This is default featured post 1 title
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတနှင့် ဒုသမ္မတကြီးများ
This is default featured post 2 title
သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
This is default featured post 3 title
ဒေါ်အောင်ဆန်းစုကြည်
This is default featured post 4 title
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး တွေ့ဆုံ ဆွေးနွေး ဓါတ်ပုံ (MRTV4)
This is default featured post 5 title
စည်းလုံးခြင်းသည် အင်အား
Wednesday, June 13, 2012
ဘင်္ဂလီအရေး တွေးမိသမျှ
by Phota Yoke on Wednesday, June 13, 2012 at 2:26pm ·
ယခုဆောင်းပါးအား www.photayokeking.org စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။ မူရင်းဆောင်းပါးကို ဖတ်ရှုလိုပါရင် www.photayokeking.org သို့ တက်ရောက် ကြည့်ရှုနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် (မြန်မာ့တပ်မတော်မှ ရခိုင်တပ်မတော် အရာရှိဟောင်း တစ်ဦး)
ရခိုင်ပြည်နယ် မောင်းတောမြို့ရှိ ဘင်္ဂလီလူမျိုး အုပ်စုလိုက် တွေ့ရပုံ
ယနေ့မီဒီယာတွေမှာ ဘင်္ဂလီကိစ္စနဲ့ ပတ်သက်ပြီး အချို့ဆောင်းပါးများ၊ သတင်းများဟာ မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုအတွက် အဆိပ်အတောက်တွေ ဖြစ်နေတာ တွေ့ရတဲ့အတွက် တာဝန်သိရင် တာဝန်ရှိတယ်ဆိုသလို ရေးသား တင်ပြလိုက်ရပါတယ်။ စာရေးသားသူအချို့ဟာ ကမြောက်ကခြောက် မဟုတ်ကြပါဘူး။ နိုင်ငံခြားနေ ပညာတတ်ဆိုသူတွေ ပါဝင်ပါတယ်။ စာဖတ်ပရိသတ်အချို့ရဲ့ ကွန်မင့်တွေကိုကြည့်တော့ အကျိုးရှိတဲ့စာပေမျိုး၊ ဗဟုသုတများတဲ့စာမျိုးကို များများဖတ်ပုံမျိုး မတွေ့ရသလို ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်တိုင်းထွာပြီး ယုံကြည်လက်ခံတာမျိုးကိုလည်း ကောင်းစွာ မတွေ့ရပဲ ပညာတတ်တွေ ရေးတာပဲဆိုတဲ့ အသိသက်သက်နဲ့ လုံးထွေးအီးယောင်ဝါးလုပ်ပြီး လက်ခံနေကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါး ခေါင်းစဉ်ကိုရေးတော့ ရင်းနှီးတဲ့ ကျွန်တော့်မိတ်ဆွေတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တာပဲ ရေးပါလို့ ပြောကြပါတယ်။ အမှန်တော့ နိုင်ငံရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမူ အစရှိသည်ဖြင့် အကုန်လုံး အကျုးံဝင် ဆက်စပ်နေတာပါ။ တစ်ခုခုမှာ ပြဿနာဝင်နေပြီဆိုရင် နိုင်ငံရေး အုပ်ချုပ်ရေးကိုပဲ ဦးတည်သွားတတ်ပါတယ်။ ဒါကြောင့် တနည်းတဖုံ အကြောင်းအကျိုး ဆက်စပ်နေတာကိုထောက်ပြီး အကြောင်းအရာ ရှုထောင့်အမျိုးမျိုးကနေ ရေးသားတင်ပြနေခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသို့ ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ပင် တရားမ၀င် ခိုးကူးဝင်ရောက်တဲ့ ဘင်္ဂလီများကို ထိုင်းရဲများမှ ဖမ်းဆီးထားပုံ
ယခုလတ်တလော အကြောင်းအရာတစ်ခုကို ကြားထိုးတင်ပြချင်ပါတယ်။ ရခိုင်တိုင်းရင်းသားတို့ နယ်မြေမှာ ရခိုင်နဲ့ဘင်္ဂလီတွေအကြား ပြဿနာတွေ ဖြစ်ပွားနေပါတယ်။ ဒါဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့ အကြောင်းအကျိုး ဆက်နွယ်မှု (causes and affects) တစ်ခုပါ။ ပြန်ခွဲရင် လတ်တလောအကြောင်းရင်း (immediate causes) နဲ့ နောက်ခံအကြောင်းတရားများ (root causes) ဆိုတာကို တွေ့ကြရမှာပါ။ မီဒီယာတွေမှာ အီးယောင်ဝါး ရေးနေကြတာမျိုး ဗိုလ်ကျော်ဆန်းနဲ့ ဦးအောင်သောင်းတို့လို လူဆိုးလူကြမ်းတွေနဲ့ မပတ်သက်သလို အစိုးရရဲ့ နိုင်ငံရေးအာရုံပြောင်းဖို့ လှည့်ကွက် လုံးဝမပါပါဘူး။ အခြေခံက ရခိုင်တိုင်းရင်းသူတစ်ဦးကို မုဒိမ်းကျင့် လူသတ်တဲ့ကိစ္စကနေ ပြဿနာစလာတာကိုပဲ  စံနစ်တကျ အဖွဲ့တစ်ခုက ဖန်တီးနေတာလိုလို အာအက်ဖ်အေရဲ့ လေသံတွေ၊ တရုတ်ဗမာ အဓိကရုဏ်းမျိုး ဖေါ်ပြပြီး သက်သေထူနေတဲ့သူတွေ၊ အိညက်ညက် နိုင်ငံရေးလေသံမျိုးနဲ့  ပြတ်ပြတ်သားသား သဘောထားကို မပြောရဲသလိုလိုလူတွေ၊ လူသားချင်း စာနာထောက်ထားသလိုလို လူ့အခွင့်အရေးကိုပဲ အရမ်းလေးစားသူတွေလိုလို ငြိမ်းချမ်းရေး လိုလားနေသူတွေလိုလို စတဲ့လိုလိုသမားတွေ တတ်ယောင်ကားတွေလည်း အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။
မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်ခဲ့ကြသော တရားခံ ဘင်္ဂလီ (၃) ဦးကို ရုံးထုတ်လာပုံ
တချိန်က လှေစီးပြီး စီးပွားရေးသွားလုပ်ဖို့ ဘင်္ဂလားကနေထွက်ခွာရင်း ထိုင်းရေတပ်က ဖမ်းမိတော့ ရိုဟင်ဂျာကို လူသားချင်းစာနာပါဆိုတဲ့ နိုင်ငံရေးသမားလိုလို ဆောင်းပါးသမားလိုလို နိုင်ငံခြားနေ အချို့သော အမျိုးသား အမျိုးသမီးတွေ (မြန်မာစစ်စစ်တော့ ဟုတ်ဟန်မတူပါ) လည်း ရှိကြပါသေးတယ်။  ၁၉၉၀ ခုလောက်ကဆိုရင် နဝတကို ဆဲဖို့လောက်သာတွေးနေတဲ့ နိုင်ငံရေးအမြင် မရှိသူတွေက ရခိုင်ပြည်နယ်မှာ စစ်တပ်တွေဖွင့်တော့ ရန်သူမရှိတဲ့ရခိုင်မှာ ဘာလို့ စစ်တပ်တွေ အများကြီးဖွင့်ရတာလည်းလို့ လက်ညှိုးထိုး ဖွခဲ့ကြပါတယ်။ တကယ်တော့ တိုင်းရင်းသားရခိုင်နယ်မြေမှာ မမြင်ရတဲ့ ရန်သူတွေရော မြင်ရတဲ့ ရန်သူတွေရော ရှိနေခဲ့ကြပါတယ်။ အဲဒါကို အရင်ဆုံး သဘောပေါက်နေခဲ့ကြသူတွေမှာ ဘင်္ဂလားရော အနောက်နိုင်ငံကြီး အချို့ရော အာရှကနိုင်ငံအချို့ရော ပါဝင်သလို လှုပ်ရှားမူတွေလည်း ရှိနေခဲ့ကြပါတယ်။ NGO တွေ UNHCR တွေ ဆိုတာဟာလည်း ရခိုင်တိုင်းရင်းသားများအတွက် မဟုတ်ပဲ မယောင်ရာဆီလူးပြီး လူသားချင်းစာနာမှု အစီအစဉ် ခေါင်းစဉ်ပြကာ ဘင်္ဂါလီ ကျေးရွာများအတွက် ကယ်တင်စောင့်ရှောက်ခဲ့တဲ့ လုပ်ငန်းလိုမျိုး ကြံစည်လှုပ်ရှား နေခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ဖွင့်ထားသော နရပရ ဘင်္ဂလီ ဒုက္ခသည်စခန်းမှ ဘင်္ဂလီ ဒုက္ခသည်များ ဆန္ဒပြနေပုံ
ပြဿနာဖြစ်ပွားရခြင်းရဲ့ လတ်တလော အကြောင်းအရာကိုကြည့်ရင် နံပါတ်တစ်က - မြန်မာနိုင်ငံမြေပုံ ရခိုင်တိုင်းရင်းသား နယ်မြေနေရာမှာ ဘင်္ဂလီတွေရဲ့ပုံကို ထည့်ပြီး ဝါဒဖြန့်ပေးခဲ့တဲ့ ဘီဘီစီ အသံလွှင့်ဌာနရဲ့ လှုံ့ဆော်မူ၊ နံပါတ်နှစ်က - ရခိုင်အမျိုးသမီး မသီတာထွေး အသက် (၂၇) နှစ်ကို မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးသုံးဦးက မုဒိန်းကျင့်ပြီး လည်ပင်းကိုလှီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တို့ဖြစ်ပါတယ်။ နံပါတ်တစ်ဖြစ်စဉ်ကိုကြည့်ရင် ဘီဘီစီဟာ မြန်မာနိုင်ငံအပေါ် သွေးထိုးလှုံ့ဆော်မူပြုရာမှာ ကြိုတင်မျှော်တွေးနိုင်ပြီး ထိရောက်အောင် ဆောင်ရွက်တဲ့ နေရာမှာ သိပ်ထူးချွန်နေတာ တွေ့ရပါတယ်။
မောင်တောမြို့ပေါ်မှ ဘင်္ဂလီလူအများစုကို ဒုတ်ဓါးလက်နက်များဖြင့် တွေ့ရပုံ
