Tuesday, June 19, 2012

နောက်ဆုံးပေါ် နိုင်ငံရေးဗိုင်းရပ်စ် (အန်ကယ်တစ်ယောက်ရဲ့ ဆောင်းပါး )

အပိုင်း(၁)

                                      Eleven Media Group   ၀က်ဆိုဒ်ရဲ့ သတင်းပါခင်ဗျာ......... လင့်ခ်လေးကို နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်
ဒီနေရာမှာ..... စဉ်းစားစရာ အချက်နှစ်ချက်ရှိပါတယ်။
                                      ဘင်္ဂလားဒေ့ရှ်ရဲ့ ကြည်းတပ်ဟက်ကာအဖွဲ့က တိုက်ခိုက်တာလား၊ ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဟက်ကာအဖွဲ့ရဲ့
အမည်ကို သုံးပြီး သွေးလှန့်လိုက်တာလားဆိုတာပါပဲ..... ။
                                       ရိုးစင်းပါတယ်.. နိုင်ငံတိုင်း၊ တပ်မတော်တိုင်းမှာ သူ့စည်းသူ့ကမ်းများအပြင် နိုင်ငံတကာဆိုတဲ့.....  အတွေး
အခေါ်၊ အယူ အဆတွေလဲ စိုးမိုးထားပါတယ်... နိုင်ငံတကာနှင့်  ဆက်ဆံမှ..... နိုင်ငံတကာနှင့် အဆင်ပြေမှ....  နိုင်ငံတကာနှင့် ချစ်ကြည်
ရင်းနှီးမှ ဆိုတဲ့..... အတွေးအခေါ်များပဲ ဖြစ်ပါတယ်.....။

                                     ယနေ့ခေတ်ကာလသည် နယ်ချဲ့ဝါဒခေတ်မဟုတ်ပါ...၊ နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံအား ၀င်ရောက်
တိုက်ခိုက်နိုင်သော ခေတ်မဟုတ်ပါ... စတင်ကျူးလွန်စော်ကားနိုင်သော ခေတ်မဟုတ်ပါ..... ကုလသမဂ္ဂ၏ အရှိန်အ၀ါ တောက်ပသော...
အပြည်ပြည်ဆိုင်ရာ ခေတ် ဖြစ်ပါသည်။ ထို့အတူ နိုင်ငံတကာနှင့် ဆက်ဆံနေရသော စစ်တပ်ကဲ့သို့ အဖွဲ့အစည်းများ၊ စီးပွါးရေးဆိုင်ရာ အဖွဲ့
အစည်းများ.....၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှု ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ထို့အတူပဲဖြစ်ပါတယ်....။
                                      နိုင်ငံသားတိုင်း..... သတိထားစရာ အချက်ကြီး တစ်ချက်တော့ ပေါ်ပေါက်လာပြီလို့ ဆိုရမှာပဲ ဖြစ်ပါတယ်...
ပဋိပက္ခဖြစ်စေလိုသော အသိဥာဏ်နည်းသူ သို့မဟုတ် တစ်ဘက်စွန်းရောက် သွေးကြွနေသူ လူငယ်များ၏ ကလေးဆန်သော အပြုအမူပဲ
ဖြစ်ပါတယ်.... ဒီကိစ္စနှင့်ပတ်သက်၍လည်း မကြာခင်မှာ.... သေချာသော သတင်းလေးများကို အစိုးရအနေဖြင့် ထုတ်ပြန်ကြေငြာသွားမှာ
ဖြစ်ပါတယ်။ စိတ်ပူစရာမလိုပါ.........။
အပိုင်း(၂)
 မောင်ကျောက်ခဲ ရဲ့ ဘလော့က သတင်းလေးတွေပါ။
                                      မြန်မာတွေ သိရော သိရဲ့လား...... ဘာလုပ်နေကြသလဲ........ ဖြေရှင်းနိုင်မှာလား.... ဘယ်လိုတုန့်ပြန်မှာလဲ
ဆိုတဲ့ ဒွိဟလေးတွေအတွက်တော့..... ခက်လဲ မခက်ပါ..... သတိလက်လွတ်လဲ မနေပါ.....  သိပ်ပြီး ကြီးကျယ်သော ကိစ္စလဲ မဟုတ်ပါ...
ဆိုတာကို  အောက်ပါသတင်းလေးများဖြင့် ဖြေကြားချင်ပါတယ်....
                မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က စစ်ဖက်အရာရှိတွေ ဘယ်လိုရှုမြင်ထားသလဲဆိုတာ ရှုစားကြရအောင်...
                         ဖိုရမ်မှာတင်ထားတဲ့ အကြောင်းအရာကတော့ခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေကြောင်းတိုက်ပွဲဖြစ်ရင်  ဘယ်ဖက်က  နိုင်
မလဲဆိုတဲ့အကြောင်းအရာကို စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေ ၀င်ရောက်ဆွေးနွေးကြတာဖြစ်ပါတယ်။ ကြည့်ရတာနိုင်ငံတကာရေပိုင်နက်
တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်  - မြန်မာရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပွားတဲ့ အချိန်တုန်းက နှစ်နိုင်ငံရေတပ်ချင်း
ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်းရယ်၊  တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်က သူတို့မျှော်မှန်းထားတဲ့ ပမာဏထက်  ပိုပြီး ရသွားတယ်
ဆိုတဲ့အပေါ်မှာ မြန်မာဖက်ကမကျေနပ်လို့ နှစ်နိုင်ငံတင်းမာမှုတွေဖြစ်ပေါ်လာပြီး စစ်ခင်းကြမယ်ဆိုရင် ဖြစ်လာနိုင်မယ့်  အခြေအနေတွေကို
ဆွေးနွေးခဲ့ကြတာ  ဖြစ်ပါတယ်။   ၀င်ရောက်ဆွေးနွေးသူတွေ  ကြားမှာလည်း အငြင်းပွားတာတွေအများကြီး တွေ့ခဲ့ပါတယ်။  အဲဒီထဲက..
ဆွေးနွေးချက် အချို့ကို ဆွဲထုတ်တင်ပြချင်ပါတယ်။  ပထမဆုံး ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမား(သို့) စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးရဲ့
မြန်မာနိုင်ငံအပေါ်မြင်တဲ့အမြင်ကို စတင်လေ့လာကြည့်ရအောင်ပါ။
 
