This is default featured post 1 title

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ

This is default featured post 2 title

သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း

This is default featured post 3 title

ဒေါ်အောင်ဆန်းစုကြည်

This is default featured post 4 title

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)

This is default featured post 5 title

စည်းလုံးခြင်းသည် အင်အား

Tuesday, January 10, 2012

တောင်ဒဂုံ တွင် တကိုယ်တော် ဆန္ဒပြ

တောင်ဒဂုံ တွင် တကိုယ်တော် ဆန္ဒပြ
ဇန်န၀ါရီ ၁၀ ရက်၊ နံနက် ၁၁နာရီ (YPI)

ယနေ့နံနက် ၉နာရီ ၄၅ မိနစ်မှ စ၍ တောင်ဒဂုံ ၇၀ ရပ်ကွက်အနီး၌ လူ့အခွင့်အရေး လှုပ်ရှားသူ ဦးစိုးကြွယ် တောင်းဆိုချက် ၆ ချက်ကို ဗီနိုင်းတွင်ရေးသား ကိုင်ဆောင်ကာ တကိုယ်တော် ဆန္ဒပြခဲ့သည်။
၁၅ မိနစ်ကြာ လမ်းလျှောက် ဆန္ဒပြပြီးနောက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဦးစိုးကြွယ်အား ကားဖြင့်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့လိုက်ရသူ တဦးက YPI သို့ပြောသည်။
“ သူ့ကို ဆွဲတင်တော့ ဦးစိုးကြွယ်က ဆွဲမတင်နဲ့ ဂုဏ်သိက္ခာရှိရှိ လိုက်မယ်ပြောပြီး လိုက်သွားတယ်၊ ခေါ်သွားတာတောင် တောင်းဆိုချက် ၆ ချက်ပါတဲ့ ဗီနိုင်းကို ကိုင်လျှက်သားပဲ” ၎င်းမျက်မြင်တွေ့သူက ပြောပြသည်။
တောင်းဆိုချက် ၆ ချက်မှာ ကွန်ကရစ်လမ်းများ ခင်းပေးရေး၊ မီတာထိန်းသိမ်းခ နှင့် မီတာခ လျှော့ချရေး၊ ရေမော်တာမှရေ ပုံမှန်ရရှိရေး၊ အစိုးရ၀န်ထမ်းများ အကျင့်ပျက်မှု အရေးယူပေးရေး၊ ၂၄ နာရီမီးပုံမှန်ရရှိရေးနှင့် အစိုးရ၀န်ထမ်းများ၏ အခက်အခဲကို တာဝန်ယူဖြေရှင်းပေးရေး တို့ဖြစ်သည်။
ဦးစိုးကြွယ်နှင့် အခြားနိုင်ငံရေး လှုပ်ရှားသူတို့မှာ ယခုလ ၄ ရက်နေ့က ငြိမ်းချမ်းစွာစုဝေး စီတန်းခွင့် သက်ဆိုင်ရာတွင် လျှောက်ထားခဲ့သော်လည်း ချပေးခြင်းမရှိသဖြင့် ယခုကဲ့သို့ တကိုယ်တော် ဆန္ဒပြခြင်းဖြစ်သည်ဟု နိုင်ငံရေးလှုပ်ရှားသူတဦးက ပြောသည်။
ဦးစိုးကြွယ်မှာ ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၂ နှစ်အပြစ်ပေးခံရဖူးကာ နောက်ပိုင်း လူ့အခွင့်အရေး ဆိုင်ရာ ကလေးစစ်သားပပျောက်ရေး ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေး နေသူတဦးဖြစ်သည်။ ၎င်းသည် တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတဦးဖြစ်သည်။ ။
ရပ်ကွက်ဆန္ဒပြပွဲတွင်ဦးဆောင်သူဟုယူဆရသောဦးစိုးကြွယ်အားတောင်ဒဂုံရဲစခန်းတွင်အမှုဖွင့်အရေးယူထားကြောင်းတောင်မြောက်လမ်းဆုံရှိတောင်ဒဂုံရဲစခန်းမှရဲတပ်သားတစ်ဦးကအတည်ပြုပြောကြားသည်။
" အမှုဖွင့်ထားပါတယ်။ ပ နံပါတ်လည်းရှိတယ်။ဒါပေမယ့်ကျွန်တော်တို့စခန်းမှုး ဗိုလ်ကြီးဦးထွန်းလင်းနဲ့ဝင်တွေ့ပြီးမေးပါ။ကျွန်တော်ပြောခွင့်မရှိဘူး "ဟု၎င်းကဆက်ပြောသည်။အဆိုပါအမှုနှင့်ပတ်သက်၍
သက်ဆိုင်ရာအဆင့်ဆင့်သို့တင်ပြထားကြောင်းလည်း၎င်းကပြောသည်။ဆန္ဒပြပွဲမှာနံနက် ၉း ၃၀နာရီဝန်းကျင်
ခန့်တွင်ဖြစ်ခဲ့ပြီး သက်ဆိုင်ရာမှသတင်းအရလာရောက်ပြီးဦးဆောင်သူဟုယူဆရသောဦးစိုးကြွယ်အားထိမ်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အမှုနှင့်ပတ်သက်ပြီးတောင်ဒဂုံရဲစခန်းမှစခန်းမှုးဦးထွန်းလင်းအား Messenger ဂျာနယ်မှ၎င်း၏ရုံးခန်းတွင်တွေ့ဆုံမေးမြန်းရာ "ဘာမှမပြောနိုင်ဘူး၊ခင်ဗျားတို့လည်းကိုယ့်အလုပ်ကိုယ်လုပ်၊ကျွန်တော်လည်းကျွန်တော့်အလုပ်ကျွန်တော်လုပ်နေတယ်။ဘာမှမမေးနဲ့၊ဘာမှမပြောနိုင်ဘူး " ဟုပြောဆိုကာဖြေကြားရန်ငြင်းဆိုခဲ့သည်။ သတင်းရင်းမြစ် YPI

သတင်းထောက်တစ်ဦး ၏ မီးစုန်းနီမှတ်တမ်း

မိုးကြိုးပစ်သံကြောင့်လန့်နိုးလာခဲ့တယ် နာရီကြည့်တော့ည၂ နာရီ ။ ၁၉၂ ကိုဖုန်းခေါ်တော့ မကိုင်။ ဖုန်းတွေဝင်လာတယ်။ ဗုံးသုံးလုံးပေါက်တယ်ပြောတယ်။ လေယာဉ်ပျက်ကျတယ်ပြောတယ်။ ဟိုပြောဒီပြောပြောကြတယ်။ အယ်ဒီတာဆီဖုန်းဆက်တယ် ။ ဘာဘဲဖြစ်ဖြစ် ပြေးရမယ် ဘောင်းဘီဝတ်တယ် ကင်မရာထည့်တယ် ။လမ်းထိပ်ပြေးတယ်။ ဘယ်ကိုသွားရမှန်းမသိ ။ ဖုန်းဝင်လာတယ် အေဘီစီသွားပါ ။ လစ်ပြီ...။

လမ်းတစ်လျှောက်လူတွေ ဟိုကြည့်ဒီကြည့်လုပ်နေကြတယ်။ တာမွေနားကျတော့လူများလာပြီ ။ ကြက်ဘဲဈေးမှာလမ်းပိတ်ထားတယ် ။ အတင်းပြေးတယ်။ သတင်းထောက်တွေပြေးကြတယ်။ ဖြစ်တဲ့လမ်းထိပ်ရောက်တော့ ၀င်လို့မရဘူး ရဲအော်တယ်။ မရဘူး ၀င်မှာဘဲဆို အတင်းပြေးဝင်သွားတယ်။

မီးသတ်ကားတွေ မီးသတ်ကားတွေ နောက်မီးသတ်ရဲဘော်တွေ .နောက်ပြိုပျက်နေတဲ့အိမ်တွေ  မီးတောက်တွေ တွေ့ရတယ် ။ နောက် အလောင်းတွေသယ်နေတယ် ။ လူနာတွေ ဆွဲထုတ်နေတယ် ။ သွေးတွေနဲ့မီးသတ်ရဲဘော်တွေ ပိုက်ဆင်နေကြတယ် ။ သွပ်ပြားတွေ မှ တောင်ပုံရာပုံ။

ဂိုတောင်ကြီးတွေ မီးလောင်နေကြတယ် ။ ပြိုပျက်နေတဲ့ဖုန်းကြီးကျောင်းကနေပါတ်ပြီး မီးလောင်နေတဲ့ဂိုထောင်တွေအနားရောက်ဖို့ကြိုးစားတယ် ။ မီးသတ်သမားတစ်ယောက်လှမ်းအော်တယ် နောက်ထပ်ပေါက်ဖို့ရှိတယ် ။ ဆက်သွားတယ် ။ ကိုကောင်းထက် တွေ့တယ် ကိုစိုးဇေယျာထွန်း တွေ့တယ် ။ ဓါတ်ပုံရိုက်တယ် ။

မြင်ကွင်းတစ်ခုလုံးမီးတွေလောင်နေကြတယ် ။ပြာပူတွေနင်းရတယ် ။ အပူတွေဟပ်တယ် ။ ချွေးတွေကျတယ်။သတင်းသမားတစ်ယောက်က သူစောနက အလောင်းသယ်ပေးနေရလို့ ပုံကောင်းမရဘူးပြောတယ်။  ဂဲ့အိုးကြီးမီးလောင်နေတယ်အော်တယ် ။ နောက်နဲနဲဆုတ်ကြတယ် ။ အေးဆေးလမ်းလျောက်လာတဲ့ ကိုကောင်းထက်ကိုရိုက်တယ်။

ဒီလိုနဲ့ဟိုရိုက်ဒီရိုက်လုပ်ရင် ပုဇွန်တောင် ချောင်းကမ်းပါးက သဲအိတ်တွေနောက်မှာ လူတွေ ၀ပ်နေကြတယ်။ ပြီးသွားပြီထပါဆိုလည်းမထ ။မီးသတ်ခေါ်ပေးပါ ကယ်ဆယ်ရေးခေါ်ပေးပါ အော်နေကြတယ်။ မီးသတ်တွေက ဟိုးဘက်ထွက်သွားကြပြီ ။ လှမ်းအော်တယ်။ မကြား ။

ဒါနဲ့သွားပြောတယ်။ပြောနေတုန်းမှာ ပြိုပျက်နေတဲ့အိမ်တွေမီးကူးတယ်။  မီးသတ်တွေ ပြေးငြိမ်းနေကြတယ် ။ သူတို့နဲ့အတူ သတင်းထောက်တွေလည်းလိုက်သွားတယ်။  ကြက်ခြေခတ်အနီရောင်ဝတ်ထားတဲ့ လူတစ်ဦးက အမောတကောလာပြောတယ် လူနာတွေ့ရင် အော်ပေးပါတဲ့။

မှောင်မဲပြိုပျက်နေတဲ့လမ်းတွေထဲဝင်တယ် ။ဓါတ်ပုံရိုက်တယ် ။ ဘယ်သူရှိလည်းဘယ်သူရှိသေးလည်းအော်တယ်။ တိတ်ဆိတ် လျှက် ။ ဟိုဘက်မှာတော့ ကမ္ဘာပျက်သလိုမီးတောက်တွေ မီးသတ်တွေ နဲ့ ။

ဒါနဲ့ပြန်ထွက်လာခဲ့တယ် ။ နောက်မှသိရတာ ကျတော်ဝင်တဲ့လမ်းထပ်က ကျွန်တော်နင်းခဲ့တဲ့သွပ်ပြားတွေအောက်မှာ မီးသတ်ရဲဘော်တစ်ဦးအလောင်းရှိတယ်ဆိုတာ။ ဘုန်းကြီးကျောင်းနားပြန်ရောက်တော့ ခုဏက ၀ပ်နေလူတွေကို မီးသတ်ရဲဘော်တွေခေါ်လာတယ်။

ဘုန်းကြီးတပါးထမ်းသွားကြတယ် ။ မီးသတ်တစ်ယောက်စောင်နဲ့ထုတ်သွားကြတယ်။ ဟိုလူကိုတွဲသွားကြတယ် ။ ဒီလူကိုချီသွားကြတယ်။ ဓါတ်ပုံရိုက်တယ် ။

ပြိုပျက်ပွင့်ထွက်နေတဲ့ ဂိုထောင်တွေထဲမှာဘာရှိမလဲသိချင်လာတယ် ။ မယောင်မလည် ပွင့်နေတဲ့တံခါးကြားက ကုန်းပြီးတိုးဝင်တယ်။ ဂိုတောင်က ဟောင်းလောင်း ဟိုဘက်ဂိုတောင် မှာ တိုင်ကီကြီးတွေ ဆေးပုံးတွေ ။ ဒီဘက်ဂိုတောင်မှာ မီးလောင်နေတဲ့စတီးပုံးတွေကို အော်ဟစ် ညှိမ်းသတ်နေကြတယ်။

အယ်ဒီတာ့ဆီပြေးချိန်ရောက်ပြီဆိုပြန်ထွက်တယ် ။ အုန်းသီးတွေ ကြွေနေတာတွေ့ရတယ် ။ ရေလည်းဆာပြီ ။ အုန်းသီးကိုပိုက်တယ် ။ စဉ်းစားတယ် ။ ယူသွားပြီးခွဲစားမလား ။မကောင်း  ။ သူများတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အုန်းသီး ပိုက်ပြီးထွက်လာတာမကောင်း။
ပြန်ချတယ် ။ လမ်းထိပ်ကိုထွက်တယ် ။ ခေါင်းပွင့်နေတဲ့မိန်းမတွေရဲ့ ဦးခေါင်းခွံအကြွင်းအကျန်တွေ ရိုက်တယ် ။

ပြီးတော့ ဗိုလ်တစ်ထောင်ဘက်ပြေးတယ် ဘာကားမှ ငှားမရ ။ တစ်မိုင်ကျော်လောက်ပြေးပြီးတဲ့အချိန် မှာ လမ်းပိတ်ထားတာကိုစမြင်ရတယ် ။ အဲဒီနားရောက်တော့တိုင်စီရတယ်။

အယ်ဒီတာဆီပုံအပ်တယ် ။ နောက်ဆေးရုံကြီးကို ကိုဇေယျာလှိုင်နဲ့ ပြေးတယ်။ ထုံးစံအတိုင်းအရေးပေါ်အပေါက်က၀င်လို့မရဘူး ။ ဆေးရုံကားတွေ နဲ့ရောက်လာတဲ့လူနာတွေကိုရိုက်တယ်။ မော်တော်ပီကယ်တစ်ယောက် ကြက်ခြေခတ်အကျီဝတ်ပြီး ကလေးလေးကို ဖွဖွလေးပွေ့ ချီလိုက်တာ ကိုရိုက်မိလိုက်တယ်။

ဆေးရုံကြီးထဲရောက်အောင်လှည့်ပါတ်ဝင်တယ် ။ ခပ်တည်တည် လုပ်တယ် ။ ဒါတ်ပုံမရိုက်ရတဲ့စာတန်းတွေ့တယ်။ ဒါတ်ပုံရိုက်ဖို့ သတိရတယ် ။ ခိုးရိုက်တယ်။

အယ်ဒီတာ့ဆီပြန်တော့မိုးလင်းတော့မယ်။ မနက်၈နာရီလောက်အိပ်တော့မယ်ဆိုပြီး အိမ်ပြန်တယ် ။အိပ်မရ ဖုန်းတွေဝင်လာတယ်။ ဖြေတယ်။အိပ်ရေးပျက်တော့  ဘာမှစားမရ။ ညနေ၃ နာရီလောက်ရောက်တော့ ဖုန်းဝင်လာတယ် ရေဝေးကိုသွားပါတဲ့ ။အခမ်းအနားနဲ့ကျဆုံးတွေကိုသဂြိဟ်မယ်တဲ့။

ဒါနဲ့ရေဝေးကိုပြေးတယ်။ လူကတုန်နေတယ်။ အားမရှိ ။ ဟိုရောက်တော့ အလေးပြုတဲ့အချိန်မှာ ခံစားချက်တွေ တွေ့ရတယ်။ ကိုယ်လည်းခံစားရတယ်။ ဓါတ်ပုံရိုက်ရင်းမျက်ရည်ကိုခိုးသုတ်ရတယ်။ မျက်ရည်တွေစီးကျနေတဲ့မီးသတ်ရဲဘော် တစ်ဦး မှာသွေးတွေ ဒါဏ်ရာတွေနဲ့ ။

ဘာ့ကြောင်ဒီလောက် ပြင်းထန်အောင်ပေါက်ကွဲရတာတုန်းဆိုတာသိချင်တယ်။ နောက်ရက်ထပ်သွားတယ်။ ၀င်လို့မရတော့ဘူး ဂိုတောင်ဘက်ကို စစ်သားတွေ တုတ်တွေနဲ့လိုက်ထိုးနေတာတွေ့ရတယ်။ ဟိုးနေ့ညတုန်းက ပြေးလွားခဲ့တဲ့နေရာတွေကို ကြည့်ရင်းလန့်သွားတယ်။ စစ်ဖြစ်ထားသလိုပါလား..း

ကွေ့ကောက်သွားခဲ့တဲ့ဘုန်းကြီးကျောင်းဘက်သွားတယ် ဒါတ်ပုံရိုက်တယ် ။ ရိုက်နေတုန်းပြိုကျသွားတယ်။ ဘုရားဘုရား ဟိုနေ့ညကသာပြိုကျရင် ငါတော့နာပြီလို့တွေးမိတယ်။

ဒါနဲ့ နောက်ရက်ထပ်သွားတယ်..။ကြံခိုင်ရေးတွေတွေ့တယ် ။ အလှုရှင်တွေတွေ့တယ် ။ မီးသတ်ကားသုံးစီးတွေတယ်။ ဟုတ်ပြီး တွင်းဘေးက ထပ်ထားတဲ့အိပ်တွေကို ရေနဲ့ထိုးချတယ် ။ ပုံးတွေပေါ်လာတယ် မယောင်မလည်ပါတ်သွားပြီး မေးတယ် ဘာပုံးတွေတုန်း ။ မီးသတ်ဗိုလ်တစ်ဦးကပြောတယ် ။ မသိဘူးအိပ်တွေနဲ့ဖို့ထားတာတဲ့။

ဟုတ်ပြီ
လှည့်ပါတ်သွားတယ်။ CID အကျီနဲ့လူတွေတွေ့ရတယ် ။ပုံးထဲကဟာတွေ နမူနာယူတယ် ။ ပုံးတွေကိုသဲတွေနဲ့ဖို့တယ် ။ အထဲကဟာကိုဂေါ်ပြားနဲ့ ဖွဖွလေးကလော်တယ် တစ်ယောက်က သဲနဲ့ ဂေါ်ပြားကို ဖုံးတယ် ။ သတိကြီးကြီးထားပြီးချောင်း ကမ်းပါးနားသွားတယ် တစ်စက်ပြုတ်ကျတယ် ရှဲခနဲဆို မီးတွေထတောက်တယ်။ ..ဟာ ယမ်းတွေလားမသိဘူး ဆိုရိုက်တယ် ။

နောက် အနားကပ်သွားတယ်။မီးသတ်ရဲဘော်၂ဦးထိုင်နေတယ်။ အဲဒါဘာတွေတုန်းမေးတော့ ဇ၀က်သာဖြစ်မယ်တဲ့ ။ သူဖင်ခုထိုင်နေတဲ့အိတ်က ammonium chloride (ဇ၀က်သာ)အိတ်တွေ။

ဒါနဲ့ အစ်ကိုတို့အခုရှင်းနေတဲ့ပုံး တွေကိုပြောတာလို့မေးတော့ အင်းလေ ဇ၀က်သာတဲ့ ။ ထားပါတော့ ။ ဘယ်လိုရှင်းရတာတုန်းမေးတော့ ဒီကောင်က လေနဲ့ထိလို့မရဘူး လေထိတာနဲ့မီးလောင်တယ်။ ရေနဲ့တော့ဖျော်လို့ရတယ်။ ရေခြောက်လို့လေနဲ့တွေ့ရင်ပြန်လောင်တာလို့ပြောတယ် ။အဲဒီပုံးတွေကိုအိတ်တွေနဲ့ဖို့ပြီးဖွက်ထားတာ လို့ပြောတယ်။ အနီရောင်တွေလို့လည်းပြောတယ် ။

စစ်ဆေးပြီးလို့ပိုနေတဲ့ ပုံးထဲကအနီရောင်အဖတ်တွေကို ပုဇွန်တောင်ချောင်းစမ်မှာ ပစ်တယ် ။မီးခိုးတွေ အူတက်လာတယ် ရှဲခနဲရှဲခနဲ မီးတွေတက်လာတယ် ။ ဂေါ်ပြားတစ်ဝက်လောက်တောင်မှာ မီးခိုးလုံးနဲ့မီးလုံးနဲ့အလိပ်လိုက်တက်လာတယ် ။

ယမ်းစိမ်းနဲ့ ကန့်နဲ့ပေါင်းပြီး ၁၅ ပေအနက်ပေလေးဆယ်အကျယ် ငလျှင်စကေး ၃ ကျော်ကျော်ဖြစ်လောက်အောင်မပေါက်ကွဲနိုင်ပေမယ်။ ဒီပုံးတွေရာနဲ့ချီ စုထားရင် တော့ဒီလောက်အထိပေါက်နိုင်တယ်ဆိုတာသိသွားပြီ။

ဒါနဲ့ ထပ်အနားကပ်သွားတယ်။ CID တစ်ယောက်ကိုမရဲတရဲနဲ့မေးတယ် အဲဒါဘာပုံးတွေလည်းအစ်ကိုလို့။ ဒီပုံးတွေက ရပ်ဖော့စပရပ် ပါတဲ့။အင်္ဂလိပ်လိုဘယ်လိုပေါင်းသလဲမေးတယ်။  RED PHOSPHORUS တဲ့ ။ချက်ခြင်းသတိရမိလိုက်တယ်။ အကောက်ခွန်ကထုတ်တဲ့စာအုတ်ထဲက တားမြှစ် ဓါတုဗေဒစာရင်းမှာ အဲဒါပါတယ်ဆိုတာ။

မေးနေတုန်းမှာဘဲ  ကဒ်ပြားချိတ်ထားတဲ့လူတစ်ယောက်စိတ်ဆိုးနေတဲ့ပုံနဲ့ရောက်လာပြီး ညီလေးကဘယ်သတင်းဌာနကတုန်းမေးတယ်။ ဖြေတယ်။ ညီလေးရိုက်ချင်ရင်အပြင်မှာထွက်ပြီးရိုက်ကွာ ဒီမှာအလုပ်လုပ်နေတာအနှောက်အယှက်ဖြစ်တယ် ပြောတယ်။ မသိလို့ပါနော်အစ်ကို မနှောက်ယှက်တော့ပါဘူး ဖြေပြီးကုတ်ချောင်းချောင်းထွက်လာခဲ့တယ်။

မထွက်ခင်လှမ်းကြည့်လိုက်တော့ ပုဇွန်တောင်ချောင်းထဲကိုဖျော်ချနေကြတယ်။
ဒါအမှန်ဆုံးဘဲလို့ လေနဲထိရင်မီးလောင်ပေါက်ကွဲတဲ့အရာတွေကို ရေထဲဖျော်ချတာအကောင်းဆုံးလေ။ထပ်မလောင်တော့ဘူးပေါ့။

လမ်းရောက်တော့ ဥက္ကာကိုကိုတို့ဆီဖုန်းဆက်ပြောခဲ့သေးတယ် ဒါတုအသစ်တွေထပ်တွေ့တယ်လို့ ။ သူတို့သွားတော့ ရဲမှုးက ဇ၀က်သာအိပ်တွေကိုလက်ညှိုးထိုးပြပြီး ယမ်းစိမ်းအိတ်၂၀ တွေ့တယ်ဆိုပြောလွတ်လိုက်တယ်။ နောက်အပါတ် 7day မှာပါလာတယ်။

နောက် အယ်ဒီတာဆီဖုန်းဆက်တယ်။ ချက်ခြင်းပြေးတယ်။ လမ်းမှာ ဖုန်းဝင်လာတယ် ဂိုတောင်မီးထပ်လောင်တယ်တဲ့။ ဂိုတောင်မီးလောင်တာမဟုတ်ဘူး အစ်မရေ အကြွင်းအကျန်တွေရှင်းလင်းနေတာလို့ ပြန်ပြောဖြစ်တယ်။
ရုံးရောက်တော့ဖုန်းတွေဆက်တယ် ။ဓါတုဗေဒစတိုးတွေဆက်တယ်။ သူတို့က ပြောတယ် ဒီပစ္စည်းက သွင်းလို့မရဘူး ပိတ်ထားတယ်။မီးခြစ်စက်ရုံတွေမှာဘဲရှိတယ် ။အစိုးရမှာဘဲရှိတယ်။

ဒါနဲ့ဒီပစ္စည်းအကြောင်း အင်တာနက်မှာရှာတယ် MSDS တွေဒေါင်းလုပ်ဆွဲတယ်။ အဲဒီ RP က မီးခြစ်ဘူးဘေးကအပြားလေးလုပ်တဲ့နေရာမှာသုံးတယ်။မီးရှူးမီးပန်း ၊မီးလောင်ဗုံး လုပ်တဲ့နေရာမှာသုံးတယ်(အခုတော့အဲဒီမီးလောင်ဗုံးတွေ မလုပ်တော့ဘူးတဲ့) မတ်သာအဖက်တမင်းချက်လုပ်တဲ့နေရာမှာသုံးလို့ တစ်ကမ္ဘာလုံးမှာ ပိတ်ပင်ထားတယ် ။ အရောင်းအ၀ယ်တွေစောင့်ကြည့်နေတယ်။

စိတ်ကြွဆေးဘယ်လိုချက်သလဲ ဆိုတော့ အက်ဖီဒရင်းဆိုတဲ့ ဓါတုဗေဒတစ်မျိုးရာယ် RP ရာယ် နောက်အိုင်အိုဒင်းရာယ်ပေါင်းပြီးချက်တာလို့သိရတယ်။ အဲဒီသုံးခုစလုံး မူးယစ် က ပြည်သူတွေ လုံးဝ ကိုင်ခွင့်မပြု ဇယား၁ ထဲမှာ ပါတယ်။

ရှုပ်ကုန်ပြီ။ ဒါနဲ့ ပေါက်ကွဲတဲ့နေရာပြန်သွားတယ် ။မီးခြစ်စက်ရုံရှိတယ်ဆိုလို့ ။ မီးခြစ်စက်ရုံကလွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မန်းလေးဘက်ကိုပြောင်းသွားတာတဲ့ ။

ဒါဆို အဲဒီပစ္စည်းတွေပိုင်ရှင်က ဘယ်က၀ယ်ထားသလဲ ဘာလုပ်ဖို့လဲ ။ပုဂ္ဂလိကပိုင်မီးခြစ်စက်ရုံတည်ဖို့လား ။ မီးခြစ်စက်ရုံတည်ရင်လည်း ပုံးတစ်ပုံးလောက်ရှိရင်မီးခြစ်ဗူးပေါင်းသန်းနဲ့ချီပြီး နှစ်ပေါင်းများစွာလည်ပါတ်လို့ရတယ်ဆိုတာသိထားတယ်။ ယမ်းမီးခြစ်တွေခေတ်မရှိတော့ဘူးဆိုတာလည်းသိထားတယ်။

သေတဲ့သူတွေက သေသွားကြပြီး သေလုမြောပါးခံစားနေရတဲ့သူတွေလည်းဆေးရုံကမဆင်းသေး..တွင်းကြီးကိုတော့ ပြန်ဖို့ဖို့လုပ်နေကြပြီ။
ခုထိ မေတ္တာမွန်ဂိုတောင်ပေါက်ကွဲမှုက ပဟေဠိဆန် နေတုန်း...


