Wednesday, June 13, 2012

ရခိုင်ပြည်နယ်ရောက် သတင်းသမားတစ်ဦး ရဲ့ ပေးစာ

စစ်တွေမြို့တွင် ဇွန် ၁၂ ရက်နေ့ညအထိ ကျနော်တို့အနေနဲ့ လုံခြုံရေးစိတ်မချသေးပါ။
ယခုစိတ်ချရပြီလားဆိုတော့လည်း အဖြေက ရေရာမှုမရှိပါ။ ဘင်္ဂါလီများနေထိုင်သည့် ရွာဖက်သို့ မသွားရပါ။ တပ်မတော်စစ်ကြောင်းများက ပေးမ၀င်ကြပါ။ ဇွန် ၁၂ ရက်က စစ်တွေမြို့ နေ့လည်ခင်း မှာ သွေးပျက်စရာဖြစ်ပါသည်။ မြင်ရသမျှ လူအားလုံးလက်ထဲမှာ ရရာလက်နက် ကိုင်ဆွဲထားပါသည်။ ဓား၊ တုတ်၊ ဂျင်ကလိ၊ လှံ၊ လေးခွ စသဖြင့် ကလေး၊ လူကြီး၊ ကျား၊ မ ၊ သက်ကြီးရွယ်အိုမကျန် ရခိုင်တိုင်းရင်းသားများလက်ထဲတွင် မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် အသင့်ကိုင်ဆောင်ထားကြပါသည်။

ရယ်စရာဖြစ်ရပ်တစ်ခုကိုပြောပါဦးမည်။ စစ်တွေသို့ ရောက်လျှင်ရောက်ချင်း နယ်ခံသတင်းထောက်နှင့် ဆက်သွယ်ကာ ခြံကျယ်ဝန်းသည့် တည်းခိုခန်းသို့သွားကြပါသည်။
လုံခြုံရေးစိတ်ချရသည်ဟု နယ်ခံသတင်းထောက်က ဆိုပါသည်။ တကယ်လည်း ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်များ လွှတ်ထားပါသည်။အဆိုပါတည်းခိုခန်းသို့ရောက်ပြီး ခဏအကြာတွင်
မန်နေဂျာမိန်းကလေးမှအစ တည်းခိုခန်းတာဝန်ရှိသူအားလုံးမှာ တုတ် ဓားများကိုင်ဆွဲပြီး ခြံဝတွင် စုရုံးနေပါတော့သည်။ ဘယ်နေရာမှ ၀င်လာလျှင် ဘယ်နေရာမှခုခံမည် ဘယ်နေရာသို့ တိမ်းရှောင်မည် စသည်တို့ကို အသက်ကြီးသူတစ်ဦးက ညွှန်ကြားလျှက်ရှိပါသည်။
ိထို့နောက် .... ကျနော်တို့ နေရာပြောင်းရွေ့ခဲ့ကြပါသည်။

ကျနော်တို့မကြောက်ပါ။ ကြောက်လျှင်လည်း ဒီကိုမလာကြပါ။ ဒီကိုရောက်နေသည့် သတင်းထောက်များသည် မကြောက်သဖြင့် လာကြခြင်းဖြစ်ပါသည်။ သို့သော် ရောက်ရောက်ချင်းတွင် မမြင်ဖူးသည့် အခြေအနေနှင့် ပက်ပင်းတိုးကြသဖြင့် ဒူးတုန်မိကြောင်းကိုတော့ ပွင့်လင်းစွာဝန်ခံပါသည်။ သတင်းထောက်များထဲတွင် မက်ဆင်ဂျာ ဂျာနယ်မှ မိန်းကလေးတစ်ဦးလည်း ပါဝင်ပါသည်။

တချို့ရက်များတွင် ရခိုင်လူမျိုးတချို့နှင့် သတင်းထောက်တချို့အကြား အဖုအထစ်အနည်းငယ် ရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့များက ကြားဝင်ဖြန်ဖြေခဲ့ရပါသည်။ ဘီဘီစီစသော ပြည်ပသတင်းမီဒီယာများ၏ ပေါက်ကရ လုပ်ကွက်များကြောင့် မီဒီယာကို ဒေသခံများက မကြည်လင်ကြပါ။ ထို့ကြောင့် ကျနော်တို့အနေဖြင့် လုံခြုံရေးစိတ်မချရ သေးပါဟု ဆိုခြင်းဖြစ်ပါသည်။ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့များက မီဒီယာသမားများကို သတိပေးထားခြင်းရှိပါသည်။ ကိုယ့်သတိကိုယ်ထားရန်ပစ် ဖြစ်ပါသည်။

လုံခြုံရေးယူထားသည့် တာဝန်ရှိသူများကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သတိပြုနေရချိန်တွင် မီဒီယာသမားများအနေဖြင့် ပိုမိုသတိရှိရပါသည်။

ဇွန် ၁၃ ရက်နံနက်တွင် ကာကွယ်ရေးဝန်ကြီးတို့ရောက်လာပါသည်။ လုံခြုံရေးကလည်း ပိုမိုဂရုစိုက်လာပါသည်။ အနည်းငယ်လုံခြုံစပြုလာပြီဟု ထင်ရပါသည်။ အလှူအတန်းများလည်း ရောက်ရှိလာသဖြင့် ဒေသခံများအတွက်လည်း ၀မ်းသာစရာပင်ဖြစ်ပါ သည်။

မည်သည့်နေရာမှ ရောက်လာမည်မသိသော ဂျင်ကလိ၊ လောက်စာလုံး၊ သံချွန်များကို
ကိုယ့်ကိုယ်ကိုယ်သရဏဂုံတင်ရင်း ကိုယ့်အလုပ်ကိုယ် ထမ်းဆောင်နေကြပါသည်။

ချစ်သော ညီအစ်ကိုမောင်နှမများ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာ.....
ဥက္ကာကိုကို

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More