နယ်စပ်ဒေသဆိုတာ နှစ်ဘက်ကူးလူး ဆက်ဆံမူများ ရှိနေပြီး ရေကြည်ရာမြက်နုရာဘက်ကို ပြောင်းရွှေ့အခြေချတတ်တာ သဘာဝပါ။ ဒါကြောင့် ဘူးသီးတောင်၊ မောင်တောဒေသမှာ ဘင်္ဂလီတွေ ကူးဝင်နေထိုင်နေကြတယ်ဆိုတာ ကလေးသိခွေးသိ သိနိုင်တဲ့အချက်ပါ။ ဘင်္ဂလားဒေသဟာ သမိုင်းအရ ခရစ်တော်မပေါ်မှီကာလ ဓည၀တီခေတ် မင်းဆက်များ၊ ရခိုင်မင်းများပိုင်ဆိုင်သော ဒေသဖြစ်ခဲ့ပြီး ၁၆ ရာစုအကုန်လောက်မှာ မဂိုမူဆလင်ဘုရင်များ လက်အောက် ကျရောက်ခဲ့ရပါတယ်။ ဗုဒ္ဓဘာသာထွန်းကားရာ နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း ထိုအချိန်ကစပြီး မူစလင်ဘာသာ နေရာယူခဲ့ပါတယ်။ ရခိုင်လူမျိုးများဟာလည်း စစ်တကောင်းတောင်တန်းများ တဝိုက်မှာ ခိုအောင်းနေခဲ့ကြပြီး အဝကျွန်းများရှိရာဒေသ နတ်မြစ်ရဲ့ တဘက်ကမ်း ဘူးသီးတောင်၊ မောင်တောနယ်စပ်တွေမှာ နေထိုင်ခဲ့ကြပါတယ်။ မြန်မာဘုရင်လက်ထက် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီကို စောင့်ရှောက်ရတဲ့ ဗြိတိသျှစစ်တပ်တို့ မတိုက်ခိုက်ခင် အချိန်ထိ နတ်မြစ်တလျောက် ရှင်မဖြူကျွန်း အပါအဝင်မှာ ရခိုင်တိုင်းရင်းသားတို့ နေထိုင်လာခဲ့ကြပြီး အင်္ဂလိပ်က ရခိုင်ကို သိမ်းပိုက်ချိန်ကစလို့ ဘင်္ဂလီတွေ စတင် ဝင်ရောက်လာခဲ့ကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်က သိမ်းပိုက်ထားချိန်မှာတော့ ဘူးသီးတောင် မောင်တောနယ်စပ်ကနေ ဘင်္ဂလီတွေ အများအပြား လှိမ့်ဝင်လာခဲ့ကြလို့ မြန်မာပြည်ဘုရင်ခံကတောင် တားဆီးယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
မောင်တောမြို့ အ၀င် မုဒ်ဦးပုံ
အိန္ဒိယက မြန်မာနိုင်ငံထက်စောပြီး လွတ်လပ်ရေးရချိန်မှာ ဘင်္ဂလားဒေသဟာ အိန္ဒိယ၊ ပါကစ္စတန် လက်အောက်ခံဖြစ်ခဲ့ပြီး နောက်တော့ အရှေ့ပါကစ္စတန်ကို ပုန်ကန် ခွဲထွက်လာခဲ့ကြပါတယ်။ ရှင်မဖြူကျွန်းဟာလည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရကတည်းက ဘင်္ဂလားလက်ထဲ ပါသွားခဲ့ပါတယ်။ ပါကစ္စတန်နဲ့အိန္ဒိယ ခွဲချိန်မှာ ဘင်္ဂလီတွေဟာ ဘူးသီးတောင်၊ မောင်တောနယ်ကိုတောင် ပါကစ္စတန်နယ်မြေထဲထည့်ဖို့ လှုပ်ရှားခဲ့ဖူးပါတယ်။ နောက်ပိုင်း အများအပြား ထပ်မံခိုးဝင်လာခဲ့ကြတာကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ၀မ်းတင်လက်ထက်တွင် နဂါးမင်းစစ်ဆင်ရေးနဲ့ တားဆီးခဲ့ရာမှာ ဘင်္ဂလားဘက် ပြန်ပြေးသွားတဲ့ဘင်္ဂလီတွေကို ကုလသမဂ္ဂအစီအစဉ်နဲ့ ပြန်ပြေးသွားတဲ့ အရေအတွက်ထက် ပိုမိုပြီး လက်ခံပေးခဲ့ရပြန်ပါတယ်။ http://bdcburma.wordpress.com/ မှာ အခြေအနေကို လေ့လာကြည့်ရူနိုင်ပါတယ်။  ဦးနေဝင်း လက်ထက်မှာပါ။ သို့သော်လည်း ဝင်လာမစဲ တသဲသဲရှိနေခဲ့ပြီး ပြည်မထဲက ရန်ကုန်အထိ ဝင်လာနိုင်ခဲ့ကြတာ ကိုယ်တွေ့မို့ စာရေးသူတောင် လန့်သွားခဲ့မိပါတယ်။ မှတ်ပုံတင်လည်းမရှိ မြန်မာ စကားလည်း တစ်လုံးမှ မတတ်သူတွေဖြစ်ပြီး အချိန်ကာလအားဖြင့် ရန်ကုန်မှာ စစ်တပ်နဲ့နယက တယက မယက ရယကတို့က  ကိုယ့်မိဘပြည်သူလူထုကို ကောင်းကောင်းကြီး နှိပ်စက်နေတဲ့ အချိန်ထဲမှာပါ။ (ဧည့်စာရင်းကို မြန်မာချင်း ခြင်ထောင်လှန်စစ်ပြီး အရံမီးသတ်နဲ့ အလိုတော်ရိ ရပ်ကွက်လူကြီးဆိုသူတွေက မူးရူးအနိုင်ကျင့်နေချိန်မှာပါ။)
မောင်တောမြို့ ပဋိပက္ခအတွင်း ဘင်္ဂလီလူမျိုးများပုံ
ပြန်ပြီးဆက်ရရင် ဘင်္ဂလီတွေဟာ စကတည်းကယဉ်သကို ဆိုသလို မူဂျာဟစ်သောင်းကျန်းသူ၊ ကုလားဆိုး သောင်းကျန်းသူတွေအဖြစ်နဲ့ ဒေသခံရခိုင်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုကာ နယ်မြေသိမ်းဖို့ လုပ်လာခဲ့ကြတဲ့အတွက် တပ်မတော်က စစ်ကြောင်းတွေက ဝင်ရောက် ရှင်းလင်းခဲ့ကြရပါတယ်။ နောက်ပိုင်းမှာလည်း သူတို့ဟာ ဘင်္ဂလီမူဆလင် ဒေသတစ်ခု ထူထောင်ဖို့ကို ရည်ရွယ်လှုပ်ရှားခဲ့ပါတယ်။ နိုင်ငံရေးအရသော်၎င်း၊ စစ်ရေးအရသော်၎င်း မူဂျာဟစ်များ၊ ယခု အယ်လ်ကိုင်ဒါများနဲ့ ချိတ်ဆက် စစ်သင်တန်းတွေတက်လို့ ပြင်ဆင်ထားခဲ့ကြပါတယ်။ အတိတ်ကဆိုရင် ၁၉၄၂ သမိုင်းကြောင်း၊ ၁၉၈၈ သမိုင်းကြောင်းတွေ များစွာ ရှိခဲ့ပါတယ်။ ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသားတွေကို တိုက်ခိုက် သတ်ဖြတ်ခဲ့တာတွေပါ။
၁၉၉၂ မှာတောင်မှ လူ (၁၅၀၀) ကျော် (မြန်မာစစ်တပ် တပ်ရင်းတစ်ခုမှာ ဖွဲ့စည်းပုံအပြည့်ဆိုရင် ၇၈၃ ယောက် ဝန်းကျင်ရှိခဲ့တာပါ) လှေနဲ့ကူးလာပြီး ကြိုတင်ဝှက်ထားတဲ့ လက်နက် ခဲယမ်းတွေ ကားခုနှစ်စီးကျော်ကျော်နဲ့ လူလက်နက်ဖွဲ့စည်းမှု မပြုနိုင်ခင်လေးမှာ လက်မတင်လေး တားဆီးရှင်းလင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဘင်္ဂလီအမာခံများဟာ မောင်တော၊ ဘူးသီးတောင်မှာ အများကြီး ခိုအောင်းနေခဲ့ကြပါတယ်။ တကယ်လို့ ဘင်္ဂလီတွေဟာ ဖွဲ့စည်းပုံ လုပ်ပြီးသွားရင်တော့ မောင်တော ဘူးသီးတောင်ဒေသဟာ သွေးချောင်းစီးပြီး သူတို့လက်အောက် ကျရောက်သွားခဲ့နိုင်ပါတယ်။
ဒါတွေက တကယ်ဖြစ်ခဲ့တာပါ။ ကျောက်ပန်းနုရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာ ဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲ သိမ်းမိပါတယ်၊ လက်နက်တွေ အများကြီးလို့ ဒေသခံတွေဆီက သိခဲ့ရပါတယ်။ သူတို့နဲ့ လက်နက်နဲ့သာ တွဲမိလိုက်ရင် မလွယ်ပါဘူး။ အဲဒီတုန်းက ရိုဟင်ဂျာဒုက္ခသည်တွေကိစ္စ မီဒီယာတွေက အရမ်းအော်ခဲ့ကြပါတယ်။ ဘီဘီစီ၊ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ။ ဒေသခံတွေရဲ့ ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာ ရှိနေခဲ့တဲ့ အမာခံတွေ အများစုကိုပါ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီတုန်းကစပြီး နစကတပ်ဆိုတာကို စတင်ဖွဲ့စည်းပြီး သူတို့ကို ထိန်းချုပ်ခဲ့တာလို့ သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်) ။ ယခုထက်ထိ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ ဒီနယ်မြေကို သိမ်းပိုက်နိုင်ရန် အစီအစဉ်ချထားမှုက အခိုင်အမာ ရှိနှင့်နေပြီးသားပါ။ ဒါဟာ လှုံ့ဆော်နေတာ မဟုတ်ပဲ ရခိုင်တိုင်းရင်းသားများနဲ့တကွ မြန်မာပြည်သူလူထု တစ်ရပ်လုံးက မျက်စိကိုဖွင့် နားကိုစွင့်ပြီး အထူးသတိပြုထားနိုင်ဖို့ ဖြစ်ပါတယ်။ တစ်ခုခုဆိုရင် လူသားချင်းစာနာပါဆိုတဲ့ နိုင်ငံရေးလိုလို စကားတွေဟာ ဒီလိုဘင်္ဂလီ အဖျက်သမားတွေကို နှိမ်နင်းရာမှာ အနှောက်အယှက်များစွာ ဖြစ်စေပါတယ်။ ပြည်“မ”နေ မြန်မာနိုင်ငံရေးသမား ဆိုသူတွေကိုယ်တိုင် ကောင်းကောင်း သဘောမပေါက်ကြတာပါ။ ဒီနယ်မြေကိုလည်း မရောက်ဖူးဘူး၊ ဒီသမိုင်းကိုလည်း မလေ့လာဖူးဘဲ စာဖတ်ပြီး ပြောနေကြသလိုပါပဲ။ တကယ်က မြန်မာတိုင်းရင်းသားတွေဟာ စိတ်ရင်းစေတနာကောင်းပြီး ယဉ်ကျေးပြီးသားပါ။ ဒါကို ဘင်္ဂလီပြဿနာဖြစ်မှ ဆရာကြီး ဆရာမကြီးလေသံတွေနဲ့ ဆောင်းပါးတွေရေးကြ အသံတွေဗျူးပေးကြနဲ့ ကိုရွှေတို့ အတော်အလုပ်များကြပါတယ်။ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုစာမျိုးနဲ့ ဆရာကြီး လုပ်ထားတာကို တွေ့နိုင်ပါတယ်။
မောင်တောမြို့ ပဋိပက္ခတစ်ခုအတွင်း ဒဏ်ရာရသူ ရခိုင်အမျိုးသား တစ်ဦးပုံ
