Thursday, June 21, 2012

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်တွင် တွေ့ဆုံ

တိဗက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ လန်ဒန်မြို့တွင် တွေ့ဆုံစကားပြောခွင့်ရခဲ့သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
နိုဘယ်ဆုရှင်တစ်ဦးဖြစ်သူ ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်၏ သတ္တိကိုလေးစားမိကြောင်း၊ လူထုအတွက် များစွာ အကျိုးဆောင်နိုင်မည်ဟုလည်း ယုံကြည်မိကြောင်း ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးချိန်မှာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ၄င်းတို့၏ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ် မြောက်မွေးနေ့နှင့် တိုက်ဆိုင်နေခဲ့သည်။
ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၀ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၄ နှစ်အတွင်းပထမဆုံး ဥရောပခရီးစဉ်အဖြစ် အင်္ဂလန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ အသက် ၇၆ နှစ်ရှိ ဒလိုင်းလားမား ကလည်း အင်္ဂလန်၊ စကော့တလန်နှင့်  အီတလီနိုင်ငံများသို့ ၁၅ ရက်ကြာ ဥရောပခရီးစဉ် ထွက်ခွာလာချိန်ဖြစ်ပြီး ဒေါ်စုနှင့် ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦး တွေ့ဆုံခြင်းနှင့်ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကိုမူ လူထုထံ ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။
ဒလိုင်းလားမားသည် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် နေအိမ်အကျယ်ချုပ် ကျရောက်နေစဉ်က အခြားနိုဘယ်ဆုရှင်များနှင့်အတူ သူမ၏လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများတွင် မကြာခဏ ပါဝင်ခဲ့သည်ဟု သိရသည်။
http://news-eleven.com/index.php?option=com_content&view=article&id=14217:2012-06-21-07-51-52&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More