 အပေါ်ပုံထဲက ဆွေးနွေးသူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက madx ဖြစ်ပါတယ်။ သူပြောတာက-
                         " မြန်မာဟာ ဘယ်တော့မှ ဒီလိုမျိုးဆုံးဖြတ်ချက်(စစ်တိုက်ဖို့)ကို ဘယ်တော့မှ ချမှာမဟုတ်ပါဘူး။  ဘာလို့လဲဆိုတော့
အဲဒီလိုဆုံးဖြတ်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ၂၁ရာစုကာလအတွင်း အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။  ဒီဆုံးဖြတ်ချက်ကြောင့်
သူတို့ဟာ သူတို့ကိုယ် သူတို့ ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။  နောက်ပြီး သူတို့ရဲ့နာမည်လည်း သမိုင်းထဲမှာ ဆိတ်သုဉ်း ပျောက်
ကွယ်သွားပါလိမ့်မယ်။  ငါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ထက်ပိုပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုအဆင်ပြေတယ်၊ သူတို့ထက်လည်း
စီးပွားရေးပိုကောင်းတယ်။ ဒါကြောင့် ငါတို့အနေနဲ့ တိုက်မယ်ဆိုရင် သူတို့ထက်ပိုကောင်းအောင် တိုက်နိုင်တယ်၊   ပိုပြီး ကြာကြာလည်း...
တိုက်နိုင်တယ်။  အဓိကအချက်တစ်ခုက ငါတို့နိုင်ငံဟာ မြန်မာထက်လူဦးရေ လေးဆပိုများတယ်ဆိုတာပဲ။  အဲဒါကြောင့် ငါတို့လူတွေဟာ
လူနည်းနည်းလေးပဲရှိတဲ့ မြေဧရိယာအကျယ်ကြီးကို သိမ်းပိုက်နိုင်တဲ့  ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့မှာမြေတွေလိုနေ
တယ် အဲဒီတော့ ဒီစစ်ပွဲကို ငါတို့ဖက်က စသင့်တယ် ´´........တဲ့ ခင်ဗျာ......။
 
ဒါက အဲဒီ Captain madx ရဲ့ ဆွေးနွေးချက်တစ်ခုပါ။
                         "သူတို့ဝင်လာပစေ ငါတို့မှာ ငါတို့ရဲ့ စစ်ရေးစွမ်းရည်ရှိတယ်၊  ဒီတော့ ဘာကြောက်စရာလိုလဲ တကယ်တော့ သူတို့က
ငါတို့ဖက်က စတိုက်မှာကိုကြောက်နေကြတယ်လေ.....  ဒါပေမယ့် ငါတို့က သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အကယ်၍ သူတို့
ဖက်က မလိုအပ်ပဲတစ်ခုခု စလုပ်လာတာနဲ့ ဆော်ပြီးသားပဲ စိတ်ချ".........တဲ့ ခင်ဗျာ။
 