၂၉နေ့ညက
နောက်ထပ်ပေါက်ကွဲမှာကြောက်လို့ ပုဇွန်တောင်ချောင်းကမ်းပါးတွင်ပုန်းခိုနေသူများ
စုံစမ်းစစ်ဆေး
မီးစုန်းနီပုံးများ
မီးစုန်းနီ (RP)တွေချောင်းကမ်းပါးမှာသွန်ချ မီးတွေထတောက်
မီးစုန်းနီများလေဖြင့်မထိတွေ့အောင်သဲဖြည့်ထားပုံ
UN cn /580029 PI :001
သတင်းရင်းမြစ်       သူရမျိုး

Monday, January 9, 2012

ခံစားချက်နဲ့ အသက်ရှင်မယ်....

စည်သူလွင်သီချင်းလေးတစ်ပုဒ် ကြားဖူးမယ်ထင်တယ်။
'' နှလုံးသားနဲ့ အသက်ရှင်ခဲ့... စွန့်လွှတ်ဖို့ မပြောလိုက်နဲ့... အချစ်ဆုံးမင်းကို ဝေးသွားမှာ စိုးတယ် ''...တဲ့။
၁၉ နာရီ ၁၈ မိနစ်အခွေထဲမှာ ပါတယ်...ထင်တာပဲ။ သိပ်တော့ မမှတ်မိတော့ဘူး။ နှလုံးသားနဲ့ အသက်ရှင်တယ်..ဆိုပဲ။

လင်းရောင်ဆိုတဲ့ ကျုပ်ကလဲ အဲဒီလိုပဲဗျ။ နှလုံးသားနဲ့ပဲ အသက်ရှင်ချင်တယ်။ ခံစားချက်ကိုပဲ အဓိကထားတယ်။
အရှုံးအမြတ်တွက်ဖို့အတွက် ငွေတွေ၊ ရွှေတွေ၊ ဂုဏ်တွေ ပကာသနတွေနဲ့ စိတ်တွက်တွက်ရတာကို မုန်းတယ်။
ဘ၀ရဲ့ အဓိကကျတဲ့ ဆုံးဖြတ်ချက်တော်တော်များများကိုလဲ နှလုံးသားနဲ့ ရင်းပြီး ချခဲ့တာချည်းပဲ။
အဲဒါကြောင့်မို့ ဖြစ်မှာပေါ့လေ....။
မှားလိုက်တာလဲ သောက်သောက်လဲပဲ။

ကျုပ်ဘယ်လောက်ထိ ခံစားတတ်ခဲ့သလဲ ပြောပြရဦးမယ်။
ငယ်ငယ်ကတည်းက မကြည့်ရဲတဲ့ ဗွီဒီယိုကားတွေရှိသဗျ။
ဘယ်.......သရဲကားတွေ ...စိတ္တဇလူသတ်ကားတွေဟုတ်မလဲ။
'' မျက်ရည်လွယ်သူများ လက်ကိုင်ပုဝါ ဆောင်လာပါ'' ဆိုတဲ့ကားမျိုးတွေပေါ့။
ကြည့်ရမှာ သိပ်ကြောက်တာပဲ။ ငိုရလွန်းလို့လေ။
ကျုပ်တို့မြို့မှာ ဗီဒီယို ရှိုးရုံတွေက အဲဒီလို သတိပေးပြီးမှ ဒရာမာကားတွေပြတာ။
အဲဒီကားမျိုးဆိုရင်တော့ ကျုပ် မကြည့်တော့ဘူး။ မသိလို့များ ကြည့်မိရင်တော့လား။
ဇာတ်ကားထဲက မင်းသမီးနဲ့ မင်းသားကတော့ ဘယ်လိုနေတယ် မသိဘူး။
ကျုပ်ကတော့ ၀မ်းနည်းစရာ ဇာတ်ဝင်ခန်းတွေ ပြန်ပြန်တွေးပြီး မပြီးနိုင် မစီးနိုင် ညအထိ ထိုင်ငိုတော့တာ..။
မှတ်မှတ်ရရ... ကျုပ်အငိုရဆုံး ဇာတ်ကားနှစ်ကားရှိတယ်။
ဘဘဦးသုခရိုက်တဲ့ ဘ၀သံသရာဆိုတဲ့ကားနဲ့ ခွေးလိမ်မာပါဝင်သည်ဆိုတဲ့ ကုလားကား။
ဘယ်နှယ့်ဗျာ..။
စိတ်ခိုင်ပါတယ်ဆိုတဲ့ လူကြီးတွေတောင် မျက်ရည်တောက်တောက်ကျတဲ့ ကားတွေပေါ့။
ဇာတ်လမ်းတွေတော့ မမှတ်မိတော့ဘူး..။ ငိုရတာတော့ မှတ်မိသေးတယ်။
ဘ၀သံသရာကားမှာ ကလေးသရုပ်ဆောင် အောင်ထွန်းလေးက ငို။
အပြင်မှာ ကျုပ်ကလဲ သူ့ကို ကြည့်ပြီး စိတ်မထိန်းနိုင်လို့ ငို။
ကုလားတွေကလည်း ဇာတ်လမ်းထဲမှာ  တွန့်လိမ်ကောက်ကွေးနေအောင်  ကပြီး ငို။
ကျုပ်ကလဲ ရုံထဲမှာ မျက်ရည်သုပ်လိုက် နှပ်ချေးသုပ်လိုက် ဖင်ဆောင့်ပြီးတော့ကို ငိုတာ။
အဲဒီကတည်းက ဆုံးဖြတ်ချက်ချလိုက်တယ်.။ ငိုစရာအရမ်းကောင်းတဲ့ ကားတွေဆို လုံးဝ မကြည့်တော့ဘူးလို့။
အသတ်အပုတ် ဖိုက်တင်ခန်းတွေ သိပ်ကြိုက်တဲ့ကျုပ်ဟာ
ဂျပန်တွေ၊ အင်္ဂလိပ်တွေကို တော်လှန်တဲ့ သီဟတင်စိုးကားတောင် မကြည့်ဘူး။
အဲလူကြီးက တော်လှန်းရေးလုပ်ရင်း အရမ်းငိုလွန်းလို့။

ထားပါ..။ ကျုပ်အဓိက ပြောချင်တာက...ခံစားချက်ကို ရှေ့တန်းတင်လွန်းလို့ မှားခဲ့ရတဲ့ အမှားတွေအကြောင်းပေါ့။
ဒီလိုဗျ.....သုံးတန်းအောင်တော့ ကျုပ်ကိုရင် ၀တ်ရတယ်။
ကျုပ်တို့မြို့မှာ တော်တော်ကြီးကျယ်တဲ့ ရှင်ပြုပွဲပါပဲ။ အငြိမ့်တောင် ပါသေး။
သိတဲ့အတိုင်း ကျုပ်က ဖတဆိုး။
အဖေက တစ်နှစ်သားလောက်မှာ ဆုံးသွားတာ။
အမေက အဲဒီအချိန်ထိ နောက်အိမ်ထောင်မပြုရသေးပဲ..ကျုပ်ကို ကျွေးမွေးစောင့်ရှောက်လာတာဆိုပါတော့။
ဖခင်နေရာမဲ့ခဲ့တဲ့ အဲဒီ ကျုပ်ရှင်ပြုတဲ့နေ့ကိုလဲ အသည်းစွဲအောင် မှတ်မိနေတယ်။
ကျုပ်က မြင်းပေါ်မှာ။
အမေက ကျုပ်ရှေ့မှာ သင်္ကန်းအိုးလေး ပိုက်လို့။ ကျုပ်အဖိုးက သပိတ်ကလေးလွယ်ရတာပေါ့။
ဘုန်းကြီးကျောင်းကို သွားခဲ့တဲ့မြင်ကွင်းက ကျုပ်အတွက်တော့ တစ်သက်စာ အမှတ်တရပါ။
အခုမြင်ရင်တောင် မမှတ်မိနိုင်တဲ့ အဖေကို အဲဒီနေ့က သတိရလိုက်တာဗျာ။
မိစုံဖစုံ ရှင်ပြုပွဲတွေဆို အဖေအမေက သပိတ်၊ သင်္ကန်းပိုက်ပြီး လိုက်ရတာမို့လား။
အဖေ့ကို သတိရနေတဲ့ ကျုပ်အမေကလည်း ပြိုတော့မယ့် မိုးလိုပဲ မျက်နာလေးကို ညိုလို့။
ကျုပ်ကွယ်ရာမှာ ခိုးခိုးပြီး မျက်ရည်ကျနေတာလဲ ကျုပ်က တွေ့ထားတာကိုး။
ကျောင်းရောက်လို့ ဆံချတော့ အမေက စိတ်မထိန်းနိုင်တော့ဘူးထင်ပါရဲ့။
ကျုပ်ရှေ့မှာ သဘက်ကလေးကိုင်ပြီး မျက်ရည်တွေ တွင်တွင်ကျ။
ကျုပ်အဖိုးကလည်း သဘက်စ တစ်ဖက်ကိုင်ပြီး သူ့သမီးကို အံ့ကြီးကြိတ်ပြီး မချိတင်ကဲဖြစ်နေတဲ့ မြင်ကွင်း။
အမေကလည်း ငို။ ကျုပ်ကလည်း ငို။ ကျုပ်အဖွားကလည်း ငို။
ဆွေမျိုးနီးစပ်တွေကလည်း ငို။ ရှင်ပြုပွဲလိုက်တာတဲ့ အိမ်နီးနားချင်းတွေကလည်း ကျုပ်တို့ကို သနားပြီးငို။
ဆံချပေးတဲ့ ဦးဇင်းလေးပါ မျက်ရည်တွေ ၀ဲပြီး ငိုသဗျာ။
ကျုပ်လဲ ရှင်လောင်းလှည့်ကတည်းက ငိုလိုက်ရတဲ့ အငိုဟာ ရေစက်ချပြီး အမျှဝေပြီးတဲ့အထိ မပြီးဘူး။
ခံစားရလွန်းလို့ပါဗျာ။

ဒီလိုနဲ့ ..ကိုရင်လေး ဘ၀ရောက်တော့ နေ့တိုင်းဆွမ်းခံထွက်ရသဗျ။
ဆရာတော်ကြီးက ကိုရင်ဆိုတာ ဆွမ်းခံစားမှ ကုသိုလ်ရတယ်ဆိုသကိုး။
ကျုပ်လဲ ကိုယ့်အိမ်ရှိတဲ့ လမ်းထဲက တစ်အိမ်မကျန်အောင် ဆွမ်းခံတာပဲ။
တစ်လမ်းလုံးက ကျုပ်ကို သိပ်ချစ်တော့ ကိုရင်လေး....  ကိုရင်လေးဆိုပြီး နေ့တိုင်းသပိတ်ပြည့်အောင် ဆွမ်းလောင်းပေးကြတယ်။
ကျောင်းမှာဆို ဆရာတော်ကြီးကလွဲရင် ဆွမ်းကွမ်းအရဆုံးက ကျုပ်ပဲ။ တကယ်ပြောတာ။
တစ်ရက်.. ဆွမ်းခံထွက်လာတော့ လမ်းထိပ်မှာ ဒကာမကြီးမကျင်က ကျုပ်ကို ထွက်စောင့်နေတယ်။
လက်ထဲမှာ ဗလာစာအုပ်လေးတွေ ကိုင်လို့။
အဲဒီ မကျင်ဆိုတာက ရန်ကုန်က တရုတ်မ ချောချောလေး။ သူ့ယောကျာ်းဦးလေးထွေးနဲ့ ရပြီး ကျုပ်တို့ မြို့ကို ရောက်လာတာ။
ဦးလေးထွေးဆိုတာက ကျုပ်သိပ်ချစ်ရတဲ့ လူကြီးဗျ။ သူကလဲ ကျုပ်ကို သိပ်ချစ်တယ်။
ကျုပ်တို့ မြို့နယ်က ရပ်ကွက်ဘောလုံးပွဲဆိုတာရှိရင် ကျုပ်ကို ပခုံးပေါ်တင်ပြီး ခေါ်ခေါ်သွားတတ်တဲ့ ဦးလေးထွေး။
ကျုပ်ကစားဖို့ သစ်သားဂျင်တွေ .. ဒိုင်ခံထွင်းပေးတဲ့ ဦးလေးထွေး။
မပျင်းမရိ ကာတွန်းစာအုပ်တွေ အသံထွက်ဖက်ပြပေးတဲ့ ဦးလေးထွေး။
ကျောင်းသွားရင် သူရောင်းတဲ့ ပေါက်ဆီတွေနေ့တိုင်းထည့်ထည့်ပေးတဲ့ ဦးလေးထွေး။
ကျုပ်ကျောင်းမှာ ရန်ဖြစ်ပြီး ထိပ်ပေါက်လာတော့ ဒေါသတွေဖြစ်ပြီး နံရံကို လက်သီးနဲ့ ထိုးခဲ့တဲ့ ဦးလေးထွေး။
အခုတော့ ဆေးရုံပေါ်မှာတဲ့။
သူ့မိန်းမ ဒကာမကြီး မကျင်က ပြောပြောပြီးငိုတာ။
အခြေအနေမကောင်းဘူး။ သွေးတွေအန်တာ အများကြီးပဲ..တဲ့။

'' ကိုရင်လေးရယ်...ကိုရင်လေးရဲ့ ဦးလေးထွေးကို ဆုတောင်းပေးပါဦး။
အခုဆေးရုံပေါ်မှာ လှုပ်တောင်မလှုပ်နိုင်တဲ့ ဦးလေးထွေးက ကိုရင်လေးကို ကန်တော့ချင်ရှာလို့ ခဏခဏမေးနေရှာတယ်''....တဲ့။

ကျုပ်မလဲ.. ခုနှစ်နှစ်သား ရဟန္တာမှ မဟုတ်တာပဲ။ သိတဲ့အတိုင်း မျက်ရည်က လွယ်လွယ်ဆိုတော့ ငိုပြီပေါ့။
ဦးလေးထွေးကို ကျုပ်ကလည်း တော်တော်လေးကို ချစ်တာ။ ကျုပ်မိသားစုပြီးရင် အချစ်ဆုံး သူစိမ်းလို့ကို ပြောလို့ရတယ်။
အတူသွား..အတူစားပြီး ကျုပ်ကို အရမ်းအလိုလိုက်ခဲ့တာကလား။
လမ်းလယ်ခေါင်ကြီးမှာ ဒကာမကြီး မကျင်ကလဲ ငိုငိုပြီး ပြော။
ကျုပ်ကလဲ မျက်ရည်တွေ တသွင်သွင်စီးကျ။
လမ်းထဲက လူတွေကလဲ မိသားစုလို နေကြတာဆိုတော့ ၀ိုင်းအုံလာပြီး မကျင်ကို နှစ်သိမ့်ကြတာပေါ့။
မကျင်ရယ်... စိတ်မပူပါနဲ့ သက်သာသွားမှာပါ..ဘာညာပေါ့။
ကျုပ်ကလည်း ဦးလေးထွေးအကြောင်းတွေ စဉ်းစားရင်း မပြောကောင်းမဆိုကောင်း ဦးလေးထွေးများသေသွားရင်ဆိုပြီး တော်တော်လေးကို ၀မ်းနည်းမိတာ..။ ဒကာမကြီး မကျင်ကိုလဲ ဘယ်လိုနှစ်သိမ့်ရမှန်းကို မသိဘူး။

ဒကာမကြီးမကျင်က သူ့ယောကျာ်းအတွက် ဗေဒင်သွားကြည့်တော့ .. ဗေဒင်ဆရာက ယတြာချေခိုင်းတယ်။
ကိုရင်လေးတစ်ပါးကို ဗလာစာအုပ်လှူပါတဲ့လေ.။ ပြီးရင် ကိုရင်လေးကို ဆုတောင်းခိုင်းလိုက်။ ဒကာကြီးဦးလေးထွေး ချက်ချင်းသက်သာသွားမယ်ဆိုလို့  အားကိုးတကြီးနဲ့ ကျုပ်ကို ဗလာစာအုပ်လှူဖို့ စောင့်နေတာ။

ကျုပ်ကို အကြောင်းစုံ ပြောပြပြီး မျက်ရည်တရှုံ့ရှုံ့နဲ့ ဗလာစာအုပ်လေး သပိတ်ပေါ်တင်ပြီး ထိုင်ရှိခိုး။
ပြီးတော့ ''ကိုရင်လေးရယ်... ကိုရင်လေးရဲ့ ဒကာကြီးအတွက် ဆုတောင်းပေးပါနော်''...တဲ့
ရှိုက်  ရှိုက် ငိုပြီး အသံတိမ်လေးနဲ့ ပြောရှာတာ။
ကျုပ်ကလည်း .. ဦးလေးထွေးအတွက် ဖီလင်တွေက တော်တော်တက်နေပြီ။
ကျုပ်နဲ့ ဦးလေးထွေးတို့ ရင်းနှီးခဲ့တာတွေ ပြန်မြင်ယောင်ပြီး စိတ်က ယူကျုံးမရဖြစ်နေရတဲ့အထဲ... ဒကာမကြီး မကျင်ကလဲ ကျုပ်ရှေ့မှာ ငိုနေတော့ လူက စိတ်မကောင်းဖြစ်ပြီး မွှန်ထူနေတာ။
အဲဒီအချိန်ဘေးမှာ ရှိတဲ့ လမ်းသူလမ်းသားတွေက ကိုရင်လေး..ဆုတောင်းပေးလိုက်လေ.. ဆုတောင်းပေးလိုက်...လို့
သတိပေးတော့မှ  ကျုပ်လဲ သတိရပြီး ၀မ်းနည်းပမ်းနည်းနဲ့ အမြန် ဆုတောင်းပေးလိုက်ရတယ်။

'' ဒကာမကြီးရဲ့ ဒီ ..ကုသိုလ်ကြောင့် ဦးလေးထွေးတစ်ယောက် ကောင်းရာသုဂတိလားပါစေ'' လို့...

ရုတ်တရက်တော့ ကျုပ်လဲ ကိုယ့်အမှားကို မသိဘူး။ ဘေးနားက လူတွေလဲ ရုတ်တရက်ကြီး ကြောင်သွားတယ်ထင်တယ်။
ဘယ်သူမှ အသံမထွက်တော့ဘူး..။
ဒကာမကြီး မကျင်က ဦးကုန်းချနေရာကနေ ဆက်ကနဲ မော့ကြည့်ပြီး...

'' အမလေး ကိုရင်ရဲ့ .. ကျုပ်လင်က မသေသေးပါဘူးတော့...'' လို့ ဟီးချပြီး ကုန်းအော်တော့မှ ကျုပ်လဲ ကိုယ်မှားတာကိုယ်သတိရတော့တာ။
မျက်နှာဆိုတာ ဘယ်နားသွားထားရမှန်း မသိဘူး။ မကျင်ကတော့ ငိုလိုက်တာမှ လူးလှိမ့်နေတာပဲ။
သူ့ခမြာ...ကျုပ်ဆုတောင်းပေးရင် သူ့ယောက်ျား ပြန်ကောင်းလာမယ်လို့ အားကိုးတကြီး ယုံထားရှာတာ။
ကျုပ်ကလည်း အဆုံးစွန်ဆုံးဝမ်းနည်း...အဆုံးစွန်ဆုံးတွေးပြီး ...အဆုံးကြီးကို ဆုတောင်းချပစ်လိုက်တာ.။

တုန်တုန်ရီရီနဲ့ မနည်းတောင်းပန်ပြီး ဒကာကြီး အမြန်ဆုံးပြန်ကျန်းမာပါစေ...ပြန် ဆုတောင်းပေးပေမယ့်မရတော့ဘူး..။
မကျင်ကတော့ အသံဗြဲကြီးနဲ့ အော်ငိုနေတုန်းပဲ။ ကျုပ်လဲ ထူပူပြီး နောက်ကျတဲ့ ခြေထောက်သစ္စာဖောက် ကျောင်းကို ပြန်လှည့်ပြေးရတယ်။
ညနေကျတော့ ကျုပ်ရဲ့အမေက ကျောင်းကိုလိုက်လာပြီး သတင်းပေးပါတယ်။
ကိုရင်လေးရဲ့ ဦးလေးထွေးတော့ ဆုံးရှာပြီ..။ ဒီရက်ပိုင်း အိမ်ကို  ဆွမ်းခံမကြွပါနဲ့ဦး။ ဆွမ်းချိုင့်လာပို့ပါ့မယ်..တဲ့။
ကျုပ်အမေလဲ မျက်နှာပူရှာတယ် ထင်ပါရဲ့။

ကျုပ်မှာလည်း .. အိပ်လို့ မပျော်တာ တစ်ပတ်ကျော်ကြာတယ်။ ငိုလိုက်တာမှ မျက်လုံးတွေတောင် ကန်းတော့မလားမှတ်ရတယ်။
ကျုပ်ဆုတောင်းမှားလို့ ဒကာကြီးသေရတယ်လို့ စိတ်ထဲမှာလဲ စွဲသွားတာ။
ဆွမ်းခံလဲ မထွက်ရဲတော့ဘူး။
လမ်းထဲကို ရောက်ရင် မကျင်နဲ့ တွေ့မှာစိုးလို့။
သူ့ကိုလဲ တော်တော်လေးကို အားနာတယ်။
ဘယ်နှယ့် .... ၁၀ ရက်လောက်ပဲ ကိုရင်ဝတ်မယ်လို့ မှန်းထားတာ။
အိမ်ပြန်မလာရဲတာနဲ့ တစ်လခွဲလောက် ဘုန်းကြီးကျောင်းမှာ ကြာသွားတယ်။
တော်သေးတယ်...နွေရာသီ ကျောင်းတွေပိတ်ထားလို့ပေါ့။

သြော်... လင်းရောင်ဆိုတဲ့ ကျုပ်က ငယ်ငယ်ကတည်းက ခံစားချက်နဲ့ ပတ်သက်ရင် အဲဒီလို လွဲခဲ့တာ။

ဦးလေးထွေးလည်း ကောင်းရာသုဂတိလားပါစေဗျာ... အမျှ..အမျှ..အမျှပါ....။

(စာရေးဆရာပိုးက ငယ်ငယ်ကလည်းက ဦးနှောက်ထဲထိ ရောက်ခဲ့တာမို့.. စာရေးချင်တဲ့စိတ်ကတော့ သေတဲ့အထိ ပျောက်မယ် မထင်တော့ပါဘူး.. တစ်ချိန်ချိန်ကြရင် ပြန်ရေးဖြစ်မယ်ဆိုပြီး ထူးထူးခြားခြား အဖြစ်အပျက်ကလေးတွေကိုလဲ ခေါင်းထဲမှာ စွဲနေအောင်မှတ်ထားတတ်တာ ကျွန်တော့်အကျင့်ပါ.. အခုလည်း  ကိုယ့်ဖေ့ဘွတ်မှာ ကိုယ်ရေးချင်တာရေးပြီး စိတ်ဖြေနေရပါတယ်..။ ကျွန်တော့် စာလေးတွေကို ဖတ်ပေးကြသူ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်.. သူငယ်ချင်းတွေ စိတ်အပန်းပြေမယ်ဆိုရင်ပဲ ကျေနပ်ပါပြီ... ကျွန်တော်မသေခင်တော့ စာအုပ်လေးတစ်အုပ်လောက် ထုတ်သွားချင်ပါသေးတယ်...)

