်း ကုန်ပြီ…. အကြွေးလည်း တင်နေပြီ……….. ဒီကြားထဲ ကုန်သွားတဲ့ အချိန်တစ်နှစ်ခွဲနှင့် ပိုက်ဆံက …. စာမေးပွဲကျသဖြင့် အလကားဖြစ်သွားသည်……. အမှန်အတိုင်းပြောရလျှင်ပြန်ဖြေချင်စိတ်ကို မရှိတော့ တာဖြစ်သည်…. ဒါကြောင့်လည်း ဘယ်မှ မသွားပဲ အိမ်တွင်းအောင်းနေခဲ့တာ ကြာပြီ…..

(အင်း…. ကျတယ်လေ….အောင်တော့ ပြန်ထွက်တော့ မယ်… မဖြေချင်တော့ ဘူး…)

သူမက တော့ ၀တ်ကျေတန်းကျေမေးပေမယ့် …. ဖြေရသူ အတွက်က မခံသာ….. ဒါနှင့်ပဲ … အသုဘရှုရန်… အလောင်းပြင်ထားရာ စင်ဘက်သို့ ဆက်လျှောက်လာလိုက်သည်……. အသုဘရှု့ ရမည်သာ ဆိုသည်…. သေသူကို ကိုယ်လည်း သိသည်မဟုတ်…… မသိတာမှ လုံးလုံးကို မသိခြင်းဖြစ်သည်…ခန်းမထိပ်ရောက်မှ သူ့ နာမည်ကို သိရသည်…… အဖေကတော့ အမျိုးဟုပြောပါသည်….. အစ်ကို ဘယ်နှဝမ်းကွဲဆိုလား တော်သည်တဲ့…. မသိပါ…ဒီလူ့ကို အပြင်မှာဆုံကြလျှင်တောင် … ကိုယ်အမျိုးမှန်းသိကြမည်မဟုတ်…..

သေသူက အသက်(၄၆)နှစ်….. ငယ်ငယ်ပဲရှိသေးသည်ဟုပြောရမည်….ယောက်ကျားတစ်ယောက်ရဲ့ ဘ၀ဟာ လေးဆယ်ကျော်မှ စတာဆိုလျှင်… သူ ဘ၀စရုံရှိသေး သေဆုံးသွားရခြင်းဖြစ်သည်…. နေမယ်ဆို နေပျော်သေးသည့် အရွယ် … လူပုံက ၀ဖိုင့်ဖိုင့် ..ဖြူဖြူ သန့် သန့် ဖြစ်သည်….. ဘေးမှ ငိုနေသော သူ့ အမျိုးသမီးက တရုတ်မဖြစ်သည်........ ဖြူဖြူချောချော….. သားကလေးတစ်ယောက်ကျန်ခဲ့သည်တဲ့ … ငယ်လွန်းသေးသည်.. ရှိလှ ခုနစ်တန်းပေါ့……. သူထားသွားခဲ့ပြီ…… ကျွန်တော့ အလှည့် ကျလျှင်လည်း…. ထားသွားရဥိးမည်ပဲ…..ကျွန်တော်ဘယ်တော့ များ ဒီအလောင်းစင်ပေါ်တက်အိပ်ရမည်နည်း… အိပ်တာတော့ အိပ်ရမည်ပဲဖြစ်သည်…… ကျွန်တော်တို့ အဖြစ်က …. လမ်းဆုံးမှာ ဘာရှိနေသည်ကို သိသည်….. မသိတာက ဘယ်အချိန်ရောက်မယ် မှန်းမသိခြင်းသာဖြစ်သည်….. ဟုတ်ပါပြီ….. ကျွန်တော်သေလျှင်ရော .. ဘယ်သူတွေကျန်ရစ်ခဲ့မည်နည်း……. မယူရသေးသော ကျွန်တော့ မိန်းမ ကျန်ခဲ့မည်လား….. သားသမီးလေးတွေကျန်ခဲ့မည်လား……

ဆရာလေးများ က သရဏဂုံလာတင်ပေးပါသည်…. ဆရာလေးများ ၏ သရဏဂုံ တင်သည့် အသံက ဆွေးဆွေးမြေ့မြေ့…… မျက်ရည်မခိုင်သူတွေ ငိုသည်…… ကျွန်တော်လည်း အနောက်နည်းနည်း ဆုတ်ပေးလိုက်သည်… ငိုချင်သူတွေ ငိုကြပါစေ……. အနောက်နားတွင်…. သစ်သားခေါင်းတစ်လုံးတင်ထားသည်…. အ၀ါရောင်ဖဲကြိုးများ နှင့်….. အလှဆင်ထားသည်…. အော် ငါ့အလှည့်ကျ ဘာအရောင် အခေါင်းဖြစ်မလဲမသိ…… သေသူများ သည်… မိမိ အခေါင်းကို ဘယ်သူမှ… အရောင်ရွေးချက်မသွားဖြစ်ကြ….. သူများ စီစဉ်သည့် အခေါင်းနှင့်သာသေရသည်… သဂြိုလ်ကြရသည်… အင်း ငါ့အလှည့်ကျရင်တော့ …. မသေခင်ကတည်းက အခေါင်းကို ကျကျ နန မှာသွားမည်…… နေစမ်းပါဦး …. အခေါင်းက ကျကျ နနဖြစ်တော့ ရော ဘာထူးမှာလဲ… ဒီဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပြီးတာ နဲ့ မီးရှို့ ပစ်မှာပဲ … တော်ပါပြီ….ပုံမှန်အခေါင်းပဲကောင်းပါတယ်…. ဘာမှမှ မထူးတာပဲ…..ဒါဆိုရင်.. အခု ငါတို့ အသက်ရှင်နေတာရော .. ဘာထူးသလဲ….. ဒီအခေါင်းလိုပဲမီးရှို့တဲ့အထဲပါသွားမှာပဲ…….ဘယ်အချိန်မှန်းသာ မသိတာ ရှို့ တာတော့အရှို့ခံကြရမည်ပဲ…. တွေးနေရင်းခေါင်းထဲမှ ပါနောက်ကျိကျိဖြစ်လာသည်……

(အဖေ ကျွန်တော် အပြင်ကနေပဲ စောင့်နေတော့မယ်….)

ဟုဆိုကာ… ခန်းမအပြင်သို့ ထွက်လာလိုက်သည်….. လူတွေကလည်း များလိုက်သည့် ဖြစ်ချင်း… ခန်းမအပြင်ဘက်ကို ပါလျှံထွက်နေသည်…. ငါ့အလှည့် လိုလျှင်ကော ဒီလိုအသုဘစည်ကားပါ့မလား……

(ဒီလူလူတော်ဗျ….. နှမြောတယ်ဗျာ…. တကယ်)

(အစားမဆင်ခြင်လို့ ဗျ…. လူက တော်ရက်သားနဲ့ အစားအသောက်ကို မထိန်းတာလေ… .၀လွန်းပြီး …. နှလုံးအဆီပိတ်တော့တာပေါ့…ဟေ့လူခင်ဗျားလည်း ဆင်ခြင်ဗျာ.. ဘိုက်ကိုလည်း ကြည့်ဦး)

(သူ့ မိသားစုတော့ မလွယ်ဘူးဗျာ…. သားလေးကတစ်ယောက်ကျန်ခဲ့သေးတာ ဗျ… ငယ်လွန်းတယ်…. သူ့ အမျိုးသမီးရတော့ ရတနာဆိုင်ဖွင့်ထားတာပဲ….. ဒါပေမယ့် … အကူအညီတော့ လိုမှာပဲဗျ….. ကျွန်တော်တို့ တော့ တတ်နိုင်သမျှကူမယ်ဗျာ…. သူ့ ကျေးဇူးတွေလည်း ကျွန်တော့ အပေါ်မကင်းဘူလေ… )

(စိတ်မထိန်းနိုင်လို့ထွက်လာတာ အမရယ်…. မျက်ရည်တောင်လည်တယ်…. ကိုယ့်ဆရာဆိုတော့လေ… ဆရာက သင်တယ်…. ဆရာသင်တာတွေနဲ့ ပဲကျမ အလုပ်လုပ်နေရတာ ….ဆရာ့လို လူမျိုးနှမြောတယ် တကယ်)