ဒါကတော့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Asad71 ဆွေးနွေးသွားတာပါ။ သူရဲ့ရာထူးကို ဒုတိယဗိုလ်မှူးကြီးလို့ဖော်ပြထားပြီး ကနေဒါနိုင်ငံ
ကနေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူပြောတာက-
(၁)     ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ရေတပ်မတော်၊ ဗမာရေတပ်ဟာ လေတပ်လိုပဲ ကြည်းတပ်ကကြီးစိုးထားတဲ့ စစ်အစိုးရလက်အောက်မှာ
လျစ်လျူရှု ခံနေရပါတယ်။ ဒီလိုမျိုးဟာတွေကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ပရော်ဖက်ရှယ်နယ်ပီသမှုနဲ့ဖွဲ့စည်းတည်ဆောက်
ပုံကို လာနှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။"
(၂)     ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒီနယ်မြေမှာ သူများထက်ပိုတော်တယ်၊ သတ္တိရှိတယ်၊ အစပိုင်းကတည်းက သောင်းကျန်းသူ
တွေကို တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မာကြောပြီး အတွေ့အကြုံရှိတဲ့ စစ်တပ်မျိုးကို ပိုင်ဆိုင်ထားတယ်လို့ သူတို့ကိုယ် သူတို့ ...ယူဆထားရင်
တော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဓားချင်းယှဉ်ခုတ်ချင်ပါလိမ့်မယ်။   အဲဒီလိုဖြစ်လာရင်..... ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ထူးချွန်ထက်မြက်ပြီး အရည်
အချင်းပြည့်ဝတဲ့ အဆင့်မြင့် စစ်ဖက်အရာရှိတွေ လေ့လာ ဆည်းပူး လေ့ကျင့်နေတဲ့ စစ်ဗျူဟာ၊ စိတ်ဓာတ်နဲ့  စည်းကမ်းတွေကိုအသုံးပြုပြီး
တိုက်ပွဲတိုတွေဆင်နွှဲဖို့ ၀င်ရောက်တပ်စွဲပါလိမ့်မယ်။   ဘင်္ဂလားဒေ့ရှ်ရဲ့ခြင်းထဲက ၀ှက်ဖဲကတော့ မူဂျာဟစ်တွေဖြစ်ပါတယ်။ အဲဒီမူဂျာဟစ်
တွေဆိုတာ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ ရဲစွမ်းသတ္တိတွေကြောင့်  လူတွေသိလာခဲ့တဲ့  ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေပါပဲ။ ဗမာ
တွေရင်ဆိုင်ဖူးသမျှ သောင်းကျန်းသူတွေထဲမှာ .ရိုဟင်ဂျာ မူဂျာဟစ်တွေဟာ သူတို့အကြောက်ဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ သေနတ်
ပြောင်းတွေဆီကနေ  တစ်ကြိမ်လောက် မီးထပွင့်တာနဲ့   ဗမာတွေကို  ရိုဟင်ဂျာတွေထက်  ပိုမုန်းတီးတဲ့  ရခိုင်လူမျိုး  ဗုဒ္ဓဘာသာဝင်တွေ
တောင်မှ သူတို့ကိုသတ်ဖို့ ပါဝင်လာကြလိမ့်မယ်...´´ တဲ့ ခင်ဗျာ.........။
                            နည်းနည်းတော့ သဘောပေါက်လာပြီ ထင်ပါတယ်။  ကဲ...... ဆက်ကြည့်ကြရအောင်။
အပေါ်က Lt.Colonel Asad71 ရဲ့ဆွေးနွေးချက်ကို သူ့ထက်ရာထူးပိုကြီးတဲ့ Lt.General east watch က အပြည့်အ၀ထောက်ခံ
လိုက်ပါတယ်။
                          ``မင်းပြောတာမှန်တယ်။ ရခိုင်ဟာ ၁၈၂၄ ခုနှစ်ထိ ဘယ်တုန်းကမှ ဗမာပြည်ရဲ့ အစိတ်အပိုင်းမဖြစ်ခဲ့ဘူး။ ဗမာတွေက
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ အာသံကို ၀င်ရောက်ကျူးကျော်ရာကနေ အစပြုပြီး ၁၈၁၇ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလား(ဗြိတိသျှ)-မြန်မာ
စစ်ပွဲရဲ့ ရလာဒ်ကြောင့် ဘင်္ဂလား(ဗြိတိသျှ)ပိုင်နက်အတွင်း သွတ်သွင်းခံလိုက်ရတယ်။  အာသံ အရေးအခင်းနဲ့ရခိုင်ဒေသကို လုံခြုံအောင်
ပြုလုပ်ရတာဟာ ဘင်္ဂလား(ဗြိတိသျှ)အတွက် ဗမာပြည်ကို သိမ်းပိုက်စေမယ့် အခြေအနေကို ဦးတည်စေခဲ့တယ်။