(ပထမ ရာဇဝတ်မှုဖြစ်စဉ် (အဓမ္မ သားမယားပြုကျင့်၊ ပစ္စည်းယူ၊ လူသတ်မှု) မှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေရဲ့ လူမျိုး၊ ဘာသာမတူမှုကို အသားပေးပြောဆို သွေးထိုးလှုံ့ဆော်စည်းရုံးပြီး အရက်၊ မူးယစ်ဆေးဝါး တိုက်ကျွေး သွေးဆောင်ခံခဲ့ရတဲ့ အသိပညာ အခြေခံနည်း လူတချို့လည်း ပါကောင်းပါနိုင်ပါတယ်။ ဒါပေမယ့် စတင် အစီအစဉ်ချ၊ လမ်းကြောင်းပေးတာကတော့ အစိုးရ (သို့) အစိုးရထောက်ခံသူ အဖွဲ့အစည်းတစ်ခုခုရဲ့ ဦးဆောင်မှု၊ ပါဝင်ပတ်သက်မှုဆိုတာ ဖြစ်စဉ်ကိုလေ့လာရင် ထင်ရှားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်နေတဲ့ လူနည်းစု လူမျိုးခြား၊ ဘာသာခြားတွေကို အဆင့်တန်းရှိရှိ ခေါ်ဝေါ်ပြောဆိုသုံးနှုန်းမှ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။ မြန်မာ - ခရစ်ယာန်၊ မြန်မာ - မွတ်ဆလင်၊ မြန်မာ - ဟိန္ဒူ၊ မြန်မာ - တရုတ် (တရုတ်လူမျိုးအနွယ် မြန်မာနိုင်ငံသား)၊ မြန်မာ - အိန္ဒိယ (အိန္ဒိယလူမျိုးအနွယ် မြန်မာနိုင်ငံသား) စသည်ဖြင့် ယဉ်ကျေးစွာ တစ်ဦးချင်း စံနမူပြု သုံးစွဲခြင်းဖြင့်) ငြိမ်းချမ်းအေး ဆိုသူပါ။ သူဟာ ရှင်မဖြူကျွန်းကိစ္စ၊ ရေပြင်ပိုင်နက်ကိစ္စတွေမှာလည်း အခံဘက် အပေးဘက်ကနေ ဗမာတွေဟာ အာသံ၊ မဏိပူရအရေးမှာ ဝင်စွက်ဖက်တယ်ဆိုတာမျိုး၊ မဟာဗန္ဓုလဟာ ဗြိတိသျှပိုင် စိန့်မာတင်ကျွန်းပေါ်ကို လူမိုက်ဆန်ဆန် တက်ရောက် တိုက်ခိုက်သိမ်းပိုက်တာ ဆိုတာမျိုးနဲ့ မြန်မာစိတ်ဓါတ်ကို ရိုက်ချိုးခဲ့သူပါ။ မြန်မာစစ်စစ်တစ်ယောက်မှ ဟုတ်ပါရဲ့လားလို့ သံသယ၀င်မိပါတယ်။
ဘင်္ဂလီများဟာ ယခုလို မော်တော်လှေငယ်များဖြင့် သက်စွန့်ဆံဖျား ရေမြေရပ်ခြား တိုင်းတပါးသို့ ကျူးကျော်သွားရောက်နေပုံ
ရှင်းရှင်းလေး တွေးကြည့်လိုက်ကြပါ။ မြန်မာတွေဟာ သည်းခံစိတ်နဲ့ ယဉ်ကျေးသိမ်မွေ့ စိတ်ကောင်းရှိလို့ မြန်မာပြည်ဖွား တရုတ်ကုလားတွေ ကောင်းကောင်းမွန်မွန်နဲ့ သူတို့ကိုယ်ပိုင်စီးပွားရေးနဲ့ အေးအေးချမ်းချမ်း မြန်မာမြေပေါ်မှာ ရပ်တည် နေထိုင်နိုင်ကြတာပေါ့ခင်ဗျာ။ ဒါပေမယ့် အမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက် စော်ကားလာချိန်မျိုးမှာ တရားဥပဒေစိုးမိုးမှုကလည်း ချက်ခြင်းတုန့်ပြန် မပေးနိုင်တဲ့အခါ အဆင်သင့်သလို လက်တုန့်ပြန်နေကြတာ အမျိုးချစ်စိတ်ရှိသူတွေရဲ့ သဘာဝပါပဲ။ မူဆလင်ဘာသာဝင် အစ္စလာမ် ဘာသာဝင်လို့ ရှိပေမယ့် မူဆလင်လူမျိုးရယ်လို့တော့ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အဆင်ပြေအောင် ခေါ်လိုက်တဲ့သဘောပါ။ အဲဒီတော့ ရှေးကတည်းက နှိမ်တာမဟုတ်ပဲ ကုလားဖြူ၊ ကုလားမဲ ခေါ်လာကြတယ်။ မိစ္ဆာဒိဌိလူမျိုးလို့ ခေါ်နေတာကနေတောင် ပြောင်းလဲခေါ်လာခဲ့ကြတယ်။ ပဝေသဏီက ခေါ်လာတော့ နှုတ်ကျိုးနေပြီဗျာ။ ခင်မင်တဲ့ သူငယ်ချင်းတွေကိုတောင် ချစ်ရင်လည်းကုလားလို့ခေါ် ဒေါသထွက်ရင်လည်း ကုလားလို့ခေါ်တာပါ။ ဆရာက အခုမှ တရုတ်ကိုတော့ မြန်မာတရုတ်လို့ပြောပြီး ကုလားကျတော့ မြန်မာအိန္ဒိယ မြန်မာမူဆလင်၊ မြန်မာဟိန္ဒူတဲ့။ မြန်မာခရစ်ယာန်တဲ့။ မရှိပါဘူး။ တိုင်းရင်းသားအားလုံးက မြန်မာတွေပါ။ လူမျိုးစုကို ခွဲခြားသိချင်ရင်သာ ဥပမာ - ကချင်လူမျိုး ကိုးကွယ်ရာက ဗုဒ္ဓဘာသာ (သို့) ခရစ်ယာန်။ ကရင်လူမျိုး ကိုးကွယ်တာက ဗုဒ္ဓဘာသာ (သို့) ခရစ်ယာန်ပေါ့ဗျာ။ ရှင်းနေတာကို ရှုပ်အောင် ဝင်လုပ်နေတယ်။ နိုင်ငံခြား ရောက်နေကြသူတွေဆိုရင်တော့ ခေါ်ရတာ အဆင်ပြေမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးရဲ့ ထုတ်ပြန်ကြေညာချက်ပုံ
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေညာချက်မှာ ကျောက်နီမော်က ရခိုင်အမျိုးသမီးလေးကို လည်လှီးသတ်ဖြတ်ကာ မုဒိန်းကျင့်သတ်မူအတွက် ရှုံ့ချတယ်ဆိုတာ မပါဝင်ထားတာဟာလည်း စဉ်းစားစရာပါ။ ဒီလို လည်လှီးသတ်တာနဲ့ ပတ်သက်လို့ ဗဟုသုတ ပြောပြပါဦးမယ်။
  1. သားပေါ်မည့်သူဟာ မွတ်ဆလင်တစ်ဦးဖြစ်ပြီး စိတ်ပုံမှန်ရှိ စိတ်ကျန်းမာသူ။ (စိတ်ပေါ့သွတ်သူမဟုတ်ရ)
  2. သားပေါ်မည့် သတ္တဝါသည် တရားတော်နှင့် ညီညွတ်ရမည်။ (ဝက် တောဝက် ခွေး မြွေ မျောက် ကျား ခြသေ့င်္ ဝက်ဝံ ကြွက် ကင်းခြေများ ကင်းမြီးကောက် ဖား မိချောင်း ပရွက်ဆိတ် ပျား သန်း ယင်ကောင် လောက် မြည်း လား အဆိပ်ရှိ သတ္တဝါများ မဟုတ်ရ)၊
  3. သားပေါ်မည့် သတ္တဝါသည် အရှင် (သို့) အသက်ရှင်နေရမည်။
  4. သားပေါ်တိုင်း နှုတ်မှ ဘစ်စမီလာဟ် အလ္လာဟ်အရှင် နာမတော်ကို အောက်မေ့ရွတ်ဆို ပူဇော်သည်နှင့် သားပေါ်ခြင်း အမူပြုရမည်။
  5. သားသတ်ရန် ကိရိယာသည် ချွန်ထက်ပြတ်ရှသော ပစ္စည်းမျိုးဖြစ်ပြီး သတ်နေစဉ်အတွင်း သတ်သည့်ကိရိယာသည် သတ္တဝါနှင့်ကင်းကွာခြင်း မရှိစေရ (အကြိမ်ကြိမ် ခုတ်ထစ် သတ်ဖြတ်ခြင်း မဟုတ်ပဲ ကြိတ်လှီးခြင်း)
  6. သားသတ်ရာတွင် အသတ်ခံသတ္တဝါ၏ လည်မျိုတဝိုက်ရှိ လေပြွန်၊ အစာရေစာမျိုလမ်းကြောင်း၊ ပင်မသွေးကြောနှင့် သွေးပြန်ကြောများကိုပါ တပါတည်း ပိုင်းဖြတ်စေရမည်။ တဲ့….ခင်ဗျ။ လည်လှီးအသတ်ခံရမည့် သတ္တဝါဟာ အနှီစာရေးသူ ငြိမ်းချမ်းအေးသာ ဖြစ်နေရင် ဘယ်လို ခံစားနေမလည်းဆိုတာ ခဏဝင်စဉ်းစားဖို့ပါ။
ဒါတွေ တင်ပြရေးသားနေတာဟာ လှုံ့ဆော်ခြင်း၊ စော်ကားခြင်း၊ မုန်းတီးခြင်းများ အလျဉ်းမပါရှိပါ။ အဖြစ်မှန်အတိုင်း မြန်မာတိုင်းရင်းသားတွေ သိရှိနားလည် သဘောပေါက်စေရေးကိုသာ ရည်ရွယ်ပါတယ်။
ဘင်္ဂလီလူမျိုးများ မီးရှို့မှုကြောင့် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်များ မီးလောင်ကျွမ်းနေပုံ
နောက်တစ်ခု သဘောပေါက်စေချင်တာက ဘူးသီးတောင်၊ မောင်တောနယ်စပ်က တဘက်ကနေ ဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ မြန်မာပြည်တွင်းမှာ ဘိုးဘွားမိဘ လက်ထက်ကတည်းနေလို့ ပေါက်ဖွား ကြီးပြင်းလာတဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ ဟိန္ဒူဘာသာဝင်တွေ ဆစ်ခ်တွေ ပန်ချာဘီနဲ့ ဂေါ်ရခါးတွေဟာ မတူညီကြပါဘူး။ ပြည်တွင်းက ကုလားအမျိုးသားတွေဟာ မြန်မာပြည်ကို မြန်မာတွေအတိုင်းပဲ ချစ်ကြတယ်။ မြန်မာစိတ်ရှိတယ်။ မြန်မာလို တွေးခေါ်ကြတယ်။ ပြည်ပမှာဆိုရင် တစ်ခြားနိုင်ငံသားတွေနဲ့ မြန်မာတွေ တစ်ခုခုချိတ်စောင်းမိရင် မြန်မာဆိုတဲ့အသိနဲ့ မြန်မာဘက်ကနေ ပါတဲ့သူတွေပါ။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ရှိသူ တချို့ကတော့ ချွင်းချက်ပါပဲ။ မူဆလင်တွေကတော့ ဘာသာရေးသာ တူညီတယ် လူမျိုးမတူဘူး ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။
ဇွန်လ ၅ ရက်နေ့က ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဗလီဝတ်ကျောင်းရှေ့တွင် ဆန္ဒပြသူ အစ္စလမ် ဘာသာဝင်များကို ကိုမြအေး လာရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြရန် ပြောဆိုနေပုံ