ကျေးဇူးတင်စွာဖြင့်
လင်းရောင်

Facebook ဘီအီးဆိုင် - (အပိုင်း-၃)

ဝုန်းကနဲ ပေါက်ကွဲသံကြီးထွက်လာသည်။
ဆိုင်တစ်ခုံလုံး သိမ့်ခနဲ ဖြစ်သွားပြီး မှန်ကွဲစများ တဖျောဖျော... ဖုန်မှုန့်များ တသောသော ပြိုကျလာသည်။
တစ်ဆိုင်လုံးလည်း ရုတ်ရုတ်သည်းသည်းဖြစ်သွားပြီး  သူ့ ကိုယ်မမြင်ရ..။ ကိုယ့် သူမမြင်ရ အခြေအနေမှာပင်  ....
''ဗုံးပေါက်တာ..ဗုံးပေါက်တာ...
မန္တလေးဈေးချိုတဲ့.......တိုက်တွေပြိုတယ်၊ ကားတွေမီးလောင်တယ်...
လူတွေ သေတယ်..ဆိုသော အတည်မပြုနိုင်သော သတင်းတွေ ပွစိပွစိထွက်လာလေသည်။
မည်သူမှတော့ ခေါင်းမထောင်ရဲသေး။ နောက်တစ်လုံးထပ်မပေါက်ဘူးဟု မည်သူမှ အာမမခံနိုင်သောအခြေအနေဖြစ်သည်။

ထိုစဉ်.. နဘေးနားခုံမှ စပ်စုပုံရသော  လူငယ်တစ်ယောက်က ဦးခေါင်းအနည်းငယ်ထောင်ကြည့်သည်။
ဟေ့ကောင် . ခေါင်းပြန်ငုံ့ထား.. ခေါင်းပြန်ငုံ့ထား...မင်းပါ ပါသွားမယ်..ဟု လူငယ်ကို စိုးရိမ်တကြီး သတိပေးသံများထွက်လာသည်။
အဆိုပါလူငယ်ကို စိုးရိမ်သဖြင့် အော်ဟစ်သတိပေးကြခြင်းဖြစ်သည်။

လူငယ်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ တစ်ဆိုင်လုံးသို့ ဝေ့ခနဲ တစ်ချက်ကြည့်သည်။
'' ကျုပ်နာမည် စစ်ကိုနိုင်လို့ ခေါ်တယ်။..
န၀တ က သစ်ကွင်းတွေ..ကျောက်စိမ်းတွင်းတွေ...ဆန်အိပ်တွေပေးပြီး ကိုးကန့်စစ်ပွဲကြီးကို အနိုင်ယူအပြီးသတ်တဲ့ နှစ်က မွေးခဲ့လို့ စစ်ကိုနိုင်လို့ နာမည်ပေးထားထာ... ဗုံးပေါက်တာလောက်ကို ကြောက်မယ်ထင်နေသလား...။
လူငယ်က ပြန်ဖြဲလိုက်ခြင်းဖြစ်သည်။
ကြည့်ရတာ.. စစ်ပွဲများနှင့် ရင်းနှီးနေပုံရသည်။

လူပုံစံက ပုပြတ်ပြတ်ဆိုပေမယ့် တဇောက်ကန်းစောက်ရမ်းစစ်ကိုနိုင်ဟု အွန်လိုင်းဖေ့ဘွတ်တွင် နာမည်ကြီးသူဖြစ်သဖြင့် သူကလည်း ခေသူမဟုတ်။ ဗုံးပေါက်သည်ကို ထီမထင်ဟန်ဖြင့်  ခေါင်းမော့ရင်ကော့၍ ရှုတည်တည်ဖြင့် ရပ်နေသည်။


စေတနာကို စော်ကားခံလိုက်ရသဖြင့် လူကြီးတစ်ဦးက ဒေါသမထိန်းနိုင်ဘဲ ဆဲတော့သည်။
''တောက်... သေချင်းဇိုးလေး...မင်းကို ဗုံးဆံမှန်မှာစိုးလို့ တားနေတာမဟုတ်ဘူး။ တော်ကြာနေ မင်းအမေလင်တွေရောက်လာရင် မင်းကို တရားခံဆိုပြီး ဖမ်းသွားမှာစိုးလို့ သတိပေးတာ...။ X2O မဏ္ဍပ် ဗုံးကွဲတုန်းက အဖမ်းခံလိုက်ရတဲ့လူ ဘာဖြစ်သွားလဲ မင်းသိလား... ဟု ခပ်မာမာပြောလိုက်မှ   တဇောက်ကန်းစောက်ရမ်း စစ်ကိုနိုင်လည်း မျက်လုံးပြူးသွားသည်။ သင်္ကြန် X2O မဏ္ဍပ်ဗုံးပေါက်စဉ်က ရွှေဂုံတိုင်တွင် ဆေးသုပ်နေသော အလုပ်သမားတစ်ဦး မဆီမဆိုင်တရားခံဖြစ်သွားသည်ကို သူသတိရသွားသည်။
ဗုံးကို မကြောက်သော်လည်း မြန်မာ့ထောက်လှမ်းရေးကိုတော့ ကြောက်ပုံရသည်။

ရင် တဆက်ဆက်လှိုက်၊ ဒူး တဂွက်ဂွက်ရိုက်အောင် ကြောက်မွှေးထောင်လာသဖြင့် ခုံကြားထဲ ခေါင်းထိုးဝင်ရင်း ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေသဖြင့် နီးရာလူမှ ဘီအီးတစ်ခွက်တိုက်လိုက်မှ နေသာသွားဟန်ရှိလေသည်။
အလွန်စွမ်းသော မြန်မာ့ထောက်လှမ်းရေးပါပေ။

သူတို့ အပြန်အလှန် ပြောဆိုနေစဉ်မှာပင် ဆိုင်အတွင်းမှ စားသုံးသူတစ်ချို့ကလည်း အလုပ်တွေရှုပ်နေသည်။
ခေါင်းမဖော်နိုင်သည့်ကြားမှ အလုအယက်ကိုယ့် ဝေါပေါ်သို့ သတင်းအချက်အလက်များတင်နေကြခြင်းဖြစ်သည်။
ဆိုင်အတွင်းဖုန်မှုန့်များ စဲသွားချိန်တွင် ဖေ့ဘွတ်ဘီအီးဆိုင်တစ်ခုလုံး ထိုသတင်းက ပျံ့နှံပြီးသားဖြစ်နေပြီ။
ဈေးချိုတစ်ခုလုံးကုန်ပြီဟု ဆိုသည့်လူက ဆိုသည်။

မေမြို့မှာလဲ ပေါက်ကွဲသည်။ နေပြည်တော်ပျဉ်းမနားလည်းပါသည်။
လူတွေအများကြီး သေသည်။ ခြေပြတ်တွေ လက်ပြတ်တွေများ မြင်မကောင်းဘူးဗျာဟု ခပ်တည်တည်ဖြင့် ဖွသည့်လူက ဖွသည်။
သူတို့ကိုယ်တိုင်ပဲ သွားကြည့်ခဲ့သလိုလို....။

.......................................................

အခင်းဖြစ်ပြီး သိပ်မကြာခင်တွင်... မြန်မာ့ထောက်လှမ်းရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့မှ ဖောက်ခွဲသည့် တရားခံကို မိပြီဖြစ်ကြောင်း သတင်းများထွက်လာသည်။
တရားခံမှာ အသက် (၃၀) ၀န်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ထွက်ခွာခါစ မော်လမြိုင်-မုဒုံအဝေးပြေးကားပေါ်ဖမ်းမိခြင်းဖြစ်ကြောင်း။
ဖမ်းဆီးရမိသော အဆိုပါ တရားခံတွင် နိုင်ငံခြားငွေများကိုတွေ့ရှိရပြီး မလေးရှားရင်းဂစ်အကြွေစေ့ကို အပေါက်ဖောက်၍ လည်ပင်းတွင် ဆွဲထားခြင်းဖြစ်ကြောင်း၊ အဆိုပါ တရားခံမှာ ကုလားဆင်အမျိုးသားတစ်ဦးဖြစ်ပြီး မော်လမြိုင်-မုဒုံအဝေးပြေးကားတွင် စပါယ်ယာအလုပ်ဖြင့် အသက်မွေးသူဖြစ်ကြောင်း၊...သက်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်မှီသဖြင့် အဆိုပါ အမျိုးသားကို ဗုံးဖောက်ခွဲမှု တရားခံဟုခိုင်ခိုင်မာမာ အမှုတည်ဆောက်ပြီး အကြီးဆုံးပုဒ်မများတပ်ကာ အရေးယူထားပါကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့သော် ထုံးစံအတိုင်း အများပြည်သူမယုံကြ။ ထုံးစံအတိုင်း နိုင်ငံခြားရောက်အဖွဲ့အစည်းများမှလည်း အဆိုပါစပယ်ယာလေးအား စာနာကြောင်းပြသခဲ့ပြီး ရွှေသမင်ဘယ်ကထွက်.မင်းကြီးတာကထွက်ဟုသာ သတင်းလွှင့်ကြလေသည်။

အဆိုပါ....ပြည်သူ့အသက်အိုးအိမ်ကို ခြောက်လှန့်သော ပေါက်ကွဲမှုများအတွက် ဖေ့ဘွတ်လောကတွင်လည်း အတော်ဂယက်ရိုက်သွားသည်။
မည်သူ့ကို ရည်ရွယ်သည်ဖြစ်စေ .။ ထိခိုက်သည်က ပြည်သူ။
မည်သူက လုပ်သည်ဖြစ်စေ။ နစ်နာသည်က ပြည်သူ။
ဘာရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်စေ..ခံစားရသည်က ပြည်သူသာဖြစ်သည်။
ထိုအခါ တရားခံကို နာနာကျည်းကျည်းဖြစ်ကြသည်။

တောက်ခေါက်သံများ၊ မကျေလည်သည့် စကားများ။ ကြိမ်းမောင်းပြစ်တင်သံများဖြင့် ဖေ့ဘွတ်ကမ္ဘာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ဒါ ဘယ်သူ့ လက်ချက်လဲ ....
ဒါ ဘယ်သူ့ လက်ချက်လဲ ဆိုသည့်  တီးတိုးတီးတိုးမေးခွန်းသံများ တဖြည်းဖြည်းကျယ်လောင်သထက် ကျယ်လောင်လာသည်။
နင်လား...ငါလား...သူလား.....ကိုယ်လား ဆိုသည်မှာ မသေချာမသဲကွဲ။

အလန့်တကြားဖြင့် ကိုယ့်အနီးမှ လူကို မျက်လုံးစိမ်းများဖြင့် ကြည့်ကြသည်။ တစ်ယောက်ကို တစ်ယောက် မယုံကြည်ကြသလိုမျိုး။
ရုတ်တရက် ၀ုန်းကနဲ... တစ်ဆိုင်လုံး ယောက်ယက်ခက်သွားပြီး.. လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

''ဒီမိုတွေ ဒီဘက်လာ...ဒီမိုတွေ ဒီဘက်လာ....''
''ရုရှားတွေ ဒီကိုလာ...ဒီလိုလာ...''
''ဟင်...မင်းက စစ်ခွေးပဲ .သွား..သွား...ဒီဘက်ကို မလာနဲ့..''
''ကျွန်တော်..ဒီမိုမဟုတ်ဘူး..အဲ.စစ်ခွေးလဲ မဟုတ်ပါဘူး...''
''ဟာ...မဟုတ်ရင် မလာနဲ့ ...သွားစမ်းကွာ ခပ်ဝေးဝေး...''
''ညီလေး..ဒီကိုလာ..ဒီကိုလာ.....''
အပြန်အလှန်ခေါ်သံ...အော်သံ...များဖြင့် ဆူညံသွားသည်။
လူပါးဝနေပုံရသော လူများကတော့ ကိုယ့်အဖွဲ့ကိုယ် အလွယ်တကူ ရှာတွေ့ကြပုံရသည်။
အူကြောင်ကြောင်တစ်ချို့သာ ဘယ်သွားလို့ သွားရမှန်းမသိ။
တစ်ဆိုင်လုံးကလည်း ရှုတ်ရှက်ခတ်နေသည်။
ကိုယ်လည်း နီးရာ အုပ်စုတစ်စုထဲ အမြန်ပြေးကပ်လိုက်ရသည်။
ဘာတွေမှန်းမသိ။ ဘာတွေဖြစ်မှာမှန်းမသိ။ ကိုယ်ကလည်း ယခုမှ ဖေ့ဘွတ်ဘီအီးဆိုင်သို့ ရောက်ဖူးခြင်းဖြစ်သည်။

အဖွဲ့ သုံးဖွဲ့ကွဲသွားသည်။
တစ်ဖွဲ့က ရုရှားရောက်စစ်သားများနှင့် ၄င်းတို့ကို ထောက်ခံအားပေးသော အဖွဲ့။
တစ်ဖွဲ့က ဒီမိုဘက်တော်သားများ။
တစ်ဖွဲ့က ဟိုမရောက် ဒီမရောက်..ရောရောင်များနှင့် အမြောက်၊ အပင့်၊ အတို့အထောင်များ။
အဓိက ကတော့ ရုရှားရောက်စစ်ခွေးမျာနှင့် ဒီမိုလုပ်စားဟု အပြန်အလှန်ပုတ်ခတ်ကြသူများ၏ တိုက်ပွဲဖြစ်မည့်ပုံပင်.။
အခြားအဖွဲ့ကတော့ ကြုံရင်ကြုံသလို အားပေးမည့်သူများ၊ နီးရာစပ်ရာ မြောက်ပေးသွေးထိုးချင်သူများ.. မီဒီယာများ၊ အခြေအနေအရ သာရာသွားမည့် သူများဖြစ်သည်။...

သမိုင်းဝင်...စစ်ခွေးများနှင့်ဒီမိုလုပ်စားများ၏ ဖေ့ဘွတ်ပထမကမ္ဘာစစ်ပွဲကြီးကား
ဈေးချိုဗုံးပေါက်ကွဲမှုနှင့်အတူ ပေါက်ဖွားလာလေတော့သည်။
                                                                     ( လင်းရောင်)

၅၀၀၀ တန် ဆင်းမ်ကဒ် ရောင်းချမည်ဆိုခြင်းမှာ ဥပဒေ အရရော၊ နည်းပညာအရပါ မဖြစ်နိုင်

ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက်။ ။ အခုလ ပထမအပတ်က ပြည်သူလူထုကြား ပြန့်နှံ့သွားတဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချဖို့ ကုမ္ပဏီတစ်ခုက စီစဉ် ဆောင်ရွက်နေခြင်းမှာ ဥပဒေ အရရော နည်းပညာ အရပါ လောလောဆယ် မဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၉ ရက်က ပြောကြားပါတယ်။

တနင်္လာနေ့ မွန်လွဲ ၁ နာရီက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက လက်ရှိပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအပြီး တွေ့ဆုံမေးမြန်းရာမှာ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိုးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃၀ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ်အတွင်း သတင်းစာဆရာများက အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာလည်း မြန်မာ့ဆက်သွယ်ရေး အနေနဲ့ ၎င်းတို့နဲ့ ဆက်သွယ်ခြင်းမရှိဘဲ ဖြစ်ပေါ်လာတဲ့ ကိစ္စဖြစ်လို့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း၊ နည်းပညာအရ မိုဘိုင်းကွန်ယက် တစ်ခုဖြစ်ဖို့ တည်ဆောက်ရာမှာ နေချင်းညချင်း မဖြစ်နိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး ဖုန်းမဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးက ချပေးထားတဲ့ ဖုန်းတွေနဲ့ ဘယ်လိုကွန်ယက် ချိတ်ဆက် ခေါ်ဆိုမယ် ဆိုတာကို နားမလည်နိုင်ကြောင်း၊ အလားတူ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းကွန်ယက်ထဲ မဖြတ်ဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ကြောင်း စသဖြင့် နည်းပညာအရ မဖြစ်နိုင်သေးတဲ့ အခြေအနေတွေကို မိုဘိုင်းဌာန အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းနဲ့ သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးတို့က ရှင်းပြပေးပါတယ်။

ဆင်းမ်ကဒ် တစ်ကဒ်ကို ကျပ် ၅၀၀၀ နဲ့ ရောင်းချပေးပြီး မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃၀ ကျပ်နဲ့ GSM ဖုန်းတွေ ရောင်းချပေးနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက ကြိုးစားနေတဲ့အကြောင်း အခုလ ဇန်နဝါရီ ၃ ရက်က သတင်း ထုတ်ပြန်ခဲ့တာပါ။ အဆိုပါ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးကို လုပ်ငန်းလုပ်ကိုင်ခွင့် တင်ထားဆဲ အခြေအနေသာဖြစ်လို့ လက်ရှိ အခြေအနေမှာ လုပ်ကိုင်ခွင့် မရသေးဘူးလို့လည်း ဆိုတယ်။ အခုလို တကယ် လုပ်ကိုင်ခွင့်မရသေးဘဲ သတင်း ထုတ်ပြန်မှုမျိုးတွေ ဆက်လုပ်ကြမယ်ဆိုရင် ပြည်သူလူထုအတွက် အခက်တွေ့နိုင်ကြောင်း အွန်လိုင်း Developer တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

ရတနာပုံ သတင်း

ရင်နှင့်ရင်းခဲ့သော

သူငယ်ချင်းတစ်ယောက်၏အဖြစ်မှန်အပေါ်နည်းနည်းအခြေခံရေးသားထားခြင်းဖြစ်သည် ဖတ်လျင်အဆုံးထိဖတ်ပါ မဖတ်ချင်လျင်
လုံးဝမဖတ်ပါနှင့်။ ကောင်မလေးများအတွက်သင်ခန်းစာယူစရာတွေပါပါသည်။