                           ဗြိတိသျှတို့အနေနဲ့ ရခိုင်ဒေသရဲ့ အုပ်ချုပ်ရေးစနစ်ကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲမှန်း သိလာတဲ့အခါ .....  ၁၈၂၄ ခုနှစ်မှာ
ရခိုင်ကို ဗြိတိသျှ-ဗမာ အစိုးရဆီကို လွှဲပြောင်းပေးခဲ့တယ်။   ဒါကြောင့် ရခိုင်လူမျိုးဟာ  ခုအချိန်မှာ သူတို့လုံးဝ မကြိုက်တဲ့ ဘင်္ဂလားဒေ့ရှ်
နိုင်ငံက လူမျိုးတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမြဲကောင်းတာရှိသလို ဆိုးခဲ့တာလည်းရှိတယ်။  သူတို့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ....အစိတ်အပိုင်း
တစ်ခုမဟုတ်ပဲ ကိုယ်ပိုင်လွတ်လပ်တဲ့ နိုင်ငံတစ်ခုထူထောင်ချင်တယ်။  ဒါကြောင့် အာရကန်ဒေသထဲမှာ ဗမာပြည်ကို တော်လှန်ဖို့   အခွင့်
အလမ်းကို စောင့်နေကြတဲ့ မူဂျာဟစ်အုပ်စုတွေရှိနေတယ်။
                             ၂၀၀၁ခုနှစ်  မြန်မာဖက်က  ငါတို့နိုင်ငံ  နယ်စပ်တလျှောက် စစ်သည် ငါးသောင်းဖြန့်လာတဲ့အချိန်မှာ  ငါတို့ဖက်က
စစ်သည်နှစ်သောင်းပဲ ပြန်ဖြန့်ခဲ့တယ်။   ဒါပေမယ့်  အာရကန်ဒေသကလူတွေဟာ  ဗမာပြည်ကခွဲထွက်ပြီး  လွတ်လပ်တဲ့နိုင်ငံတစ်ခု .....
ထူထောင်နိုင်ဖို့ ဧရာမအခွင့်အလမ်းအဖြစ် မျှော်လင့်ရင်းနဲ့ ဗစာစစ်တပ်ကို ရင်ဆိုင်နိုင်တဲ့  အရည်အသွေးတွေ ရှိလာအောင် ...သူတို့ကိုယ်
သူတို့ ပြင်ဆင်နေကြတယ်။   ဒီလူတွေဟာ မြန်မာစစ်တပ်ကို သူတို့ရဲ့ ဌာနချုပ်ကနေ ထောက်ပံ့ပို့ဆောင်ရေးတွေ လုပ်လို့မရအောင် သူတို့
တည်ဆောက်ထားတဲ့ ....တံတားတွေ၊ ပိုက်လိုင်းတွေ၊ ရထားလမ်းတွေ၊ မြစ်ဆိပ်ကမ်းတွေနဲ့  သယ်ယူပို့ဆောင်ရေး  လမ်းကြောင်းတွေကို
ဖောက်ခွဲဖျက်ဆီးဖို့ ၀င်လာတဲ့ ငါတို့ဖက်က ကွန်မန်ဒိုတွေ အတွက် ကင်းထောက်ပေးခဲ့တယ် ။
                            အာရကန် မူဆလင် မူဂျာဟစ်တွေဟာ  ဗမာပြည်ကနေခွဲထွက်ဖို့ အခွင့်အလမ်းကို အမြဲစောင့်နေကြတဲ့ သူတွေဖြစ်
တယ်။  ဒါကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ စစ်ပွဲဖြစ်ရင် သူတို့ ... အမြတ်ထွက်လိမ့်မယ်´´ .... တဲ့ခင်ဗျာ..........။
အောက်မှာ မူရင်းဖိုရမ်ကို သွားကြည့်လို့ရအောင် လင့်ချိတ်ပေးထားပါတယ်။
Who will Win in a BD - Myanmar Naval War?
                            
အပိုင်း(၃)
                             သူတို့ စိတ်ကူးနဲ့ သူတို့ ရေးနေကြ၊ ပြောနေကြတာတွေကို.......... အစိုးရ မဟုတ်တဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ
အနေနဲ့တောင် သိအောင် လုပ်ထားကြပါတယ်.... ဒီသတင်းလေးတွေ ဖတ်ပြီး နိုင်ငံသားတိုင်း အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်
နိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်.....  နိုင်ငံသားတိုင်း အသိတရားနဲ့ သတိထားနိုင်ကြပါစေကြောင်းခင်ဗျာ........။         
                             နောက်ဆုံးပေါ်   နိုင်ငံရေးဗိုင်းရပ်စ် အသစ်မျိုးကို သတ်နိုင်တဲ့  ဆော့ဝဲလေးတွေလဲ နိုင်ငံတော် အစိုးရ လက်ထဲမှာ
အဆင်သင့်ကိုင်ထာပါကြောင်း တင်ပြရင်း.......
ကွန်ဆူးမား(၁၈-၆-၂၀၁၂)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More