ကျွန်တော့ ဘေးမှလူများ ပြောသောစကားများဖြစ်သည်…. အော်… ဒါကြောင့်လည်း သူ့ အသုဘ စည်ကားတာကိုး…… ပူဆွေးသူတွေများကြတာကိုး….. လိုက်ပို့ သူတွေများကြတာကိုး…ငါ့အလှည့်ရော စည်ပါ့မလား… ဒီလိုရော ငိုပါ့မလား..…. အတ္တကြီးတယ်ပဲဆိုဆို…. ကိုယ်သေရင် ငိုသူ များ စေချင်သည်ချည်းပဲမဟုတ်လား….ကိုယ့်ကို ချစ်စေချင်သည်ပဲလေ…ပြီးတော့ အလောင်းရဲ့ ခေါင်းရင်းမှာလည်း များလိုက်တဲ့ ပန်းစည်းတွေ…အော်…. ချစ်သူခင်သူများသည်ပဲ...စသည် အတွေးများ ဖြင့် အအေးခန်းဘက်သို့ လျှောက်လာမိသည်……

အအေးတိုက် တံခါးဝတွင် ချိတ်ထားသော ဆိုင်းဘုတ်များကို လိုက်ဖတ်နေမိပြန်သည်….. ည ၂၀နာရီနောက်ပိုင်း အလောင်းသယ်လျှင်…. ကာယကံရှင်တစ်ဦးလိုက်ပေးရမည်တဲ့ … အရိုးကောက်တာ က ၆၅၀၀ ဆိုလား…. ဘာတွေမှန်းတော့ မသိ ဖတ်ကြည့်နေခြင်းသာဖြစ်သည်…. ဒါဆို ကျွန်တော်ဘယ်အချိန်သေမည်လဲ…. ညဘက်လား.. အင်း ညဘက်သေရင်တော့ …. သေစာရင်းလက်မှတ်ဘာညာလုပ်ရခက်မည်.. ပြီးတော့ အလောင်းလာသယ်တဲ့ အခါ… ဘယ်သူကလိုက်ပေးမလဲ… အမျိုးသားဖြစ်မှကောင်းမည်….. ကျွန်တော့သားဖြစ်မလား… သားတစ်ယောက်မွေးရလောက်တဲ့ အထိရော အသက်ရှင်နေပါဦးမလား….. ဒါဆို ကျွန်တော့ ညီဖြစ်မည်ထင်သည်…… အော်သူလည်း မကြာခင် နိုင်ငံခြားထွက်တော့ မှာ.. ပြန်တောင်လာနိုင်ပါ့မလားမသိ.... ဘယ်လိုတောင်သေမယ်မှန်းမသိပဲ…. ကိုယ့်ကို လိုက်ပို့ မည့် သူ .. ငိုမည့်သူ… တွေကို လျှောက်တွေးနေမိသည့် အဖြစ်ကို သတိထားမပြီး …. ရယ်ချင်မိသည်….

ဂျိမ်း ဂျလိမ်း ဂျလိမ်း…. ဂျမ်း ဂျမ်း ဂျမ်း….

သံလှည်း တစ်စင်းအနားမှဖြတ်သွားတာဖြစ်သည်…. သံလှည်းပေါ်တွင်…. အ၀တ်နီနှင့်ပတ်ထားသော အလောင်းတစ်လောင်းကို တွေ့ရသည်….. အုပ်ထားတာမျိုးမဟုတ်.. ထုပ်ပိုးထားသည့်ပုံ …. အလောင်းက ခပ်လတ်လတ်ဖြစ်သည်… ယောက်ကျားအလောင်းဖြစ်မည်ထင်သည်….. မှန်းတာ မှန်သွားသည် .. အနောက်မှ အခေါင်းလိုက်ထုတ်လာတော့ …. အမျိုးသားကြီးဖြစ်နေသည်…. အသက် (၅၆) နှစ်…….
နောက်ကနေ နောက်အလောင်းတစ်လောင်းလိုက်ထုတ်လာပြန်သည်….. အ၀တ်အနီစနှင့်ပဲ ပတ်ထားတာ ဖြစ်သည်….. အလောင်းက ခပ်သေးသေးလေ….. ဒါကလေးအလောင်းများ ဖြစ်မလား…… အင်း ဒီကလေး ဘယ်လိုများ သေသွားတာတုန်း…… ငယ်ငယ်လေးရှိဦးမည်……. သို့ သော် မှန်းတာလွဲသွားသည်… ထုတ်လာသည့် အလောင်းက အဘွားကြီးတစ်ယောက်အလောင်းဖြစ်သည်… အခေါင်းပေါ်တွင် အသက် ၇၁ နှစ်ဟုရေးထားသည်…
အလောင်းက …. သံလှည်းတဂျိမ်းဂျိမ်းတွန်းသည့် နောက်သို့ အောက်ကလမ်းမညီရွေ့ ခါခါ ခါခါ နှင့်ပါသွားသည်…. ကျွန်တော်လည်း ဘာရယ် မဟုတ်အခြားဘက်မှ ခန်းမများစီလျှောက်လာမိသည်…..

ခန်းမတစ်ခုတွင်တော့….. ပထမတွန်းထုတ်လာသည် ယောက်ကျားကြီးကို အလောင်းပြင်ထားသည်ကိုသွားတွေ့သည်… ခန်းမထိပ်မှ နာမည် နှင့် အခေါင်းပေါ်မှာ မြင်လိုက်သော နာမည်ကိုကြည့်ရွေ့ မှတ်မိခြင်းဖြစ်သည်…. ကျွန်တော်သိချင်သည်… စောစောက ပိတ်စနီနဲ့ ထုတ်ထားလို့ … သေသွားသူကို မမြင်ရ…. အခုပြင်ပြီးပြီဆိုတော့ ကြည့်လို့ ရပြီ… ဒိ ၅၆ နှစ်လူကြီးကဘယ်လိုပုံလဲ….. စိတ်ထဲမှသိချင်နေခြင်းသာဖြစ်သည်… နောက်ကျောမှ တွေ့ လိုက်ရသော သူကို မျက်နှာမြင်ဖူးချင်သလိုဖြစ်နေခြင်းဖြစ်သည်…..

ဒါနှင့် ခန်းမထဲ ခပ်တည်တည်ပဲ ၀င်သွားလိုက်သည်…. ဒီအသုဘကတော့ မစည်…. တော်တော့ကို မစည်…. ထိုင်ခုံတစ်ဝက်တောင်လူမပြည့်….. အသုဘရှုသူလည်း သိပ်မရှိ…. ဟိုဘက် တုန်းကလို ငိုသူတွေ များ လို့ တိုးဝှေ့ ရှု့ စရာမလို… လိုက်ပို့ သူတွေ က ဆင်းရဲကြပုံရသည်… ခမ်နွမ်းနွမ်းပဲဖြစ်သည်……
အလောင်းကို ကြည့်ရတာ ပါးရိုးနရိုးများ ချိုင့်နေသည်…. မသေခင်က အတော် သောက်စားထားပုံရသည်…. ထို အချိန်တွင်လူတစ်ယောက်ထလာပြီး… အလောင်းကို လာကြည့်သည်…. ကျွန်တော့ ကိုလည်း တစ်ချက်ကြည့်သည်… ပြီးမှ

(ကဲ ရဲဘော်ကြိး မင်းရှေ့ တန်းကနေ ကျဆုံးသွားတာကို ၀မ်းနည်းပါတယ်…. ငါတို့ လည်း ဆက်လိုက်လာမှာပါကွာ.. ဟားဟား…. ဘာပဲ ပြောပြော ရပ်ကွက်ထဲတော့ ၀မ်းသာကြမှာကွ… မင်းကော်ကော်ဆဲနေတဲ့ ဒဏ်က အားလုံးလွတ်သွားပြီလေ…. ) ဟု ခပ်တိုးတိုး လာပြောသည်…

အသုဘရှင်များ မကြားအောင်ဖြစ်သည်….

အသုဘရှင်များ ကြားလျှင်ကော…. ရှေ့ ဆုံးတန်းတွင် ထိုင်နေသည်က ထို လူကြီး ၏ မိန်းမဖြစ်ဟန်တူသည်… ခုံပေါ်ခြေထောက်တင်ထိုင်ရင်း ပင် … ဘေးမှ မိန်းမ တစ်ယောက်နှင့် လေပစ်နေလိုက်သည်….