ကိုမြအေး ထောက်ပြ ပြောဆိုခဲ့တာကလည်း အတော်ကောင်းပါတယ်။ အမှန်ပါပဲ။ ပြည်တွင်းက မူဆလင်အမျိုးသားများ သတိပြုသင့်ပါတယ်။ အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေးလို ဖန်တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ်တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့ အစွန်းရောက်တဲ့သူများ ရှိပါတယ်။ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြော ချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင် တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေးကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်းတင်ရမှာပဲ။
ရိုဟင်ဂျာအစား ဘင်္ဂလီလူမျိုး ဒါမှမဟုတ် ဘင်္ဂလီကုလားမျိုးလို့ သုံးသင့်တာကလွဲလို့ လေးစားလောက်တဲ့ ပြတ်သားတဲ့ အတွေးနဲ့အပြော ဖြစ်ပါတယ်။ တချို့မြန်မာတွေတောင်မှ ဒီလိုမပြတ်သားပဲ အီးယောင်ဝါးလုပ်ပြီး ပြောနေကြတာပါ။ ဘင်္ဂလီအရေးဖြစ်ပြီး မူဆလင်ဘာသာရေး မဟုတ်ပါဘူး။ ဘင်္ဂလီကိစ္စဟာ ရှုထောင့်မျိုးစုံကနေ ကြည့်ပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကိစ္စတစ်ခုပါ။ ဘင်္ဂလီတွေဟာ မူဆလင်ဘာသာရေးကို ဘန်းပြပြီး ပြည်တွင်းက အစွန်းရောက် မူဆလင်တချို့နဲ့ အဆက်အစပ် လုပ်လာတဲ့သဘော တွေ့နေရပါတယ်။ ဘာသာရေးဆက်စပ်မူလုပ်ပြီး ညီအစ်ကိုဖွဲ့လို့ လူမျိုးရေးကို ကျူးကျော်လာချင်တဲ့ သဘောပါ။ ရခိုင်နယ်စပ် အရေးကိစ္စတွေမှာ အစိုးရရဲ့ပေါ်လစီဟာ ပြတ်သားမူမရှိပဲ မှားယွင်းနေခဲ့ပါတယ်။ လိုတစ်မျိုး၊ မလိုတစ်မျိုး ဖြစ်နေပြီး ရခိုင်တိုင်းရင်းသားတွေအပေါ် တချို့သော အစိုးရအဖွဲ့ဝင်တွေဟာ သဘောထား မမှန်ခဲ့တာတွေဟာလည်း အမှားတွေပါပဲ။
တကယ်တော့ ပြည်မပြည်တွင်းနေ မူဆလင်အမျိုးသားတွေနဲ့ ဘင်္ဂလီတွေ ချိတ်ဆက်ပေးခဲ့ကြတဲ့အထဲမှာ တပ်မတော်လူမိုက်ကြီး ဗိုလ်မောင်ဦးတောင် ပါပါတယ်။ ဒါတွေကို ဒီနေ့ဦးသိန်းစိန်အစိုးရအဖွဲ့ အီးယောင်ဝါး လုပ်မနေပဲ တိကျပြတ်သားတဲ့ ဥပဒေပြဌာန်းမူတွေ၊ ကာကွယ်စောင့်ရှောက်မူတွေ ဥပဒေစိုးမိုးမူ ရှိစေရေး ဆောင်ရွက်မူတွေ နယ်စပ်လုံခြုံရေး ဆောင်ရွက်မူတွေကို လုပ်ကြဖို့သင့်ပါတယ်။ ဥပဒေစိုးမိုးရေးမှာ ဒေသအခြေစိုက် တပ်ရင်းတပ်ဖွဲ့များက ကူညီဆောင်ရွက်ပေးဖို့ ဘူးသီးတောင်၊ မောင်တောဒေသအတွက် လိုအပ်နေပါတယ်။
ရန်ကုန်မြို့ရှိ တခြမ်းဗဲ့ ဗလီပုံ
တဆက်တည်းမှာ ပြည်တွင်းမှာရှိတဲ့ မူဆလင်ဘာသာဝင်များကို အသိပေးချင်တာကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး အစွန်းမရောက်ဖို့နဲ့ ဘာသာရေးအရ သွေးထိုးမူကို လက်မခံဖို့ပဲ ဖြစ်ပါတယ်။ အစွန်းမရောက်သရွေ့ ထိပါးမစော်ကားသရွေ့ မိမိတို့ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်တာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ မူဆလင်တွေကို စတင် မစော်ကားခဲ့ဖူးပါဘူး။ ပြဿနာရှိခဲ့ရင်တောင် မေ့မေ့ပျောက်ပျောက် ထားခဲ့ကြတယ်ဆိုတာ မြန်မာအကြောင်း နားလည်တဲ့သူတိုင်း သိကြပါတယ်။ ပြဿနာကို စချင်တာက အစွန်းရောက် မူဆလင် တချို့တော့ ရှိနေပါတယ်။ မြန်မာမကို ယူနိုင်ရင် ငွေထောက်ပံ့မယ် တစ်ပြည်လုံး မူဆလင်ဖြစ်ရမယ် စသဖြင့် လုပ်နေတာတွေ၊ အဓမ္မ ဘာသာထဲ ဝင်ခိုင်းတာတွေ အခြားဘာသာဝင်တွေရဲ့ ကိုးကွယ်ရာကို နင်းခိုင်းပြီးမှ ဘာသာရေး သွပ်သွင်းမှုတွေ လုပ်တာမျိုးတွေဟာ ကိုယ်တွေ့ရော အခြား အထောက်အထားတွေရော ရှိနေပါတယ်။ ဆရာဦးဆန်းလွင်ကိုယ်တိုင် ဟောပြောပြထားတွေကိုလည်း နားထောင်ဖတ်ရှု နိုင်ပါတယ်။ ဒီတော့ ဘာသာရေးအရရော လူမျိုးရေးအရရော အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေချင်ရင် အစွန်းရောက်မူဆလင်များကို အခြား မူဆလင်ဘာသာဝင်များ အနေနဲ့ ဝိုင်းဝန်း ထိန်းသိမ်းသင့်ပါတယ်။ အရှင်ဝီရသူကလည်း ဒီလို တိုက်တွန်းထားခဲ့ပါတယ်။ ထို့ကြောင့် မူဆလင်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသော အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံ့ရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။
တကယ်တော့ ဘင်္ဂလီတွေဟာ ပြည်တွင်းမှာသာ မဟုတ်ပဲ ပြည်ပမှာတောင် ရိုဟင်ဂျာလူမျိုး မြန်မာတိုင်းရင်းသားဆိုပြီး လိမ်လည်နေတာပါ။ မြန်မာစိတ်ရှိတဲ့ မြန်မာမူဆလင် မိတ်ဆွေတွေက လက်မခံကြောင်း၊ မိမိတို့နဲ့ လူမျိုးမတူကြောင်း ပြောပြရှာပါတယ်။ တချို့ကျတော့လည်း ဘာသာတူတာကို အကြောင်းပြုလို့ ဒုက္ခသည်အဖြစ် နေထိုင်ခွင့်လျှောက်ရာမှာ ရန်ကုန်မြို့တွင်း နေထိုင် မွေးဖွားကြီးပြင်းခဲ့ပါလျက် ရိုဟင်ဂျာပါဆိုပြီး ဒုက္ခသည်ယောင်ဆောင်တဲ့သူ တချို့တော့ ချွင်းချက်ပါ။ အဲဒီတော့ ဖေါ်ပြခဲ့တဲ့ အချက်အလက်များကို ပြန်ပြီးစုစည်း နိဂုံးချုပ်ရရင် ဘင်္ဂလီပြဿနာသည် ယခင်ကပင် ဖြစ်ပေါ်ဖို့ တည်ရှိနေသော အကြောင်းများကြောင့်၎င်း၊ လတ်တလော ဘီဘီစီပြဿနာကောင်နှင့် လူမဆန်စွာ မုဒိန်းကျင့် လူသတ်မူတို့ကြောင့်၎င်း ဖြစ်ပေါ်လာခဲ့ရာ ဖြစ်ပါတယ်။ အစိုးရကို၎င်း၊ အဖွဲ့အစည်းတစ်ခုခုကို၎င်း စနစ်တကျ ပြဿနာဖန်တီးနေတာပါလို့ ရေးနေ ပြောနေတာတွေ၊ အာအက်ဖ်အေက လန်ကျုတ်လုပ် ဗျူးတာတွေကသာ ပြဿနာကြီးထွားလာဖို့ ဖန်တီးနေခြင်းနဲ့ ပြည်သူလူထုကို အထင်အမြင်မှားစေဖို့ အာရုံလမ်းလွှဲဖို့ လုပ်နေတာတွေဖြစ်ကြောင်း နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ ယခုပြဿနာဟာ မူလရှိထားတဲ့ ဘင်္ဂလီလူမျိုး ပြဿနာအပေါ် အခြေခံနေပါတယ်။ မူဆလင်ဘာသာဝင်တွေ ဖြစ်သော်လည်း မူဆလင် ဘာသာရေးပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်တွင်းက မူဆလင်တွေကို ဘာသာရေးတူညီမူနဲ့ ဆွဲသွင်းနိုင်သလို ပြည်တွင်းက မူဆလင်အစွန်းရောက်များကလည်း ပါဝင်ပတ်သက်လာနိုင်တဲ့အတွက် ပြည်တွင်းက မူဆလင်ခေါင်းဆောင်ပိုင်းက ကိုမြအေးနည်းတူ ဝိုင်းဝန်း ထိန်းသိမ်းကြရပါလိမ့်မယ်။
Rohingya Solidarity Organization (RSO) ဥက္ကဋ္ဌ ဖြစ်သူ Dr. Muhammad Yunus (ရပ်နေသူ)နဲ့ Arakan Rohingya Union (ARU) မှ Director General ဒေါက်တာ ၀ါကာအူဒင်း Wakar Uddin တို့ကို ဘင်္ဂလီ ညီလာခံတွင် တွေ့ရပုံ
ပြည်တွင်းမှာ ဘာသာတရားအားလုံး ဘယ်ဘာသာတရားကိုမျှ ထိပါးပုတ်ခတ် စော်ကားတာတွေမလုပ်ပဲ ညီညွတ်အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ဖို့ အဆုံးအမပေးရန် ဘာသာရေးခေါင်းဆောင်တိုင်းမှာ တာဝန်ရှိပါတယ်။ မီဒီယာတွေ အနေနဲ့လည်း မလိုလားအပ်တဲ့ အင်တာဗျူးတွေ ဆောင်းပါးတွေ ပါဝင်မလာစေရေးအတွက် စီစီစစ်စစ် လုပ်ကြသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတခါ ပြည်သူလူထုကို လိမ်လည် လှည့်ဖျားလာသူတွေဟာ မီဒီယာတချို့ဖြစ်လို့ပါပဲ။ နိဂုံးချုပ်မှာ အထူး တိုက်တွန်းချင်တာကတော့ နှစ်ချက်ရှိပါတယ်။ အစိုးရအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထူးအလေးပေး ဆောင်ရွက်ဖို့ပါ။ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်ရှိပြီး စည်းလုံးလို့ အင်အားတောင့်တင်းနေရင် ဘယ်တရုတ်နိုင်ငံ ကုလားနိုင်ငံကိုမှ ကြောက်နေဒူးထောက်နေဖို့ အကြောင်းမရှိပါဘူး။ တိုင်းရင်းသားများရဲ့ ယုံကြည်မူကို မတည်ဆောင်နိုင်တဲ့ ဗိုလ်သန်းရွှေရဲ့ အားနည်းချက်တွေ အမှားတွေကိုလည်း လက်ရှိမှာ အမြန်ဆုံး ပြုပြင်စေလိုပါတယ်။ နောက်တချက်ကတော့ အစ္စလာမ်ဘာသာ ဘာသာရေးခေါင်းဆောင်များကလည်း ဘင်္ဂလီအရေးကိစ္စသည် ဘာသာအရေးမဟုတ်ပဲ ဘင်္ဂလီလူမျိုးရေးသာဖြစ်ကြောင်းကို ပြည်တွင်းနေမူဆလင်တို့အား အသိပေးထားရန်နှင့် ကိုမြအေးလို ပြတ်ပြတ်သားသား ထုတ်ဖေါ်ကြေညာ ရပ်တည်ပေးဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ဘယ်သူမဆို လွတ်လပ်စွာ Share နိုင်ကြပါတယ်။ များများ Share ပေးဖို့လည်း တိုက်တွန်းပါတယ်