ဝမ်းရေးထက် လွမ်းရေးခက်တဲ့ အဲ့ဒိစကားကို ကိုယ့်ထက်အကြိးတွေ ပြောပြောနေတာတော့ ကြားဖူးပါတယ် ။ ဒါပေမယ့် အဓိပါယ်ကိုတော့ သေချာမသိခဲ့ပါဘူး ။
အခု ကျွန်မပြောမယ့် အကြောင်းက ကျွန်မဘ၀မှာ ပထမဆုံးနဲ့ နောက်ဆုံး ချစ်ခဲ့ရတဲ့အကြောင်းလေးပါ ။ ကျွန်မနာမည်ကတော့ မေဖြိုးလို့ ခေါ်ပါတယ်။ သူငယ်ချင်းတွေကတော့ ချစ်စနိုးနဲ့ ဖြိုးလို့ တစ်လုံးပဲ ခေါ်ကြပါတယ် ။ အဲ့ဒိနှစ်က ကျွန်မဆယ်တန်းအောင်တဲ့ နှစ်ပါ ဆယ်တန်းကိုအမှတ်ငါးရာကျော်နဲ့အောင်ခဲ့တာပါ။ကျွန်မ၀ါသနာပါတာက ထူးချွန်တဲ့ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ပါ။ဒါပေမယ့် အဲ့ဒိနှစ်က အိမ်ကလုပ်ငန်းတွေကလည်း အရံှုံးပေါ်တော့ ကျွန်မကို အိမ်က ဆေးကျောင်းတက်ဖို့ထားမပေးနိုင်ခဲ့ပါဘူး။
ဒါနဲ့ပဲ ကျွန်မ ရတနာပုံဆိုတဲ့ကျောင်းကြိးမှာ ပညာသင်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ တကယ်လို့သာကျွန်မဆေးကျောင်းတက်ဖြစ်မယ်ဆိုရင် အခုခံစားနေရတဲ့ ဝေဒနာတွေကို
လူနှင့်မမျှအောင် ခံစားချင်မှ ခံစားရမှာပါ ။
ဒီဇင်ဘာ ၃၁ ၂၀၀၉ခုနှစ် ဆယ့်နှစ်လပိုင်း
ကျွန်မအဲ့ဒိနေကကျောင်းကိုစတက်ဖြစ်ပါတယ် ။ ကျောင်းရောက်တော့ ကိုယ်နဲ့သိတဲ့သူငယ်ချင်းတွေလည်း မရှိဘူး ကျွန်မအရမ်းအားငယ်မိတယ်။ အတန်းထဲရောက်တော့လည်း ထိုင်စရာခုံမရှိဘူး လူတွေပြည့်နေတယ်။
ကျွန်မလည်းစိတ်ပျက်လက်ပျက်နဲ့ ပါးစပ်ကပြောမိပါတယ်
အာ ... ထိုင်စရာခုံလည်းမရှိဘူးကွာ
စကားဆုံးတော့ ဘေးမှကောင်လေးတစ်ယောက်က ကျွန်မကိုပြောတယ်
ကျွန်တော့နေရာမှာထိုင်ပါ့လား
ရတယ် ရတယ် အတန်းလည်းပြည့်နေပိဆိုတော့ ကန်တင်းပဲ သွားထိုင်နေတော့မယ်
အဲ့ဒိအခါကျတော့ သူကကျွန်မကိုပြန်ပြောတယ်
အာ ... မဟုတ်တာပဲ ဒီနေရာမှာလာထိုင်ပါ ကျွန်တော်ကလည်း ဒိအတန်းကမဟုတ်ပါဘူး
ကျွန်တော်က Eng ကပါ ဒိအတန်းမှာ သူငယ်ချင်းတစ်ယောက်ကိုလာစောင့်နေတာပါ
အော် ဟုတ်လား .... ဒါဆိုကျေးဇူး ....
သူက ခုံကိုဖယ်ပေးပါတယ် ။ နောက်ပြိးတော့
ကျွန်တော့နာမည် ကိုမိတ်ဆက်လို့ရမလားလို့သူကကျွန်မကိုမေးတယ်
ဟင့်အင်း .. ယူနဲ့တို့နဲ့သိမှမသိတာ အဲ့ဒိတော့ မိတ်မဆက်လည်း ဖြစ်ပါတယ်။
ဟာဗျာ ... တစ်ကျောင်းတည်းနေတဲ့သူအချင်းချင်းပဲဗျာ အခုသိသွားပိပဲ အဲ့ဒိလောက်တော့ မစိမ်းကားပါနဲ့ဗျာ
အဲ့ဒါနဲ့ ကျွန်မလည်း
အင်း ဒါဆိုလည်းပြောလေ ယူနာမည်ဘယ်သူလည်း
ကျွန်တော့နာမည် ......
သူကသူ့နာမည်ကိုပြောပါတယ် ။နာမည်လေးကတော့ တော်တော်လေး အသက်ဝင်ပြိးအဓိပါယ် တွေပါမယ်လို့တော့ ကျွန်မထင်မိပါတယ် ။
သူ့နာမည်က ဇွဲ တဲ့ .. တစ်လုံးတည်းပါပဲ ။
အဲ့ဒိနေ့မှာပဲ သူနှင့်ကျွန်မ သူငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ် ။
နောက်ရက်တွေ နောက်ရက်တွေ ကျွန်မအတန်းထဲမှာသူငယ်ချင်းတွေရခဲ့ပါတယ် ။သူတို့က ကျွန်မအပေါ်လည်း ကောင်းကြပါတယ် ။ ဇွဲဆိုတဲ့ကောင်လေးကတော့ သူအတန်းကိုတောင်
မတက်ပဲ နေ့တိုင်း ကျွန်မတို့အတန်းမှာလာလာပြိးတော့ ထိုင်ပါတယ် ။
ကျွန်မသိပါတယ် ဘာဖြစ်လို့ သူအဲ့ဒိလိုတွေလုပ်နေတယ်ဆိုတာကို ။
ဖေဖော်ဝါရိလ  ၇ ရက် ...
ကျွန်မတို့ကျောင်းမှာ welcome ရှိပါတယ် ။ အဲ့ဒိနေ့ကတော့ ကျွန်မတို့ chemistry အလှည့်ပါ ။
ကျွန်မ ဇွဲကိုတွေ့လိုက်ရပါတယ် သူလူတစ်ယောက်ကိုလိုက်ရှာနေတဲ့ပုံပါပဲ ။ကျွန်မသူ့ဆိကိုသွားပိတော့ မေးလိုက်မိပါတယ်
ဟဲ့ .. ဇွဲ နင်ဘယ်သူ့ကိုလိုက်ရှာနေတာလည်း ….
ဟာ မေဖြိုး …. ရှာလိုက်ရတာဟာ ငါနင့်ကိုလိုက်ရှာနေတာဟ
ဟုတ်လား နင်ကဘာလုပ်ဖို့ငါ့ကိုရှာတာလည်း ပိုက်ဆံချေးဖို့ဆိုရင်တော့ နင်လူမှားလိမ့်မယ်နော်
မဟုတ်ပါဘူးဟာ ငါပိုက်ဆံမချေးပါဘူး ဒါပေမယ့် နင့်ဆိကတောင်းစရာတစ်ခုရှိလို့ပါ
ဟုတ်လား ဘာတောင်းမှာလည်း ငါကဆင်းရဲတယ်နော်
နင့်လိုသူဋ္ဌေးသားက ငါ့ဆိကတောင်းမယ်ဆိုတော့ တော်တော်ထူးဆန်းနေပြိဟ ။
သူဋ္ဌေးသားလည်း အရာရာတိုင်း မပြည့်စုံနိုင်ပါဘူးဟာ ။
ဟုတ်ပြိလေ နင်ဘာပြောမှာလည်း ပြောလေ ။
ငါဒိမှာတော့မပြောချင်ဘူးဟာ နင်ငါနဲ့ခဏလိုက်ခဲ့ပါလား ငါ့ကားနဲ့နင့်ကိုတစ်နေရာခေါ်သွားမယ်
နောက်ပြိးတော့ ငါတောင်းချင်တာနင့်ဆိကတောင်းမယ်။
ဟင့်အင်း … ဒီမှာပဲပြော ငါ welcome သွားရအုန်းမယ် …
ဟာ အဲ့ဒိwelcome ကို ထားလိုက်စမ်းပါ ငါနဲ့လိုက်ခဲံ့ အဲ့ဒိ welcome ထက်ဆယ်ဆသာတဲ့ပွဲလုပ်ပေးမယ်
ကျွန်မအဲ့ဒိတုန်းကသူ့ကိုတော်တော် ဒေါသထွက်သွားခဲ့တာ ။ သူကသူဋ္ဌေးသားဆိုပေမယ့် အဲ့ဒိလိုငွေဂုဏ်မောက်တာကိုတော့ ကျွန်မမကြိုက်ပါဘူး။
ဒိမှာဇွဲ .. နင်ဘာသာနင် ပိုက်ဆံတွေဘယ်လောက်သုံးမကုန်နိုင်အောင်ချမ်းသာချမ်းသာ
နင်အရာရာတိုင်းကို ငွေနဲ့ဝယ်လို့မရဘူး နောက်ပြိးတော့ နင်ငါ့ကို အဲ့ဒိလိုမျိုး ပိုက်ဆံ စကားပြောမယ်ဆိုရင် သူငယ်ချင်းလို့ မသတ်မှတ်နဲ့ ငါနဲ့လည်း ခင်ဖို့အကြောင်းမရှိတော့ဘူး
ဒါပဲဟာ ငါသွားတော့မယ်။
ခနလေးပါဟာ … သူက ကျွန်မကိုတားပါတယ် ။နောက်ပြိးတော့ သူဘောပင်လေးတစ်ချောင်းသူ့လွယ်အိတ်ထဲက ထုတ်ပြိးတော့
နင့်လက်ပေး …..
ဘာ … နင်ဘာပြောတာလည်း
နင့်လက်ပေးလို့ပြောနေတာ …
ငါကဘာကိစ္စနင့်ကို လက်ပေးရမှာလည်း နင်ဘာလုပ်မလို့လည်း။
သူဘာမှထပ်မပြောတော့ပဲ ကျွန်မလက်ကိုလှမ်းဆွဲပိးတော့ လက်ဝါးပေါ်မှာ စာတွေ ရေးပါတယ်
ကဲ့ … ရပြိဟာ ညကျရင် နင့်လက်ဝါးပေါ်က နံပါတ်လေးတွေကို သာဆက်ပေးပါ
နင်ပြောချင်တာဒါပဲမဟုတ်လား ငါသွားပိ
အေးပါဟာ ငါ့ကိုစိတ်မဆိုးပါနဲ့ဟာ ငါက ဘယ်သူကိုမှ ဒိလိုခံစားချက်မဖြစ်ဘူးတော့ လုပ်မိလုပ်ရာတွေလျောက်လုပ် လျောက်ပြောမိတာပါ
အေးပါ ငါနားလည်ပါတယ်  ငါသွားတော့မယ်
ညရောက်တော့ ကျွန်မလက်ဝါးပေါ်ကဖုန်းနံပါတ်တွေကို နှိပ်ကြည့်မိပါတယ် ။တကယ်ဆို ကျွန်မသူကိုဖုန်းခေါ်ဖို့အစိအစဉ်မရှိပါဘူး ။ ဒါပေမယ့် ဘယ်လိုမှန်းမသိ နှိပ်မိပါတယ် ။
ဟဲလို့ ….
ဟဲလို … ဘယ်သူလည်းမသိဘူးခင်ဗျာ
ကျွန်မစကားကထွက်မလာတော့ပါ
ဟဲလို ဘယ်သူလည်းမသိဘူး ….
နောက်တော့ သူသဘောပေါက်သွားပုံရပါတယ်
မေဖြိုး … နင်မေဖြိုးမဟုတ်လား
အဲ့ဒိအခါမှ ကျွန်မအသံထွက်မိပါတယ်
အင်း …..
ဟာ ..၀မ်းသာလိုက်တာဟာ နင်ငါ့ဆိကိုတစ်ကယ်ဖုန်းဆက်တာပဲ ။ ငါအရမ်းဝမ်းသာတယ်သိလား
ကဲ့ပါဟာ ၀မ်းသာတာက အသာထား နင်ကငါ့ကိုဘာတောင်းမှာလည်း ပြောလေ။
ငါတောင်းမလို့မဟုတ်ပါဘူးဟာ ။ အခုပုံအတိုင်းဆိုရင်နင့်ဆိကနေ တောင်းလိုမရသေးဘူး ။ နင့်ကိုစိတ်ဆိုးပြေအောင် နောက်ပိးတော့ ငါ့ကိုနားလည်အောင် အရင်ရှင်းပြရအုန်းမယ် ။နောက်မှ ငါလိုချင်တာကိုနင့်ဆိကတောင်းလိုရမှာလေ ။
ငါနင့်ကိုစိတ်မဆိုးပါဘူး နားမလည်တာပဲရှိတာ နင်ကဘာလိုအရာရာမှာ ငွေစကားပြောတတ်ရတာလည်း ..
မဟုတ်ပါဘူးဟာ ငါအရာရာမှာငွေစကားပြောတာမဟုတ်ပါဘူး ငါမနက်ကပြောသားပဲ ငါလုပ်မိလုပ်ရာတွေလုပ်မိတာပါလို့
အေးပါဟုတ်ပါပိ … ထားပါတော့
ထားပါတော့ဆိုရင် ငါဆက်ပြောမယ် မနက်ဖြန် ငါနင့်ကိုတစ်နေရာကိုခေါ်သွားချင်တယ် နောက်ပိးတော့ ငါ့နင်ကိုပြောချင်တာတွေ နင့်ဆိကတောင်းချင်တာတွေတောင်းမယ် ငါ့ကိုကူညိပါလားဟာ
ငါအခုဆိုရင်နင်ကူညိမှရတော့မှာ မဟုတ်ရင်ငါ သေသွားမလားတောင်မသိဘူး ။
အေးလေ ဒါဆိုလည်း ငါလိုက်ခဲံ့ပေးပါမယ် ။ နင်မဟုတ်တရုတ်တော့မလုပ်နဲ့နော်
အေးပါဟာ ငါကနင့်ကိုဘာများလုပ်ရက်မှာလည်းဟာ
အောင်မယ် လာသေးတယ် … အေးအေး ဒါပဲ ဒါပဲ ဖုန်းချလိုက်တော့မယ်
အင်း … တတ်တာနော် အိမ်မက်လှလှမက်ပါစေ နော် ..
ဒီလိုနဲ့မနက်ရောက်တော့ ကျွန်မကျောင်းထဲကိုဝင်တောင်မ၀င်ရသေးပါဘူး သူက အပေါက်ဝမှာစောင့်နေတယ်
ဟင် … နင်ဘာလုပ်နေတာလည်း ..
ငါနင့်ကိုစောင့်နေတာလေ နင်နဲ့လွဲသွားမှာဆိုးလို့မနက်ငါးနာရိကတည်းကရောက်နေတာ
ဆောင်းတွင်းကြိးဟယ် နင်မအေးဘူးလား
အော် ငါကနင့်ကိုတွေချင်တော့လည်း ဒိဒုက္ခလောက်ကတော့ ခံရမှာပေါ့
အော် .. ဒါနဲ့ နင်ကငါ့ကိုဘယ်ခေါ်သွားချင်တာလည်း ။
နင်အရင်မမေးပါနဲ့အုန်း ငါတိုသွားကြမယ်လေ ရောက်တော့သိမှာပေါ့ ။
ဒါဆိုဘာနဲ့သွားမှာလည်း ။
ငါ့ကားပါတယ် ကားနဲ့သွားမယ်လေ ။
ဟင် ဒါဆိုငါ့ဆိုင်ကယ်ကဘယ်လိုလုပ်ရမလည်း
အပ်ထားခဲ့လိုက်လေ …
ဒိလိုနဲ့ကျွန်မသူခေါ်ရာနောက်ကို လိုက်သွားမိပါတော့တယ်
ကော်ဖိဆိုင်လေးတစ်ဆိုင်ပါ သူကျွန်မကိုခေါ်သွားတာက ကော်ဖိဆိုင်လေးတစ်ဆိုင်ပါ
ကျောင်းနဲ့တော်တော်လေးတော့ဝေးပါတယ်
ကော်ဖိသောက်ဖို့များဟာ ဒိလောက်အဝေးကြိးငါ့ကိုခေါ်လာရသေးတယ်
မဟုတ်ဘူး ကော်ဖိုသောက်ဖိုမဟုတ်ဘူး ငါပြောမှာကိုကျောင်းမှာမပြောချင်လို ပိုပြိးတော့ လေးနက်ချင်လို့ ငါဒိနေရာကိုရွေးလိုက်တာပါ ။
ကဲ့ဟာ အဲ့ဒါတွေပြောမနေနဲ့တော့ နင်ငါ့ကိုဘာပြေမှာလည်းပြောစရာရှိတာ မြန်မြန်ပြော
ငါ့အိမ်ကမိဘတွေသိရင်ငါအသတ်ခံရမှာ အခုလိုမျိုးနင်နဲ့နှစ်ယောက်တည်းလာတာကို
အေးပါ တကယ်ဆိုငါပြောမယ့်အကြောင်းကိုနင်လည်းရိပ်မိမှာပေါ့
ဟင် ငါကဘယ်လိုလုပ်သိမှာလည်း နင်ပြောမယ့်အကြောင်းကို
နင်သိသားနဲ့ မသိချင်ယောင်ဆောင်နေတယ် ဒိလိုဆိုတော့ ငါလည်းငါပြောတော့မယ်
ငါနင်နဲ့ရည်းစားလုပ်ချင်တယ်
ဘာ … ဒိမှာ ဒီမှာ နင်ငါ့ကိုဘာပြောလိုက်တယ်
နင်နဲ့ရည်းစားဖြစ်ချင်တယ်လို့
မဟုတ်ဘူး ငါမေးနေတာအဲ့ဒါမဟုတ်ဘူး နင်ပြောလိုက်တဲ့ပုံစံကိုပြောနေတာ
ဘယ်လိုဖြစ်လိုလည်း ငါ့ပုံစံကဘယ်လိုဖြစ်လို့လည်း
နင်ပြောလိုက်တာကငါ့ကိုနင့်ရည်းစားလုပ်ခိုင်းမယ်ဆိုတဲ့ပုံစံလေ နင်ကိုယ့်ကိုကိုယ် တော်တော်အထင်ကြိးပါလား ငါကနင်ပြောတာကိုလက်ခံလိမ့်မယ်လိုနင်ဘာလိုထင်ရတာလည်း
ကျွန်မတကယ်တော့ ဇွဲကို သဘောကျပါတယ် သူကျွန်မကိုရည်းစားစကားပြောမယ်ဆိုတာလည်းသိပါတယ် ဒါပေမယ့် အခုလိုပုံစံတော့မမမျှော်လင့်ထားပါဘူး။ သူကကျွန်မကိုချစ်တယ်ဆိုတဲ့အသုံးနှုန်းကိုသုံးမယ်လို့ထင်တာအခုတော့ရည်းစားဖြစ်ချင်တယ်တဲ့ ။
သူကဘယ်လိုလူစားမျိုးလည်း ကျွန်မမခန့်မှန်းတတ်တော့ပါဘူးး။
အဲ့ဒိနောက်သူ ကျွန်မစိတ်ဆိုးသွားတာကို ချက်ချင်းသိသွားပိတော့ ပြာပြာသလဲပြောပါတယ်
ဟာ မဟုတ်ဘူး မဟုတ်ဘူး နင်ထင်သလိုမဟုတ်ဘူး
တကယ်တော့ တကယ်တော့ … တကယ်တော့လေ
ဘာတကယ်တော့လည်း ထစ်အထစ်အလုပ်မနေနဲ့ ငါကိုပြန်ပိုပေး
ခဏလေးပါဟာ ငါပြောချင်တာကိုတော့ ဆုံးအောင်ပြောပါရစေ
တကယ်တော့လေ ငါနင့်ကိုအရမ်းချစ်မိနေပိလို့ပြောချင်တာပါ ဒါပေမယ့် ငါရှက်လိုပြောရမှာကို …
ကျွန်မသဘောပေါက်သွားခဲ့ပါပြိ ။တကယ်တော့ သူက ကျွန်မကို ရည်းစားလုပ်ချင်တယ်လိုပြောတာကသူ့အနေနဲ့ ဘယ်သူ့ကိုမှလည်းအောက်မကျိုခဲ့ရဘူး နောက်ပိးတော့ အိမ်ကလည်းချမ်းသာတော့သူလိုချင်တာရနေတယ် ။အဲ့ဒိတော့ကောင်မလေးတစ်ယောက်အချစ်ကို သူရချင်ပေမယ့် သူချစ်တယ်လိုပြောရမှာဝန်လေးနေခဲ့တယ်ထင်ပါတယ် ။ ဒါပေမယ့် သူနောက်ဆုံးတော့လည်းချစ်တယ်လို့ပြောခဲ့ပါတယ် ။
အောင်မာ နင်ကများ ရည်းစားစကားပြောတာကိုများရှက်နေရသေးတယ် မိန်းကလေးဘက်က ရှက်ဖို့လည်းထားစမ်းပါအုန်း ..
အေးပါဟာ ငါမှားပါတယ် နင့်ကိုငါအရမ်းချစ်မိသွားပိဟာ ငါ့ကိုကော နင်ချစ်တယ်မဟုတ်လား
ဟင် ဇွတ်ကြိးပါလား ငါစဉ်းစားအုန်းမှာပေါ့ဟ
ဘာကိုစဉ်းစားနေအုန်းမှာလည်းဟာ ငါနင့်ကိုချစ် …..
ကျွန်မမျက်စောင်းတစ်ချက်သူကိုထိုးလိုက်ပါတယ် အဲ့ဒိနောက်တော့သူဆက်မပြောတော့ပါဘူး
သူလည်း ကျွန်မစိတ်ကိုအခုနားလည်ပိထင်ပါတယ်
အေးပါဟာ အေးပါ ငါစောင့်ပါ့မယ် ဒါပေမယ့်အချိန်တွေအများကြိးမကြာစေနဲ့နော်…
ဖေဖော်ဝါရီ ၁၃ ရက် ….
အဲ့ဒိနေ့ကကျွန်မတို ချစ်သူရည်းစားဖြစ်တဲ့နေ့ ။ ကျွန်မသူ့ကိုခြောက်ရက်ပဲစဉ်းစားပြိးတော့ အဖြေပေးလိုက်ပါတယ်။
ငါအရမ်းဝမ်းသာတာပဲဟာ ငါနင့်ဆိကအချစ်ကိုရတော့လေ တစ်လောကလုံးကိုရလိုက်သလိုပဲ။
အဲ့ဒိလောက်ကြိးလည်းမပိုပါနဲ့ဟာ ။နင်ငါ့ထက်လှတဲ့ကောင်မလေးတစ်ယောက်ကိုတွေရင် ငါ့ကိုပစ်သွားမလားတောင်မသိဘူး ငါကအရဲစွန့်ပြိးတော့ နင့်ကိုအဖြေပေးရတာ
ပါ
အဲ့ဒိလိုကိစ္စမျိုးရှိမလာနိုင်ပါဘူးဟာ နင့်ထက်လှတဲ့သူလည်းဒိလောကမှာ ရှိမှာမဟုတ်လောက်ဘူး
ဘယ်သူတွေဘယ်လိုပြောပြော ငါ့မျက်စိထဲမှာ နင်ကအလှဆုံးပါပဲ
ကျွန်မသဘောကျမိပါတယ် သူအဲ့ဒိလိုပြောတာလေးတွေကို …
အင်း နင်နဲ့ငါနဲ့အခုရည်းစားဖြစ်ပိဆိုတော့ နင်သိဖိုလိုတဲ့ငါ့အကြောင်းလေးတွေနင့်ကိုပြောထားရမယ်
နင်ငါ့ကိုစိတ်ဆင်းရဲအောင်မလုပ်ရဘူးနော် တကယ်ဆိုငါ့မှာ နှလုံးရောဂါရှိတယ် ။ ငါကိုစိတ်ညစ်အောင်လုပ်ရင် ငါသေမှာ ။ ငါ့ကိုလည်းပစ်မသွားရဘူးနော်
အေးပါဟာ ငါနင့်ကိုလပ်ထပ်မှာ ငါတိုကျောင်းပြိးရင်လပ်ထပ်ကြမယ်နော် ။
အင်း ….. နင်တကယ်ပြောတာလား ငါ့လိုရောဂါသည်လေးကို နင့်အိမ်ကလက်ခံပါ့မလားဟာ
အိမ်ကလက်ခံခံမခံခံ ကိစ္စမရှိပါဘူးး လူကြိးတွေသဘောတူမှ ယူရမယ့်ခေတ်ကကုန်ခဲ့ပါပြိဟာ
ကျွန်မအဲ့ဒိစကားကိုကြားတော့တော်တော်လေးဝမ်းသာခဲ့ရတာ။
ကဲ့ပါဟာ ဒိလိုဆိုရင်နင်နဲ့ငါ ဒီနေ့ကစပြိးတော့ချစ်သူတွေဖြစ်သွားပြိဆိုတော့ ငါကနင့်ရဲ့အားကိုးရာဖြစ်ရမှာပေါ့ ဘာအခက်အခဲပဲရှိရှိငါနင့်ရှေကနေရှိနေမယ်ဆိုတာမမေ့ပါနဲ့ဟာ
ဒိလိုနဲ့ ကျွန်မအိမ်ပြန်ရောက်တော့သေချာစဉ်းစားမိပါသည် ။ အခုလိုသူနဲ့ချစ်သူတွေဖြစ်သွားရတာမှန်လားမမှန်းလား အဲ့ဒိအတွေးတွေနဲ့ပဲညဘက်အချိန်ကုန်ခဲ့ရပါတယ် ။
ဖေဖော်ဝါရိလ ၁၄ ရက်
မနက်အစောကြိးဖုန်းမြည်လာတော့ ကျွန်မကိုင်လိုက်ပါတယ် ။ ဇွဲဆိကပါ
မေဖြိုး ..အခုဘာလုပ်နေလည်းဟင်
ငါလား … ဘာမှမလုပ်ဘူး အခုမှ အိပ်ရာထတာ အဲ့ဒါခနနေကျရင်မနက်စာစားတော့မလို့
ဟုတ်လား .. မနက်စာကိုမစားနဲ့အုန်းအခု အိမ်အပြင်ကိုခဏထွက်ခဲ့
ဟင် အိမ်အပြင်ဟုတ်လား ဟင့်အင်း မထွက်ချင်ဘူး ဖေဖေ ရှိတယ်
ထွက်မှာသာထွက်ခဲ့ပါ ဘာမှမဖြစ်စေရဘူး ကိုယ်အာမခံတယ် ။
ကျွန်မအရဲစွန့်ပြိးတော့ ထွက်သွားတော့ ကျွန်မအိမ်ရှေက ဒန်းလေးပေါ်မှာ အနိရောင်ကတိပါဗူးလေးကို မြင်ရပါတယ်။
ကျွန်မအဲ့ဒါလေးကိုယူပြိးတော့ဖွင့်ကြည့်လိုက်တော့ ပလက်တိနမ်ခြေကျင်းလေးတစ်ခုပါ။
အထဲမှာစာလေးလည်းပါပါသေးတယ်
စာထဲမှာ ချစ်သူဖြစ်တဲ့အထိမ်းမှတ်တဲ့
အဲ့ဒိပစ္စည်းလေးကိုယူပြိးတော့ အိမ်ထဲပြန်ဝင်ပြိးတော့ ဇွဲဆိကဖုန်းထပ်လာပါတယ်
ဖေဖေကတော့ ဖုန်းခဏခဏလာနေလို့ နည်းနည်းမသင်္ကာတဲ့ပုံပါပဲ ။
ဒါပေမယ့်လည်း ကျွန်မ ဖုန်းကိုကိုင်လိုက်ပါတယ် နောက်ပြိ့းတော့ဇွဲကပြောတယ်
ပစ္စည်းလေးကိုသဘောကျရဲ့လားတဲ့
အင်း အရမ်းကြိုက်တယ် ကျေးဇူးနော်..
ကျွန်မကပြန်ပြောတော့ သူက
ချစ်သူတွေကြားမှာကျေးဇူးဆိုတာမလိုပါဘူးတဲ့
ဒိလိုနဲ့ရက်တွေကြာလာတော့ကျွန်မနဲ့သူသံယောစဉ်က တစ်ယောက်နဲ့တစ်ယောက်တစ်ရက်မတွေရရင် မနေနိုင်အောင်ပဲဖြစ်လာကြပါပြိ။
တော်သေးတာပေါ့ ကျောင်းလေးဖွင့်နေလို့သူနဲ့နေတိုင်းတွေ့ခွင့်ရနေတာ ဒါပေမယ့်လည်း ကျောင်းတွေပိတ်ဖိုကလည်း သိပ်မလိုတော့ဘူး ။ အဲ့ဒါကြောင့် တစ်နေ့တစ်နေ့ စိတ်ညစ်ပြိးတော့ တစ်ခါတစ်ခါဆို နှလုံးကအမောဖောက်ဖောက်လာလို့ ဖေဖေနဲ့မေမေကတော့စိတ်ညစ်နေရတယ်။
အဲ့ဒိနောက်တော့ဇွဲကပြောတယ်