(အေးဟယ်… သေသွားတာပဲ အေးပါတယ်…. ငါမလဲ သူ့ ပြုစုရတာနဲ့ ဈေးရောင်းရတယ်ကို မရှိဘူး…. ဒီကွမ်းယာဆိုင်ကယ်နေလို့ ပေါ့.. ဒါတောင်ဒင်းက.. စိတ်ဆိုးရင်.. ဆိုင်ကို ထကန်ရင်ကန်သေးတာ …… ငါကတော့ ၀မ်းတောင်မနည်းဘူး…… ဟွန်း)
ခပ်တည်တည်ပဲ သေသူရှေ့ မှာ သေသူ့  အတင်းကို တုတ်နေသည်…… ထိုအချိန်တွင်…. ခပ်ငယ် ငယ် မိန်းကလေး တစ်ယောက် အနားရောက်လာပြီး

(ဥိးက ဘယ်ကလဲ…. သမီးအဖေနဲ့ အသိလား… ထိုင်ပါဦးရှင့်)

(အော် … အင်း.. ဟုတ်တယ်… သူက ဦးနဲ့ ဆုံဖူးတယ်… အရမ်းတော့ မရင်းနီးပါဘူး.. .အခု ဟိုဘက်က အသုဘ တစ်ခုပို့ ရင်း တိုက်တိုက်ဆိုင်ဆိုင်တွေ့လို့ ၀င်လာကြည့်တာပါ…)

လှီးလွှဲ ရွေ့ အတော်ဖြေယူရသည်….. ဟုတ်သည်လေ…. ကိုယ်နှင့် ဘာမှ မပတ်သက်ပဲ အသုဘလာရှု့ မိနေသည်ကိုး.. လိုက်ပို့မိနေသည်ကိုး….

(အသုဘကတော့ မစည်ပါဘူးဦးရယ်…. ဒိလူ
ဆယ်ယောက်ဆယ့်ငါးယောက်တောင်မနည်း လိုက်ခေါ်နေရတာ… ကူတဲ့လူငယ်တွေနဲ့ .. အမျိုးလောက်ပဲလေ…. အင်းလေ .. အဖေကလည်း ဆိုးတာကိုး…. ဒီလောက်ဆိုးတဲ့ အဖေနဲ့ ဦးနဲ့ က ဘယ်လိုသိကြတာလဲ.......) ကျွန်တော့ ၀တ်ပုံစားပုံကို ကြည့်ပြီး မေးတာ ဖြစ်မည်ထင်သည်…...

( သမီးက အဖေသေတော့ ၀မ်းတော့ နည်းမိပါတယ်….. ဒါပေမယ့်လေ…. ၀န်တစ်ခုပေါ့သွားသလိုပဲ…သမီးကျောင်းတက်ဖို့ ပိုက်ဆံက အဖေ့ အရက်ဖိုးနဲ့ ဆေးဖိုးချည်း ကုန်တာလေ….. အမေဆိုလည်း ဒီလိုပဲနေမှာပဲ… ကြည့်ပါလားငိုတောင်မငိုဘူး….. )

(ဟို.. ဒီလိုပါပဲ သမီးရယ်…သမီးဖေဖေနဲ့ က .. မိတ်ဆွေတွေပါ…. ဆုံဖူးတယ်ဆိုရုံပါပဲ… ကဲကဲ ..ဦးလည်း ဟိုဘက်ခန်းမပြန်သွားလိုက်ဦးမယ်နော်သမီး…. )

ဟုဆိုကာ ကွေ့ပတ်ထွက်ခဲ့ရသည်……

သြော် ….. ချမ်းသာသာ ဆင်းရဲရဲ နောက်ဆုံး ဒိမှာပဲ လာစုကြရတယ် ဆိုပေတဲ့….. တစ်ရက် တည်း သဂြိုလ်ကြမယ့် အလောင်းနှစ်လောင်းတောင်…. လိုက်ပို့ သူချင်းမတူ….. ပူဆွေးတာချင်းမတူ…..
ငိုသူမရှိတဲ့ အသုဘနှင့် …. ငိုသူများလွန်းတဲ့ အသုဘ….. အော်… ဘာတွေကြောင့်ကွာခြားသွားတာလဲ….
ဒီလူနှစ်ယောက်ဟာ… တကယ်ဆို ခဏလောက်ကြာရင် ပြာဘ၀ရောက်တော့ မှာပဲ….

သူတို့ တင်ထားသော စင်အမြင့်ချင်းကလည်း အတူတူပဲ….. ပြင်ဆင်ထားပုံချင်းသာ အနည်းငယ်ကွာပြီး…မလှုပ်နိုင်တာ.. မျက်စိပိတ်ထားတာ…. အားလုံး အတူတူပဲ… အသက်မရှုတော့တာလည်း အတူတူပဲ… သေတာချင်းလည်း အတူတူပဲ….. ပြာဘ၀ရောက်တော့ မှာချင်းလည်း အတူတူပဲ
ဒါဆို ဘာတွေကွာခြားနေတာလဲ…..

သူတို့ အသက်ရှင်စဉ်က လုပ်ရပ်တွေပေါ့….. သူတို့ ပတ်ဝန်းကျင်အပေါ် ဘယ်လောက်ကျေးဇူးပြုဖူးလဲ ဆိုတာတွေပေါ့…. သူတို့ ဘ၀ကို ဘယ်လောက်တန်ဖိုးရှိအောင် နေခဲ့သလဲဆိုတာတွေပေါ့….
ထိုအချိန်တွင် .. ခန်းမ (၁ ) မှ ကြေးစည်ထုသံကြားသဖြင့် ခပ်သွက်သွက်ပဲလျှောက်လာခဲ့လိုက်သည်….. ကျွန်တော့ ကို ကျေးဇူးမပြုဖူးသော်လည်း .. ကျွန်တော်နှင့် မသိသော်လည်း…. သူ့ ပတ်ဝန်းကျင်ကို ကျေးဇူးပြုဖူးသူ…… ဘ၀ကို တန်ဖိုးရှိအောင် နေသူအဖြစ် ကျွန်တော် သူ့ကို ဂုဏ်ပြုပို့ဆောင်ရမည်ပေါ့…..

ရှေ့ဆုံးမှ.. သေသူ၏ ဓာတ်ပုံကိုင်လာပြီး အနောက်မှ ပန်းခြင်းများကို လူငယ်လေးများ က ကိုင်လာကြသည်…. ပန်းခြင်းတွေ များလိုက်တာ … ဆယ်ခြင်း .. ဆယ့်ငါးခြင်းလောက်ရှိမည်…… လူဘ၀တွင် သူ့ တာဝန်ကျေမှုများ အတွက်…. အထိမ်းအမှတ်များ ဖြစ်သည်….နောက်မှ အခေါင်းကိုတွန်းထုတ်လာကြသည်…. အားလုံးမျက်ရည်လည်ကြပါသည်… ငိုသူတွေက ငိုသည်… အချို့ ယောက်ကျားကြီးတွေပင် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေရသည်…. အော်….. ကျေးဇူးရှင်…. ဒါမှ မဟုတ် လူတော်တစ်ယောက်ကို နှမြောကြခြင်းဖြစ်သည်…..

ငါအလှည့်ရော ဒီလို နှမြောတသသူရှိပါ့မလား…. ငိုသူများ စေချင်….. လိုက်ပို့ သူများစေချင်လျှင်.. ကိုယ်ကလည်း လူအတော်များများ ကို ကျေးဇူးပြုဖူးသူ…. ဖြစ်မှ ရမည်……လောက မှာ အသုံးဝင်သူ ဖြစ်မှရမည်…… တန်ဖိုးရှိသည့် အရာ ဆုံးရှုံးမှ လူဆိုတာ နှမြောတတ်သည် ချည်း…. တန်ဖိုးရှိတဲ့ လူတစ်ယောက်ဆုံးရှုံးသွားမှ ပဲ ငိုကြပေလိမ့်မည်…. အသုဘလည်းစည်ပေလိမ့်မည်…..