အမျိုးသားရေးဝါဒနှင့် လူမျိုးစုံဝါဒ
အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကို ပျက်အောင်လုပ်နေသည်။ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင်လုပ်နေသည်ဟု နိုင်ငံစုဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့် နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။
ယင်းမှာ ဆင်းရဲမွဲတေသည့် အာဖရိကတိုက်တွင်သာ မဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄နာရီအတွင်း ကွန်ပျူတာဖြင့်အရောင်းအ၀ယ်လုပ်ပြီး အရင်းအနှီးများတင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအချင်းအရာသည် မည်သို့ဖြစ်နိုင်စရာ ရှိပါသနည်း။
ကမ္ဘာ့ဝါဒပျံနှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင် လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတစ်ခု ဖြစ်၏။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့် သဘောထားတွင် လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသော အဓိပ္ပါယ်ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက်နေသည်။
လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင် စရာကောင်းသောအရာများ ဖြစ်နေဟန်ရှိ၏။ အာဏာသည်နိုင်ငံတော်မှ လျှောကျသွားချိန်တွင် အချုပ်အခြာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။
စင်ကာပူလို မြို့ပြနိုင်ငံ၊ တောင်ပိုင်းတရုတ်ပြည်လို ဒေသ၊ မြောက်အမေရိကတိုက် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာ ကုန်သွယ်မှု အစီအစဉ်တို့သည် နောက်ရာစုသစ်ကြီးများ၏ ကမ္ဘာ့ပုံစံသစ်အတွက် ဆောက်လုပ်မည့် အုတ်အစိုင်အခဲများ ဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီးလို့ရပါလျက် ယဉ်ကျေးမှု အချုပ်အချာ တည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ဆက်သွယ်ရေးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျက် အငယ်စားဘာသာစကား ကလေးများထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။
ယခုအချိန်တွင်တွင် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကို အထင်သေးခြင်းမှ ရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ်တစ်စင်းကို စီးရန် ခပ်သုတ်သုတ် သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှုးများ အားလုံးသည် ချမ်းသာပြီး တည်ငြိမ်သော လူမျိုးနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့ မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝပါပေ၏။ နိုင်ငံကူးလက်မှတ် တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။
အမျိုးသားရေးမာန်ကို ရှုတ်ချခြင်းမပြုမီ ချီချင်းညာလူမျိုးတို့ အကြောင်းကို ကျွန်တော်တို့ စဉ်းစားသင့်ပါသည်။ ချီချင်းညာတို့၏ မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့်ထုရန် လူမျိုးစုံဝါဒသမားများ ဘာကြောင့် အလိုရှိနေကြပါသနည်း။
ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာ စဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပျူတာရှေ့တွင် ထိုင်ကာ တောင်ကိုးရီးယားရှိ မိတ်ဆွေတဦးထံ စာတစ်စောင်ရိုက်နေစဉ်၊ အပြင်တွင် ရပ်ထားသော သူတို့ကားများကို ခိုးသွားမည်လားဟု နှစ်ယောက်စလုံး စိတ်တထင့်ထင့် ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပျူတာ အဆက်အသွယ်ကို လုံခြုံမှု ရှိမရှိကို မည်သူ အာမခံပါသနည်း။ ရဲ၊ တရားရုံးများ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ခေတ်သစ် လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အအုံများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အအုံများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ရွေ့လျားသွားပေလိမ့်မည်။
ခေတ်သစ်လူမျိုး နိုင်ငံများအား ခေတ်မမှီတော့ဟုဆိုကာ ကျော်လွှား ဖယ်ရှားလို့ မရနိုင်တော့ပါ။ ခေတ်သစ်လူမျိုးနိုင်ငံများကို ပိုပြီးခိုင်မာတောင့်တင်းအောင် လုပ်ရမည်သာဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ ယင်းမှာ အမျိုးသားရေးဝါဒသမား တစ်ဦး၏ နားလည်ချက် ဖြစ်ပါသည်။
လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များ ရှိပါသည်။ ကျွန်တော်တို့၏ ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကို ခွဲခြားထားသည့် သင်္ကေတကလေးများပေါ်တွင် မှီတည်နေပါသည်။ ထိုသင်္ကေတ ကလေးများကို စိတ်ပညာရှင် ဖရွိုက်က အသေးစား ကွဲလွဲချက်ကလေးများကို ချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟု ခေါ်ခဲ့ပါသည်။ ထိုကွဲလွဲချက်ကလေးများသည် အလွန့်အလွန် သေးငယ်ကောင်း သေးငယ်ပါလိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးများကိုပင် ကျွန်တော်တို့ ပင်ကိုယ်ဇာတိအ ရည်အသွေး၏ အမြုတေအဖြစ် သုံးနိုင်ပါသည်။
လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအ၀တ်အထည်များနှင့် ဘင်နက်တန် ကုန်ပစ္စည်း များ၊ မက်ဒေါ်နယ်ဟမ်ဘာဂါများနှင့် အိုင်ဘီအမ် စက်မှုသိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစား ကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ တကယ်ဖြစ်လာသည်မှာ ထိုသို့မဟုတ်။ လူများက ပိုပြီးကြီးမားသော ကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်း ဖြစ်ပါသည်။
ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီးဒီးကားကြီးများကို မောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ ဘောစနီးယား မူဆလင်များ ဖြစ်နေသည်ကိုတွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ ကြီးမားသော တွယ်တာစွဲလန်းမှုများကို ခွာချပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။
အဖိနှပ်ခံလူမျိုးများနှင့် လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရ သေးသမျှ ကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အ၀န်းစိတ်ဓာတ်သည် တည်ရှိဦးမည်သာ ဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင် လုပ်ပေးခဲ့သည်မှာ မှန်ပေသည်။
သို့ရာတွင် နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကား စသည့်ကွဲလွဲချက်များကို ပိုပြီးကာကွယ်ထိန်းသိမ်းလာ ခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှလျှောကျ သွားတော့မည်သာ ဖြစ်ပါသည်။
၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှ လူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက်လူမျိုးများလွတ်လပ်ရေးရလာသည့် အခါတွင် နိုင်ငံစုံဝါဒသမားများသည် မှန်ကန်စွာသြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒ တော်လှန်ရေးသမားများ ဖြစ်ကြသည်။  ၁၇၇၆ ခုနှစ်တွင် အမေရီကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကို နှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့် ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားရေးဝါဒတွင် မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒ မဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူ ရောနှော မနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စ ဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံ ရှိရမည် ဆိုသည့် အမှားဖြစ်ပါသည်။ လူမျိုးသန့်စင်ရမည်၊ မျိုးမနှောရဆိုသည့် အမှားဖြစ်ပါသည်။
လူမျိုးစုံဝါဒသမား ဖြစ်စေ၊ အမျိုးသားရေးဝါဒသမား ဖြစ်စေ၊ အရေပြားအောက်က သွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ ဘိုးဘေးများသည် အတူဝိုင်းဖွဲ့ပြီး အိပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင်
သွေးမနှောသည့် လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လို မျိုးနှောသူများနှင့် ခွဲဝေမနေနိုင်ပါ ဟုဆိုလျှင် မည်သို့သော ကံကြမ္မာမျိုးနှင့် တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။
လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ်မျိုး ပြောနေခြင်းကို ရပ်တန့်သင့်ပါပြီ။ အမျိုးသားရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင် နိုင်ငံတော် ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။
ခွဲထွက်ရေးသမားတို့၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေသည့် အခြေခိုင်နေသော နိုင်ငံများသည် အာဏာကို ဖြန့်ခွဲပေးဖို့ လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်းမပြုဘဲ သူတို့၏ ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်
စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
အမျိုးသားရေးဝါဒသမားတို့၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် ဒေသများသည် (တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယား နယ်စပ်တစ်လျှောက်တွင် နေကြသော ကာဒ့်လူမျိုးစုများကဲ့သို့) နယ်စပ်တစ်လျှောက်တွင် တွဲနေကြရသည့် လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှု ပုံသဏ္ဍန်များ ရရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။
အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။ သူတို့ချစ်သော နေရာများတွင် တိုက်ပွဲဝင်ရန်အဆင်သင့်ရှိသော၊ သူတို့မရောက်ဖူးသော နေရာများမှ သင်ခန်းစာယူရန် အဆင်သင့်ရှိသောလူမျိုးစုံဝါဒသမားများနှင့် လူမျိုးရေးဝါဒသမား နှစ်မျိုးစလုံးဖြစ်ရန် အဆင်သင့်ရှိသော လူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း။ ။Time, Feb 27,1995 မှ Michel Ignatieff ၏ The State of belonging ကို ပြန်ဆိုသည်။
မြသန်းတင့်
http://maukkha.org/index.php/book-store/essay-maukkha/2149-maukkha-nationalism-and-multiculturism
နယ်မြေအေးချမ်း သွားသော်လည်း ရခိုင် တိုင်းရင်းသားများ နေရပ်သို့ မပြန်ရဲ
ရန်ကုန်၊ ဇွန် ၁၃
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။
“ဟိုမှာ ဘင်္ဂလီတွေ များတော့ တစ်ယောက်မှ မပြန်ရဲဘူး။ ပြန်သွားရင်လည်း သူတို့မှာ နေစရာအိမ်မှ မရှိတော့တာ” ဟု မောင်တောမြို့ ဗဟိုဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။
မောင်တောမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိသော်လည်း နယ်ကျေးရွာများတွင်မူ စိတ်ချရသည့် အနေအထားသို့ မရောက်ရှိ သေးကြောင်း၊ ဘင်္ဂလီ အကြမ်းဖက်သူများမှာ လျှပ်တပြက်အတွင်း အကြမ်းဖက်မှုများကို ပြုလုပ်ပြီး တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ပြန်သွားနိုင်သဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ နေရပ်သို့ မပြန်ရဲခြင်း ဖြစ်ကြောင်း ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် မောင်တော ဒေသခံများက ပြောကြားသည်။
“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေ ရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့တာတွေ ရှိတယ်။ အောက်ခြေမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။
မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။
ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများ၏ ဆူပူအကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၁ ဦးသို့ ရောက်ရှိလာခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသား သုံးသောင်းခန့်မှာ အသက်ဘေး အန္တရာယ်ကြောင့် ဘေးဒုက္ခသည်များအဖြစ် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိ ခိုလှုံ နေကြရသည်။
The Voice Weekly
ရခိုင်ပြည်နယ်ရောက် သတင်းသမားတစ်ဦး ရဲ့ ပေးစာ
စစ်တွေမြို့တွင် ဇွန် ၁၂ ရက်နေ့ညအထိ ကျနော်တို့အနေနဲ့ လုံခြုံရေးစိတ်မချသေးပါ။
ယခုစိတ်ချရပြီလားဆိုတော့လည်း အဖြေက ရေရာမှုမရှိပါ။ ဘင်္ဂါလီများနေထိုင်သည့် ရွာဖက်သို့ မသွားရပါ။ တပ်မတော်စစ်ကြောင်းများက ပေးမ၀င်ကြပါ။ ဇွန် ၁၂ ရက်က စစ်တွေမြို့ နေ့လည်ခင်း မှာ သွေးပျက်စရာဖြစ်ပါသည်။ မြင်ရသမျှ လူအားလုံးလက်ထဲမှာ ရရာလက်နက် ကိုင်ဆွဲထားပါသည်။ ဓား၊ တုတ်၊ ဂျင်ကလိ၊ လှံ၊ လေးခွ စသဖြင့် ကလေး၊ လူကြီး၊ ကျား၊ မ ၊ သက်ကြီးရွယ်အိုမကျန် ရခိုင်တိုင်းရင်းသားများလက်ထဲတွင် မိမိကိုယ်ကိုယ် ကာကွယ်သည့်အနေဖြင့် အသင့်ကိုင်ဆောင်ထားကြပါသည်။
ရယ်စရာဖြစ်ရပ်တစ်ခုကိုပြောပါဦးမည်။ စစ်တွေသို့ ရောက်လျှင်ရောက်ချင်း နယ်ခံသတင်းထောက်နှင့် ဆက်သွယ်ကာ ခြံကျယ်ဝန်းသည့် တည်းခိုခန်းသို့သွားကြပါသည်။
လုံခြုံရေးစိတ်ချရသည်ဟု နယ်ခံသတင်းထောက်က ဆိုပါသည်။ တကယ်လည်း ခြံစည်းရိုးတွင် လျှပ်စစ်ဓာတ်များ လွှတ်ထားပါသည်။အဆိုပါတည်းခိုခန်းသို့ရောက်ပြီး ခဏအကြာတွင်
မန်နေဂျာမိန်းကလေးမှအစ တည်းခိုခန်းတာဝန်ရှိသူအားလုံးမှာ တုတ် ဓားများကိုင်ဆွဲပြီး ခြံဝတွင် စုရုံးနေပါတော့သည်။ ဘယ်နေရာမှ ၀င်လာလျှင် ဘယ်နေရာမှခုခံမည် ဘယ်နေရာသို့ တိမ်းရှောင်မည် စသည်တို့ကို အသက်ကြီးသူတစ်ဦးက ညွှန်ကြားလျှက်ရှိပါသည်။
ိထို့နောက် .... ကျနော်တို့ နေရာပြောင်းရွေ့ခဲ့ကြပါသည်။