မဖြစ်တော့ဘူး ဖြိုးကို ကိုယ်ဒိအတိုင်းကြည့်မနေနီုင်တော့ဘူး ဖြိုးခံစားရတာကိုကိုယ်မကြည့်ရက်တော့ဘူး ဒိတော့ ဒိနေ့ညနေကိုယ်ဖြိုးနဲ့လိုက်ခဲ့မယ်
ဟင် ဘယ်ကိုလိုက်မှာလည်း ဇွဲက
ဖြိုးအိမ်ကိုလေ ဖြိုးအိမ်ကိုလိုက်ပြိတော့မိဘတွေဆိခွင့်တောင်းမယ် ဒါဆိုရင်ဖြိုးနဲ့ကိုယ်နေတိုင်းတွေ့လိုရပြိးတော့ ကျောင်းပိတ်ရင်လည်းတွေ့လိုရနိုင်မယ်
ဖြိုးလည်းစိတ်ညစ်ပြိးခနခနနှလုံးက attack ဖြစ်တာတွေလည်းလျောသွားတာပေါ့
ဟာ ဇွဲက ဖြိုးကို အိမ်ပေါ်ကနေဆင်းရအောင်လုပ်နေတာလား ဖေဖေကဘယ်လိုလုပ်သဘောတူပါ့မလည်း ဖြိုးကို နှလုံးရောဂါရှိလို့ဆိုပြိးတော့ ရည်းစားမထားရဘူးလို့တောင်ပြောထားတာ
ဖြစ်ပါတယ်ဖြိုးရယ် ကိုယ်ကြည့်လုပ်ပါ့မယ်။
အဲ့ဒိနေ့က မတ်လ ၄ ရက်နေ့
ဇွဲ ကျွန်မအိမ်ကိုလိုက်လာပြိးတော့ဖေ့ဖေ့ရှေမှာ ဒူးထောက်ထိုင်ချလိုက်ပါတယ်
ဥိးး … ကျွန်တော် ဥိးသမိးနဲ့ ချစ်သူတွေဖြစ်နေကြပါပြိ အခုဆိုရင် ကျွန်တော်တို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် တစ်ရက်မတွေရရင်မနေနိုင်လောက်အောင်ဖြစ်နေကြလို့ တစ်ခါတစ်ခါ ဖြိုးက စိတ်ညစ်ပြိးတော့ နှလုံးအမောဖောက်ဖောက်လာတယ် ကြာရင်ဖြိုးခံနိုင်ရည်မရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်
ကျွန်တော်တို့ကို သဘောတူပေးပါ
ဖေဖေကတော့ အံသြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ပေါ့ ဒါပေမယ့်လည်း ဘယ်တတ်နိုင်မလည်း ကျွန်မက တစ်ဥိးတည်းသောသမိးလေ ဖေဖေနဲ့မေမေက အရမ်းကျွန်မကိုချစ်ကြတာ ကျွန်မစိတ်ဆင်းရဲမှာဆိုရင်သူတို့မလုပ်ကြပါဘူး အဲ့ဒိနောက်ဖေဖေ အကြာကြိးစဉ်းစားနေပါတယ်။
နောက်တော်တော်လေးကြာတော့ဖေ့ဖေ့ဆိကအသံတစ်သံထွက်လာတယ် ဖေဖေလည်းသေချာစဉ်းစားပြိးမှပြောလိုက်ရပုံပါပဲ
မင်းကွာ ငါ့သမိးနှလုံးရောဂါသည်လေးကိုမှ လုပ်ရက်တယ် မင်းတိုနှစ်ယောက်ကိုခွဲပြန်ရင်လည်း ငါသမိးကနှလုံးရှောခ့်ဖြစ်ပြိးတော့သေမှာ ..
အေး မင်းငါ့သမိးကိုစိတ်ဆင်းရဲအောင်လုပ်ရင် မင်းကိုသတ်ပိးငါထောင်ထဲဝင်မယ် ။
အဲ့ဒိလိုပြောပြိးတော့ အခန်းထဲကိုတန်းဝင်သွားပါတော့တယ် ။
ဇွဲကတော့ဖေ့ဖေ့ကိုကြည့်ပြိးတော့ကျွန်မကိုမေးပါတယ်
ဖြိုး ဥိးပြောသွားတဲ့အဓိပါယ်က ကိုယ်ထင်တဲ့အဓိပါယ်မဟုတ်လားဟင်ဖြိုး
ကျွန်မတိုတွေ့အဲ့ဒိနေ့ကအရမ်းပျော်ခဲ့ကြပါတယ်
ဒိလိုနဲ့ကျွန်မတို့ ဒုတိယနှစ် ကျောင်းကြိး ပြန်ဖွင့်လို့လာပြန်ပါတော့တယ်။
နေလည်ဆိုရင်ကျွန်မဇွဲနဲ့အတူတူကျောင်းသွားတယ် ။ ဇွဲက ကျွန်မအပေါ်တကယ်ကောင်းပါတယ်
ကျွန်မလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးတယ် ။ ကျွန်မကို တစ်ပတ်တစ်ခါ လက်သည်းနိဆိုးပေးတယ်
ကျွန်မခေါင်းတွေရှုပ်ပွနေရင် သူခေါင်းဖိးပေးတယ် ။ ကျွန်မညဘက်အိပ်မပျော်ရင်သူဖုန်းထဲကနေသိချင်းဆိုပြိးတော့ချော့သိပ်တယ်
ကျွန်မကိုသူအရမ်းချစ်တယ်ဆိုတာကို ဘေးကလူတွေမြင်ရင်သိနိုင်ပါတယ်။ အဲ့ဒိလိုအချိန်လေးတွေကိုကျွန်မပိုင်ဆိုင်နေတဲ့အချိန်မှာပဲ ဇွဲသူငယ်ချင်းဆိုတဲ့ကောင်မလေးတစ်ယောက်ပေါ်လာခဲ့ပါတယ်။ သူကတောင်ကြိးကလာတာတဲ့ ။သူအဖေတာဝန်နဲ့မန္တလေးကိုကျလို့ ရတနာပုံကိုကျောင်းပြောင်းလာတာတဲ့ ။ဇွဲနဲ့ကတော့ ကိုးတန်းအထိသူငယ်ချင်းဖြစ်ခဲ့ဖူးတယ်လို့ကျွန်မကိုပြောပါတယ်။
အချိန်တွေတတွေတရွေ့ရွေ့ကုန်လာသလို ကျွန်မစိတ်တွေလည်းတဖြည်းဖြည်းနဲ့ပူလာပါတယ်။
အခုဆိုဇွဲက ကျွန်မကိုအရင်လိုဂ၇ုမစိုက်တောဘူးလိုကျွန်မခံစားနေရတယ် ။သူသူငယ်ချင်း ထက်ထက်ဆိုတဲ့ ကောင်မလေးပေါ်လာပြိးကတည်းကပေါ့ ။
April  ၁၃ ရက် သင်္ကြန်အကြိုနေ့
အဲ့ဒိနေ့မှာ ဇွဲတို့လျောက်လည်ကြမယ်တဲ့ သူသူငယ်ချင်းကောင်မလေးထက်ထက်ကောပါလိမ့်မယ်လို့ဇွဲက ကျွန်မကိုပြောပါတယ်
ကျွန်မလည်းလိုက်ချင်တယ်လို့ဇွဲကပြောတော့
မလိုက်ပါနဲ့ကွာ .. ဖြိုးလိုက်ရင် အဲ့ဒိသင်္ကြန်တိးလုံးတွေကြားထဲမှာ နှလုံးကဖြစ်မှာမဟုတ်ပါဘူး
အိမ်မှာပဲနေခဲ့ပါကွာ …
သူ ကျွန်မကို လစ်လျုရှုနေပြိ ။ ကျွန်မအဲ့ဒါကိုသိပါတယ် ။
ကျွန်မမျက်နှာပေါ်မှ မျက်ရည်များ အလိုလို လိမ့်ဆင်းလာပါတယ် ။ အဲ့ဒါကို ကျွန်မသတိထားမိမိခြင်း ချက်ချင်းပဲသုတ်ပစ်လိုက်ပါတယ် နောက်ပိးတော့ ဘာမှဆက်မပြောတော့ပဲ အိမ်ကိုပဲပြန်ခဲ့ပါတော့တယ်။ဇွဲကတော့ကျွန်မငိုတာကိုသူသိပါတယ် ။သူကျွန်မကိုမချော့ဘူး
သူ ကျွန်မကို အရင်လိုမချစ်တော့ဘူး …… သူကျွန်မကိုအရင်လိုဂရုမစိုက်တော့ဘူး ..
မေလ ၁၆ ရက် …
ကျွန်မနဲ့ဇွဲ ကျောင်းက ဥပိန်တံတားပေါ်မှာလမ်းလျောက်ရင်း ကျွန်မကဇွဲကိုမေးလိုက်ပါတယ်
ဇွဲ … ဇွဲဖြိုးကိုတကယ်ချစ်လား
အင်း …
သူကတော့ခပ်ပြတ်ပြတ်ပါပဲ ဖြေပုံကလည်းအသက်မပါတော့ပါဘူး။
ကျွန်မတော်တော်ဝမ်းနည်းမိပါတယ် ဒါပေမယ့်လည်းကျိတ်မှိတ်သည်းခံရင်းသူ့ကိုဆက်မေးပါတယ်
အခုနေ ဖြိုးတန်ဖိုးထားတဲ့ပစ္စည်းလေးတစ်ခု တောင်သမန်ထဲကျသွားရင် ဇွဲဆင်းဆယ်ပေးမှာလား
ဟာဖြိုးကလည်းကွာ ဘယ်လိုမေးလိုက်တာလည်း ကိုယ်မှရေမကူးတတ်တာ
အင်းလေ ရေမကူးတတ်တာသိတယ်လေ သိလိုလည်းအဲ့ဒိလိုမေးတာပေါ့
တော်တော့ဖြိုး အဲ့ဒိလိုမေးခွန်းတွေကိုယ့်ကိုလာမမေးနဲ့ ကိုယ်ဖြေမှာမဟုတ်ဘူး …
ကျွန်မဒေါသလည်းထွက် ၀မ်းလည်းဝမ်းနည်း သူပြောင်းလဲသွားပြိ သူတော်တော်လေးကိုပြောင်းလဲသွားပိ ကျွန်မစိတ်ကိုဆုံးဖြတ်လိုက်ပါတယ်
ငါတိုလမ်းခွဲရအောင်ဇွဲ …
ကျွန်မအဲ့ဒိလိုပြောလိုက်တော့ သူက ဆေးလိပ်ကိုလက်ကနေဖွာရင်းစဉ်းစားနေတဲ့ပုံပါ။တစ်ချိန်တစ်ခါက အရမ်းချစ်ခဲ့ဖူးတဲ့ဇွဲ အခုလမ်းခွဲမယ်လို့ပြောတာတောင် ဘာမှပြန်မပြောတော့ကျွန်မတော်တော်ဒေါသထွက်သွားခဲ့ပါတယ်။
အဲ့ဒိနောက်ဇွဲဆိကအသံထွက်လာပါတယ်
အဲ့ဒိလိုလုပ်ဖို့လိုလို့လား ….
လိုလားမလိုလားနင်အသိဆုံးဖြစ်မှာပေါ့ နင်အခုနောက်တစ်ယောက်တွေ့နေပြိ ငါ့ကိုလည်းမေ့သွားပိမချစ်တော့ဘူး
နင့်ကိုငါမချစ်တော့ဘူးဆိုတာကိုနင်ကဘာကြောင့်ပြောနိုင်ရတာလည်း
ပြောနိုင်တာပေါ့ နင်ငါ့ကိုအရင်လိုဂ၇ုမစိုက်တော့ဘူး ထက်ထက်ဆိုတဲ့သူပေါ်လာပြိးကတည်းက
ထက်ထက်နဲ့ဘာမှမဆိုင်ဘူး နင်လျောက်မပြောနဲ့ ငါနင့်ကိုအရင်ကထက်ပိုချစ်ပါတယ် နေတိုင်းလည်းချစ်တယ် နင်ကလွဲလို့ဘယ်သူ့ကိုမှ ငါအခုထက်ထိမချစ်နိုင်သေးဘူး ။
နင်လျောက်ပြောမနေနဲ့ ဒိကြားထဲနင့်အပြုအမူတွေကသက်သေတွေပဲ
ကဲကဲ တော်ပြိ ငါလည်းနင့်ကိုဒိထက်ပိုပိးတော့ရှင်းမပြနိုင်တော့ဘူး အခုလောလောဆယ်နင်စိတ်ကိုငြိမ်အောင်ထား နောက်ပြိးကျရင်အိမ်ပြန်မယ် ဒိနေ့ကျောင်းမတက်နဲ့တော့
အဲ့ဒိနေ့ကကျွန်မ အိမ်ပြန်ရောက်တော့ ရင်ထဲမှာဟာနေသလိုကြိးတစ်ခုခုကိုနှုတ်ယူထားခံရသလိုပဲ
နောက်ပြိးတော့ မူးနေတယ် ။ ခြေဖျားလက်ဖျားတွေလည်းအေးစက်နေတယ် ။ အဲ့ဒိနောက် ကျွန်မဘယ်လိုဖြစ်သွားမှန်းမသိဘူး လောကကကြိးကမှောင်မည်းပြိးတော့ …….
ကျွန်မသတိရလာတော့ ဆေးရုံပေါ်မှာ မျက်နှာမှာလည်းဘာတွေအုပ်ထားမှန်းမသိဘူး ။နေရထိုင်ရတာခက်လိုက်တာ ။ အဲ့ဒိနောက်မှာတော့ ဖေဖေလာတယ် နောက်ပြိးတော့ ကျွန်မကျောင်းကသူငယ်ချင်းတွေလာမေးကြတယ် ။
ကျွန်မကလည်း ကျွန်မသူငယ်ချင်းတွေကိုမေးပါတယ်
ဇွဲငါဆေးရုံတက်နေရတာကိုသိလား လို့မေးတော့
ကျွန်မသူငယ်ချင်းတွေကပြန်ဖြေတယ် သူသိတယ်တဲ့
လုပ်ရက်လိုက်တာဇွဲရယ် ငါ့ကိုနင်တစ်ခေါက်လေးလာကြည့်ရင်ငါကျေနပ်ပါတယ်
နင်အခုငါ့ဆိကိုမလာဘူးနော် …
ကျွန်မစိတ်ထဲကနေတွေးနေမိပါတယ် ။
နောက်တော့ ကျွန်မအသက်ရှင်ချင်စိတ်မရှိတော့ပါဘူး ကျွန်မအရမ်းချစ်တဲ့ဇွဲက ကျွန်မကိုမချစ်တော့ဘူးဆိုတဲ့ ခံစားချက်ကိုတနှုံနှုံခံစားရင်း ကျွန်မ heart beat တွေတဖြည်းဖြည်းနှေးလာတယ်လို့ခံစားမိလိုက်ပါတယ်။
အဲ့ဒိညက ကျွန်မမအိပ်သေးပဲ မျက်လုံးမှေးထားတုန်းဖေဖေနဲ့မေမေတိုင်ပင်သံကိုကြားလိုက်ပါတယ်
ကျွန်မအိပ်ပြိအထင်နဲ့သူတိုတိုင်ပင်နေကြတယ်ထင်ပါတယ်
သူတိုပြောနေကြတာက ကျွန်မနှလုံးကတော်တော်လေးဆိုးနေပြိတဲ့ အသက်ရှင်ဖို့လမ်းသိပ်မရှိတော့ဘူးတဲ့ .
ကျွန်မလေ အဲ့ဒိလိုသိလိုက်ရတော့ ကျွန်မ နောက်ဆုံးတစ်ခေါက်လောက်တော့ ဇွဲမျက်နှာလေးကိုကြည့်သွားချင်မိတာ ။ ဒါပေမယ့် ဇွဲရဲ့အရိပ်ကိုတောင်ကျွန်မမတွေ့ရပါဘူး ။
ဒိလိုနဲ့ပဲ…
ဇွန်လ ၉ ရက်
ကျွန်မဆေးရုံကဆင်းတဲ့ရက်ပေါ့။
ကျွန်မဆေးရုံကဆင်းတဲ့နေ့မှာဖေဖေနဲ့မေမေကတော့ အရမ်းဝမ်းသာနေကြပါတယ် ။အကြောင်းကတော့ ကျွန်မအသက်ပြန်ရှင်လာနိုင်လို့ပါ ။ သူတို့ပြောတာတော့ နှလုံးအလှုရှင်ရှိလို့တဲ့
ကျွန်မကိုအသက်ကယ်ခဲ့တဲ့သူကဘယ်သူပါလိမ့် ကျွန်မအရမ်းကိုသိချင်နေပါတယ် ။ ဇွဲကိုလည်းသတိရတုန်း ချစ်နေတုန်းပါ ။ ကျွန်မကျောင်းပြန်တက်နိုင်တော့ ဇွဲသတင်းကိုအရင်စုံစမ်းပါတယ် ။ ကြားရတဲ့သတင်းကတော့ ကျွန်မအတွက်မကောင်းခဲ့ပါဘူး ။
ဇွဲတစ်ယောက်ကျောင်းပြောင်းသွားပြိတဲ့ ကျွန်မဆေးရုံတက်တဲ့နေကပဲပြောင်းသွားတယ်လို့ သိခဲ့ရပါတယ် ။
ဇွဲရယ် ငါ့ကိုတောင်လာမနှုတ်ဆက်ဘူးနော် .. နင်အရင်ကချစ်ခဲ့တဲ့ကောင်မလေးဖြိုးက အရင်လိုရောဂါသည်လေး မဟုတ်တော့ဘူးဆိုတာ နင့်ကိုသိစေချင်လိုက်တာ အခုလေ ငါ့နှလုံးကသာမန်လူတွေလိုပဲ ကောင်းနေပြိ နင်သိရဲ့လား အဲ့ဒါကိုနင်သိရဲရ့လား ။ ကျွန်မစိတ်ထဲမှရေရွတ်ရင်မျက်ရည်တွေကျလာပါတယ် ။ဒိတစ်ခါတော့ ကျွန်မစိတ်ရှိလက်ရှိငိုပစ်လိုက်ပါတော့တယ် ကျွန်မအခုဆိုငိုချင်ရင်ငိုလို့ရနေပြိ ။အော်ချင်တဲ့အခါအော်ပစ်လိုက်လိုလည်းရနေပါပြိ ။
စက်တင်ဘာ၂၄ ရက် ….
အဲ့ဒိနေ့က မမျှော်လင့်ပဲ ကျွန်မအသက်သခင်ကျေးဇူးရှင်အကြောင်းကိုသိချင်လာတာနဲ့ကျွန်မတက်ခဲ့တဲ့ဆေးရုံကိုသွားပြိးတော့မေးကြည့်မိပါတော့တယ်။
အဲ့ဒိနေ့ကကျွန်မအတွက်ကမ္ဘာကြိးပြိုတဲ့နေ့ပါ။
ကျွန်မကိုကုသပေးတဲ့ နှလုံးအထူးကုဆရာဝန်ကြိးဆိကို ကျွန်မသွားပြိးတော့မေးပါတယ်။ ကျွန်မကိုနှလုံးလှုခဲ့တဲ့သူဟာဘယ်သူလည်းလို့မေးပါတယ် ။
ဆရာဝန်ကြိးအဲ့ဒိအခါကျတော့ပြန်ပြောပါတယ်
သမိးလေး အဲ့ဒါကိုစိတ်ထဲမထားပါနဲ့ ဆရာတို့ကလည်းပြောခွင့်မရှိပါဘူး အလှုရှင်ကမပြောဖို့မှာထားလို့ပါ ။
မသိစေချင်တာကိုမှ သိချင်တာကလူသဘာဝပါ ကျွန်မသုံးခါမေးလည်းမဖြေ
လေးခါမြောက်မေးတော့မှ ဆရာဝန်ကြိးကပြောပါတယ်
သမိးခနလေးနော်
အဲ့ဒိလိုပြောပြိးတော့ ဆရာဝန်ကြိးက သူ့အံဆွဲထဲမှ စာအိပ်လေးကို ထုပ်ယူနေတာကိုတွေရပါတယ်
ကဲ့သမိး သမိးကတစ်ခါမေးလည်းမပြော နှစ်ခါမေးလည်းမပြော သုံးခါမေးလည်းမပြောပါနဲ့လိုအလှုရှင်ကမှာထားခဲ့တယ် ဒါပေမယ့် လေးခါမြောက်မေးတဲ့အခါမှာတော့ပြောလိုက်ပါလိုလည်းမှာခဲ့ပါတယ် ။ ဒိတော့သမိးဒိစာလေးကိုသေချာဖတ်ကြည့်လိုက်ပါ သမိးနားလည်သွားပါလိမ့်မယ်။
ကျွန်မစာကိုစဖတ်ပါတော့တယ်
ချစ်ရတဲ့ဖြိုးရေ ….
ဒီစာကိုဖတ်နေတဲ့အချိန်မှာ ကိုယ်မင်းအနားမှာမရှိနေနိုင်တော့ဘူး။ ကိုယ့်ကိုခွင့်လွှတ်ပါကွာ ။
ကိုယ်လေမင်းကိုအရမ်းချစ်ပါတယ် ။ ဘယ်လောက်ချစ်လည်းဆိုတာကိုယ့်ကိုယ်ကိုယ်တောင်မပြောပြတတ်ပါဘူးကွာ ဒါပေမယ့် မင်းကမယုံဘူးနော် ။ ကိုယ်အဲ့ဒိအတွက်စိတ်မကောင်လည်းဖြစ်မိပါတယ်။ အဲ့ဒိနေက ဖြိုးကိုယ့်ကိုလမ်းခွဲမယ်လို့ပြောတဲ့နေ့ကဖြိုးမေးတဲ့မေးခွန်းကိုကိုယ်ဖြေမယ်နော် ။
အခုနေဖြိုးတန်ဖိုးထားတဲ့ပစ္စည်းလေးတောင်သမန်ထဲကျသွားရင်ကောက်ပေးမှာလားလို့ဖြိုးမေးတယ်နော်
ကိုယ်ဖြေပါ့မယ် အဲ့ဒိမေးခွန်းကို ။အဖြေကတော့ ကိုယ်ဆယ်မပေးနိုင်ဘူးဖြိုး ။ ဘာဖြစ်လိုလည်းဆိုတော့ ကိုယ်ကရေမှမကူးတတ်တာ ။ကိုယ်သေသွားမှာပေါ့ ။ ကိုယ်သေသွားခဲ့ရင် ဖြိုးကိုဘယ်သူလက်သည်းနိဆိုးပေးမှာလည်း ၊ ဖြိုးဆံပင်တွေရှုပ်ပွနေရင်ဘယ်သူက ဘိးဖိးပေးမှာလည်း
ဖြိုးညဘက်တွေမအိပ်နိုင်ရင်ဘယ်သူကဖုန်းထဲမှာ သိချင်းဆိုပြ ပုံပြောပြပြိးတော့ချော့သိပ်မှာလည်း ။ ဖြိုးကိုအဲ့ဒိလိုတွေ လုပ်ပေးမယ့်လူမရှိရင်ဖြိုး အထိးကျန်မှာကိုကိုယ်တွေးမိတယ် ။ ဖြိုးကိုပျော်စေချင်တယ် ။
အဲ့ဒိနေ့က ဖြိုးကိုယ့်ကို လမ်းခွဲမယ်လို့ပြောတော့ကိုယ်ဘာမှမပြောပဲနေတာက ကိုယ်သွေးအေးတာမဟုတ်ပါဘူး ကိုယ့်ကိုဖြိုးခွဲမသွားအောင်ဘယ်လိုလုပ်ရမလည်းဆိုတာစဉ်းစားနေတာပါ။နောက်ပြိးတော့ ဖြိုးကိုဒိကြားထဲ နှလုံးကိုအလေ့အကျင့်လေးဖြစ်အောင် ကိုယ်ကဂရုမစိုက်ချင်ယောင်ဆောင်နေရတာပါ။
ဒါမှကိုယ်မရှိတဲ့အခါတွေဆိုဖြိုးနေတတ်အောင်ပါ ။ ဒါပေမယ့် ကိုယ်ထင်တာမှားသွားခဲ့ပြိ ။ကိုယ့်ကိုခွင့်လွှတ်ပါဖြိုး ။ ကိုယ်ဖြိုးကိုကိုယ့်အသက်ထက်ပိုပြိးတော့ချစ်တယ်ဆိုကိုတော့ဖြိုးယုံပေးပါကွာ ။နောက်ပြိးတော့ ကိုယ့်ကိုပြောခဲ့တဲ့လမ်းခွဲမယ်ဆိုတဲ့စကားကို ပြန်ရုတ်သိမ်းပေးပါကွာ ။
ကျွန်မစာကိုဖတ်နေတာကိုရပ်လိုက်ပါတယ် ။ဒိလောက်ဆို ကျွန်မသဘောပေါက်ပါတယ် ကျွန်မသဘောပေါက်သွားပါပြိ ။ ကျွန်မကိုသူတကယ်အသက်ပေးပြိးချစ်ခဲ့တာပဲ
ကျွန်မမျက်ရည်တွေအတားအစိးမရှိကျလာပါတယ်။ နောက်စာကိုကျွန်မဆက်ဖတ်ပါတယ်
မငိုပါနဲ့ကောင်မလေးရယ် မင်းငိုတာကိုကိုယ်အခုမြင်နေရတယ်နော်။ ကိုယ့်ကိုတကယ်ချစ်၇င်မငိုပါနဲ့ကွာ ကိုယ်ဘ၀မှာ အမြတ်နိုးဆုံးက ဖြိုးရဲအပြုံးလေးတွေပါ ကိုယ်တန်ဖိုးအထားဆုံးက ဖြိုးရဲမျက်ရည်လေးတွေပါ ကိုယ်မြတ်နိုးတဲ့အပြုံးလေးတွေကို ခဏခဏထုတ်ပြပေးပါ ဒါမှကိုယ်စိတ်ချမ်းသာနိုင်မှာ ကိုယ်တန်ဖိုးထားတဲ့ မျက်ရည်လေးတွေကို ဖြုန်းတိးမပစ်ပါနဲ့ကွာ သိမ်းထားပေးပါ မဟုတ်ရင်ကိုယ်ဘယ်စိတ်ကောင်းနိုင်ပါ့မလည်း .။
ကိုယ်တိုအခွင့်ရှိရင်တော့ နောင်ဘ၀ဆိုတာကိုတောင်းဆိုကြတာပေါ့ နောင်ဘ၀မှာလည်း ဖြိုးရဲ့ချစ်သူဖြစ်ချင်ပါသေးတယ် ။ ကိုယ်နောက်ဆုံးတစ်ခုမှာပါရစေ ဖြိုးအသက်ဆက်ရှင်နေထိုင်သွားပါ။ ကိုယ့်ကိုမေ့ပစ်ပါ ချစ်ရတဲ့သူတစ်ယောက်ရှာပြိးလောကကြိးမှာ နေထိုင်ရင်းကိုယ်တိုကတိထားခဲ့တဲ့မင်္ဂလာပွဲကို ဆက်လုပ်ပါ ။သားသားမိးမိးတွေမွေးပြိးတော့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ ဒါဆိုရင်ကိုယ်ကျေနပ်ပါပြိ ။ဖြိုးကျန်းမာရေးကိုဂ၇ုစိုက်နေပါနော်
                                                                                                    ချစ်တဲ့ ဇွဲ
ကျွန်မဘယ်လိုလုပ်ရမလည်း ကျွန်မဘယ်လိုလုပ်ရမလည်း  …. ကျွန်မကိုပြောပြပါဆရာဝန်ကြိးရယ် ဒိစာက အတုမဟုတ်လား လျောက်ရေးထားတာတွေမဟုတ်လား ပြောပြပါဆရာဝန်ကြိးရယ်။
ကျွန်မဘယ်လိုလုပ်များ ချစ်ရတဲ့သူနောက်ထပ်တစ်ယောက်ရှာနိုင်အုန်းမှာလည်း။ ကျွန်မရင်ဘတ်ထဲက သူနှလုံးသားတစ်စုံ ခုန်လိုက်တိုင်း ရင်မှာ မချိမဆံ ခံစားရပါတယ် ။လောကကြိးမှာ ကျွန်မဘယ်လိုစိတ်မျိုးနဲ့ အသက်ရှင်နေထိုင်သွားရပါ့မလည်း အဲ့ဒိအစား ကျွန်မပဲသေသွားခဲ့ရင်လည်းကောင်းသားပဲ ။အခုတော့ ကျွန်မမှာအရွယ်နှင့်မမျှအောင်ဒဏ်ရာဒဏ်ချက်တွေကိုခံစားနေရပါပြိ ။အခုတော့ ၀မ်းရေးထက် လွမ်းရေး ခက်ဆိုတဲ့စကားကို ကျွန်မအပြည့်ဝနားလည်နိုင်ပါပြိ။ ဒါပေမယ့်လည်း ကျွန်မအသက်ဆက်ရှင်နေထိုင်ရအုန်းမယ် ။ ကျွန်မသူ့စကားကိုနားထောင်ရမယ် ။ ဒိနေ့သူ့ကိုမေ့ပစ်ဖို့ အချိန်တစ်စက္ကန့်ဆိုရင် မနက်ဖြန်ဆိုရင် နှစ်စက္ကန့် သန်ဘက်ခါဆိုရင် ……