ဒါဆို ငါရောလောကကြီးမှာ တန်ဖိုးရှိတဲ့လူဖြစ်ပြီလား….. အနှမြောခံလူတန်းစားဖြစ်ပြီလား… ဘယ်လောက် လူ့လောက အတွက် ငါအသုံးဝင်ခဲ့ပြီလဲ…… ဘာမှ မဖြစ်သေးပါလား…. ကြိုးစားရဦးမည်…..
ကျွန်တော် တစ်ခါမှ မမြင်ဖူး မသိဖူးသော ကျွန်တော့ အကို ဆိုသူကတော့ ..သေဆုံးပြီ…လောက မှာ သူအထိုက်အလျောက်တာဝန်ကျေသွားသည်…. လူသေသွားသော်လည်း ပြောစရာ စကား.. အတင်ခံစရာ ကျေးဇူးတွေ…… အနှမြောခံမျက်ရည်များ စွာ ချန်ထားခဲ့သည်……

ကျွန်တော်ကတော့… လှုပ်ရှားသွားလာနေနိုင်သေးသည်… နှာခေါင်းမှ လေများ ၀င်ထွက်နေသေးသည်….. မသေသေး….ဒါတောင် ဘာမဟုတ်တဲံ စာမေးပွဲကျတာတစ်ခုတည်းကို …. စိတ်ညစ်ပြီး…. သေတော့ မလို .. မသွားချင်မလာချင် ဖြစ်နေသည်….စိတ်ဓာတ်တွေ လာကျပြနေသည်…. စာမေးပွဲမဖြေတော့ ဟု တွေးမိသည်…. အင်မတန်ပျော့ညံ့လိုက်တဲ့ အတွေး…. ကျွန်တော်အသက်ရှင်နေတာ ဘာအဓိပ္ပါယ်ရှိသနည်း…. အသုဘ စည်စေချင်ပါတယ်ဆိုပြီး… ကိုယ်က ဘာတွေ အသုံးကျနေသနည်း…

သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားမှာ ကွာခြားမှုက အလွှာ ခပ်ပါးပါးပဲဖြစ်သည်…. သို့ သော် နှစ်ဘက်လုံးက နက်နဲလွန်းသည်…. သေဆုံးသွားရသည်မှာ မလွယ်ကူသလို … ရှင်သန်ရသည်မှာလည်းအတော်ခက်ခဲသည်…..ခက်ခဲသည့် ကြားမှပဲ ကျွန်တော်တို့ …. ရုန်းကန်ကြရလိမ့်ဥိးမည်…. အသက်ရှင်နေခြင်း၏အဓိပ္ပါယ်က ဒါပဲဖြစ်သည်….. ကျွန်တော်တို့ ရုန်းကန်နေကြရသည်….. ဘ၀ကို တန်ဖိုးရှိစွာ ရုန်းကန်နေသူနှင့် … တန်ဖိုးမဲ့စွာရုန်းကန်နေသူ ဒါပဲကွာခြားပါလိမ့်မည်…. ရွေးချယ်ရမည်က ကိုယ်ပဲဖြစ်သည်….

လက်ရှိကျထားသော စာမေးပွဲသည်…. ကျရှုံးခြင်းသာဖြစ်သည်…. သေဆုံးခြင်းမဟုတ်သေး…. သေဆုံးမှပဲ ဒီတစ်ဘ၀စာ ရုန်းကုန်မှုကို အဆုံးသတ်ပြီး ..နောက်တစ်ဘ၀ကို ရုန်းကန်မှုကို စတင်နိုင်မည်ဖြစ်သည်…..
စောစောက မြင်ခဲ့ရသော .. ကျွန်တော့ အကိုလို့ … အရက်သမားဦးလေးကြိးလို…. သံလှည်းပေါ်ခါခါ ခါခါ နှင့်ပါသွားသော အဖွားအိုလို…. ကျွန်တော့် ဘ၀က ပြီးပြတ်မသွားသေးပါ…. ကျွန်တော်ရုန်းကန်ရလိမ့်ဦးမည်….

တန်ဖိုးရှိရှိရုန်းကုန်ဖို့ ပဲလိုပါသည်….. ကျွန်တော် သဘောင်္တစ်ခေါက်လောက်ပြန်ထွက်ပြီးတာ နှင့် စာမေးပွဲပြန်ဖြေပါမည်…… အောင်အောင် လည်း ဖြေပါမည်…မအောင်မချင်းကို ဖြေမည်….. ကျွန်တော် အသုံးကျစွာ အသက်ရှင်ချင်သေးသည်…... လောက မှာ တစ်ကြိမ်တစ်ခါ .. နှစ်ကြိမ်နှစ်ခါ ကျရှုံးရုံ နဲ့ ရှုးံနိမ့်သွားတာ မဟုတ်…… တစ်ကြိမ်အောင်မြင်ပြီးရုံနဲ့ လည်း…. တစ်သက်တာ အောင်မြင်သွားတာ မဟုတ်….. အဓိက ဘ၀ကို တန်ဖိုးရှိစွာ ဖြတ်သန်းရဲသော သတ္တိသာ လျှင်ဖြစ်သည်…. ဟု ၀င်စတန်ချာချီက ပြောဖူးပါသည်…… ကျွန်တော် စိတ်ဓာတ်မကျတော့ ပါ…. မသေမချင်း ကြိုးစားနေရမည်က ပဲ ကျွန်တော့်တာဝန်ဖြစ်သည်…… လူတွေ အားလုံး သေမျိုးချည်း မှန်သော်လည်း….. မသေခင်တွင်မည့် ကိုယ် သမိုင်းကို ကိုယ်ပဲရေးကြရမည်ပဲ….

တွေးနေစဉ်မှာပဲ .. ကျွန်တော့ .. အစ်ကို ဘယ်နှစ်ဝမ်းကွဲမှန်းမသိသူ၏ရုပ်အလောင်းကို မီးသဂြိုလ်စက်ထဲသို့ တွန်းယူသွားပြီဖြစ်သည်….သူ့ အမျိုးသမီးဖြစ်သူ က ငိုကြွေးရှာသည်……. ဘေးမှ သူ့ တပည့် ဆိုသူအမျိုးသမီးများ နှင့်… မိတ်ဆွေများ လည်း… မျက်ရည်မဆည်နိုင်….. မီးသဂြိုလ်စက်တံခါးပိတ်သွားမှပဲ… အားလုံးကျော်ခိုင်းပြီး သူကို ထားခဲ့ကြတော့ သည်…. သို့သော်…. သူ့ နာမည်နှင့် သူရှင်သန်မှုကို တော့ ဘယ်သူမှမမေ့ ခဲ့ပါ…. အားလုံး၏နှလုံးအိမ်တွင် .. ယူဆောင်မြဲယူဆောင်လာကြသည်….

သေသောသူကြာရင်မေ့ပါမည်…. သို့ သော် ကိုယ်ရေးသော သမိုင်းဆိုတာ သမိုင်းအဖြစ်တွင်ကျန်ပေဦးမည်..လမ်းကြုံရင်တော့ ပြောတတ်ကြဦးမည် သာ

ကားပေါ်မတက်ခင်…. ခေါင်းတိုင်မှ တစ်ငွေ့ ငွေ့ ထွက်လာသော မီးခိုးများ ကို ကြည့်မိသည်…… ကျွန်တော်လည်း .. တစ်နေ့ ဒီ မီးခိုးဘ၀နဲ့ ပဲ အဆုံးသတ်ရမည်ဖြစ်သည်…. သို့ သော် .. အဆုံးမသတ်ခင်ကာ လသည်…. ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်…. ကိုယ့် ဘ၀ကိုယ် တိုးတက်အောင်လုပ်… လောကကြီးအတွက် တစ်ထောင့်တစ်နေရာက အသုံးကျသူအဖြစ် ရပ်တည်ရပေလိမ့်မည်….. တရားမတွေ့သေးသူမို့ .... ကိုယ့်ကို ချစ်သူ… ခင်သူ… နှမြောသူ.. လွမ်းစွတ်တမ်းတသူများစေချင်ပါသည်….. ဒီတော့ … ချစ်အောင် ခင်အောင် .. နှမြော.. အောင် လွမ်းစွတ်တသသ ဖြစ်လောက်အောင်… ကို အသုံးဝင်သူတစ်ဥိးဖြစ်အောင်ကြိုးစားမှဖြစ်ပါမည်…. ကျွန်တော်က အသုဘစည်စေချင်သူမဟုတ်လား….