ကျနော်တို့မကြောက်ပါ။ ကြောက်လျှင်လည်း ဒီကိုမလာကြပါ။ ဒီကိုရောက်နေသည့် သတင်းထောက်များသည် မကြောက်သဖြင့် လာကြခြင်းဖြစ်ပါသည်။ သို့သော် ရောက်ရောက်ချင်းတွင် မမြင်ဖူးသည့် အခြေအနေနှင့် ပက်ပင်းတိုးကြသဖြင့် ဒူးတုန်မိကြောင်းကိုတော့ ပွင့်လင်းစွာဝန်ခံပါသည်။ သတင်းထောက်များထဲတွင် မက်ဆင်ဂျာ ဂျာနယ်မှ မိန်းကလေးတစ်ဦးလည်း ပါဝင်ပါသည်။
တချို့ရက်များတွင် ရခိုင်လူမျိုးတချို့နှင့် သတင်းထောက်တချို့အကြား အဖုအထစ်အနည်းငယ် ရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့များက ကြားဝင်ဖြန်ဖြေခဲ့ရပါသည်။ ဘီဘီစီစသော ပြည်ပသတင်းမီဒီယာများ၏ ပေါက်ကရ လုပ်ကွက်များကြောင့် မီဒီယာကို ဒေသခံများက မကြည်လင်ကြပါ။ ထို့ကြောင့် ကျနော်တို့အနေဖြင့် လုံခြုံရေးစိတ်မချရ သေးပါဟု ဆိုခြင်းဖြစ်ပါသည်။ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့များက မီဒီယာသမားများကို သတိပေးထားခြင်းရှိပါသည်။ ကိုယ့်သတိကိုယ်ထားရန်ပစ် ဖြစ်ပါသည်။
လုံခြုံရေးယူထားသည့် တာဝန်ရှိသူများကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် သတိပြုနေရချိန်တွင် မီဒီယာသမားများအနေဖြင့် ပိုမိုသတိရှိရပါသည်။
ဇွန် ၁၃ ရက်နံနက်တွင် ကာကွယ်ရေးဝန်ကြီးတို့ရောက်လာပါသည်။ လုံခြုံရေးကလည်း ပိုမိုဂရုစိုက်လာပါသည်။ အနည်းငယ်လုံခြုံစပြုလာပြီဟု ထင်ရပါသည်။ အလှူအတန်းများလည်း ရောက်ရှိလာသဖြင့် ဒေသခံများအတွက်လည်း ၀မ်းသာစရာပင်ဖြစ်ပါ သည်။
မည်သည့်နေရာမှ ရောက်လာမည်မသိသော ဂျင်ကလိ၊ လောက်စာလုံး၊ သံချွန်များကို
ကိုယ့်ကိုယ်ကိုယ်သရဏဂုံတင်ရင်း ကိုယ့်အလုပ်ကိုယ် ထမ်းဆောင်နေကြပါသည်။
ချစ်သော ညီအစ်ကိုမောင်နှမများ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာ.....
ဥက္ကာကိုကို
DDoS attack အကြောင်း..................
DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။
DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....
ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။
တိုက်ခိုက်ပုံ
DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။
တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service
DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...
Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...
Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်... သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။
ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ 'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..
ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့ တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....
ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်... အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..
ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့ ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...
ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင် အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...
လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...
သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...
* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...
Hardware Firewall
ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..
နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...
Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...
Zombie & Botnet
Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ
* Sending spam
* Hack other computers
* Denial of service attacks
* Advertisement click fraud
* Phishing websites
စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..
၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...
မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့
၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။
aungmoe
ဗျိုင်းဖြူရွာမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာ ခံရတဲ့ ရခိုင်ရွာသားများ
by Lwin Aung Soe on Thursday, June 14, 2012 at 12:48am ·
The Voice Weekly:
စစ်တွေမြို့ ဗျိုင်းဖြူရွာ အခြေအနေ စိုးရိမ်ရေမှတ် အမြင့်ဆုံးသို့ရောက်ရှိ လူမျိုးရေး အသွင်ဆောင်ကာ ဆူပူအကြမ်းဖက် မှုများဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ယမန်နေ့က ထွက်ပြေးလာသော ဘင်္ဂလီ ဆူပူအကြမ်းဖက်သူများနှင့် ဗျိုင်းဖြူရွာအနီး သံတော်လီ ကျေးရွာမှ ဘင်္ဂါလီများ စုပေါင်းကာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို မီးရှို့ရန် စီစဉ်နေကြကြောင်း ဒေသခံများက ဇွန်လ ၁၁ နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။
အဆိုပါ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း၊ ယခုအခါ အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသား အမျိုးသားများသာ ကျန်ရှိပြီး အမျိုးသမီးနှင့် ကလေးငယ်များမှာ စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
...............................................................................
အဲဒီနောက်ပိုင်းမှာတော့ ရိုဟင်ဂျာ အကြမ်းဖက်သူတွေရဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့ ဗျိုင်းဖြူရွာသားတွေရဲ့ ဓါတ်ပုံတွေကို
ကိုဒီမိုဝေယံနဲ့ ကိုလှအေးမောင် ထံမှတဆင့် ရရှိလာခဲ့ပါတယ်။
ဒါကို ရိုဟင်ဂျာ အဖွဲ့အစည်းအခုက ဒီဓါတ်ပုံထဲက တပုံကို “ရခိုင်တွေက ရက်ရက်စက်စက် သတ်လိုက်လို့ ရိုဟင်ဂျာတွေ” Facebook မှာ လိမ်လည်ပြီး တင်ထားတာ တွေ့လိုက်ရပါတယ်။
ရိုဟင်ဂျာတွေရဲ့ကလိမ်ကကျစ် အောက်တန်းကျတာကို အများပြည်သူတို့ သတိပြုကြပါ။ နိုင်ငံတကာကိုလည်း အသိပေးကြပါ။
မီဒီယာကျင့်ဝတ်ကို အတတ်နိုင်ဆုံး လိုက်နာတဲ့အနေနဲ့ အသတ်ခံရသူတွေရဲ့ မျက်နှာကို ဖြစ်နိုင်သမျှ ဖုံးဖိ ဖျက်ပေးထားပါတယ်။
(ဓါတ်ပုံ - ကိုဒီမိုဝေယံနဲ့ ကိုလှအေးမောင်)
ကညန မှတ်ပုံတင်ကြေးများ လျော့ချပေးရန် စီစဉ်နေဟု စီးပွားကူးသန်းပြည်ထောင်စု ၀န်ကြီးပြောကြား
ကားတင်သွင်းမှုများအပေါ် ကညနမှ ကောက်ခံနေသည့် မှတ်ပုံတင်ကြေးများကို လျော့ချပေးရန် စီစဉ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇွန်လ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီအစည်းအဝေးသို့ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်သည့် မြန်မာနိုင်ငံအဆင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက''ပြည်ထောင်စုဝန်ကြီးက တင်သွင်းတဲ့ကားတွေ အပေါ်မှာ ကညနက ကောက်ခံနေတဲ့ ယာဉ်မှတ်ပုံတင်ကြေး လျော့ချပေးမယ်လို့ ပြောတယ်။ ဘယ်အမျိုးအ စားကို ဘယ်လောက်လျော့မယ်ဆိုတာ ပြောမသွားဘူး။ လျော့ဖို့ကတော့ရှိတယ်လို့ ပြောသွားတယ်''ဟု ပြန်လည်ပြောကြားခဲ့သည်။