                           မှတ်ချတ် ၊ အပြင်မှာတကယ်မသေပါဘူး။ယခုထက်ထိရှိနေပါသေးသည် ။ တကယ်က နှလုံးလှုတာမဟုတ်ပါဘူး အသည်းလှုတာပါ ။ ဖတ်ကောင်းအောင်သူငယ်ချင်းတစ်ယောက်ကရေးသားထားခြင်းသာဖြစ်ပါသည် ။
ဝဿန်ဦး (facebook)ထံမှ ကူးယူ ဖော်ပြပါသည်။https://www.facebook.com/zinnlay

ရင်လေးဖွယ် ထောက်လှမ်းရေး အစီရင်ခံစာ

ကောင်းကင်ဘုံထောက်လှမ်းရေးတပ်ဖွဲ့ (Heaven Intellegence Bureau)
(ယမပြည်တွင်း ထောက်လှမ်းရေး အထူးအစီရင်ခံစာ)
Special Investigation Report On Republic Union Of YaMa

ယမပြည်၏ အနေအထားများသည် ယနေ့အခါ လွန်စွာ စိုးရိမ် ဖွယ်ကောင်းနေပါကြောင်း ပထမဦးစွာ စကားဦး ကြိုတင် အစီရင်ခံမှု ပြုရလတ္တံ့။

လွန်ခဲ့သော အတိတ်ကာလ တစ်ခုကို ပြန်လည် အစီရင်ခံရပါက ပုဂံသားတို့ စံပျော်ရာ ပုဂါရာမပြည်မှ ဗိုလ်ချုပ်ကြီး နေ၀င်း အမှူးပြုသော လူတစ်သိုက်တို့ ယမ ပြည်ထောင်စု သို့ရောက်ရှိကတည်းက ယမပြည်သည် လက်ဝဲ တရားများ ထွန်းကား နေသည်မှာ သိသာလွန်း ခဲ့ပါသည်။ သို့သော်လည်း ယမပြည်ထောင်စု အစိုးရ (YaMa Union Government) မှ အတင်းအကျပ် နှိပ်ကွပ်လွန်းသဖြင့်သာ လက်ဝဲ ၀ါဒီ တို့ ခေါင်းထောင် နိုင်စွမ်း မရှိခဲ့ပေ။ ယင်းနောက် ပုဂံသား မောင်မောင် ရောက်လာပြီးနောက် လက်ဝဲမကျ လက်ယာမကျ စစ်ဝါဒ ထွန်းကားမည်လောဟု မိမိတို့ ထောက်လှမ်းရေး တပ်ဖွဲ့ကြီးမှ သံသယ ပွားများခဲ့သော်လည်း ထိုအချိန်အခါများဆီက လွန်စွာမှ ငြိမ်သက်နေခဲ့လေသည်။ သို့သော်လည်း ယမအထွေထွေလုပ်သားများ ကောင်စီ (Labor Council Of YaMa Union)  အတွင်း ဆိုရှယ်လစ် သဘောတရားများ တိတ်တပုန်း ထွန်းကား လာခဲ့သည်မှာကား ငြင်းချက်ထုတ်ရန် မသင့်သော ထောက်လှမ်းရေး အစီရင်ခံချက်ပင် ဖြစ်ပါသည်။

ထို့နောက် မိမိတို့ ထောက်လှမ်းရေးတပ်ဖွဲ့များအား လှုပ်နှိုးလိုက်သော ကိစ္စရပ်များသည် ယနေ့ အချိန်တွင် ဆက်တိုက်ဆိုသလို ယမပြည်ထောင်စုအတွင်း ဇွတ်အတင်း ဖြစ်ပေါ်လာပါသည်။ လစ်ဗျား(ခေါ်) အနှီ ဖုန်းဆိုးတောလွင်ပြင်ဒေသမှ ဗိုလ်မှုးကြီးကဒါဖီ သည် ယမပြည်သို့ ရောက်ရှိ စာရင်းသွင်း နေထိုင်လျှက် ရှိသည်မှာ မကြာသေးချေ။ ယင်းရောက်ရှိလာပြီး ကတည်းကပင် ယမတပ်မတော် (YaMa Armed Forces) တစ်ရပ်လုံးသည် နေ့လား ညလား စိုးရိမ်ရသည့် အနေအထား ရောက်လာခဲ့ပြီး ယမပြည်ထောင်စုအစိုးရနှင့် ယမတပ်မတော် အကြားအငြင်းပွားဖွယ် သံသယများ တိုးတက် ဖြစ်ပေါ်လာအောင် ကြိုးပမ်းနေခဲ့သည့် လက်သည် တရားခံမှာ အဆိုပါ ဗိုလ်မှုးကြီး ကဒါဖီသာ ဖြစ်ကြောင်း ယမပြည်ထောင်စု၊ အထက်လွှတ်တော် (YaMa Senate) မှ တစ်ညီတစ်ညွတ်တည်း သတ်မှတ်ထားကြသည်။

ထို့နည်းတူစွာပင် မကြာသေးသော ကာလတစ်ခုအတွင်းဆီက ရှေးဂျိုဆောင်မြောက်ပိုင်းသား ကင်ဂျုံအီးလ် ဆိုသူ ယမပြည်ထောင်စုသို့ ရောက်ရှိလာပြီးနောက် ယမနည်းပညာတက္ကသိုလ် (YaMa Technological Institute) တွင် မာက့်ခ်ဝါဒ ဆိုင်ရာ ဟောပြောမှုများကို အလျှင်အမြန် ပြလုပ်လိုက်ကြောင်း သိရပါသည်။ သို့သော်လည်း ထိုနေ့က ဗိုလ်ချုပ်ကြီးနေ၀င်း နှင့် ကင်ဂျုံအီးလ် တို့ စင်မြင့်ထက်တွင် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ဆဲဆို နေကြသဖြင့် ဟောပြောပွဲ ပျက်ရသည်ဟု သတင်းရရှိပါသည်။

ယင်းသို့ အဖြစ်အပျက်များ နှင့် တစ်ပြိုင်နက်တည်းပင် ယမပြည်ထောင်စုကြီး အတွင်းတွင် အထွေထွေ သပိတ်ကြီးများ၊ ဆန္ဒပြမှုများ၊ တပ်တွင်းတော်လှန်မှုများ စသည်ဖြင့် ဖြစ်ပွားနေပြီး နောက်ဆုံး ရရှိသော သတင်းအနေဖြင့် ယမပြည်တွင်း ဆူပူအကြမ်းဖက်သူများက ယမပြည်ထောင်စုအစိုးရ၊ ယမပြည်ထဲရေးဝန်ကြီးဌာန (Ministry Of YaMa Affairs) ပိုင် ငရဲမီးများ သိုလှောင်ရာ ဂိုထောင်ကြီးများ အလျှံညီးညီး တောက်လောင်လျှက် ပေါက်ကွဲ ထွက်အောင် ဖောက်ခွဲ ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် ယခုအခါ ယမပြည်ထောင်စု အစိုးရသည် ငရဲမီးများ ဆီများကို အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံမှာ အကြီးအကြယ် မှာယူတင်သွင်းနေရကြောင်း လည်းသိရပါသည်။

သို့သော်လည်း ထူးခြား အခြေအနေတစ်ရပ် အနေဖြင့် လတ်တလော ဖြစ်ရပ်များကို တင်ပြရပါမူ -

(၁) အဒေါ့ဖ် ဟစ်တလာ၊ မူဆိုလီနီ၊ ဗိုလ်ချုပ်ကြီးတိုဂျို၊ ပိုပေါ့၊ မော်စီတုန်း၊ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်ချုပ်ကြီးစောမောင်၊ ဆာဒမ်ဟူစိန်၊ အိုစမာဘင်လာဒင်၊ ဗိုလ်မှုးကြီး ကဒါဖီ နှင့် ချစ်စွာသော ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ် တို့သည် ညနေခင်း အခါသမယတိုင်းတွင် ခေါင်းဆောင်ကြီး စတာလင် ၏နေအိမ်တွင် ကော်ဖီသောက်ရင်း ရှန်ပိန်လေးများ သောက်ရင်း စုစည်းလျှက် စည်းဝေးနေကြသည်ဟု အတိအကျ သတင်းရရှိထားခြင်းပင် ဖြစ်ပါသည်။
(၂) အတွင်းထောက်လှမ်းရေးများပြောဆိုမှုအရ ယမပြည်ထောင်စုအစိုးရကို ဖြုတ်ချပြီး ယမပြည်သူ့ဆိုဗီယက်ဆိုရှယ်လစ်ဒီမိုကရက်တစ်သမ္မတနိုင်ငံတော် (People Republic Soviet Socialist Democratic Union Of YaMa) အဖြစ် တည်ထောင်သွားရန် အစီအစဉ်မှာ ရာနှုန်းပြည့် သေချာ နေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း အာဏာသိမ်းပိုက်ရေး နှင့် အာဏာလွှဲပြောင်းရေး ယမပြည်သူများအား ယုံလောက်အောင် ပြောဆိုနိုင်ရေး နှင့် ယမအစိုးရသစ်၏ ဂုဏ်သိက္ခာ ကောင်းမွန်ရေး၊ ယမအစိုးရ အဓွန့်ရှည် တည်တံ့ရေး တို့အတွက် အထူးစွမ်းဆောင်ရည် ကောင်းသော ပုဂံသား ဗိုလ်ချုပ်မှုးကြီး တစ်ဦး ရောက်မလာသေးပါကြောင်း၊ ယင်းသည် ယခု ခေါင်းဆောင်ကြီးများ အားလုံးထက် ပိုမို သာလွန် ကြောင်း၊ ယခု ထကြွကြမည် ဆိုပါက ယမတောင်ပိုင်း ယမမြောက်ပိုင်း ဟူလျှက် ကွဲပြားသွား နိုင်ပြီး ယမပြည်ကြီး အစိတ်စိတ် အမွှာမွှာ ကွဲပြားသွားနိုင်ကြောင်း၊ တစ်စု တစ်စည်းတည်း အုပ်မိ စည်းမိ ဖို့ရာအတွက် ယင်းပုဂံသား တပ်ချုပ်ကြီး ဆိုသူသည်သာ စွမ်း နိုင်ကြောင်း..သို့သော်လည်း ယင်းရောက်ရှိမလာသေးသဖြင့် စောင့်ဆိုင်းနေကြရပါကြောင်း သတင်းရရှိပါသည်။
ထိုသတင်းများကြောင့် ယမပြည်သူအမြောက်အမြားသည် ယမနိုင်ငံခြားရေးဝန်ကြီးဌာန (YaMa Ministry Of Foreign Affairs) တွင် ပြည်ပထွက်ခွာခွင့် များ လာရောက်လျှောက် ထားမှုနှုန်း လွန်စွာ မြင့်တက်လာနေကြောင်း၊ နယ်စပ် အသီးသီးမှ ထွက်ပြေးခိုလှုံခွင့် တောင်းလာသူများ များပြားလာနေကြောင်း၊ ယခင်လို မတည်ငြိမ်တော့ပါကြောင်း လေ့လာ တွေ့ရှိရပါသည်။ ထို့နည်းတူပင် ယမတက္ကသိုလ်(University Of YaMa) တွင်လည်း ပစ္စည်းမဲ့ လူတန်းစား ဆိုင်ရာ ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်နေကြကြောင်း။ ထိုသို့သော အခြေအနေ အရပ်ရပ် မတည်မငြိမ် ဖြစ်ပေါ် နေချိန်တွင် ယမတပ်မတော် မှ တိုင်းပြည်၏ ယိုယွင်း နေသော အခြေအနေအား လက်မတင်လေး ကယ်တင်ရလိမ့်မည်ဟု တစ်ဖွဖွ ပြောဆိုနေသည်များကိုလည်း ကြားရပါကြောင်း။ တိုင်းပြည်ကို မည်သို့မျှ ကွဲစေလိမ့် မည်မဟုတ် နိုင်ငံရေးသမားမျး အလုပ်မလုပ်ကြဟု ယမတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မရဏ မှ ပြောကြားသွားခဲ့ပါသည်။

ယမပြည်တွင်း မတည်ငြိမ်မှုများ သည် ကင်မ်ဂျုံအီးလ် ရောက်ရှိလာပြီးမှ ပိုမို ဆိုးရွားလာပါကြောင်း။ ယခုပင် ထိုမျှ ဖြစ်နေလျှင် ပုဂံသားတပ်ချုပ် ရောက်လာပါက ပိုမိုဆိုးရွားနိုင်ပါကြောင်း။ ယမ အရာရှိ များ၏ ဗျူရိုကရက်ဆန်သော အဂတိလိုက်စားမှုများ ကို ဖော်ထုတ်နေသည့် ယမအထူးစုံစမ်းစစ်ဆေးရေးဌာန (YaMa Special Investigation Bureau) အနေဖြင့် တိုင်ကြားမှုပေါင်း၊ စစ်ဆေး အရေးယူမှုပေါင်း (တစ်သောင်းခြောက်ထောင်) တိတိ ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာထားသည်။

သို့သော်လည်း ယခုကဲ့သို့ ယမပြည်ထောင်စုကြီး အခြေအနေအရပ်ရပ်ကို အချိန်မှီ ပြန်လည် ထိမ်းသိမ်း နိုင်မည်ဟု မိမိကတိပေးကြောင်း ယမပြည်ထောင်စု ၀န်ကြီးချုပ် ၀င်စတန် ချာချီလ် နှင့် ယမပြည်ထောင်စုအထက်လွှတ်တော် ဥက္ကဌ ဂျွန်အက်ဖ် ကနေဒီ နှင့် အောက်လွှတ်တော် ဥက္ကဌ ဦးနု တို့မှ ကတိပေး စကားပြောကြားထားသည်။ ယမဘက်မလိုက်ကောင်စီ အနေဖြင့်လည်း ထိမ်းသိမ်းသွားမည် ဖြစ်ကြောင်း ဥက္ကဌ ဂျဝါဟာလာနေရူး မှ ပြောကြားလိုက်သည်။

ထို့ကြောင့် ယခု လက်ရှိ ယမပြည်ထောင်စု အနေအထားအား မည်သို့ ဆောင်ရွက် ရမည်ကို ကောင်းကင်ဘုံ ယမပြည် ဆိုင်ရာ အထွေထွေ ညှိနှိုင်းကွက်ကဲရေးကောင်စီ (အဆင့်မြင့်အာဏာပိုင်အဖွဲ့) အနေဖြင့် တစ်စုံတစ်ရာသော မူဝါဒ များကို သုံးသပ်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

အမိန့်အရ
ဗိုလ်ချုပ်ကြီး မာတလိ
ထောက်လှမ်းရေးမှုးချုပ် (ကောင်းကင်ဘုံ)
                                                                 လေပြေစိုး(facebook) ထံမှ ကူးယူဖော်ပြပါသည်။

Sunday, January 8, 2012

၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ရွှေပြည်တံခွန် ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း





by မက်စင်ဂျာ ဂျာနယ် on Friday, January 6, 2012 at 6:43pm
  ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ 

--၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လိုဖြေရှင်းပေးနိုင်ပါမလဲ။

ကျွန်တော်တို့ နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ် တင်ထားပါတယ်။ ခွင့်ပြုချက်ရပြီဆိုတာနဲ့ မတ်ခ်ျလမှာ စတင်မိတ်ဆက်ပြီး ဇွန်လလောက်မှာ ရောင်းချပေးသွားနိုင်မှာပါ။ ဒီပရိုပိုဆယ်ကို တင်ထားကတည်းက ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ အဲဒါကြောင့်မလို့ ပြည်သူကို အသိပေးလိုက်တာပါ။

ပရိုပိုဆယ်လ်ကို ဘယ်အချိန်က တင်ခဲ့တာပါလဲ၊ ရွှေပြည်တံခွန်လိုပဲ ဒီဖုန်းကိစ္စကို ပရိုပိုဆယ်လ်တင်ထားတဲ့ တခြား ပုဂ္ဂလိက လုပ်ငန်းရှင်ရောရှိပါသေးသလား

ပရိုပိုဆယ်လ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စတင်ခဲ့တာပါ၊ တခြား လုပ်ငန်းရှင်တွေ တင်မတင်တော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ တင်တယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့က ငါးထောင်ရောင်းနိုင်ရင် သုံးထောင်၊ နှစ်ထောင်နဲ့ ရောင်းနိုင်မဲ့သူမျိုးရှိရင် ကြိုဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး လုပ်ချင်တဲ့ လုပ်ငန်းရှင်များ ရှိရင်လည်း ကျွန်တော်တို့နဲ့ လာဆွေးနွေးနိုင်ပါတယ်။

ဂျီအက်စ်အမ်ဖုန်းတွေကို မြန်မာငွေ ငါးထောင်လောက်နဲ့ ခြောက်လအတွင်း စရောင်းပေးမယ်ဆိုတော့ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေအဆောက်အဦးတွေကိုရော ဘယ်လိုစီစဉ်ထားပါသလဲ။

အခြေခံအဆောက်အဦးတစ်ခု၊ Infrastructure တစ်ခု တည်ဆောက်ရတာ ဘယ်လိုအခြေအနေမျိုးမဆို လေးငါးနှစ် ဆောက်ရမလား၊ နှစ် ၂၀ စီမံကိန်းနဲ့ သွားရမလားလို့ စဉ်းစားကြမြဲပါ။ တကယ်က အဲလောက် မလိုပါဘူး။ လိုအပ်တဲ့ တာဝါတွေကို ခွင့်ပြုချက်ရတာနဲ့ သုံးလနဲ့ ခြောက်လအတွင်းမှာ ပြီးအောင် ဆောက်လို့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။

အခု ငါးသိန်းဖုန်းတွေမှာတောင် လိုင်းကျပ်တဲ့ ပြဿနာတွေရှိနေတော့ တကယ်လို့ ဖုန်းတွေများလာရင် အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

လိုင်းကျပ်တယ်ဆိုတဲ့ ပြဿနာက အင်မတန်သေးငယ်တဲ့ ပြဿနာပါ။ အဲဒါက အသုံးပြုတဲ့ Band Width အပေါ်မူတည်ပါတယ်။ နည်းပညာပဲလိုအပ်ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ အများကြီးရှိပါတယ်။

ဖြေရှင်းနိုင်တဲနည်းပညာတွေထဲက ပညာရပ်အသုံးအနှုန်းနဲ့ မဟုတ်ဘဲနဲ့ လူအများစုနားလည်နိုင်မဲ့ ဖြေရှင်းနည်း တစ်ခုကို ဥပမာ ပြောပြလို့ရနိုင်မလား။

ဥပမာပြောရရင် ဖုန်းလိုင်း ငါးလိုင်း သုံးခွင့်ပြုထားတယ်။ ကျွန်တော်က  လေးလိုင်းပဲ သုံးမယ် တစ်လိုင်းကို emergency အတွက်ထားမယ်ဆိုရင် လိုင်းကျပ်တဲ့ ပြဿနာမရှိနိုင်ပါဘူး။ ငါးလိုင်း သုံးရမဲ့နေရာမှာ ခြောက်လိုင်း သုံးရင်၊ ထပ်ပွားရင်တော့ လိုင်းကျပ်တဲ့ ပြဿနာက ရှိနေမှာပါပဲ။ ငါးလိုင်း သုံးရမှာကို ငါးလိုင်းပဲ သုံးမယ်၊ ထပ်မပွားဘူး၊ ကွာလတီကို ထိန်းထားမယ်ဆိုရင် ပြဿနာမရှိပါဘူး။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလဲ ငါးသိန်းထက်လျှော့တဲ့ မိုဘိုင်းဖုန်း သန်းသုံးဆယ် ငါးနှစ် စီမံကိန်းကို အကောင်အထည်ဖော်နေပါတယ်။ ခုရွှေပြည်တံခွန်က လုပ်တဲ့ ငါးထောင်တန် ဖုန်းကိစ္စကရော မြန်မာ့ ဆက်သွယ်ရေးနဲ့ လုပ်ဆောင်မှာပါလား။