ကားမောင်းထွက်လာတော့ ရေဝေးသုဿန်အား တက်ချက်လှည့်ကြည့်ရင်း စိတ်ထဲက ပြောမိသည်…

(ခုလောလောဆယ်အတွက် နှုတ်ဆက်ခဲ့ ပါတယ်….ဘယ်အချိန်မှန်းမသိပေမယ့် ပြန်လာရဦးမှာပါဗျာ…..အသက်ရှင်လျက်လား သေလျက်လားသာ မသိတာ…. ဟဲဟဲ မယုံရင် ခင်ဗျား စောင့်ကြည့် ကျွန်တော်သေလျက်ပြန်လာတဲ့ နေ့ဆိုရင်တော့ … တစ်ယောက်တည်း မလာဘူးဗျ…. ငိုသူ လိုက်ပို့ သူ စည်စည်ကားကားနဲ့ ကို လာမှာ.. တကယ်…. အခု အဲဒိ အတွက် … သွားကြိုးစားလိုက်ဦးမယ် ဗျာ.. ခွင့်ပြုဦး)

By: လင်းလွန်းညို
07/07/2012 (11:59 AM)

 7 July အနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းမှုဖြင့် နေအိမ်အသီးသီးမှ ခေါ်ယူ ထိန်းသိမ်းခံခဲ့ရသော ကျောင်းသာများ ပြန်လည်လွတ်မြောက်လာ

AddThis Social Bookmark Button
ယာယီထိန်းသိမ်းခံရပြီးပြန်လည်လွတ်မြောက်လာသည့်ဗကသအဖွဲ့ဝင်များအား ယနေ့(ဇူလိုင်လ ၇ ရက်) ည ၉ နာရီဝန်းကျင်က ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် တွေ့ရစဉ်
ဇူလိုင်လ ၆ ရက်နေ့ည ၁၀ ကျော်ခန့်က 7 July အနှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ဦးဆောင်ကြိုးပမ်းမှုဖြင့် နေအိမ်အသီးသီးမှ ခေါ်ယူ ထိန်းသိမ်းခံခဲ့ရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသ)မှ  အဖွဲ့ဝင်များဖြစ်သည့် ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်း၊ မဖြိုးဖြိုးအောင်တို့အား သက်ဆိုင်ရာမှ ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်။
ရန်ကုန်မြို့မှ ပြန်လည်လွတ်မြောက်လာသော ဗကသအဖွဲ့ဝင်များသည် ည ၉ နာရီကျော်ခန့်တွင် ၈၈ မျိုးဆက် ကျောင်းသားများရုံးခန်းသို့ ရောက်ရှိလာပြီး သတင်းမီဒီယာများအား တွေ့ဆုံကာ ၎င်းတို့ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအား ရှင်းလင်းတင်ပြခဲ့သည်။
"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့တော့ အာမခံချက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို မနက် ၃ နာရီလောက်အထိ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးတာတွေ လုပ်တယ်။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုတွေ လုပ်တာပါ"ဟု ထိန်းသိမ်းခံရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောပါသည်။
ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ဖြစ်စဉ်များကို ရှင်းလင်းပြောကြားနေစဉ်
"ကျွန်မတို့ကို စစ်ဆေးတာကတော့ ဒီ 7 July ပွဲအတွက် ဘယ်အချိန်ကတည်းက စ စီစဉ်ခဲ့တာလဲ။ ဘယ်နေရာတွေမှာ စီစဉ်ခဲ့တာလဲ။ အဲဒါမျိုးတွေ မေးတယ်။ ကျွန်မကိုယ်တိုင်တောင် အတိအကျ မမှတ်မိဘူး။ ကျွန်မတို့လည်း ယေဘူယျသဘောလောက်ပဲ မှတ်ထားတာရှိတယ်။ ခေါ်ယူဆွေးနွေးတယ်ဆိုပေမယ့် ကျွန်မတို့ကို အခန်းတစ်ခုထဲမှာ ထည့်ထားပြီး ဘေးမှာ ထောက်လှမ်းရေးက ၅ ယောက်လောက် ရှိတယ်။ အမျိုးသမီးတွေပါပဲ။ ခေါ်ယူဆွေးနွေတယ်ဆိုပေမယ့် တကယ်က ဖမ်းဆီးထိန်းသိမ်းတာပါပဲ။" ဟု ထိန်းသိမ်းခံရသော ကျောင်းသူတစ်ဦးဖြစ်သူ မဖြိုးဖြိုးအောင်က ပြောပါသည်။
အလားတူပင် မန္တလေး၊ လားရှိုး၊ ရွှေဘို၊ မြင်းခြံမြို့များမှ ခေါ်ယူထိန်းသိမ်းခံရသည့် ဗကသအဖွဲ့ဝင်များကိုလည်း ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗြိတိန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကုန်သွယ်ရေးမစ်ရှင် ၁၅နှစ်အတွင်း ပထမဦးဆုံးအကြိမ် သုံးရက်ကြာ လာရောက်မည်ဖြစ်ပြီး ဗြိတိန်ထိပ်တန်းလုပ်ငန်း ၃၀ကျော် လိုက်ပါလာမည်

မြန်မာနိုင်ငံသို့ ဗြိတိန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကုန်သွယ်ရေးမစ်ရှင်သည် ၁၅နှစ်အတွင်း ပထမဦးဆုံးအဖြစ် ဇူလိုင်လ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ သုံးရက်ကြာ လာရောက်မည်ဖြစ်ပြီး ဗြိတိန်ထိပ်တန်း လုပ်ငန်း ၃၀ ကျော် လိုက်ပါလာမည်ဖြစ်ကြောင်း အဆိုပါ ကုန်သွယ်ရေး မစ်ရှင်အဖွဲ့နှင့် တွေ့ဆုံမည့် စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး ပညာရှင်များထံမှ သတင်းရရှိပါသည်။
အဆိုပါ ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ကို ဗြိတိန် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် စွမ်းအင်ဌာန၀န်ကြီး၊ ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ Lord Marland နှင့် ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအသင်း၏ အမှုဆောင်အရာရှိချုပ် Nick Baird တို့ ဦးဆောင်လာရောက်မည်ဖြစ်ပြီး ဗြိတိန်ထိပ်တန်း စီးပွားရေးလုပ်ငန်း ၃၂ ခုမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ လိုက်ပါလာမည် ဖြစ်ပါသည်။
မြန်မာပြည်သူလူထုအတွက် အကျိုးအမြတ် ရနိုင်သောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်စေရန်နှင့် မြန်မာနိုင်ငံ၏ ‘ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ကာလအတွင်း လူမှုစီးပွား ဖွံ့ဖြိုးမှုဆိုင်ရာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာတို့အပေါ် တာဝန်ယူမှုရှိသည့် စီးပွားရေးပတ်ဝန်းကျင် ဖြစ်ပေါ်စေရန် အထောက်အကူ ပြုသွားမည်ဟု ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Lord Green က ပြောကြားခဲ့ပါသည်။
ဗြိတိန်ကုန်သွယ်ရေး မစ်ရှင်အဖွဲ့သည် ရန်ကုန်မြို့ Sedona ဟိုတယ်တွင် ဇူလိုင်လ ၉ရက်နေ့၌ ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များ တက်ရောက်ကြမည် ဖြစ်ကြောင်းနှင့် ဗြိတိန်သံရုံးတွင် ကုန်သွယ်ရေးမစ်ရှင်ရုံးကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ပါမောက္ခဒေါ်လှမြင့်က "မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့ပြီးတဲ့နောက်ပိုင်း ဗြိတိန်ကနေလာတဲ့ ပထမဦးဆုံး စီးပွားရေးအဖွဲ့ ဖြစ်ပါတယ်။ သူတို့မှာ ကဏ္ဍအလိုက် ကုမ္ပဏီတွေပါလာတယ်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်း တစ်ခုဖြစ်မှာပါ"ဟု ပြောကြားပါသည်။
ယခုလာရောက်မည့် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများ ပါဝင်လာကြပြီး ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ကြမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံဘက်မှ ပါမောက္ခ ဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေးတက္ကသိုလ်)၊ ပါမောက္ခ ဒေါ်ရီရီမြင့် (ပါမောက္ခဌာနမှူး-ငြိမ်း၊ စီးပွားရေးတက္ကသိုလ်)၊ ပါမောက္ခ ဒေါ်လှမြင့် (ပါမောက္ခဌာနမှူး-ငြိမ်း၊ စီးပွားရေးတက္ကသိုလ်)၊ Dennis Openshaw (အကြီးတန်းအကြံပေး သမ၀ါယမဘဏ်)၊ Jay Cohen (Kelvin Chia Yangon International Law firm)၊ ဦးသန်းမောင်၊ ဦးသူရစိုးပိုင်(All Myanmar Investment Partner)၊ ဦးကျော်ကျော်လှိုင်(ဥက္ကဋ္ဌ- Smart Group of Companies)၊ ဦးသောင်းတင် (ဥက္ကဋ္ဌ- KMD Group of Companies) စသူတို့က ဦးဆောင်ဆွေးနွေးကြမည် ဖြစ်ပါသည်။
ဗြိတိန်ကုန်သွယ်ရေး မစ်ရှင်အဖွဲ့သည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၁၁ရက်နေ့တွင် ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်းနှင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် မစ်ရှင်အဖွဲ့ခေါင်းဆောင် Lord Marland က "Impressions of Burma" ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Holiday Inn Silom Ballroom တွင် ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် သတင်းများအရ သိရပါသည်။