Tuesday, June 12, 2012
ဆူပူအကြမ်းဖက်မှုကြောင့် လူ ၂၁ ဦး သေဆုံးဟု အစိုးရ တရားဝင်ထုတ်ပြန်
ဆူပူအကြမ်းဖက်မှုကြောင့် လူ ၂၁ ဦး သေဆုံးဟု အစိုးရ တရားဝင်ထုတ်ပြန်
ရန်ကုန်၊ ဇွန် ၁၃
ရခိုင်ပြည်နယ်အတွင်း လတ်တလော ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများကြောင့် ဇွန်လ ၈ ရက်မှ ၁၁ ရက်နေ့အတွင်း လူ ၂၁ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားချက်အရ သိရသည်။
ယင်းကဲ့သို့ ဆူပူအကြမ်းဖက်မှုများကြောင့် လူနေအိမ် ၁၆၆၂လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆိုင်ကယ် ၁၈ စီး၊ ဆိုင်ခန်းခြောက်ခန်း၊ ထော်လာဂျီ သုံးစီး၊ စက်ဘီးကိုးစီး ပျက်စီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်သူများက လူစုလူဝေးဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ လူနေအိမ်များအား မီးရှို့ရန် ကြိုးပမ်းခြင်း၊ တစ်ဖက်နှင့် တစ်ဖက် ရန်စောင်ခြင်း စသည်တို့ကို တာဝန်ရှိသူများက ဥပဒေနှင့်အညီ ထိန်းသိမ်းအရေးယူဆောက်ရွက်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးရုံးကို ကြံ့ခိုင်ရေးပါတီရုံးအဖြစ် ပြောင်းလဲရန်စီစဉ်
ဇွန် ၁၂၊ ၂၀၁၂၊ YPI
လှည်းကူးမြို့နယ် ဖောင်ကြီးဒေသ ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံးကို ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ကာ  မေလနှောင်းပိုင်း၌ ရုံးအဆောက်အဦရှိ အခြားသော အသင်းအဖွဲ့များကို နှင်ထုတ်လျှက်ရှိသည်ဟု လှည်းကူးမြို့နယ် အန်အယ်လ်ဒီမှ ကိုညိုထွန်းက ပြောသည်။
“ဒီအဆောက်အဦက ရွာပိုင်မြေပေါ်မှာ ကျေးလက်ဒေသ ဆက်သွယ်ရေးဋ္ဌာနအဖြစ် ဖွင့်ဖို့ အာဆီယံနိုင်ငံ အလှူရှင်များအသင်းက ဆက်သွယ်ရေးပစ္စည်းလှူပြီး  ၂၀၀၄ ခုနှစ် အစပိုင်းမှာဖွင့်ခဲ့တာပါ” ဟု ၎င်းက YPI သို့ပြောသည်။
ထိုစဉ်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအဖြစ် ဆက်သွယ်ရေးနည်းပညာများနှင့် ကျေးလက်လူထုထိတွေ့နိုင်ရန် အာဆီယံနိုင်ငံများမှ အကူအညီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စတင်ဖွင့်လှစ်စဉ်က ကြံ့ခိုင်ရေးမှာ အသင်းသာဖြစ်နေသည့်အတွက် ယင်းရုံးကို စောင့်ရှောက်ရန် အပ်နှံထားခြင်းဖြစ်၍ ယင်း စီမံကိန်း ရပ်ဆိုင်းသွားသည့် ၂၀၀၇ ခုနှစ်ဝန်းကျင်နောက်ပိုင်း၌ ယင်းအဆောက်အဦတွင် ကျေးရွာ နာရေးကူညီမှု အသင်းဆိုင်းဘုတ်တင်ကာ ဖွင့်လှစ်ထားခဲ့သည်။
ယင်းသို့ရှိရာမှ ပြီးခဲ့သည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် ကြံ့ခိုင်ရေးပါတီမှ ဆိုင်းဘုတ်ပြန်လည် တင်ခဲ့ပြီးရက်သတ္တပတ်အတန်ကြာ၌ ရုံးအဆောက်အဦတွင်း အခြေစိုက်သည့် အခမဲ့နာရေး ကူညီမှုအသင်းကို နှင်ထုတ်ကာ ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကိုညိုထွန်းက ပြောသည်။
ယခုအဖြစ်အပျက်ကို လှည်းကူးမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို တင်ပြထားကာ သမ္မတ ဦးသိန်းစိန်ထံလည်း တိုင်ကြားစာ ပေးပို့သွားမည်ဟု ၎င်းက ပြောသည်။     ။
ဆေးရုံကုန်းရပ်ကွက်ရှိ ဒေသခံအခေါ် အင်တာနက် ရုံး
Monday, June 11, 2012
ရေနံမြေ အလုပ်သမား သပိတ် နောက်ပိုင်း အကြီး ဆုံး အလုပ်သမား သပိတ် ချီတက် မှု စပြီ
69888288
5
1
မဲပေးပါ
ယနေ့ မနက် ၉ နာရီ နောက်ဆုံး ရရှိသည့် သတင်း အရ ဆန္ဒပြ ချီတက် နေသည့် ရွှေတွင်း တူး
အလုပ် သမား များ ကို လက်နက် ခဲယမ်း မီးကျောက် အပြည့် အစုံး တပ် ဆင်ထား သည့် ရဲတပ်
နေမျိုးဦး၊           ၊မန္တလေး တိုင်း ရမည်း သင်း မြို့ နယ် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ
လက်အောက် ရှိရွှေတွင်း တူးဖော် ရေး လုပ်ငန်း တွင် တာဝန်ထမ်းဆောင် နေသည့် ရွှေတွင်း
တူး လုပ်သားများသည် ဇွန်လ ၁ ရက်နေ့ ကတည်း က ဆန္ဒပြ တောင်းဆိုချက် များ ကို ကုမ္ပဏီ
မှ လိုက်လျောပေး ခြင်း မရှိ သဖြင့် ဇွန် လ ၁၁ ရက်နေ့  နံနက် ၁၀ နာရီ မှ စတင် ကာ ရမည်း သင်း
ရှိ ရွှေ တွင်းမှ သည် နေ ပြည်တော် သို့  ချီ တက် ဆန္ဒပြ ကြသည်။
ချီတက် ဆန္ဒပြ သည့် ရွှေတွင်း တူး အလုပ်သမား များ ယနေ့ ည တွင် ရမည်း သင်း မြို့  အ၀င် ရှိ
ရွှေ မြင် တင် ဘုရား တွင် ညအိပ် ရပ် နား မည် ဖြစ် ပြီး ဇွန်လ ၁၂ ရက်နေ့ နံ နက် အစော ပိုင်း
တွင် ငါးပါး သီလခံ ပြီး ဘုရား မှ ဆက် လက် ထွက် ခွာ က ရမည်းသင်း မြို့  ကို ဖြတ် ပြီး နေပြည်
တော် သို့  ချီတက် မည် ဟု ချီတက် ဆန္ဒပြ သည့် ရွှေ တွင်း လုပ်သမား တစ်ဦး ဖြစ်သည့် ကိုအောင်
သန်းမြင့် က FNG သို့  ပြောသည်။
ဆန္ဒပြ ချီ တက် ရာ တွင် လူ ၂၀၀၀ ခန့်  ပါဝင် ပြီး တောင်ပေါ် မှ တောင်အောက် သို့  ဆင်းရန် အတွက်
ကုမ္ပဏီ မှ မော်တော် ကား များ ကို အသုံး ပြု ခွင့် မပေး ခြင်း ကြောင့် ဆန္ဒပြ ရန် အတွက် လိုက်ပါမည့်
သူ နည်းရခြင်း ဖြစ်သည် ဟူ ချီတက် လမ်းလျှောက် သူ တစ်ဦး က ပြောသည်။
ဆန္ဒပြ ချီတက် မှု သည် ဗုဒ္ဓဟူး နေ့ တွင် တပ် ကုန်း မြို့  ကို ၀င်ရောက် မည် ဖြစ်ကာ သောကြာ
နေ့ နံနက် တွင် နေပြည်တော် မြို့  ကို ၀င်ရောက် နိုင် မည် ဟု ခန့် မှန်းထား သည် ။  ဆန္ဒပြ ချီတက်
သည့် ရွှေတွင်း အလုပ်သမား များ ကို နိုင်ငံရေး သမား များ အကျိုးဆောင် ကူညီရေး ကွန်ယက်
မိတ္ထီလာ ပြည့် သူ့  အကျိုးဆောင် ကွန်ယက် များ မှာ လိုက် လံ ကူညီစောင့် ရှောက် မှု များ ပြုလုပ်
လျှက် ရှိသည်။
မိုးထိ-မိုးမိ ရွှေတွင်း တူး အလုပ်သမား များ ၏ ချီတက် ဆန္ဒပြ မှု သည် ၁၉၃၈ ခုနှစ် ရေနံမြေ အလုပ်
သမား သပိတ် မကွေး မှ ရန်ကုန် သို့  ချီတက် မှု ပြီး လျှင် ဒုတိယ မြောက် မိုင်ပေါင်း ရာ ချီ ချီတက်
ဆန္ဒပြ ခြင်း ဖြစ်သည်။
ရွှေတွင်း အလုပ် သမား များ ၏ ချီတက် ဆန္ဒပြ မှု ကို လမ်းခရီး တစ်လျှောက် ရှိ ပြည်သူ များ က အား
ပေး ထောက်ခံ မှု ပြု ကာ အချို့  က ပူးပေါင်း ပါဝင် ချီတက် ကြသည် ဟု သိရသည်။
ဆန္ဒပြ ချီတက် သူ များ သည် နေ ပြည်တော် သို့  ရောက် လျှင် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ
ရုံးချုပ် နှင့် အခြား သက်ဆိုင် သည့် နေရာ ဌာန များ ရှေ့ တွင် ၎င်းတို့  တောင်းဆို ထား မှု ရရှိရန်
ဆက်လက် ဆန္ဒ ပြ သွား မည် ဖြစ်သည်။
မိုးထိ-မိုးမိ တောင်ပေါ် ရွှေ တွင်း တွင် ဆန္ဒပြ စဉ် က အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ သည်
ဆန္ဒပြ သူများ ကို လာရောက် တွေ့ ဆုံသည့် အဖွဲ့  အစည်းများ သတင်း မီဒီယာ များ ကို တွေ့ ဆုံ ခွင့်
မပြု ခဲ့ ဟု သိရသည်။
( YE AUNG THU, AFP/Getty Images / May 10, 2012 )
freedom news group
Twitter Delicious Facebook Digg Stumbleupon Favorites More