မဟုတ်ပါဘူး။ ကျွန်တော်တို့က ပုဂ္ဂလိက သတ်သတ် လုပ်မှာပါ။ နိုင်ငံတော် သမ္မတရဲ့ ပရိုင်းဗိတ်၊ ပတ်ဗလစ်၊ ပါတနာရှစ် ဆိုတဲ့ 3 Ps ကို တဘက်တလမ်းက ပါဝင်တဲ့သဘောပါ။ ကျွန်တော်တို့ရဲ့ ငါးထောင်တန်ဖုန်းကိစ္စဟာ မြန်မာ့ ဆက်သွယ်ရေးနဲ့ မဆိုင်ပါဘူး။

ခွင့်ပြုချက်ရခဲ့ရင် ဖုန်းအလုံးအရေအတွက် ဘယ်လောက်နဲ့ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပါသလဲ။ ဘယ်ဒေသတွေမှာ အရင်ရောင်းချမှာပါလဲ။

ကျွန်တော်တို့ Sim Card တစ်သန်း စရောင်းပါ့မယ်။ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို ပထမဦးစားပေး အရင်ဆုံးရောင်းချပါ့မယ်။ ဘာကြောင့်လဲ ဆိုတော့ ဧရာဝတီတိုင်းဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ စပါးကျီပါ။ အဲဒီဒေသက လူတွေ တိုးတက်ဖို့လိုတယ်။ ခုဆိုရင် အင်ဖော်မေးရှင်း စီးဆင်းမှု နှေးကွေးတဲ့အတွက် တကယ်အလုပ်လုပ်သူတွေ၊ ထုတ်လုပ်သူတွေက နစ်နာနေရတယ်။ ဈေးကွက်မှာ ဖြစ်နေတဲ့ ဈေးအတိုင်း တကယ်ထုတ်လုပ်သူတွေက မရဘူး၊ ပွဲစားကုန်သယ် ကြားခံအဆင့်ဆင့်ကြောင့်မလို့ ရသင့်ရထိုက်တဲ့ ဈေးနှုန်းတွေ မရဘူးဖြစ်နေတယ်။ သူတို့မှာသာ ဖုန်းရှိရင် ဆက်သွယ်ရေးလွယ်ကူသွားမယ်ဆိုရင် ဒီကိစ္စတွေနဲသွားမယ်။ ကျွန်တော်တို့ရဲ့ စပါးကျီဒေသက လူတွေ တိုးတက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ထမင်းဝမှာပဲ။

အခု အနည်းဆုံး မြန်မာငွေ ငါးသိန်းပေးမှ ရနိုင်တဲ့ ဂျီအက်စ်အမ်ဖုန်းတွေကို ငွေ ငါးထောင်ထဲနဲ့ ရောင်းမယ်ဆိုတော့ ရွှေပြည်တံခွန်အနေနဲ့စီးပွားရေးအရ တွက်ခြေကိုက်မှုရော ရှိပါရဲ့လား။

ဒီဖုန်းတွေရဲ့ တန်ဖိုးက ဒီလောက်နဲ့ရောင်းလို့ရလို့ ရောင်းတာပါ။ တကယ်ရောင်းနိုင်လို့ ရောင်းတာပါ။ ကျွန်တော်တို့က ထူးပြီး လုပ်ပေးရတာမရှိပါဘူး။  ဆင်းရဲမွဲတေမှု လျှော့တယ်ဆိုတာ လူတွေကို ပိုက်ဆံပေးလို့ ကောင်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေမှာ ဒီဆက်သွယ်ရေးလေး တစ်ခုလွယ်ကူအဆင်ပြေသွားမယ်ဆိုရင် သူ့အပေါ်က ရလာမဲ့အကျိုးကျေးဇူးက အများကြီးပဲ။ အဲဒါကိုလဲ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံ့အကြီးအကဲတွေက သိတယ်။ အဲဒါကြောင့် လမ်းဖောက်ပေးတယ်။ ဘာကြောင့် ကျွန်တော်တို့က ရဲရဲမလျှောက်ရမှာလဲ။ အမှန်တကယ်က ငါးထောင်ဆိုတာတောင် များတယ်။ အလကားပေးသင့်တာ။ ဖုန်းခေါ်ဆိုခ တစ်မိနစ်ကို အစိတ်ဆိုတာကလဲ များတယ်။ နိုင်ငံတကာမှာ လေးကျပ်ခွဲ ငါးကျပ်လောက်ပဲ ရှိတာ။ ဒါတွေက ကျွန်တော်တို့ ပြည်သူတွေ အားလုံးခံစားရမဲ့ အခွင့်အရေးတွေပါပဲ၊ ကျွန်တော်တို့ ထူးပြီး လုပ်ပေးရတာမရှိဘူး။ ကျွန်တော်တို့ ပြောချင်တာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ဖူး၊ စားစရာလည်း မဟုတ်ဖူး၊ လူတိုင်းလူတိုင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ အသုံးပြုဖို့ လိုအပ်တဲ့အရာ၊ ကြားခံပစ္စည်းတစ်ခုပဲ။

အခု ရွှေပြည်တံခွန်က နိုင်ငံတော် သမ္မတရုံးကို ပရိုပိုဆယ်လ်တင်ထားတုန်း အဆင့်ပဲ ရှိသေးတယ်။ ခွင့်ပြုမယ် မပြုဘူး မသိရသေးဘဲနဲ့ လူထုကိုအသိပေးလိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားနဲ့ အသိပေးလိုက်တာပါလဲ။ လိုအပ်တဲ့ Infrastructure တွေက အသင့်ဖြစ်ပါပြီလား။

အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်နေတယ်ဆိုတာ ပြည်သူကို အသိပေးတာပ။ ကျွန်တော်တို့မှာ Business Plan ရှိပါတယ်။ ဒီနေ့ ခွင့်ပြုရင် မနက်ဖြန်စလုပ်မယ်။ စမယ်ဆိုတာနဲ့ ဘယ်လို စလုပ်မယ်ဆိုတာ Master Plan ရှိပါတယ်။ ခုချိန်မှာတော့ ပြောဖို့ စောနေပါတယ်။ တခုခု ထူးခြားတာနဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြီးတော့ အခုလိုပဲ အသိပေးပါမယ်။

ကနဦးပေးသွင်းရမှာက မြန်မာငွေကျပ် ငါးထောင်၊ ဖုန်းခေါ်ဆိုခက ၂၅-၃၀ ဆိုတော့ အင်တာနက် အသုံးပြုခကရော ဘယ်လို ပေးဆောင်ရမှာပါလဲ။အင်တာနက် အသုံးပြုဖို့ကိုသီးသန့် ထပ်ပေးဖို့ လိုပါသလား။

အင်တာနက် အသုံးပြုခက လုပ်ခွင့်ရတာနဲ့ ထပ်ထုတ်ပြန်ပါ့မယ်။ အသေးစိတ်ထုတ်ပြန်ပါ့မယ်။ အင်တာနက် ဆားဗစ်အတွက် ထပ်ပြီး ထည့်ဖို့မလိုပါဘူး။ အဲဒါကျတော့ လူလည်ကျလွန်းရာ ကျနေပါတယ်။ ဥပမာပြောရရင် ကားဝယ်တာ ဘီးပါလား၊ စီယာတိုင်ပါလားလို့ မေးနေတာနဲ့ တူနေတယ်။ ဖုန်းဝယ်ပါပြီဆိုမှ အင်တာနက်ဆားဗစ်လည်း တစ်ပြိုင်တည်းပါပါတယ်။ 3G ဆိုပြီးတော့ အင်တာနက်ထပ်သုံးရင် ဘယ်လောက် ထပ်ဖြည့်ရမယ်ဆိုတာကျတော့ ကျွန်တ်ာတို့ မလုပ် ပါဘူး။

မြန်မာငွေကျပ် ငါးထောင်နဲ့ ဂျီအက်စ်အမ် ဆင်းကဒ်ဝယ်လို့ရတယ်ဆိုတဲ့ သတင်းအပေါ် မယုံမရဲဖြစ်နေကြတဲ့ ပြည်သူတွေကို ရွှေပြည်တံခွန်အနေနဲ့ဘာများ ထပ်ဖြည့် ပြောချင်ပါသလဲ။

ဒီအခွင့်အရေးဟာ ပြည်သူတိုင်းရရမဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျွန်တော်တို့က Magician တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖုန်းတစ်လုံးကို ငွေအနည်းငယ်နဲ့ အလွယ်တကူပိုင်ဆိုင်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖုန်းတလုံးရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီအတွက် ကျွန်တော်တို့ ကုမ္ပဏီက ထူးပြီးလုပ်ပေးရတာလဲ မရှိပါဘူး။ ဒီလုပ်ငန်းကို လုပ်ခွင့်ရရင် လုပ်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူမှာပါ။ နယ်စပ်ဒေသတွေမှာ ဆိုရင် လူတွေက တစ်ဘက်နိုင်ငံက ဖုန်းတွေကို သုံးကြပါတယ်။ အဲဒါ ဘာဖြစ်တယ်လို့ ကျွန်တော်ခံစားရလဲ ဆိုတော့ ကျွန်တော်တို့ နယ်ချဲ့ခံနေရတယ်လို့ ခံစားရတာ။ ကျွန်နော်တို့ ပိုင်နက်ထဲမှာ၊ ကျွန်တော်တို့ သွေးချင်းတွေက သူများနိုင်ငံက ဖုန်းကို သုံးပြီးတော့ သူများနိုင်ငံကို ဖုန်းဖိုးပေးနေရတယ်။ အဲဒါကို ကျွန်တော် မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ နိုင်ငံထဲမှာ ကျွန်တော်တို့က ထုတ်တဲ့ဖုန်းတွေပဲ သုံးနိုင်အောင် ကျွန်တော်တို့ လုပ်ရပါမယ်။ နိုင်ငံတော် သမ္မတကြီးကလဲ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုတယ်။ လူနေမှု အဆင့်အတန်းမြင့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီစကားကို ကျွန်တော်တို့ ဦးထိပ်ထားပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ ၀င်ငွေနဲပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက် ဆက်သွယ်ရေးမြန်ဆန်လွယ်ကူဖို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုချက်ရတာနဲ့ ကျွန်တော်တို့ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပါ့မယ်။
ဟုတ်ကဲ့။ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Saturday, January 7, 2012

ကိုးသောင်းပုထိုးတော်ကြီးတွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေ


ထွန်းထွန်း 

------------
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရှေးခေတ် ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားကိုးကွယ်ခဲ့သော ကိုးသောင်း ပုထိုးတော် ကြီးမှာ အက်ကွဲကြောင်းများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။

" အက်ကွဲကြောင်းကြီးတွေ အမြောက်အများ ဖြစ်နေပါတယ်။ ဒါပေမယ့် စိုးရိမ်မှုတော့ သိပ်မရှိသေးဘူး။ ခုလုပ်နေတဲ့ပုံက ဂူနံရံတွေမှာ ရှေးခေတ်မူအတိုင်း ပေါင်းကူးနဲ့ မကာပဲ၊ သစ်တုံးတွေတင်ပြီး အထက်က သံဖြူပြားတွေနဲ့ လုပ်နေတာ တွေ့ရတယ်။ အဲသလိုလုပ်နေတဲ့အားဖြင့် လေတိုက်တဲ့အခါ ပြိုကျပြီ ဂူနံရံတွေဟာ အကွဲကွဲ ပျက်စီးသွားနိုင်ပါ တယ်" ဟု ရှေးဟောင်း သုတေသန ဒုညွှန်ကြားရေးမှူး အငြိမ်းစားလည်း မြောက်ဦး ယဉ်ကျေးမူ ပြတိုက်မှူးဟောင်းလည်း ဖြစ်သော ဦးကျော်ထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။
mrauku-Koe-thaung-pagodaကိုးသောင်း ပုထိုးတော်ကြီး
အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေခြင်းကို မည်သို့ကာကွယ်က ရနိုင်ပါမည်နည်းဟု ဆရာအား မေးမြန်းရာ သူက ယခုလို ပြောသည်။

" ဂူနံရံတွေကို ကာကွယ်ဖို့ အတွက် တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး လုပ်တာတော့ပို ကောင်းမယ်လို့ ထင်တယ်။ နောက်တခုက ခုလုပ်နေတဲ့ပုံဟာ ရှေးမူကိုဖျက်ရာကျသလို တဘက်မှာလည်း ဟိုတယ်လိုလို ဖြစ်သွားပါတယ်။ အမှန်က ရှေးမူမပျက်အောင်လုပ်ရင်တော့ ပိုကောင်းဖို့လို့မြင်တယ်" ဟုပြောသည်။
ယခု အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသော နေရာမှာ ပထမလိုဏ်ဂူပတ်လမ်း လက်ဝဲဘက်နံရံပေါ်တွင် ဖြစ်ကြောင်း သိရသည်။

" အခုအက်ကွဲကြောင်းကြီးက နံရံပေါ်မှာဒေါင့်လိုက်ရှိနေတာပါ။ ဒီလိုဏ်ဂူပတ် လမ်းက အမိုးမရှိတာရယ်၊ မိုးရာသီမှာ သဘာဝမိုးဒဏ်တွေကြောင့် အခုလိုအက်ကွဲသွားတာဖြစ်ပါတယ်။ အက် ကွဲကြောင်းက အကြီးကြီး ဆိုတော့ အချိန်မီမထိန်းသိမ်းရင် နံရံကပြိုကျပျက်စီးသွားနိုင်တယ် " ဟု ကိုယ်တိုင် သွားကြည့်ခဲ့သူ ရဟန်းတော် ဥာဏ နိရဉ္စရာသို့ ပြောသည်။

ကိုးသောင်း ဘုရားတော်ကြီးမှာ ဘုရား ရုပ်ထုတော် ကိုးသောင်း ကိန်းဝပ် စံပယ်ရာ ဂူပုထိုးတော်ကြီး ဖြစ်ပြီး ရာစုနှစ်မြောက်များစွာ မပြုပြင်ပဲ ရှိနေခဲ့သဖြင့် အချိန်မှီ မပြုပြင်က အခြေအနေမှာ ယခုထက် ပိုဆိုးသွားနိုင်ကြောင်း ရဟန်းတော်က ဆက်ပြောသည်။
 Mtauk-U-Koe-Thaungကိုးသောင်းပုထိုးတော်ကြီး အတွင်း မပြုပြင်နိုင်သေးသော လိုင်ဂူများ
" အတွင်းလိုဏ်ဂူနှင့် အပြင်လိုဏ်ဂူကြား ၁ဝပေခန့်အမြင့်ရှိတဲ့ နံရံပေါ်မှာ ဖြစ်ပေါ်နေတဲ့ အတွက် ရှေးမူမပျက် တတ်ကျွမ်းသည့်ပညာရှင်များနဲ့ စနစ်တကျ ပြုပြင်ရန် သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေက စီစဉ်ဖို့ လိုပါတယ်။"
ယခု ကိုးသောင်းပုထိုးတော်ကြီးအား မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက် ထားပြီး ပြုပြင်ရန် ဘတ်ဂျက်ငွေ မရှိသဖြင့် လက်ရှိ အချိန်တွင် ပုထိုးတော်အား မပြုပြင်ဘဲ ပစ်ထားရကြောင်း သိရသည်။
မြောက်ဦးရှေးဟောင်း သုတေသနဌနမှ ၁၉၉၆-ခုနှစ်က ပုထိုးတော်ကြီးအား စတင် ပြန်လည် တူးဖေါ်ခဲ့ရာ ၂၅ရာခိုင်နှုန်း ခန့်သာ ပြီးစီးခဲ့သော်လည်း တချို့စေတီပုထိုးတော်များမှာ နဂို အတိုင်းချုံနွယ် များဖုံးအုပ်နေသည်ဟု သိရသည်။

ကိုးသောင်းပုထိုးတော်မှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏အရှေ့ဘက်တမိုင်ခွဲခန့်အကွာတွင် တည်ရှိပြီးအေ ဒီ ၁၅၅၃-၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာက တည်ထားခဲ့သော ပုထိုးတော်ကြီး ဖြစ်ပြီး ဘုရားဆင်းထုတော် (၉) သောင်း ကိန်းဝပ် စံပယ်နေသဖြင့် ကိုးသောင်း ဘုရားတော်ကြီးဟု အမည် တွင်သည်။

ပုညတောင်ဆီ ရည်လျက်မလင်း


နုနုရည်(အင်းဝ)