Friday, July 6, 2012

တို့ကျောင်းသား

http://soundcloud.com/co2zenith/sets/students-union
*တေးဆို- ကိုမျိုး*
*တေးဂီတ–စန္ဒရား အောင်မာန်*
တိုင်းပြည်ကို… ရှေ့ဆောင်ကာ… တို့ကျောင်းသားတွေသည်… စံနမူနာတင်
ကျောင်းသား သမဂ္ဂတို့ဖြစ်သည်
ကမ္ဘာတ၀ှမ်းမှာ …ဗမာစွမ်းတာ … မော်ကွန်းတင်ပါမည်♪ ♫ ♪ ♫
ဒို့တတွေသွေးစည်းမည်
ဗမာပြည်ဆိုင်ရာ
ကျောင်းသားသမဂ္ဂသည်
ရာဇ၀င်တွင်လောက်ပေသည်
တော်လှန်ရာတွင် ရှေ့ကပင်ဦးထိပ်တင်
သက်စွန့်ကျိုးပမ်း … ထမ်းရွက်ခဲ့ပေသည်
ကိုယ်ကျိုးအတွက်ဆို…. မငဲ့ကွက်နိုင်ပါသည် ကျောင်းသားများရဲ့
ကောင်းကျိုးတွေကို…ထမ်းရွက်မည်
ညီညီညာညာ တို့အောင်လံတော် အောက်ကို ၀င်ကာချီ
တို့ကျောင်းသားတွေ ညီကြသည်
http://www.co2zenith.com/2012/02/blog-post_03.html

ဇူလိုင် ၇ ရက်ပွဲကို ဖြစ်အောင် ကျင်းပမည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များပြော

ဇူလိုင် ၇ ရက်ပွဲကို ဖြစ်အောင် ကျင်းပမည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်မ
ျားပြော

ဇူလိုင် ၇ ၊ ၂၀၁၂၊ YPI

၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းတွင် နာရီပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် သတင်းစာရှင်းလင်းပွဲတွင် ဇူလိုင် ၇ ရက် အထိမ်းအမှတ် အခမ်းအနားကို ဖြစ်အောင် ကျင်းပမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ယနေ့ညတွင်းချင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ကိုမင်းကိုနိုင်က အာဏာပိုင်များက ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ကလေးတွေ လုပ်သည့် ကိစ္စအား တော်ဝင်နှင်းဆီတွင် ကျင်းပမည်ကို ကျင်းပခွင့်မပေးသည့်အတွက် အေးအေးချမ်းချမ်း ဖြစ်အောင် ၈၈ မျိုးဆက် ရုံးခန်းတွင် ကျင်းပပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့မရှိလည်း မိမိတို့အနေဖြင့် ကျင်းပသွားမည်ဟု ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်နှင့် ကိုပြုံးချိုတို့က ပြောသွားသည်။

၎င်းတို့ရရှိထားသည့် သတင်းအချက်အလက်များအရ ရန်ကုန် မန္တလေး၊ လားရှိုးမြို့များတွင် ခေါ်ယူသွင်းခြင်းခံရသူ ကျောင်းသားခေါင်းဆောင် စုစုပေါင်း ၁၄ ဦးရှိကြောင်း နှင့် ၈၈ မျိုးဆက်ကျောင်းသား ရုံးခန်းသို့လည်း သတင်းတပ်ဖွဲ့ဝင်များ လာရောက်ကာ ကျော်ကိုကို နှင့် အခြား ကျောင်းသားခေါင်းဆောင်များ ကို လာရောက်မေးမြန်းသွားကြောင်း လည်း ပြောဆိုသည်။

၎င်းတို့ရုံးခန်းသို့ သတင်းတပ်ဖွဲ့ဝင်များ လာရောက်စဉ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက ယခုကိစ္စသည် မဖြစ်သင့်သည့် ကိစ္စဟု ပြောဆိုလိုက်ကြောင်းလည်း ရှင်းလင်းပွဲတွင် ဖြေကြားသွားသည်။ ။

၈၈ မျိုးဆက်ကျောင်းသားများ နှင့် ဗကသ ခေါင်းဆောင်များ သတင်း

၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေ

ဇူလိုင် ၆ ရက်၊ ၂၀၁၂၊ YPI

ကျောင်းသားခေါင်းဆောင်အချို့ ခေါ်ယူစစ်မေးခံနေရသည့် ကိစ္စနှင့် ၈၈ မျိုးဆက် ရုံးခန်းအား လုံခြုံရေးအဖွဲ့ဝင်များ လာရောက်သည့် ယနေ့ည ဖြစ်ပျက်သည့် အဖြစ်အပျက်နှင့် ပတ်သက်၍ ယခုအခါ ကိုမင်းကိုနိုင်က ယခုညတွင်းချင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျှက်ရှိသည်။ ။
           
မြ၀တီမင်းကြီးကျောင်းတိုက်မှ ကျောင်းသား ခေါင်းဆောင် (၃) ဦး အက်စ်ဘီမှ ခေါ်ဆောင်

ည ၁၁နာရီ၊ ဇူလိုင် ၆၊ ၂၀၁၂၊ YPI

မန္တလေးမြို့ မြ၀တီမင်းကြီးကျောင်းတိုက်တွင် နက်ဖြန်ကျင်းပမည့် ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ်လည်နေ့ အထိမ်းအမှတ်ပွဲကို မပြုလုပ်ရန် မြို့နယ် အာဏာပိုင်များက လာရောက်တားမြစ်ပြီးနောက် ကျောင်းတိုက်တွင်ရောက်ရှိနေကြသည့် ကျောင်းသားခေါင်းဆောင်များထဲမှ ၃ ဦးကို ခေါ်ဆောင်သွားကြောင်း ဆရာတော် ဦးအရိယဘိဝံ...သက YPI သို့မိန့်ကြားသည်။

အာဏာပိုင်များ လာရောက်သည့် အဖြစ်အပျက်ကို ဆရာတော်က မိန့်ရာတွင် “စောစောပိုင်းက ကျောင်းတိုက်ကိုလာတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀က၊ သာသနာရေး၊ ရဲမှူးတွေ ဘုန်းကြီးနဲ့ အချီအချ အပြန်အလှန်ဆွေးနွေးမှုလုပ်ပါတယ်။ ပထမတော့ ဘုန်းကြီးက ဒီပွဲကိုလုပ်သင့်တယ်ပေါ့၊ နောက်တော့ အထက်က ဒီပွဲကို လုံးဝတားမြစ်နေပါတယ် ဆိုတာ ပြောလာတော့၊ နောက်ဆုံး ဘုန်းကြီးလည်း မလုပ်ဖို့ လိုက်လျောလိုက်တယ်၊ တကယ်လဲ ဘုန်းကြီးအနေနဲ့ မလုပ်သင့်တော့ဘူး လို့ယူဆပါတယ်။ တဘက်မှာ အကျဉ်းသားတွေ လွှတ်ပေး၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေတော့” ဟု မိန့်ကြားသည်။

ပွဲမလုပ်ဖြစ်ကြောင်း ဆရာတော်က ကတိပေးလိုက်သည့်နောက်တွင် လာရောက်သည့် အာဏာပိုင်များ ကျေနပ်သွားကြကြောင်းလည်း ဆရာတော်က မိန့်သည်။

ယင်းသို့ပြောဆိုသည့်နောက်တွင် တိုင်း အထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) မှလာရောက်ကာ နယ်စုံမှရောက်ရှိနေသည့် ကျောင်းသားခေါင်းဆောင်များထဲမှ ၃ ယောက်ကို အထက်မှ လူကြီးများက တွေ့လိုသဖြင့် ခေါ်ဆောင်သွားကြောင်း၊ ဆရာတော်အနေဖြင့် တွေ့လိုက ကျောင်းတွင်လာရောက် တွေ့ဆုံနိုင်ကြောင်းပြောသော်လည်း အတင်းဆွဲခေါ်သွားသည်ဟုလည်း အဖြစ်အပျက်ကို ရှင်းလင်း မိန့်ကြားသည်။

ယင်းအဖြစ်အပျက်ဖြစ်သည့်နောက်တွင် ကျောင်းဝင်းကို လုံခြုံရေးများက ၀ိုင်းထားသည်ဟု ၎င်းက ထင်မြင်ကြောင်းလည်း မိန့်ကြားသည်။

ယင်း ၃ ယောက်မှာ ရွှေဘိုမြို့မှ ကျောင်းသားများဖြစ်၍ ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ မဋ္ဌေးဋ္ဌေးဝင်း တို့ဖြစ်သည်ဟုလည်း ဆရာတော်၏ မိန့်ကြားချက်အရ သိရှိရသည်။ အခြားသော သတင်းဖေါ်ပြချက်များတွင် မန္တလေးမှ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုအောင်မိုင်းဆန်း၊ ကိုမိုးထက်နေနှင့် ကိုသန်းထိုက်တို့ ကို လည်း အက်စ်ဘီမှ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ။


၈၈ မျိုးဆက်ရုံးကိုဝင်စီးနေပြီ ...
ခုထိသိသလောက် ဒီငြိမ်းလင်း - စည်သူမောင်၊ -ဖြိုးဖြိုးအောင် -ရဲမြတ်ဟိန်း တို့ပါသွားပြီ၊ 88 ရုံးကိုဝိုင်းထားတယ်၊ လူကြီးတွေကိုမဆွဲဘူး။
ဦးလှရွှေကိုမဆွဲဘူး ....
မန္တလေး ကလူခံတွေကိုမဆွဲဘဲ ရွှေဘိုကဆင်းလာတဲ့သူတွေကို ရွေးပြီးဆွဲတယ် ....
၈၈မျိုးဆက်ကျောင်းသားများရုံးသို့ ရောက်ရှိလာသည့် အက်စ်ဘီအား ကိုကိုကြီးက ဖမ်းဆီးသွားသည့် ဗကသကျောင်းသားများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။ သက်ဆိုင်၇ာက မနက်ဖြန် ညနေမှ ပြန်လွှတ်ပေးမယ်ဟု ပြောဆိုသဖြင့် ကိုမင်းကိုနိုင်ကိုယ်တိုင် ဆဲဗင်းဇူလိုင်ပွဲကို ဦးဆောင်ကျင်းပမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ အခုအချိန် ဗကသကျောင်းသားများကို ဆက်လက်ထိန်းသိမ်းနေသည် ..

Yangon Press International
ကိုကျော်ကိုကိုနှင့် မဟန်နီဦး လည်းခေါ်သွားပြီ

ယနေ့ည ၁၀ နာရီဝန်းကျင်မှ စတင်ကာ နက်ဖြန်တွင် ကျင်းပမည့် ဇူလိုင် ၇ ရက်နေ့ အထိမ်းအမှတ်ပွဲနှင့်ပတ်သက်သည့် ကျောင်းသား
ခေါင်းဆောင်များကို ခေါ်ယူမေးမြန်းလျှက်ရှိရာ နောက်ဆုံး သိရသည့် သတင်းများအရကိုကျော်ကိုကိုနှင့်မဟန်နီဦးတို့လည်း ခေါ်ဆောင်
သွားပြီ ဖြစ်သည်ဟု သိရသည်။
 

ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်

ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များထဲတွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်းကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြသည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။
ဒ်ါအောင်ဆန်းစုကြည် မိန့်ခွန်းတိုင်းတွင် မြန်မာနိုင်ငံလို့ အပြောများပါသည်..။ NLD ပါတီဆိုင်းဘုတ်များကို ဗမာလိုရေးလျှင်လည်း မြန်မာနိုင်ငံလို့ ရေးတာများပါသည်..။

သေချာသည်ကတော့ ဗမာ ပဲဖြစ်စေ မြန်မာပဲဖြစ်စေ လူမျိုးတစ်မျိုးသို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့ကြသည်ပဲဖြစ်သည်..။ ကိုလိုနီခေတ် ..ဗိုလ်ချုပ်၏ မိန့်ခွန်းအားလုံးတွင် ... ဗမာနိုင်ငံဟုပဲ သုံးနှုန်းခဲ့သောကြောင့် ဗိုလ်ချုပ်သုံးသော ဗမာနိုင်ငံဆိုသည်မှာ ပြည်ထောင်စုတစ်ခုလုံးကို ရည်ညွှန်းခဲ့သည်မှ မေးစရာမလိုသလို.. ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကလည်း စာချုပ်သည် .. Burma ဟုသော အသုံးအနှုန်းအောက်တွင်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်လည်း သတိရကြစေချင်ပါသည်..။

သို့သော် ...ယနေ့ခေတ်တွင် ..အင်္ဂလိပ်ဝေါဟာရတွင်တော့ ပြဿနာရှိလာပါသည်။ Burma ဟုသောစကားလုံးကို Myanmar ဟု အစားထိုးရာတွင်ဖြစ်သည်..။ ယခုမျိုးဆက်သစ်များက Myanmar ဟု စွဲနေကြသဖြင့် Myanmar ဟုခေါ်သင့်သည်ဟု ထောက်ပြကြသည်..။ အင်္ဂလိပ်ကိုလိုနီအခေါ် Burma ဟုသော စကားလုံးကို လက်မခံကြပေ...။
ယခင် ရှေးမှီနောက်မှီများနှင့် သမိုင်းကြောင်းများကို လေ့လာသူများက Burma ဟုသောစကားလုံးကိုလက်ခံကြသည်..။ ဗမာလိုဆိုလျှင်လည်း ..မြန်မာကို မငြင်းကြပေ..။

ကျွန်တော်တို့၏ အခေါ်အဝေါ်သမိုင်းကြောင်းတွင် တစ်ခုတော့ သတိပြုစရာ ရှိပါသည်..။ အင်္ဂလိပ်လို Burma ဟုသောအသုံးအနှုန်းမှ Myanmar ဟုသော အသုံးအနှုန်းကို ၈၈ အရေးအခင်းအပြီးတွင် အာဏာသိမ်း တပ်မတော်အစိုးရဖြစ်သော န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က ၁၉၈၉ မေလတွင် လုံးဝ ပြောင်းလဲခဲ့ခြင်းဖြစ်သည်..။ လူထုကရွေးကောက်တင်မြှောက်ထားသော အစိုးကက လူထု သို့မဟုတ် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပဲ အာဏာရှင်ဆန်ဆန်.. စာရွက်တစ်ရွက် (အမိန့်ကြော်ငြာစာတစ်ခု) ကြောင့် ပြောင်းလဲသွားသော အခေါ်အဝေါ်ဖြစ်သည်..။ ယခုနှစ်ပိုင်း နိုင်ငံတော်အလံပြောင်း ကဲ့သို့ပင်... မည်သူ့ကိုမျှ မတိုင်ပင် အစည်းအဝေးမခေါ် ၀န်ကြီးအဆင့်တောင်မသိဘဲ ၂၀၁၀ တွင် ( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ သေအံ့မူးမူးအချိန်တွင် နိုင်ငံတော်အလံပါ လဲသွားသကဲ့သို့တည်း..။ လုပ်ချင်တာ လုပ်ခဲ့ခြင်းဖြစ်သည်..။

Myanmar ဟု ပြောင်းလဲရခြင်း အကြောင်းပြချက်ကတော့ လက်ခံလောက်စရာပါ..။ မြန်မာလို့ ဗမာလိုသုံးနေမှတော့ အင်္ဂလိပ်လိုလည်း Myanmar လို့သုံးသင့်သလို သမိုင်းအရ.. ပြည်ထောင်စုနိုင်ငံတစ်ခုအနေဖြင့် Myanmar လို့ သုံးသင့်သည်ပေါ့...။ ဒါကို ငြင်းစရာတော့မရှိပါ..။ ယခုလည်း Myanmar လို့ ခေါ်နေကြပြီပဲ..။

သို့သော်....
အင်္ဂလိပ်တွေပေးခဲ့သော Burma ဟုသော အသုံးအနှုန်းသည် အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်..၊ တော်လှန်ရေးကောင်စီခေတ်အပြင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အထိ) ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်အချိန်မှ ၁၉၈၉ အထိ နှစ်ပေါင်း လေးဆယ်ကျော်တိုင်တိုင် အဘယ့်ကြောင့် မပြောင်းလဲပဲ သုံးနှုန်းခဲ့ကြသနည်း..။ ထိုနာမည်ကို ကြိုက်နှစ်သက်နေကြသဖြင့်လော..။ ဒါမှမဟုတ်.. သမိုင်းကြောင်းတွင် Burma ဟုသော အမည်က ပိုတည်တန့်သဖြင့်လော..။ ပြည်ထောင်စုအတွက် ပိုအဆင်ပြေသဖြင့်လော..။

နောက်မေးခွန်းတစ်ခုရှိပါသည်..။ အမိန့်ကြော်ငြာစာထုတ်ပြီး ..Myanmar ဟုသော အသုံးအနှုန်းကို ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသော်လည်း Myanmar ဟုသောအမည်.. ဘာ့ကြောင့် လူသိနည်းသနည်း..။ Myanmar (Burma) ဟုပြောမှ ကမ္ဘာက သိသနည်း..။ ထိုမေးခွန်းများကို ဖြေကြည့်ကြရအောင်..။