၁၉၈၄ ခုနှစ် ဆရာတော်ကို နောက်ဆုံး တွေ့ရခဲ့ရတုန်းက။
ဧရာဝတီမြစ်မ ပြင်ကျယ်ထဲကို မိုးစက် မိုးပေါက်တွေ ခုန်ပေါက်ကျဆင်း နေကြတယ်။ လေကလည်းထန်နေတော့ လှိုင်းတွေက တ၀ုန်းဝုန်း။ စစ်ကိုင်းတံတား ကြီးအောက်က လှိုင်းတွေကြားထဲမှာ ကျွန်မတို့ 'ငှက်' ကလေး တလူးလူး တလိမ့် လိမ့်ဖြစ်နေပြီ။ လှိုင်းလုံးတွေကနေ မျက်နှာကို ဖြန်းခနဲ ဖြန်းခနဲ လာစဉ်တဲ့ ရေစက်လေးတွေက အေးစိမ့် နေတာပဲ။ ကြည့်ပါဦး။ မိုးစက်မှုန်မှုန်တွေကြားထဲမှာ ရွှေကြက်ယက် ရွှေကြက်ကျရဲ့ အလှ။
ဟိုမှာဘက်မှာ စစ်ကိုင်းမင်းဝံတောင်ရဲ့ အလှ။
ငယ်ဘ၀ကတည်းက အမြဲမြင်တွေ့ စွဲလမ်းခဲ့တဲ့ ဒီမြင်ကွင်းဟာ ခုထိ လည်း မရိုးနိုင်သေးပါလား။ ကျွန်မ စွဲလမ်းနေတုန်းပါလား။
"မှိုင်းမှိုင်းရိပ်မှောင် .. စွန်တောင်မှင် ..ပြိုမှာလေလားမိုးရဲ့ .. စိုးအောင် ခုပင် ..အမ္ဗုန်မောင် .. ဖန်အားလေ ရက်နှင် .." ငှက်ဦးထိပ်မှာ ထိုင်နေတဲ့ လေးလေး ကိုလေးနဲ့ ကျွန်မခင်ပွန်းသီချင်း ၀ါသနာ အိုးနှစ်ယောက်က သီချင်းအော်ဆိုကြတယ်။
ကျွန်မတို့ငှက်ကလေး ၀ါးချက်ဆိပ် မှာ ဆိုက်တော့ မိုးတိတ်သွားပြီ။ ၀ါးချက် ရွာထဲကနေ အနုရုဒ္ဓါချောင်ကို ဖြတ်တက် တာဟာ ပိုနီးသတဲ့။
ကျောက်တုံးတွေ ထိုးထိုးထောင်ထောင်နဲ့ လူသွားလမ်း လေးပေါ်မှာ လေးလေးကိုလေးက ရှေ့ဆုံးက၊ သူ့နောက်က ကျွန်မခင်ပွန်း၊ ပြီးတော့ ကျွန်မ၊ ကျွန်မနောက်က မောင်သစ်နီ(အင်းဝ)၊ မင်းမင်းနီနဲ့ ကိုခက်မောင်(အင်းဝ)၊ ကျွန်မတို့တစ် တွေ စကားတပြောပြောနဲ့ ဆရာတော် ရွှေကိုင်းသား သီတင်းသုံးရာ အနုရုဒ္ဓါ ချောင်ဆီကို တက်ကြတယ်။
"ဆရာတော် ချောင်က တကယ့်ကို ချောင်ကျတာပဲနော်" "ဒါပေမယ့် ဒီချောင်က တောင်ပေါ်မှာ စတည်တဲ့ ချောင်ကိုးချောင်ထဲမှာ ပါတယ်" လေးလေးကိုလေးက သူ့အကျင့် အတိုင်း သီချင်း၊ ကဗျာ၊ စာတိုစာစတွေ ကို မနားတမ်းတတွတ်တွတ် ရွတ်ဖတ် လာရာက 'ပိတောက်ရွှေဝါ၊ ကောဏ္ဍည နှင့်၊ ပရက္ကမနုရုဒ္ဓါ၊ ပဘာဗောဓိ၊ လွန်သာ ယာတယ်။
ယုန်ဖြူဝေါဟာ ဥပါဠိ။ ဓူတင်ကျင့်မြတ်၊ မာန်မျက်ခြွေတယ်။ ဈာန်မဂ်အခြေ၊ ကိုးချောင်သမိုင်း အရှိ တဲ့။ အဆိုလေးရှိတယ်။ စစ်ကိုင်းချောင်မှာ စတည်တဲ့ ချောင်ကအားလုံးချောင်ကိုး ချောင်။ ပိတောက်ချောင်၊ ရွှေဝါချောင်၊ ကောဏ္ဍညချောင်၊ ပရက္ကမချောင်၊ အနုရုဒ္ဓါရုံချောင်၊ ပဘာချောင်၊ ဗောဓိ ချောင်၊ ယုန်ဖြူချောင်၊ ဥပါဠိချောင်၊ ဆရာတော်ရွှေကိုင်းသားတောင် ဟိုတုန်း က လူထု သတင်းစာမှာ စစ်ကိုင်းတောင် ရိုးက ချောင်ကိုးချောင်ဆိုပြီး ရေဖူးသေး တယ်။
"ဆရာတော့ အနုရုဒ္ဓါက ချောင်ဆက် ဝေးပြီး အေးချမ်းတာတော့ ကောင်းပါ တယ်။ ဒါပေမယ့် ခေါင်လွန်းလှတယ်" "အေးပေါ့-ဒါကြောင့်လည်း ဓားပြ တိုက်ခံရတာပေါ့။ ဓားပြက အေးအေး ဆေးဆေး၊ ခြိမ်းခြောက်ရိုက်နှက်ပြီး ရှာဖွေယူနေတာတောင် ဘယ်ကမျှ မကြားဘူး" "ဓားပြကလည်း ရိုက်စရာ ရှားလို့ လေးလေးရယ်၊ ခေါင်းမှရိုက်ရတယ်လို့။ ခုဆရာတော့် စိတ်အခြေအနေကော ဘယ်လို နေတယ်ရယ်မသိ" "ဆရာတော် စိတ်ထိခိုက်သွားတာက ခေါင်းရိုက်ခံရတာထက် ဓားပြက ပိုက်ဆံ မပေးရင် သူ့ကျောင်းကို မီးနဲ့ရှို့မယ် လုပ် လို့ ကျောင်းမီးရှို့ရင် သူ့စာအုပ်တွေကုန် ချည်ရဲ့ဆိုပြီး သိပ်လန့်သွားရှာတာ။
ခေါင်းထိတာလည်း ပါမှာပေါ့လေ" ဆရာတော်မှာ သတ္တ၀ါတွေအပေါ် ထားတဲ့ မေတ္တာရယ်၊ ဘုန်းကြီးကျင့်ဝတ် သိက္ခာရယ်၊ သူ့စာအုပ်တွေရယ်ကလွဲရင် ဘာမှမရှိရှာဘူးဆိုတာ ဓားပြတွေ မသိ ဘူးထင်ပါရဲ့။ ဆရာတော် ရွှေကိုင်းသား ဟာ နိုင်ငံကျော် စာရေးဆရာလည်းဖြစ် လို့ ပိုက်ဆံတွေတော့ ရှိမှာပဲ။ ဆရာတော် ဆီကို ဟိုကဒီက ဧည့်သည်တွေလည်း အများကြီးလာကြတာမို့ ပိုက်ဆံတွေ တော့ ရှိမှာပဲလို့များ ဓားပြထင်လေရော့ သလားမသိ။ ဆရာတော်ကို နေကောင်းထိုင်သာ တွေ့ရပါစေလို့ ဆုတောင်းရင်း တရုတ် စံကားပွင့်တွေ ဖွေးဖွေးလှုပ်အောင် ကြွေကျနေတဲ့ အုတ်လှေကား အမြင့်ကြီး ကနေ ချောင်ပေါ်တက်ခဲ့ကြတယ်။
ဆရာတော်က ချောင်တည်စက ရှိခဲ့တဲ့ ကျောင်းကြီးပေါ်မှာ သီတင်းမသုံးဘူး။ ကျောင်းကြီးကို ဆရာတော် စုဆောင်း ထားတဲ့ ရှေးဟောင်းပစ္စည်းတွေ ထည့် ထားပြီး သော့ခတ်ပိတ်ထားတယ်။
ဆရာတော်က ကျောင်းကြီးဘေးက ကျောင်းငယ်လေးထဲမှာပဲ တစ်ပါး တည်း သီတင်းသုံးတယ်။ ကျွန်မတို့ ကျောင်းလေးပေါ် တက်သွားတော့ ဆရာတော်က သူ့အိပ်ရာလေးပေါ်မှာ ငြိမ်ငြိမ်လေးထိုင်လို့။
အိပ်ရာလေးက ဘုရားခန်းအောက် ကြမ်းပြင်ပေါ်မှာ၊ သင်ဖြူးလေး တစ်ချပ်ပေါ်မှာ ကော်ဇော လေး တစ်ထပ်ခင်းလို့ ခေါင်းအုံးလေး က တစ်လုံး၊ စောင်လေးတစ်ထည်ကလည်း ခြေရင်းမှာ ခေါက်လျက်သား၊ ဆရာတော် ရုပ်ရည်ဟာ အသက် ၇၀ ကျော်နဲ့ မမျှ အောင်အရွယ်တင်နုပျိုနေတုန်းပါ။
ဒါပေမယ့် မျက်လုံးတွေကတော့ ရီဝေနေ ပြီး မကြာခဏ လာနေကျ လေးလေးကို လေးတို့ကို ကြောင်ကြည့်နေတယ်။
"အရှင်ဘုရား၊ တပည့်တော်တို့ဘုရား ကိုလေးတို့" လေးလေးကိုလေးက ဦးချရင်းပြောလိုက်တော့မှ- "ဪ-အေး၊ ကိုလေးလား" တဲ့။
"အရှင်ဘုရား သူတို့နှစ်ယောက်က ရန်ကုန်ကလာကြတာ၊ အောင်ကျော်တိုး တဲ့၊ နုနုရည်တဲ့၊ နုနုရည်က ခုစာကြည့် တိုက်ပညာ သင်တန်း တက်နေတာ။ အဲဒါ စာတမ်းပြုစုဖို့အတွက် နုနုရည်က ဆရာတော်ရေးခဲ့တဲ့ စာတွေကို စာစု စာရင်းလုပ်ချင်တယ်တဲ့။ သူ့ဟာသူလည်း ရှာတယ်။ ခုဆရာတော်ဆီကလည်း မေးချင်မြန်းချင်၊ ကူးချင် မှတ်ချင်တယ် ဘုရား"
"ဪ-ဦးသော်ကောင်းတို့ဆီက ပေါ့။ ဦးသော်ကောင်း သိတယ်" တော်ပါသေးရဲ့၊ ဆရာတော် သတိရ သေးတာပဲ။
ကျွန်မ၀မ်းသာအားရနဲ့ "တင်ပါ့ဘုရား၊ ဆရာဦးသော်ကောင်းက တပည့်တော်တို့ ဆရာပါဘုရား"လို့ လျှောက်ရတယ်။ ဆရာတော်က အိပ်ရာ ပေါ်ကနေ ဖျတ်ခနဲထပြီး နံရံမှာ ကပ်ရိုက် ထားတဲ့ စင်တွေပေါ်က လူထုသတင်းစာ ဟောင်းတွေ၊ ရွှေမန်းအောင်စည် သတင်း စာဟောင်းတွေ၊ တခြားဖုန်တက်နေတဲ့ သတင်းစာဟောင်းများစွာ ချခိုင်း၊ ရှာခိုင်း တော့တာပဲ။ ပါးစပ်ကလည်း တတွတ် တတွတ်နဲ့။
"မသိမ်းနိုင်ဘူး၊ မသိမ်းနိုင်ဘူး။ နှမြောဖို့ကောင်းတယ်၊ ကူး ကူး၊ တွေ့ရဲ့လား။ မေ့လိုက်တာ။ အရင်လို မှတ်ဉာဏ် မကောင်းဘူး။ ပြောပြချင်တယ်၊ ပြောပြ ချင်တယ်" ကျွန်မတို့ သတင်းစာတွေ လှန်လှော ရှာဖွေပြီး ကူးနေတုန်း ဆရာတော်က ကျွန်မနားလာရပ်ပြီး လက်ဟန်ခြေဟန်နဲ့ "ကတ်ပြား၊ ကတ်ပြား၊ ကတ်ပြားလေးတွေ နဲ့ မကူးဘူးလား"တဲ့။
ကျွန်မ သိပ်အံ့ဩ သွားတယ်။ ဆရာတော် သုတေသန ထုံးစံတွေကို မမေ့သေးဘဲကိုး။ သုတေ သနလုပ်ရာမှာ အချက်အလက်တွေကို ရေးမှတ်တဲ့ ၈ လက်မ x ၅ လက်မ၊ ၅ လက်မ x ၃ လက်မ ကတ်ပြားလေးတွေ ကို ဆရာတော် မှတ်မိနေသေးတာပဲ။
သတင်းစာတွေပြပြီးတော့ သူ့အိပ်ရာ ဘေးက ဗီရိုလေးထဲမှာ သော့ခတ်သိမ်း ဆည်းထားတဲ့ စာအုပ်တွေကို စိတ်လို လက်ရပြပြန် တယ်။
အဲဒီထဲမှာ ဆရာ တော်ဆောင်းပါးတွေပါတဲ့ ကြီးပွားရေး မဂ္ဂဇင်းပေါင်းချုပ် အထူကြီးတစ်အုပ်ကို တွေ့တော့ ကျွန်မသိပ်ပျော်သွားမိ တယ်။
အိမ်ရောက်ရောက်ချင်း ကျွန်မ မမောနိုင်ဘူး။ ရန်ကုန်မှာတုန်းက ကျွန်မ စုဆောင်းလာခဲ့တဲ့ အချက်အလက်တွေ ကို တင်ထားတဲ့ ၈ လက်မ ထ ၅ လက်မ ကတ်ပြားတွေနဲ့အတူ ကြီးပွားရေး မဂ္ဂဇင်း ပေါင်းချုပ်ကြီးကို တဖျပ်ဖျပ်လှန်လှော မိတယ်။
x x x x x x
ဆရာတော်က သုတေသန သမား။ စာရေးဆရာ၊ ပန်းချီဆရာ၊ ကာတွန်း ဆရာဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ သူပါ။
ဆရာတော်ကို ရွှေကိုင်းသားဆိုတဲ့ ကလောင်အမည်နဲ့ စာရေးဆရာတစ် ယောက်အဖြစ် ကျွန်မလက်လှမ်းမီသမျှ ဆောင်းပါးတွေကို ဖတ်ရင်းလေးစားခဲ့ ရတာ။ ဆရာတော် စာတွေအများကြီး ရေးနေချိန်မှာ ကျွန်မ မွေးတောင် မမွေး သေးပါဘူး။ ကံအားလျော်စွာ စာကြည့် တိုက်ပညာသင်တန်းက စာရေးဆရာ စာစုစာရင်း လုပ်ရမယ်ဆိုတော့ ဆရာ တော် ရွှေကိုင်းသားစာစုစာရင်းလုပ်ဖို့ ကျွန်မရွေးလိုက်တယ်။
ကျွန်မစပြီး လေ့လာတာနဲ့၊ စုဆောင်းတာနဲ့ တစ်ပြိုင် နက် ဆရာတော်အနုပညာအကြောင်း ကို အံ့ဩစရာကောင်းအောင် သိလာရ ပါတယ်။ ဆရာတော်မှာ ကလောင်ခွဲတွေ လည်း အများကြီးပဲ။ 'ဦးသောဘိတ၊ ရွှေကိုင်းသား၊ ရတနာပုံဘိုးမှတ်စု၊ မှတ်စု မောင်၊ လှိုင်ခင်အေး(မန္တလေး)'ဆိုတဲ့ နာမည်တွေနဲ့ ဆောင်းပါးမျိုးစုံကို ရေးခဲ့တယ်။
'မောင်ထွန်းလှိုင်၊ ထွန်းလှိုင်'ဆိုတဲ့ နာမည်နဲ့ ပန်းချီဆွဲတယ်၊ ဓာတ်ပုံ ရိုက်တယ်။ ကာတွန်းဆွဲတယ်။ ရှားရှား ပါးပါး ကလောင်အမည် တစ်ခုကတော့ 'ကိုလူပျို'တဲ့ ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၈၊ တွဲ ၆၊ မှတ် ၄) မှာ'တောင်နီသနပ်ခါး'ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်တည်းကိုပဲ ရေးခဲ့တာ ပါ။ ဆရာတော်ဟာ ဆောင်းပါး ရေးတဲ့ နေရာမှာ အကြောင်းအရာမျိုးစုံကို ရေးနိုင်ရုံတင်မဟုတ်ဘူး။
ပန်းချီတို့၊ ကာတွန်းတို့၊ ဓာတ်ပုံတို့မှာလည်း ထူးချွန် ပြန်တာပဲ။ နိုင်ငံတကာဆုရ ဓာတ်ပုံ သမားတစ်ယောက်ဖြစ်သလို ဆရာ တော် အမျိုးသားစာပေဆုရခဲ့တဲ့ 'ဆင် ယင်ထုံးဖွဲ့မှု' စာအုပ်ထဲက ပန်းချီပုံ အားလုံးဟာ မျက်နှာဖုံးကစပြီး ဆရာ တော် ကိုယ်တိုင် ရေးဆွဲ ခဲ့တာပါ။ ဆရာတော်ရဲ့ စိတ်ဝင်စားစရာ ဆောင်းပါးမျိုးစုံကို တစ်ပုဒ်ပြီးတစ်ပုဒ် ဖတ်ပြီး ကတ်ပြားပေါ်တင်ရင်း ဆရာ တော်ကို ပိုလို့လေးစားကြည်ညိုရပါ တယ်။
x x x x x x
ဘယ်ကဟာတွေလဲ သွားကြ .. မလာကြနဲ့ .. ကျောင်းပေါ်မှာတင် ကျွန်မတို့ ခြေ လှမ်းတွေ တုံ့ခနဲရပ်သွားကြတယ်။
ဆရာတော်က ကျောင်းလေးအ၀ကနေ ကျွန်မတို့ကို စိန်းစိန်းကြည့်လို့၊ ကျွန်မ တို့မှာ ဘာလုပ်ရမှန်းမသိ။ အရေးထဲမှာ ဒီအခေါက် လေးလေးကိုလေးက လည်း မပါ။ "အရှင်ဘုရား ..တပည့်တော်တို့ပါ။ ခဏကလေး ..." "အေး..ခဏကလေးဆို ခဏက လေးပဲနေ။ ဘုရားဖူးပြီးပြန်ကြ။ ငါကတော့ စကားမပြောဘူး" ဆရာတော်က ကျွန်မတို့ကို လမ်းဖယ် ပေးပြီး အိပ်ရာလေးပေါ်မှာ သွားထိုင် တယ်။ ကျွန်မတို့လည်း ကုပ်ကုပ်လေး တွေ ၀င်ထိုင်ပြီး ဦးချလိုက်ကြတုန်း ဆရာတော်က ရုတ်တရက် ... "ငါ..သတ်သေတော့မလို့၊ သတ် သေတော့မလို့ သိရဲ့လား" "အို ..အရှင်ဘုရား" ကျွန်မတို့ အထိတ်တလန့်နဲ့ ဆရာတော်ကို ကြည့်မိကြတယ်။ ငုံ့ထားတဲ့ ဆရာတော် ခေါင်းက မော့လာပြီး ကျွန်မ တစ်သက်မှာ စိတ်ထိခိုက်စရာအကောင်း ဆုံးမျက်နှာတစ်ခုကို မြင်ရတယ်။ "ငါ့စာအုပ်တစ်အုပ် ပျောက် သွားပြီ။ ငါသိပ်မြတ်နိုးတဲ့စာအုပ်။ ကြီးပွားရေး မဂ္ဂဇင်းပေါင်းချုပ်လေး မရှိတော့ဘူး ငါသိပ်စိတ်ညစ်တာပဲ" ဆရာတော်က ပြောပြော ဆိုဆို ၀ုန်းခနဲ လှဲအိပ်ပစ်လိုက်ပြီး သင်္ကန်းကို ခေါင်းမြီးခြုံပစ်လိုက်တယ်။ ကျွန်မမှာ ကပျာကယာ ရှေ့ကိုတိုးသွားရင်း လွယ်အိတ်ထဲက စာအုပ်ကို အမြန်ထုတ် ချပြီး။
"အရှင်ဘုရား..အရှင်ဘုရား.. ဒီမှာဘုရား၊ စာအုပ်ကတပည့်တော်ကို တစ်မြန်နေ့က အရှင်ဘုရား ငှားလိုက်တာလေ။ စာစုစာရင်း လုပ်ဖို့လေဘုရား" အို ... ဆရာတော်ခမျာ မြန်လိုက်တဲ့ ဖြစ်ခြင်း၊ ၀ုန်းခနဲထပြီး စာအုပ်ကိုကောက် ယူလိုက်တယ်။ မျက်နှာကလည်း ၀င်းသွားတာပဲ။ "တော်သေးရဲ့၊ တော်သေးရဲ့၊ စာအုပ် ပြန်ရပေလို့၊ အေးသိပြီ၊ သိပြီ။ ဒကာမ လေးတို့ကို ကိုလေး ခေါ်လာတာလေ။ ခုသူမပါဘူးလား။ ကဲ..ဘာကူးချင် သေးလဲပြော" ချက်ချင်း ပြောင်းလဲနူးညံ့သွားတဲ့ ဆရာတော်ကို ကြည့်ပြီး ကျွန်မ စိတ်မ ကောင်း ဖြစ်ရတယ်။
ဘုရား..ဘုရား ဒီနေ့သာ ကျွန်မ မလာဖြစ်ခဲ့လျှင် ဆရာတော်ဘုရား ဘယ်လိုများ ဖြစ်နေ ရှာပါမလဲ။
ဆရာတော် မောင်ထွန်းလှိုင်ဘ၀က မှတ်ဉာဏ်ကောင်းလွန်းလို့ နေရာတကာ မှတ်လွန်းသားလွန်းလို့ သူ့ဆရာကျောက်စာဝန် ဦးမြက 'မှတ်စုမောင်'လို့ နာမည်ပေးခဲ့တယ်ဆိုတာကို ကျွန်မ သတိရနေမိတယ်။
ဆရာတော်ကတော့ ခုနက ဖြစ်တာတွေကို ဘာမှ မသိတော့ လေဟန် ပြုံး ပြုံး ပြုံးပြုံးနဲ့ ကျွန်မတို့ကို စကားတွေပြော၊ ဓာတ်ပုံတွေပြပြီး ကျွန်မတို့ ပြန်မယ်ဆို တော့ ဥမင်ကိုးဆယ်အထိ ဇွတ်လိုက်ပို့ တယ်။
ပရက္ကမချောင်ကို ဖြတ်ပြီး ဥမင် ကိုးဆယ် ဆင်းခါနီးနေရာလေးမှာ ကျွန်းဖိုပင်လေးနှစ်ပင်ရှိတယ်။
ဆရာ တော်ဟာ သူ့ဒကာ ဒကာမ စာပေမိတ် ဆွေတွေလာရင် ဒီကျွန်းဖိုပင်လေး နှစ်ပင်နား အမြဲလိုက်ပို့ နှုတ်ဆက်တတ်သတဲ့။
အဲဒီနေ့ကလည်း ကျွန်းဖိုပင်လေးနှစ်ပင် နားမှာ ဆရာတော်ရပ်ပြီး ကျွန်မတို့ကို နှုတ်ဆက်တယ်။
"လာခဲ့ကြဦးနော်"တဲ့။
x x x x x x
စာရေးစားပွဲပေါ်မှာ ကတ်ပြားတွေ၊ စာရွက်တွေ ရောထွေးပြန့်ကျဲနေကြ တယ်။ စားပွဲရဲ့ တစ်ဖက်ခြမ်းမှာ ကျွန်မရဲ့ ရေးလက်စ ပထမဆုံး လုံးချင်းဝတ္ထု စာမူ။
တစ်ဖက်ခြမ်းမှာ စိမ်းပြာရောင် ကတ်ပြားလေးတွေနဲ့ စနစ်တကျ ပြုစုရ မယ့် စာစုစာရင်းအချက်အလက်တွေ။ ကျွန်မ၀တ္ထုရေးရင် သုံးလလောက် ကြာမယ်။ ဒီပလိုမာဘွဲ့အတွက် စာတမ်း ကလည်း သုံးလပဲ အချိန်ရှိတော့တယ်။
ဒီသုံးလကို ကျွန်မစာတမ်းရေးရင် ကျွန်မဘွဲ့တစ်ခုရမယ်။ ဒါပေမယ့် ကျွန်မ ၀တ္ထုမရေးဖြစ်တော့ဘူး။ ကျွန်မ ဘာလုပ်မလဲ။
စာကြည့်တိုက် မှူးလုပ်မလား၊ စာရေးဆရာလုပ်မလား။
ခက်တာပဲ.. ကျွန်မသရီးတွမ်တီး လည်း မလိုချင်ဘူး။
နိုင်ငံခြားလည်း မသွားချင်ဘူး။
တစ်ရက်မှလည်း မအောင့်နိုင်တော့ဘူး။
ငါးပြားပဲရရ ကျွန်မစာရေးဆရာပဲ ဖြစ်ချင်တယ်။
စာကြည့်တိုက်မှူးတွေ အများကြီး မွေးထုတ်နိုင်ပေမယ့် စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ လွယ်ပါသလား။
ကျွန်မမြန်မြန်ဆန်ဆန်ပဲ စားပွဲကို ရှင်းလိုက်တယ်။
စာစုစာရင်း ကတ်ပြား လေးတွေကို အိတ်တစ်လုံးထဲမှာ အသားသိမ်း၊ ကျန်တဲ့ကတ်ပြားအလွတ် လေးတွေကိုတော့ စားပွဲပေါ်က ၀တ္ထု
စာမူပေါ်တင်တယ်။
ဒီကတ်ပြားလေးတွေကို ၀တ္ထုရေးဖို့ ကွင်းဆင်းတဲ့အခါ မှာ အချက်အလက် စုဆောင်းရေးမှတ်ဖို့အတွက် အသုံးပြုရမယ်လေ။
x x x x x x
၁၃၄၉ ခု၊ ၀ါဆိုလဆန်း ၄ ရက် (၂၉-၆-၈၇) တနင်္လာနေ့က ဆရာတော် ရွှေကိုင်းသား ပျံလွန်တော်မူပြီတဲ့။
လေးစားကြည်ညိုဖွယ် စာရေးဆရာ တစ်ယောက်၊ ပန်းချီဆရာတစ်ယောက်၊ ဓာတ်ပုံဆရာတစ်ယောက်၊ ကာတွန်း ဆရာ တစ်ယောက်ကို ကျွန်မတို့ ဆုံးရှုံး ခဲ့ရပြီ။
ထူးချွန်ထက်မြက်တဲ့ အနုပညာရှင် တစ်ယောက်ရဲ့ တစ်ပိုင်းတစ်စစုဆောင်း လက်စ အနုပညာလက်ရာစာစု စာရင်း ဟောင်းတွေကို ကျွန်မ ပြန်ထုတ်ကြည့် မိတယ်။
သူလွန်ပြီးတဲ့နောက်မှာ သူ့အနုပညာ လက်ရာအားလုံးဟာ တစ်နေရာမှာ စာရင်းလေးတစ်ခုအဖြစ် တစ်စုတစ် စည်းတည်း ရှိနေသင့် တာပေါ့နော်။
အရှင်ဘုရား .. တပည့်တော်ရဲ့ တာဝန်မကျေမှု အတွက် ဦးခိုက်တောင်းပန်ပါရစေ ဘုရား။
အရှင်ဘုရားဟာ စာရေးဆရာ တစ်ယောက်အနေနဲ့ ပြည်သူအပေါ်မှာ တာဝန်ကျေခဲ့ပါပြီး။
တပည့်တော် ဟာ စာရေးဆရာတစ်ယောက်ရဲ့ တာဝန်ကို ခုမှစပြီ ထမ်းဆောင်စပါဘုရား။
အရှင်ဘုရားဟာ လွတ်လပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းတို့ကို သိနားလည်တဲ့ စာရေးဆရာတစ် ယောက်မို့ တပည့်တော်ရဲ့ စာရေးဆရာ ဘ၀ကို စာနာပြီး တပည့်တော်ရဲ့ တာဝန် မကျေမှုအတွက် ခွင့်လွှတ်နားလည်နိုင် ပါစေ အရှင်ဘုရား။
x x x x x
ရှေ့လာမယ့်နှစ် ၂၀၁၂ ခုနှစ်ဟာ ၁၉၁၂ မှာ မွေးဖွားတဲ့ ဆရာတော် ရွှေကိုင်းသားရဲ့ အသက် ၁၀၀ ပြည့်၊ မွေးနေ့ နှစ်တစ်ရာပြည့်တဲ့ နှစ်ပါ။
မန္တလေးနှစ် ၁၀၀ ပြည့်တို့၊ အင်းဝ နှစ် ၆၀၀ ပြည့်တို့ကို တစ်ပြည်လုံးကို အသိ ပေးနှိုးဆော်ခဲ့တဲ့ ဆရာတော် ဦးသော ဘိတ (ရွှေကိုင်း သားဆရာတော်) မွေးဖွားခဲ့တာ နှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ တိုင်းပြည်နဲ့ လူသားတွေအတွက် အမျိုးသားရေး တာဝန်တစ်ရပ်လို သဘော ထားပြီး သုတေသနလုပ်ခဲ့၊ စုခဲ့၊ ဆောင်းခဲ့တဲ့ ဆရာတော်ရဲ့ ကွင်းပေါင်းစုံ (သမိုင်းကျမ်းစာအုပ်များ၊ ဆင်ယင် ထုံးဖွဲ့မှု၊ ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ နက္ခတ်တာရာ၊ ငှက်များအကြောင်း)က များစွာသော ဗဟုသုတ၊ မှတ်စုမှတ်ရာ တွေဟာ ကျွန်မတို့ နှောင်းလူတွေအတွက် အကျိုးများလှပါတယ်။ ကျေးဇူးကြီးလှပါတယ်။
၁၉၈၇ ခုနှစ် ဆရာတော် ပျံလွန်တော် မူတုန်းကလည်း ကျွန်မတစ်ယောက် ကိုယ့် အပစ်နဲ့ကိုယ်ဆောင်းပါးလေး တစ်ပုဒ်နဲ့ ဆရာတော်ကို တောင်းပန် ကန်တော်ခဲ့ရဖူးပါတယ်။
ရှေ့လာမည့်နှစ် ၂၀၁၂ မှာ ကျရောက် မယ့် ဆရာတော်ရဲ့ ရာပြည့်မွေးနေ့ကို မမေ့မလျော့ထိုက်ပဲ မေ့လျော့နေသူတွေ ကို အပြစ် ဆိုကြစတမ်းဆို ကျွန်မဟာ အပြစ်ဆိုတာကို ရှေ့ဆုံးက ခံရမယ့်သူပါ။
ခုလည်း ဆရာတော်ကို တစ်ခါထပ်ပြီး ကန်တော့တောင်းပန်ရပြန်ပါပြီ။ တစ်ခု လည်း ကျွန်မစဉ်းစားမိတယ်။
ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို မမေ့မလျော့ထိုက်ဘူးလို့ ထင်တဲ့ သူတွေစုပြီး လူသားတွေအတွက်ပဲ အကျိုးရှိရာ ရှိကြောင်းလည်း ဖြစ်မယ့် ဆရာတော်ရဲ့ ရာပြည့်ပွဲကလေးကို ရှေ့နှစ်ကျရင် ဖြစ်မြောက်အောင် ကျွန်မ တို့တွေ ၀ိုင်းကြရင်မကောင်းပေ ဘူးလား။

Twitter Delicious Facebook Digg Stumbleupon Favorites More