(၁) နှစ်ပေါင်းများစွာ ပြည်တွင်းပြည်ပ လူထုမထောက်ခံခဲ့သော အာဏာသိမ်းအစိုးရ။
(၂) ပညာရှင်/ လူထုဆုံးဖြတ်ချက်/ လွှတ်တော် / ဆွေးနွေးမှုများဖြင့် အမည် ပြောင်းလဲခဲ့ခြင်း မဟုတ်ခြင်း။
(၃) ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ၊ မျက်နှာငယ်စရာ အထီးကျန်အဖြစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ရခြင်း။
(၄) ယခင် စစ်အစိုးရလက်ထက် ကမ္ဘာတွင် သြဇာမညောင်းသလို မီဒီယာလွှမ်းမိုးမှုမရှိခြင်း။
(၅) Burma ဟူသည် နှစ်ပေါင်းရာချီကာ ကမ္ဘာက လက်ခံသုံးစွဲလာခဲ့သော အသုံးအနှုန်းတစ်ခုအဖြစ် အမြစ်တွယ်ခဲ့ခြင်း။

အစရှိသော အချက်များကြောင့်ဟု ယူဆစရာရှိပါသည်..။

မိမိ အယူအဆကမူ... နိုင်ငံတကာတွင် .Myanmar ..ဟု .. သုံးသော်လည်း နိုင်ငံတကာမှ မသိလျှင် .. (အသိအမှတ်မပြုလျှင်) Burma ဟု သုံးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမည်နာမထက် အနှစ်သာရ (ပြည်ထောင်စုအပေါ်သက်ရောက်မှု) က အရေးကြီးဆုံးပင်..။ ယနေ့အချိန်တွင် Myanmar သည်လည်း တိုင်းရင်းသားပေါင်းစုံပါသောပြည်ထောင်စုဟု ဆိုလို့ရသလို Burma သည်လည်း တိုင်းရင်းသားပေါင်းစုံ ပါသော ပြည်ထောင်စုဟု ကမ္ဘာက သိသည်ပင်..။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယုခြင်းမရှိပေ..။

ယနေ့ အစိုးရသတင်းစာနှင့် စာပေစိစစ်ရေးတို့မှ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သော .. ထိုင်ဝမ် (Taiwan) နိုင်ငံကို ယနေ့အချိန်အထိ တရုတ်ကြီး၏အလိုကျ တရုတ်၏ပြည်နယ်အဖြစ်သတ်မှတ်ပြီး တရုတ်(တိုင်ပေ) - China (Taipae)ဟု နှစ်နှစ်ဆယ်ကျော်ခန့် အားမနာရှာမကျိုး ဖော်ပြနေခြင်း၊ ဂျာနယ်များတွင် ထိုကဲ့သို့ရေးရမည်ဟု မူများ ကျန်ရှိနေသေးခြင်းတို့သည် .. ယနေ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် Myanmar မှ Burma ဖြင့် ..၀ဋ်ပြန်လည်ခြင်းပင်တည်း..။

ထို့ကြောင့် အောက်တွင် ဖော်ပြထားသော ငွေကြေးများကို ကြည့်ပြီး မြန်မာ/ဗမာ ...အသုံးအနှုန်း (Myanmar/Burma) စာလုံးပြောင်းလဲပုံများနှင့် ရုပ်ပုံပြောင်းလဲပုံများကိုလေ့လာရင်း မည်ကဲ့သို့ ခေါ်ဆိုရမည်ကို မိမိဘာသာ သုံးသပ်နိုင်ကြပါဟုသာ...။


1942-1944 ဂျပန်ခေတ်ပိုက်ဆံ



ကိုလိုနီခေတ်ဦးမှ 1947 တွင်သုံးနေဆဲ အင်္ဂလိပ်ပိုက်ဆံ..။



1948-1953 အထိ ထုတ်ဝေခဲ့သော လွတ်လပ်ပြီးစ မြန်မာပိုက်ဆံ..။ က ဒေါင်းရုပ်ပါဝင်လာခြင်း။



1965 (တော်လှန်ရေးကောင်စီခေတ်) ဗိုလ်ချုပ်ပုံစတင် ဖော်ပြလာသည်။




1979 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။



1986 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။ အသစ်ထုတ်ဝေလိုက်ငွေစက္က်ါထဲမှ ခုနှစ်ဆယ့်ငါးကျပ်တန်နှင့် သုံးဆယ့်ငါးကျပ်တန်အား တစ်နှစ်အကြာတွင် တရားမ၀င်ကြေညာလိုက်သဖြင့် ပြည်သူအများစု စီးပွားပျက်ကာ 8888 အရေးအခင်းဖြစ်ရန် အကြောင်းခံတစ်ခုဖြစ်ခဲ့..။



၈၈၈၈ အရေးအခင်းအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် (န၀တ) လက်ထက် 1990 တွင် ထပ်မံထုတ်ဝေသည့် ကျပ်တန်..။ (ဗိုလ်ချုပ်ပုံ ပါသေးသည်) Myanmar ဟု စတင်ပြောင်းသည်။



1994 အတွင်း နအဖ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အစိုးရမှ စတင်ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ စတင်ပျောက်ကွယ်သည်။ တိရစ္ဆာန်ပုံများ စတင်ပါဝင်သည်။



နေပြည်တော်အထိမ်းအမှတ် ထုဝေခဲ့သော ငါးထောင်တန်များ (ခြင်္သေ့အစား ဆင်ဖြူ ပါဝင်လာသည်)



ယခု အစိုးရသစ်လက်ထက် ဒီမိုကရေစီခေတ်ဦးတွင် ..မကြာခင်ကထုတ်ဝေခဲ့သော တစ်သောင်းကျပ် မည်သည့်တိရိစ္ဆာန်မှ မပါဝင်တော့ပါ..။
ထိုငွေစက္ကူပုံများကို လေ့လာကြည့်သော် Myanmar ဟု စတင်သုံးစွဲချိန်ကစပြီး ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သလို ပြင်ပ ပြည်သူများကြားမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သည်မှာ ထူးခြားချက်ဖြစ်သည်..။ ယခုလည်း.. နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခွင့်မပေးပဲ (၄င်းတို့ပြောကြားချက်အရ) ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးကိုယ်တာခရီးစဉ်တွင် က Burma  ဟု လွတ်လပ်စွာ သုံးနှုန်းခြင်းကို Myanmar သုံးရန်  ဥပဒေ၏ ဖိအားဖြင့်ကြိုးစားကာ သူမ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ကြံစည်နေသလောဟုသာ..။ 
ဖွဲ.စည်းပုံ အခြေခံဥပဒေ ၁၉၄၇....၁၉၇၄ .... ၂၀၀၈ တို့တွင် ...အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။ဆိုသော ရည်ညွှန်းချက်ကြီးမှာ မည်သည့်အဓိပ္ပါယ်ဆောင်သနည်း..။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုပဲ ပြောခဲ့ပါသည်..။ မြန်မာ/ဗမာ လို မပြောခဲ့ပါ..။

သမိုင်းဆိုတာ ညာလို့မရသလို.. အားလုံး ဆင်ခြင်သုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..။

ဗကသ အဖွဲ့ ဝင်များ ကို ဖမ်းဆီး ၊ ၈၈ မျိုးဆက် ကျောင်းသား များ ရုံးခန်း ကို အာဏာပိုင် များ ဧည့်စာရင်း ပုံစံ ဖြင့် ၀င်ရောက် ရှာ ဖွေ သည် ဟု FNG မှ သတင်း ရရှိသည်။ (မန္တလေး မြို့  တွင် လည်း ဗကသ အဖွဲ့  ၀င်များ ကို ဖမ်းဆီးမှု ရှိသည် ဟု သတင်း ရရှီသည်)

ဗကသ အဖွဲ့ ဝင်များ ကို ဖမ်းဆီး ၊ ၈၈ မျိုးဆက် ကျောင်းသား များ ရုံးခန်း ကို
အာဏာပိုင် များ ဧည့်စာရင်း ပုံစံ ဖြင့် ၀င်ရောက် ရှာ ဖွေ သည် ဟု FNG မှ သတင်း ရရှိသည်။
(မန္တလေး မြို့  တွင် လည်း ဗကသ အဖွဲ့  ၀င်များ ကို ဖမ်းဆီးမှု ရှိသည် ဟု သတင်း ရရှီသည်)

Twitter Delicious Facebook Digg Stumbleupon Favorites More